လိမ္မာထူးချွန်ထက်မြတ်မွန် လေ့လာမှုရပ်ဝန်း

လိမ္မာထူးချွန်ထက်မြတ်မွန် လေ့လာမှုရပ်ဝန်း

Share

679, Myittar Road, 9 Block, South Okkalapa, Yangon

26/11/2025

💗💗💗 မေ့လို့မဖြစ်တာတွေ ၉နှစ်ကြာသွားလည်း မနေ့တနေ့ကလိုပဲ ပိုလုပ်ချင်သေးတယ်ကွယ် 💗💗💗
https://www.facebook.com/617081869/posts/10154709923256870/?

29/10/2025

💕💕💕ကြိုးစားရမှာပဲပေါ့ တစ်နေ့နေ့ တချိန်ချိန်မှာ 💕💕💕https://www.facebook.com/share/1Bo3DsSzwE/

ကမ္ဘာကြည့်ကြည့်မြင်မှရမယ် . . .
Finland 21st Century Education

ကျမတို့လက်ခံထားတဲ့ ကျောင်းပညာ
သင်ယူရေးဆိုတာ မေးမြန်းစူးစမ်းခြင်းကို
အခြေခံရမယ်(Learning is inquiry-
driven)၊ စာသင်သားက အဓိကနေရာ
မှာရှိရမယ်။ 'ဆရာမ အီလိုနာ တိုင်မီလာ'
- Ilona Taimela, Finland

ဖင်လန်တိုင်းပြည်ပညာရေး ဥရောပမှာ
ထိရောက်မှုအရှိဆုံးလို့ သတ်မှတ်နေကြ
ပါတယ်။ ဖင်လန်ပြည်သမိုင်းကိုကြည့်ရင်
ကမ္ဘာစစ်ဒဏ်သင့်ခဲ့ရပြီး ပျက်စီးကြေမွ
ခြင်းကြုံရတယ်။ တိုင်းပြည်ပြန်ထူထဖို့
'ပညာရေး' နဲ့ 'ကလေးပြုစုပျိုးထောင်ရေး'
အားစိုက်ရမယ်လို့ ခံယူခဲ့ကြပါသတဲ့။

ဖင်လန်ပြည်ဟာ ဥရောပဒေသမှာသစ်တော
ဖုံးလွှမ်းမှုအများဆုံးဒေသဖြစ်နေဆဲပဲ။
သဘာဝဝန်းကျင်ကောင်းနေဆဲပေါ့။
သဘာဝဆီကနေသင်ယူဖို့ forest school
အများအပြားဖွင့်နေကြပြန်တယ်။

ဆရာမ 'အီလိုနာ' ပြောပြသမျှအထဲကနေ
ရင်ဘတ်ထဲ ရောက်သွားရတဲ့ အကြောင်း
အရင်းတချို့ကို ဖော်ပြလိုက်ပါပြီ။

ကျမတို့ပညာရေးမှာ စာသင်သားပျော်ရွှင်
စွာ(joy) သင်ယူနိုင်ဖို့ ပန်းတိုင်ချထားတယ်။
ကျမတို့နေထိုင်ရာ ကမ္ဘာကြီးမှာအပြောင်း
အလဲတွေများနေတယ်။ သတင်းအချက်
အလက်နေရာတိုင်းမှာရှိတယ်။ လူသား
ဘဝဖြစ်တည်မှု စိန်ခေါ်ခံနေရတယ်။
အထူးသဖြင့် ဥတုပြောင်းလဲခြင်းနဲ့အစု
အပြုံမျိုးတုံးပျောက်ကွယ်နေခြင်းတွေ
ဖြစ်နေပြီ။ စစ်ပွဲတွေပေါ်ထွက်လာတယ်။
ဆင်းရဲကျပ်တည်းလာတယ်။ သဘာဝ
အရင်းအမြစ်တွေဆုံးရှုံးနေတယ်။
ဒီမိုကရေစီပြိုကျလာနေတယ်။

ကျမတို့တိုင်းပြည်မှာလဲ မေးခွန်းထုတ်နေ
ရပါပြီ။ ပညာသင်နေတာဘာလဲ၊ ပညာရေး
က ဘာအတွက်လဲ။ အပြောင်းအလဲတွေ
အခက်အခဲတွေများစွာကြားထဲ အသက်
ရှင်သန်ဖို့ စိန်ခေါ်ချက်အလွန်များနေတယ်။
ဒါကြောင့် ဖင်လန်ပြည်တခုလုံး ၂၀၁၄ -
၂၀၁၆ ခုနှစ်မှာ ပညာရေးစနစ်ထပ်မွမ်း
မံပြောင်းလဲလိုက်ကြပါတယ်။ ကျမတို့
ပြောင်းလဲလိုက်တဲ့ သင်ကြားသင်ယူရေး
ချဉ်းကပ်မှုကို 'ဖြစ်ရပ်အခြေပြုသင်ယူခြင်း'
Phenomenon-Based Learning
(PhBL) လို့ခေါ်ပါတယ်။

ကျမတို့အနေနဲ့ အရင်လိုသမားရိုးကျ
ဘာသာရပ်သီးသန့်ခွဲ သင်တာမျိုးကနေ
ဘာသာရပ်နယ်နိမိတ်တွေကိုဖောက်ထွက်
စူးစမ်းလေ့လာခြင်းဘက်ကို သွားနေတယ်။
ဒီကနေ့ ကမ္ဘာမှာဖြစ်ပျက်နေသမျှကို
ဘက်စုံချဉ်းကပ်သင်ယူခြင်းမျိုးပါ။
နမူနာ တခုကို ပြောပြရမယ်ဆိုရင်တော့
Climate Change - ဥတုပြောင်းလဲခြင်း
ဖြစ်စဉ်ကို ပထဝီဝင်၊ သင်္ချာ၊ ယဉ်ကျေး
မှုနဲ့ လူမှုရေးဗေဒနယ်ပယ်များထဲကနေ
လေ့လာသင်ယူခြင်းမျိုးဖြစ်ပါတယ်။

ကျမတို့ရဲ့ သင်ယူခြင်းသည် နေ့စဉ်ဘဝနဲ့
မကင်းကွာဘဲ ဆက်စပ်မှုရှိရပါမယ်။
သင်ယူသူများဟာ မေးခွန်းများထုတ်ဖော်
မေးမြန်းခြင်း၊ စူးစမ်းခြင်း၊ ပူးပေါင်းလုပ်
ဆောင်ခြင်းများနဲ့ သင်ယူသွားရပါမယ်။
ကျမလို 'ဆရာ' ဖြစ်သူရဲ့ အခန်းကဏ္ဍဟာ
ညွှန်ကြားသူ ကနေ သင်ယူမှုချောမွေ့ဖို့
ကူညီပေးသူ၊ အတူတကွသင်ယူနေသူ
ဘက်ဆီပြောင်းလဲရပါတယ်။ အဖြေပေး
သူ မဟုတ်ဘဲ ကျောင်းသားများကိုယ်တိုင်
အဖြေဖော်ထုတ်သွားဖို့ တိုက်တွန်းနှိုးဆော်
နေသူဖြစ်ရပါမယ်။

သင်ကြားသင်ယူရေး ဖြစ်စဉ်တခုလုံးရဲ့
မူလပိုင်ရှင်(owner) က ကျောင်းသား
ကိုယ်တိုင်ပဲဖြစ်ရပါမယ်။ ဒါမှ သင်ယူ
မှုနဲ့ လက်တွေ့ဘဝ ချိတ်ဆက်မှုရှိရှိ
ဖြစ်နိုင်မှာပါ။

ကျမလို 'ဆရာ' ဖြစ်သူဟာ စာသင်သားများ
ထံက 'အသံ' ကိုနားထောင်ပေးနေသူဖြစ်
မှ ရပါလိမ့်မယ်။ ကျမတို့ ဖင်လန်ပြည်မှာ
ရွာတရွာ၊ မြို့တမြို့ သာမကကမ္ဘာကြီး
တခုလုံးသည်ပင် စာသင်ကြားရာရပ်ဝန်း
ပဲလို့ခံယူထားကြပါတယ်။

မှတ်စု။
Ilona Taimela is the founder and CEO of Helsinki Education Consulting Group. She is a sought-after speaker, lecturer and facilitator of educational transformation.
စိတ်ရှည်စွာ ပြောပြဝေမျှပေးခဲ့သော
ဆရာမ 'အီလိုနာ' ကို thank you ပါပဲ။

What is Finland's Phenomenon-based Learning approach? https://www.teachermagazine.com/au_en/articles/what-is-finlands-phenomenon-based-learning-approach

03/01/2025

👍👍👍https://www.facebook.com/share/1AuGHGL8wE/

အဖြေမှန်ဆိုတာ

သင်္ချာချိန်မှာ သူငယ်တန်းကျောင်းသားလေး ရို့စ်ကို ဆရာမက စာမေးတယ်။ ရို့စ်ရေ ဆရာမက မင်းကို ပန်းသီး တစ်လုံးပေးမယ်။ ပြီးတော့ နောက်တစ်လုံး ပေးမယ်။ ပြီးရင် နောက်ထပ်တစ်လုံး ထပ်ပေးလိုက်မယ်။ အဲဒါဆိုရင် မင်းဆီမှာ ပန်းသီး ဘယ်နှစ်လုံး ဖြစ်သွားမလဲ။ ရို့စ်က အတန်ကြာအောင် စဉ်းစားပြီး '' ၄ လုံး ''လို့ ဖြေတယ်။ ရို့စ်က မေးခွန်းကို သေချာနားမထောင်လိုက်တာဖြစ်မယ်လို့ ထင်ပြီး ဆရာမက နောက်တစ်ခါ ထပ်မေးတော့လည်း ရို့စ်က '' ၄ လုံး''လို့ပဲ ဖြေပြန်တယ်။

ရို့စ်က ပန်းသီးမကြိုက်လို့ အာရုံ သေချာမစိုက်တာ ဖြစ်မယ်။ သူ ကြိုက်တဲ့ စတော်ဘယ်ရီသီးနဲ့ မေးကြည့်မယ်လို့ ဆရာမက အကြံရသွားတယ်။ ရို့စ်ရေ ဆရာမက မင်းကို စတော်ဘယ်ရီသီး တစ်လုံးပေးမယ်။ ပြီးတော့ နောက်တစ်လုံး ပေးမယ်။ ပြီးရင် နောက်ထပ်တစ်လုံး ထပ်ပေးလိုက်မယ်။ အဲဒါဆိုရင် မင်းဆီမှာ စတော်ဘယ်ရီသီး ဘယ်နှစ်လုံး ဖြစ်သွားမလဲ။ ရို့စ်က လက်ချိုးရေပြီး '' ၃ လုံး''လို့ ဖြေလိုက်တယ်။ ဆရာမလည်း သူ လိုချင်တဲ့အဖြေ ရသွားတော့ ပြုံးသွားတယ်။ ဒါပေမဲ့ သူက မကျေနပ်သေးဘူး။

စတော်ဘယ်ရီသီးအစား ပန်းသီးကို အစားထိုးပြီး အလားတူ မေးခွန်း ပြန်မေးတဲ့အခါ ရို့စ်က '' ၄ လုံး''လို့ ဖြေပြန်တယ်။ ဆရာမလည်း ဒေါသနည်းနည်းထွက်သွားတယ်။ မေးခွန်းအတူတူပဲလေ။ စတော်ဘယ်ရီသီးတုန်းက ၃ လုံးလို့ ဖြေပြီး ပန်းသီးကျမှ ဘာလို့ ၄ လုံး ဖြေတာလဲ ရို့စ်လို့ လေသံမာမာနဲ့ပြောတဲ့အခါ ရို့စ် ပြန်ဖြေလိုက်တာက '' သား အိတ်ထဲမှာ ပန်းသီးတစ်လုံး ပါလာပြီးသား ဆရာမ''တဲ့။

အလွန်ရိုးရှင်းတဲ့ အဖြစ်အပျက်လေး တစ်ခုဆိုပေမဲ့ သင်ခန်းစာယူစရာကတော့ ဖြစ်ရပ်တိုင်းမှာ ကိုယ် မျှော်လင့်ထားတဲ့အဖြေကသာ အဖြေမှန် မဟုတ်ဘူးဆိုတာပါပဲ။ လူတိုင်းမှာ ကိုယ်မသိတဲ့ အကြောင်းအရာတွေ၊ ရှုထောင့်တွေ ရှိနေတတ်တာပါပဲ။

Ref: The Right Answer
Team ( ရိုးရာလေး)

19/12/2024

📌လုပ်စရာတွေ လုပ်သင့်တာတွေ လုပ်ရမှာတွေ📌
https://www.facebook.com/share/1B7ubyfgkL/

စိုက်ပျိုး၊ စားသုံးရင်း စဉ်းစားဆင်ခြင် . .
(Critical Thinking)

ပညာရေး ဆင့်ကဲပြောင်းလဲမှုကို နံပတ်
တပ်ပြီး သတ်မှတ်ကြလေသတဲ့။
အနာဂတ်အတွက် သင်ယူခြင်းကာလ
ရောက်လေပြီလို့ ပြောဆိုကြရင်း ပညာ
ရေးကာလ ၄.၀ ၊ education 4.0
ပြောင်းလဲရာကာလထဲ ဝင်ရောက်
နေကြောင်း အသိပေးနေကြလေရဲ့။

ဝေဘန်ပိုင်းခြားခြင်း - critical thinking
စွမ်းရည်ဆိုတာ အနာဂတ်မှာ ဆက်လက်
နေနေကြရမယ့် ကလေး၊ လူငယ်များ
အတွက် မရှိ မဖြစ်လိုအပ်တယ်လို့
အလေးအနက် အော်ဟစ်နေကြရဲ့။

ဝေဘန်ပိုင်းခြားခြင်း - critical thinking ဆိုင်ရာစွမ်းရည် အားကောင်းမောင်းသန်
ဖြစ်လာဘို့ ဘယ်လိုသင်ကြရပါ့။
စာဘတ်ပြ၊ ရေးပြ၊ ပြောပြ၊ ဆွေးနွေး
ကြရင်းသင်လို့ရတာပဲ။ ဟုတ်မှာပါ။

တစ်ချက်ခုတ် နှစ်ချက်ပြတ် စိတ်ကူးမျိုး
ဆန့်ထုတ်ကြည့်ရင်ကော။ ရသပေါ့။
"အစားအစာ" - food အကြောင်းကို
လက်တွေ့လုပ်ရင်း critical thinking
ပိုထက်လာအောင် လုပ်နိုင်ပါသတဲ့။

အစားအစာ က လူ အတွက် နံပတ် ၁
အရေးပဲ။ အစာ မလုံလောက်ရင် ဒုက္ခ
များရတော့မယ်လေ။ ဒီတော့ စားစရာ
အပင်၊ အသီး၊ ဥ တွေကို စိုက်ပျိုးမယ်။
ဘယ် မြေအမျိုးအစားမှာ ဘယ် အပင်
အမျိုးအနွယ် စိုက်နိုင်သလဲ။ ဘယ်လို
ရာသီဥတုမျိုးမှာ ဘယ်လို စားစရာအပင်
တတွေ အသက်ရှင်နိုင်မလဲ။ စိုက်မယ့်
နေရာဆီ ရေ ယူရမယ့်နေရာ၊ စိုက်မယ့်
အပင် အကြီး အသေး၊ ရာသီပင်၊ နှစ်ရှည်
အပင် ဘယ်လိုနေရာချမလဲ။ ခြံ ဒီဇိုင်း
ရေးဆွဲတာ။ အပင်မျိုးစေ့ ဘယ်လိုမျိုး
ခွဲခြားသိနိုင်မလဲ၊ ဘယ်လိုသိမ်းရမလဲ။
မြေဩဇာ နဲ့ ပိုးမွှားကာကွယ်ဆေးကို
ဘာတွေနဲ့ ဘယ်လိုလုပ်ရမလဲ။ ဒါမျိုး
အဆင့်ဆင့် စဉ်းစား၊ လုပ်ကြည့်၊ ‌
ပြန်လည်သုံးသပ်၊ အစီအစဉ်ချ၊
အတူတူ ရွေးချယ်ဆုံးဖြတ်၊ လွဲချော်
ခဲ့ရင် ပြန်ဆင်ခြင် သင်ယူခြင်းတွေကို
စိုက်ပျိုးရင်းနဲ့ လုပ်နိုင်တယ်လေ။

စားသုံးဖို့အတွက် ဘယ်လိုပြင်ဆင်ရလဲ။
ဘယ်လို ချက်ရ၊ ပြုတ်ရလဲ။ ဟင်းလျာ
အထဲ ဘာတွေရောစပ်ထည့်နိုင်သလဲ။
စားမယ့်လူဦးရေ နဲ့ ချက်ရမယ့် အချိုး
အစား ဘယ်လိုတွက်ချက်မလဲ။
မီးဖိုဆောင်ကို စနစ်ကျအောင်ဘယ်လို
စီစဉ်နေရာချရင် သင့်တော်လေမလဲ။
ချက်ပြုတ်ရာမှာ လောင်စာသုံးရင်
ဘယ်လို သတိပြုကြမလဲ။ သဘာဝ
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ အစား
အစာ၊ လောင်စာ၊ ရေ၊ အမှိုက်များ
ဘယ်လို ဆက်စပ်နေရသလဲ။

ပညာရှာခြင်းကိစ္စကို စာသင်ခန်းထဲမှာ
အချိန်အများကြီးပေးခြင်း ကနေပြီး
လက်တွေ့လုပ်နိုင်မယ့် ‌‌နေရာ နဲ့ အခင်း
အကျင်းဘက်ဆီ ရွေ့လာကြပြီလေ။

အိမ်တိုင်းမှာ မီးဖိုဆောင်ထားရှိပြီးသားပါ။
စာသင်ရာ နေရာမှာလည်း ထားနိုင်ပါတယ်။
အစားအစာကို အာဟာရရှိအောင် စားသုံး
နိုင်လေလေ ဦးနှောက်နဲ့ ကာယစွမ်းအင်
သန်မာလာနိုင်တယ် မဟုတ်လား။

ဝေဘန်ပိုင်းခြားခြင်း - critical thinking
စွမ်းရည်တော့ အမှတ်ကောင်းလာတယ်။
သို့ပေမယ့် ကလေး၊ လူငယ်ခမြာ ခန္ဓာ
ဖွံ့ဖြိုးရေးအားနည်းနေရင် စိတ်မကောင်း
စရာဖြစ်နေကြရမှာပါ။ ကဲ စလိုက်ကြစို့။

ပရော်ဖက်ဆာ ဒေါက်တာရွှေသီး

19/10/2024

'' ပုံသွင်းခံ ပညာရေး''
------------------------

#အနောက် ဥရောပရဲ့
စာသင်ခန်းတွေထဲမှာ ကမ္ဘာလုံး
ရှိတယ်....
ဒို့ နိုင်ငံရဲ့ စာသင်ခန်းတွေမှာ
သြဇာအာဏာပေးဖို့ ကြိမ်လုံး ရှိတယ်..

အကြောက်တရားနဲ့ အမိန့်နာခံတက်ဖို့
ပညာရေးဟာ အဲ့လိုတွေစခဲ့တယ်.....

''အကြောက်တရားလည်း ရှိတက်ပါစေ''
''အဟောက်အစားလည်း သိတက်ပါစေ''
''အနောက်က ဓါးလည်း ကြည့်တက်ပါစေ''

မှား မှား မှန်မှန် အထက်အမိန့်နာခံ
ရင်ဘက်တွေကို သော့ခတ်ခံရင်း..

''သစ်တော! သစ်ပင် ဒို့ခုတ်ထွင်မည်''
''သယံဇာတ တူးဖော်ကြ''

ဒါတွေကို မှီခို အမြတ်ထုတ်ဖို့
Nutural resource trip အောက်က
ငါတို့နိုင်ငံရဲ့ ပြည်တွင်းစစ်တွေ ဘယ်လောက်ထိ
သတ်ဆိုးရှည်နေ ကြရဦးမှာလည်း....

#ပညာရေးလေ' ပညာရေးပေါ့.....
ပုံသွင်းခံရတဲ့ ပညာရေး စနစ် ပေါ့.......

နိုင်ငံ့ သားကောင်းဖြစ်ဖို့ထက်
လူလူခြင်း ချစ်ဖို့ထက်
-------------ပဲဖြစ်ချင်တဲ့ခေတ်..

Personal powerထက်
Position power ကို ပိုပြီး
တန်ဖိုးထားတဲ့ခေတ်....

အဲ့ဒိ ဇစ်မြစ်ကို ပြန်လှန်ကြည့်ရင်း...

တစ်ကယ်တော့ ကလေးတွေဟာချစ်ဖို့အရမ်းကောင်းပါတယ် . .(.ရိုးသားလို့)......

အားကိုးစရာလည်းအရမ်းကောင်းတယ်
(အနာဂတ်ပညာရှင်တွေဖြစ်လာမှာမို့လို့ )

ဒါပေမယ့် ကြောက်စရာလည်းအရမ်းကောင်းတယ်
(ပညာရေး ပေါ်လစီတွေမှားနေတဲ့အခါ ရန်သူဖြစ်လာနိုင်လို့).....

#ဒီလိုနဲ့ ဒို့နိုင်ငံရဲ့စာသင်ခန်းတွေမှာ
ကမ္ဘာလုံးအစား ကြိမ်လုံးတွေသာ ပွားလာခဲ့ရ....။

Thu Rain

Credit

16/10/2024

ပိုးတုံးလုံး ( စာမေးတဲ့ပွဲ)

" အပါး (အဖေ) ရေ ့ ့ ့ စာမေးပွဲဆိုတာ
ဘယ်လိုပွဲကြီးလဲ ဟင် ?
ဘယ်တုန်းက စခဲ့တာလဲ အပါးသိလား? "

ပိုးတုံးလုံး တို့ grade (1) တွေစာမေးပွဲ
ဖြေရတော့မယ် ဆို ! စာတွေ အိုကေ နေပြီ
လားဟေ့။ ဘာတဲ့ စာမေးပွဲ မရှိရင်ကောင်း
မယ် ဟုတ်လား။ အေးကွ သားက
စာမေးပွဲ ကိုကြောက်လို့လား!
မကြောက်ဘူး ပျင်းစရာကြီးမို့လို့ အလဲ့
တယ်ကောင်းတဲ့ အမြင်ဘဲ။
ပျော်သလိုသာဖြေလိုက်ပါ သားရယ်။
သင်ပြီးသားတွေ ကို အလွတ်ပြန်ဆို ပြန်ရေး
ရတာ ပျင်းတယ် ဟုတ်။ ကောင်းကွာ
တကယ် လွတ်လပ်တဲ့ အတွေးဘဲ
ပိုးတုံးလုံး ရေ။

စာမေးပွဲ ဆိုတာ ဘယ်တုန်းက စခဲ့မှန်း
အဖေလည်း မသိဘူးကွ။ မင်း အဖွား
ကိုမေးကြည့်ကွာ။ သူ့ကိုမေးရင်
အဖေ (၁၀ ) တန်း ကို လေးကြိမ်တိတိဖြေခဲ့
ရတာပြန်ပြောပါလိမ့်မယ်။ တိုင်းပညာရေးမှူး
ရဲ့ သား ညံ့ချက်ကတော့ ကမ်းကုန်ပါပဲ။
စာမေးပွဲ ဆိုတာကြီး ကို အသံကြားတာနဲ့
ဖျားခြင် သလိုလို အီးပါခြင် သလိုလို
ဖြစ်ခဲ့ရတာ အခါခါ ပါပဲ ပိုးတုံလုံးရေ။

ဘာ ဘယ်လို စာမေးပွဲ ကို
ခြံထဲ လယ်ကွင်းထဲ မှာဖြေရရင်ကောင်း
မယ် ဟုတ်လား?။ လုပ်ပြန်ပြီ မင်း ကတော့။
ရေထဲ မှာ နေတဲ့ သက်ရှိသုံးမျိုး ကို ရွာနား
က ချောင်းထဲ လိုက်ပြလိုက်ရင် ပြီးတယ်
ဟုတ်လား။ ကုန်းပေါ် မှာနေတဲ့ သက်ရှိ
သုံးမျိုးကို ခြံထဲ ခေါ်ပြလိုက်ရင် ပြီးရော
တဲ့လား။ တော်လိုက်တဲ့ သား မင်းအဖေ
ငါတောင် အဲ့ဒီလို မစဉ်းစားဖူးဘူး။

ပိုးတုံးလုံး ရေ မင်းပြောလိုက်တာက
နိုင်ငံတကာ အဆင့်မီနေတယ်ကွ။
အနောက်ဥရောပ တိုင်းပြည်တွေမှာ
ဒေသအခြေပြု စာသင်ခြင်းပုံစံ တွေ စသုံး
နေကြပြီတဲ့။ နံရံလေးဘက်စာသင်ခန်းထဲ
မှာဘဲ အောင်းမနေတော့ပဲ နီးစပ်ရာ
လယ်ကွင်း မြစ်ကမ်း သစ်တော
တွေဆီ လိုအပ်သလို သွားသင်ယူနေကြ
သတဲ့ ငါ့သားရဲ့။

ကဲ မင်းစာမေးပွဲမှာ ရသလောက်ဖြေ
ပျော်ပျော် ကလေးဖြေ လိုက်ပါ။
ဘာအဆင့် ညာအဆင့် တွေမရလည်း
အဖေ ဘာမှ မဖြစ်ဘူး သားရေ။
အဓိက ကတော့ ငါ့သား ပညာသင်ရာ
မှာ ပျော်ရွှင်နေဖို့ပဲ အဖေ မျှော်လင့် သကွ။
ပျော်ပျော်ကြီး သာ ကျောင်းသွား
ပျော်ပျော်ကြီး သာ သင်ယူလိုက်
ပျော်ပျော်ကြီး သာဖြေစရာ ဖြေလိုက်ပါကွာ
ငါ့သားက ကိုယ့်ပညာရေး စနစ် ကို
ကိုယ့်ဘာသာ စပြင်ဖို့တွေးနေတာ ကိုပဲ
အဖေ ကျေနပ်နေပြီ သားရေ ။ ။

ကိုပီတိ

06/10/2024

📝📝📝 ကျမတို့တွေက အခြားသူတစ်ယောက်က ကိုယ့်ကို အကဲဖြတ်တဲ့အပေါ်မှာ လက်ခံလာကြတာဆိုတော့ အကျင့်မဖြစ်ပါဘူး လေ့လာမှုရပ်ဝန်းထဲ ရောက်လာရင်တော့ Self-reflect လုပ်တတ်တဲ့အကျင့်ကို ပျိုးထောင်ပေးပါတယ် 📝📝📝

"ကိုယ်တိုင်အကဲဖြတ်နည်းများ" သိမှတ်ဖွယ်ရာ

မင်္ဂလာပါ သူငယ်ချင်းတို့ရေ ...
အိမ်အိမ်တို့ရဲ့ နေအိမ်အခြေပြုသင်ယူခြင်းကနေ စစ်ဆေးအကဲဖြတ်မှုနမူနာပုံစံတွေကို သက်ဆိုင်ရာပညာရှင်များရဲ့လမ်းညွှန်ချက်‌တွေနဲ့ ကြေညာထားခဲ့ဖူးတာရှိပါတယ်။ မှတ်မိကြသေးလား သူငယ်ချင်းတို့ရေ။ ဒီတစ်ခါမှာတော့ အိမ်အိမ်က ကိုယ်တိုင်အကဲဖြတ်နိုင်ဖို့နည်းလမ်းအချို့ကိုလဲ အိမ်အိမ်က ထပ်မံ‌ပြောပြမျှဝေ ပေးပါဦးမယ်နော်။

"ကိုယ်တိုင်အကဲဖြတ်ခြင်း" က အားကောင်းတဲ့သင်ယူမှုနည်းဗျူဟာတစ်ခုပါ။ သူငယ်ချင်းတို့က ကိုယ်တိုင်အကဲဖြတ်တတ်ပြီဆိုရင် သင်ယူရတာပိုပြီးထိရောက်တယ်လို့ခံစားရမှာဖြစ်သလို ပိုပြီးလဲတက်တက်ကြွကြွသင်ယူနိုင်မှာပါနော်။ တကယ်လို့သင်ယူတဲ့အခါတစ်ခုခုအနှောင့်အယှက်ဖြစ်နေခဲ့ရင်လဲ အိမ်အိမ်မျှဝေမဲ့ ကိုယ်ပိုင်အကဲဖြတ်နည်းတွေက အထောက်အကူပေးနိုင်မှာပါနော်။

နည်းလမ်းကတော့ ၆ မျိုးရှိတယ်လို့ အနှစ်ချုပ်မှတ်လို့ရပါတယ်။ အဲဒါတွေကတော့
၁) Rubrics (စည်းကမ်းချနည်း)
၂) Scripts (မေးခွန်းပြုစုနည်း)
၃) Journals (ဂျာနယ်ရေးနည်း)
၄) Portfolios (မှတ်တမ်းပြုစုနည်း)
၅) Exit cards (အတွေးပွားကတ်ပြုစုနည်း)
၆) Traffic lights (မီးပွိုင့်ဖန်တီးနည်း)
တို့ပဲဖြစ်ပါတယ်။

🎯 ၁) Rubrics (စည်းကမ်းချနည်း)

စည်းကမ်းချနည်းမှာဆိုရင် ကြိုတင်စံသတ်မှတ်ထားတဲ့အဓိကဦးတည်ချက်တွေပါရမယ်။ ဥပမာ ဘယ်အပတ်၊ ဘယ်လမှာ ဘာကိုသင်ယူပြီးရမယ်ဆိုတာမျိုး‌ပေါ့။ ပြီးတော့ ဘယ်လိုအဆင့်သတ်မှတ်မယ်ဆိုပြီး A, B, C, D ထားရပါတယ်။ ဒီလိုကြိုတင်သတ်မှတ်မှုတွေကိုလိုအပ်သလိုပြုပြင်နိုင်ပြီးတော့ သင်ခန်းစာတွေသင်ယူပြီးမြောက်မှုရှိမရှိကို ပြန်သုံးသပ်တာ၊ ပြန်သင်ယူတာတွေ လုပ်လို့ရပါတယ်။

🎯 ၂) Scripts (မေးခွန်းပြုစုနည်း)

မေးခွန်းပြုစုနည်းမှာဆိုရင်တော့ အသေးစိတ်မေးခွန်းတွေနဲ့ ခဏခဏမေးပြီး အိမ်အိမ်တို့သင်ယူ‌ခဲ့တဲ့အရာတွေကို တကယ်တတ်မြောက်ခဲ့လားဆိုတာ ပြန်သုံးသပ်ဖို့ပါ။ ကိုယ့်ကိုယ်ကိုယ်ပြန်မေးကြည့်ပြီး လုပ်ကြည့်လို့ရသလို သူငယ်ချင်းတွေနဲ့အတူလဲ လုပ်ကြည့်လို့ရပါတယ်။ အိမ်အိမ်က နမူနာပြောကြည့်ရရင်
"သင်ခန်းစာ ၈ က ဘာကြောင်းသင်ခဲ့တာလဲ"
"ဘာတွေသိလိုက်လဲ"
"အနှစ်ချုပ်အကြောင်းအရာကဘာလဲ"
"နေ့စဉ်ဘ၀နဲ့ချိတ်ဆက်လို့ရလား"
"ဘယ်လိုပြန်အသုံးချမှာလဲ" စတာတွေပဲဖြစ်ပါတယ်။ သူငယ်ချင်းတို့သင်ယူခဲ့တဲ့သင်ခန်းစာအနည်းအများပေါ်မူတည်ပြီး မေးခွန်းကလဲ ဒီထက်အများကြီးဖြစ်လာနိုင်ပါတယ်။ အသေးစိတ်မေးခွန်းတွေကိုပြုစုရတာမို့လို့ ခဏခဏမေးကြည့်ရင်း သင်ခန်းစာရဲ့အနှစ်သာရကိုနားလည်လာနိုင်မှာဖြစ်ပါတယ်။

🎯 ၃) Journals (ဂျာနယ်ရေးနည်း)

ဂျာနယ်ရေးတာကတော့ ကိုယ်လေ့လာထားတာတွေကိုပြန်သုံးသပ်ဖို့၊ ကူညီဖို့လိုအပ်နေတာဘာလဲသိဖို့နဲ့ သင်ယူမှုနည်းလမ်းအမျိုးမျိုးရဲ့ထိရောက်မှုကိုသိဖို့ပဲဖြစ်ပါတယ်။ နမူနာပြောရရင် ဘာတွေကိုအကောင်းဆုံးလုပ်ခဲ့တာလဲ၊ ထပ်လုပ်ရမဲ့ ၂ ခုကိုချရေးပါ၊ အမျိုးမျိုးသောသင်ယူမှုနည်းလမ်းတွေကအထောက်အကူဖြစ်ရဲ့လား၊ ဒီသင်ခန်းစာကို အချိန်အကြာကြီးမှတ်မိနေတာကဘာကြောင့်ဖြစ်မလဲ စတဲ့မေးခွန်းတွေကိုဖြေကြည့်ပြီး ကိုယ်ပိုင်အကဲဖြတ်ဂျာနယ်တစ်ခုကို ဖန်တီးနိုင်ပါတယ်။

🎯 ၄) Portfolios (မှတ်တမ်းပြုစုနည်း)

ဒီနည်းကတော့ သူငယ်ချင်းတို့ပြုလုပ်ခဲ့တဲ့လေ့ကျင့်ခန်းတွေ၊ အောင်မြင်မှုတွေကို စုစည်းထားတာမျိုးဖြစ်ပါတယ်။ ဒီနည်းကနေ စိတ်၀င်စားတာတွေ၊ အားသာချက်တွေ၊ ရွေးချယ်မှုတွေသရုပ်ခွဲတာအပြင် နှစ်သက်တဲ့အရာတွေကို သိမြင်နိုင်လာမှာဖြစ်ပါတယ်။ ဒီနည်းကတစ်ဆင့် ဆရာတွေ၊ သင်ယူမှုကိုပံ့ပိုးပေးသူတွေဆီကနေ အကြံပြုချက်၊ ဆွေးနွေးချက်တွေကိုလဲ ရရှိနိုင်ပါတယ်။

🎯 ၅) Exit Cards (အတွေးပွားကတ်ပြုစုနည်း)

ဒီနည်းမှာဆိုရင်တော့ သင်ခန်းစာတစ်ခုပြီးတိုင်း ကတ်ပေါ်မှာ ဘာတွေလေ့လာပြီးခဲ့ပြီလဲ၊ ဘာတွေလေ့လာဖို့လိုသေးလဲ ဆိုတာကို ရေးသားထားလို့ရပါတယ်။ ဒီနေ့လေ့လာခဲ့တဲ့အထဲက အရေးအကြီးဆုံး ၃ ခုကို ချရေးပါ၊ ဘာတွေမေးစရာရှိသေးလဲ၊ သမိုင်းပညာရှင်တွေက သမိုင်းရင်းမြစ်တွေနဲ့ပတ်သက်ပြီး ဘက်လိုက်မှုရှိမှာကို ဘာကြောင့်စိုးရိမ်နေကြတာလဲ စတဲ့မေးခွန်းတွေကို အတွေးပွားဖြေကြည့်လို့ရပါတယ်။

🎯 ၆) Traffic Lights (မီးပွိုင့်ဖန်တီးနည်း)

ဒီနေရာမှာတော့ မီးပွိုင့်မှာအသုံးပြုသလို မီးစိမ်း၊ မီး၀ါ၊ မီးနီကို သုံးကြည့်ကြဖို့ဖြစ်ပါတယ်။ သင်ခန်းစာတွေကိုကောင်းကောင်းသင်ယူနိုင်တဲ့အခါ မီးစိမ်း၊ တစ်၀က်တစ်ပျက်ပဲနားလည်တဲ့အခါ မီးဝါ နဲ့ နည်းနည်းပဲနားလည်တယ်ဆိုရင် မီးနီကို အသုံးပြုရမှာဖြစ်ပါတယ်။ အရောင်လေးတွေခွဲမှတ်တဲ့အခါ ဘယ်သင်ခန်းစာကို ထပ်ဆောင်းလေ့လာရမယ်ဆိုတာကို အလွယ်တကူသိပြီး နားမလည်တာတွေကိုတွေကို ပြန်ဆွေးနွေးနိုင်မှာဖြစ်ပါတယ်။

အခုဆိုရင် ကိုယ်တိုင်အကဲဖြတ်နည်းအကြောင်းကိုသူငယ်ချင်းတို့သိ‌ပြီထင်ပါတယ်။ သူငယ်ချင်းတို့စဉ်ဆက်မပြတ်‌သင်ယူနိုင်‌အောင်အကူအညီ‌ပေးနေတဲ့သူတွေရဲ့အကြံပြုချက်တွေကို သေချာနားထောင်ဖို့လဲလိုပါတယ်နော်။ အိမ်အိမ်က https://theeducationhub.org.nz/ ကနေ တွေ့ရသမျှကို ပြန်မျှဝေပေးထားတာမို့ သူငယ်ချင်းတို့အတွက် အကျိုးရှိမယ်လို့ ထင်ပါတယ်။ သူငယ်ချင်းတို့တစ်ဦးစီက သင်ယူမှုရဲ့အကျိုးကိုနားလည်သဘောပေါက်ပြီး ပိုမိုနက်နဲတဲ့သင်ခန်းစာတွေကိုလဲ ဆက်လေ့လာနိုင်ကြပါစေနော်။

#အရေးတော်ပုံအောင်ရမည်
#‌အရေးတော်ပုံအောင်ရမည်
#အရေးတော်ပုံအောင်ကိုအောင်ရမည်




#ကိုယ်တိုင်အကဲဖြတ်နည်းများ

Shifting Paradigms in Education 19/09/2024

😓😓😓 စာတွေကျက် စာမေးပွဲတွေဖြေ အမှတ်တွေသာအဓိက 😓😓😓
ကျမမကြိုက်သောအရာတစ်ခုက ကလေးတွေကို စာမေးပွဲနဲ့ ကြောက်အောင်လုပ်ခြင်းပါ
ကျမရဲ့ ၂၀၀၆ခုနှစ်က စတင်တဲ့ ဆရာတွေနဲ့ လူငယ်တွေအတွက် RWCT သင်တန်းမှာ သင်တန်းစချိန် ပြောလေ့ပြောထရှိတဲ့ အချက်၂ခု ရှိပါတယ်
(၁) သင်တန်းသားတွေကို စာမေးပွဲမစစ်ပါဘူးလို့ အတိအလင်းပြောပါတယ် သူတို့က ဒီစကားကြားရင် အရမ်းပျော်ကြပါတယ် ဒါပေမဲ့ အချိန်တိုင်းက စာမေးပွဲခန်းထဲ ရောက်နေတာပါလို့ ဆက်ပြောရင် နားမလည်တဲ့ မျက်လုံးတွေနဲ့ ကြည့်တတ်ကြပါတယ်
(၂) သင်တန်းစတဲ့နေ့က "ကိုယ်"နဲ့ သင်တန်းပြီးတဲ့အချိန်က"ကိုယ်" မတူစေရပါဘူး ကိုယ့်ဖာသာ Reflect လုပ်ကြည့်လို့ ရစေရပါမယ်
💖💖💖 ကျမတို့က တစ်ယောက်ချင်းစီကို စောင့်ကြည့်အကဲဖြတ်ပြီး လိုတာတွေ လုပ်ပေး ဖြည့်ပေးရင်း အရည်အချင်းတွေကို မသိမသာမြင့်လာအောင် စီစဥ်ပေးလေ့ရှိတာမို့ သင်တန်းပြီးချိန်မှာ သူတို့ကိုယ်တိုင် ဒီ၂ချက်ကို သေချာ နားလည်ကြပါတယ် 💖💖💖
🌷🌷🌷 ကျမရဲ့ ၂၀၂၂ မှာ ပြန်လည် စတင်ခဲ့တဲ့ အလယ်တန်းကလေးတွေအတွက် ဘာသာရပ်အခြေခံရပ်ဝန်းတွေမှာ လာရောက်ဖူးတဲ့ ကလေးတွေကိုလည်း ဒီပုံစံအတိုင်း လုပ်ပေးပါတယ် 🌷🌷🌷
🌈🌈🌈 သူတို့လေးတွေ စာမကြောက်တော့သလို ဘယ်လိုလေ့လာသင်ယူရမယ်ဆိုတာ အနည်းဆုံး နားလည်သွားကြပါတယ် 🌈🌈🌈

"You know the purpose of the school is not just to raise test scores, or to give children academic learning. The purpose of the school is to give children an experience that will help them grow and develop in ways that they can be successful, in school and as successful adults. They have to grow in a way that they can take care of themselves, get an education, take care of a family, be responsible citizens of the society and of their community. Now you don’t get that simply by raising test scores."

~ Dr. James P. Comer ~
Comer School Development Program

http://medicine.yale.edu/childstudy/comer/index.aspx

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


679, Myittar Road, 9 Block, South Okkalapa
Yangon
11091