Follower ပရိတ်သတ်ကြီးရေ...
အားလုံးကိုသတိရပါတယ်...
ဂျပန်စာနဲ့ပတ်သက်တဲ့မျှဝေစရာများပြန်လည်မျှဝေပေးနိုင်အောင်ကြိုးစားသွားပါမယ်ရှင်။
၂၀၂၆ မှာအားလုံး စိတ်ချမ်းသာကိုယ်ကျန်းမာရှိကြပါစေ...🩵🩵🩵
Momo no Kiku
Japanese language is for your bright future.
みなさん、
こんばんは。
お久しぶりですね。
おやすみなさい。💤
28/02/2025
🎶ဂျပန်သီချင်းပြိုင်ပွဲ ၂၀၂၅ အတွက် ဆန်ခါတင် (၁၀) ဦးစာရင်း ကြေညာခြင်း 🎶
🎶【日本語うたコンテスト2025】本選出場者発表🎶
https://www.mm.emb-japan.go.jp/itpr_my/20250224_Utacon_finalists_mm.html
ဂျပန်သီချင်းပြိုင်ပွဲ ၂၀၂၅ ပဏာမအဆင့်အတွက် မြန်မာနိုင်ငံတစ်ဝှမ်းမှ စိတ်ပါဝင်စားသူ (၁၁၁) ဦး လျှောက်ထားခဲ့ပြီး အမှတ်ပေးစည်းမျဥ်းများအတိုင်း တင်းကျပ်စွာ အကဲဖြတ်ပြီးနောက်တွင် အောက်ပါအတိုင်း ဆန်ခါတင် (၁၀) ဦးကို ရွေးချယ်ခဲ့ပါသည်။ လျှောက်ထားသူ အားလုံးကို အထူးကျေးဇူးတင်ရှိပါသည်။
ဂျပန်သီချင်းပြိုင်ပွဲ ၂၀၂၅ အတွက် ဆန်ခါတင် (၁၀) ဦးစာရင်း
နံပါတ် အမည် သီချင်းအမည်
1 Ms. Aye Myat Mon Tegami_Haikei Juugo no Kimie (Angela Aki)
2 Ms. Jone Nan Niji (Masaki Suda)
3 Mr. Pyae Sone Myo Myat Sparkle (RADWIMPS)
4 Ms. Thet Phyo Kyi (Michi) Gurenge (LiSA)
5 Ms. Myint Myat San First Love (Hikaru Utada)
6 Ms. Nant Aye Tha Tar Win Niji (Masaki Suda)
7 Ms. May Mi Shein Nada Sou Sou (Rimi Natsukawa)
8 Ms. Moe Pyae Pyae San Sparkle (RADWIMPS)
9 Ms. Seng Ja Yuki no Hana (Mika Nakashima)
10 Mr. Min Htet Ko Ko (Yuuki) Lemon (Kenshi Yonezu)
ပြိုင်ပွဲကို ၂၀၂၅ခုနှစ် မတ်လ (၂) ရက်နေ့တွင် ပြုလုပ်မည်ဖြစ်ပြီး အသေးစိတ်အချက်အလက်များနှင့် ပတ်သက်၍ နောက်ဆုံးဆန်ခါတင် (၁၀) ဦးကို တိုက်ရိုက် ဆက်သွယ် အကြောင်းကြားသွားမည် ဖြစ်ပါသည်။
https://www.mm.emb-japan.go.jp/itpr_ja/20250224_Utacon_finalists_ja.html
【日本語うたコンテスト2025】の予選には、ミャンマー国内から111名のご応募をいただきました。厳選なる審査を行いました結果、下記の10名を本選出場者として決定しました。ご応募頂きました皆様、誠にありがとうございました。
【日本語うたコンテスト2025】本選出場者
番号 名前 曲名
1 Ms. Aye Myat Mon Tegami_Haikei Juugo no Kimie (Angela Aki)
2 Ms. Jone Nan Niji (Masaki Suda)
3 Mr. Pyae Sone Myo Myat Sparkle (RADWIMPS)
4 Ms. Thet Phyo Kyi (Michi) Gurenge (LiSA)
5 Ms. Myint Myat San First Love (Hikaru Utada)
6 Ms. Nant Aye Tha Tar Win Niji (Masaki Suda)
7 Ms. May Mi Shein Nada Sou Sou (Rimi Natsukawa)
8 Ms. Moe Pyae Pyae San Sparkle (RADWIMPS)
9 Ms. Seng Ja Yuki no Hana (Mika Nakashima)
10 Mr. Min Htet Ko Ko (Yuuki) Lemon (Kenshi Yonezu)
本選は2025年3月2日に実施され、10名のファイナリストには詳細を個別にご連絡します。
28/02/2025
28/02/2025
JLPT 2025 JULY စာမေးပွဲနှင့်ပတ်သက်၍ ကြေငြာချက်
(ရှင်သာမဏေ၊ ရဟန်းတော်၊ သီလရှင် နှင့် (၁၀)နှစ်အောက် ဖြေဆိုသူများ)
၂၀၂၅ ခုနှစ် ဇူလိုင်လ ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ (JLPT) အား ဇူလိုင်လ (၆) ရက်နေ့တွင် ရန်ကုန်မြို့နှင့် မန္တလေးမြို့များ၌ ကျင်းပသွားမည်ဖြစ်ပါသည်။ စာမေးပွဲဖြေဆိုလိုသူများအတွက် လျှောက်လွှာ လျှောက်ထားခြင်းအား အောက်ပါအစီအစဉ်အတိုင်း လက်ခံပြုလုပ်သွားမည်ဖြစ်ပါသည်။
၁။ စာမေးပွဲကျင်းပမည့်ရက်
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၆) ရက်နေ့ (တနင်္ဂနွေနေ့)
၂။ စာမေးပွဲကျင်းပမည့်နေရာ
ရန်ကုန်မြို့နှင့် မန္တလေးမြို့။
၃။ စာမေးပွဲကြေးနှင့် လျှောက်လွှာတင်ကြေး (စုစုပေါင်း)
Level N1 - ၄၇,၀၀၀ + ၃,၀၀၀ = (၅၀,၀၀၀ ကျပ်)
Level N2 - ၄၇,၀၀၀ + ၃,၀၀၀ = (၅၀,၀၀၀ ကျပ်)
Level N3 - ၄၇,၀၀၀ + ၃,၀၀၀ = (၅၀,၀၀၀ ကျပ်)
Level N4 - ၄၂,၀၀၀ + ၃,၀၀၀ = (၄၅,၀၀၀ ကျပ်)
Level N5 - ၄၂,၀၀၀ + ၃,၀၀၀ = (၄၅,၀၀၀ ကျပ်)
၄။ လျှောက်လွှာအရောင်းကာလ နှင့် လက်ခံကာလ
Level အားလုံးအတွက်- ၃.၃.၂၀၂၅ (တနင်္လာနေ့)၊ ၅.၃.၂၀၂၅ (ဗုဒ္ဓဟူးနေ့)
ရှင်သာမဏေ၊ ရဟန်းတော်၊ သီလရှင် နှင့် (၁၀)နှစ်အောက် စာမေးပွဲလျှောက်ထားလိုသူများအတွက် အထက်ပါ ကာလအတွင်း လျှောက်လွှာဝယ်ယူခြင်းနှင့် လျှောက်ထားခြင်းအား ကိုယ်တိုင်/ကိုယ်စား စနစ်ဖြင့် တစ်ပြိုင်နက်ထဲ လက်ခံဆောင်ရွက် ပေးသွားမည်ဖြစ်ပါသောကြောင့် အောက်ဖော်ပြပါလိုအပ်ချက်များအား တပါတည်းယူဆောင်လာပေးရန်လိုအပ်ပါမည်။
(ရှင်သာမဏေ၊ ရဟန်းတော်၊ သီလရှင်များအတွက် သာသနာဝင်စိစစ်ရေးကတ်ပြားမိတ္တူ (သို့) သာသနာနွယ်ဝင် စိစစ်ရေးကတ်ပြားမိတ္တူ နှင့် ဓါတ်ပုံ(၂)ပုံ ယူဆောင်လာရမည်ဖြစ်ပြီး၊ (၁၀) နှစ်အောက် လျှောက်လွှာတင်သူများအတွက် မွေးစာရင်းမိတ္တူ နှင့် ဓါတ်ပုံ(၂)ပုံ ယူဆောင်လာရပါမည်။)
၅။ လျှောက်လွှာ ရောင်းချ/လက်ခံမည့်အချိန် နှင့် နေရာ
အချိန် - မနက် ၉း၀၀ နာရီ မှ နေ့လည် ၃း၀၀ နာရီအထိ
နေရာ (ရန်ကုန်စာဖြေဌာန) – JLPT Centre (MAJA)
အမှတ်(၂ဘီ-၃)၊ နှင်းဥယျာဥ်အိမ်ရာ ၊ သုမင်္ဂလာလမ်း၊ သင်္ဃန်းကျွန်း မြို့နယ်၊ ရန်ကုန်မြို့။
(မန္တလေးစာဖြေဌာန) – MAJA Office (Mandalay Branch)
ပထမထပ်၊ တိုက် (၁)၊ အခန်း (၆)၊ ရေလမ်း၊ မင်္ဂလာမန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေး။
JLPT စာမေးပွဲကျင်းပရေးကော်မတီ
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)
ဆက်သွယ်ရန် - 01- 757 10 15 (Ext: 1)
20/08/2024
မင်္ဂလာရှိသောနေ့သစ်လေးဖြစ်ပါစေ...
20/08/2024
၂၀၂၃ ခုနှစ် ဇူလိုင်လ (၂)ရက် JLPT - အမှားပြင်ဆင်ရန်တင်ထားသည့် အောင်လက်မှတ်များ ထုတ်ယူခြင်းနှင့် ပတ်သက်၍ (တတိယအသုတ်)
၂၀၂၃ ခုနှစ် ဇူလိုင်လ (၂)ရက် နေ့ JLPT စာမေးပွဲ အောင်လက်မှတ်များတွင် အမည်စာလုံးပေါင်း၊ မွေးသက္ကရာဇ် စသည့်အချက်အလက်များ အမှားပြင်ဆင်ရန်လျှောက်ထားသော စာဖြေသူများ၏ အောင်လက်မှတ်တချို့အား ပြင်ဆင်ပြီး ပြန်လည်ပေးပို့လာသည် ဖြစ်ပါသဖြင့် အောက်ဖော်ပြပါအတိုင်း ပြန်လည်ထုတ်ယူနိုင်မည် ဖြစ်ပါသည်။
ပြန်လည်ထုတ်ယူရာတွင် ကာယကံရှင်၏ သက်သေခံကတ်ပြား မူရင်းနှင့် မိတ္တူတစောင် ယူဆောင်လာရပါမည်။
ကျန်ရှိနေသော ပြင်ဆင်ရန်လျှောက်ထားသည့် စာဖြေသူများ၏ အောင်လက်မှတ်များအား ပြင်ဆင်ပြီးစီး၍ ပြန်လည်ပေးပို့ချိန် တွင် ထပ်မံအသိပေးအကြောင်းကြား သွားမည် ဖြစ်ပါသည်။
ရန်ကုန်စာဖြေဌာနများတွင်ပြင်ဆင်ခွင့်တင်ခဲ့သူများ
နေရာ။ ။ JLPT Centre (MAJA)
အမှတ်(၂ဘီ-၃)၊ နှင်းဥယျာဉ်အိမ်ရာ သုမင်္ဂလာလမ်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။
နေ့ရက်။ ။ ၂၀.၈.၂၀၂၄ ရက်မှစတင်၍ ထုတ်ယူနိုင်ပါသည်။
အချိန် ။ ။ မနက် ၉း၃၀ မှ ညနေ ၄း၃၀ ထိ။
(ထမင်းစားချိန် ၁၂ နာရီ မှ ၁နာရီထိ) အစိုးရရုံးပိတ်ရက် နှင့် စနေ၊ တနင်္ဂနွေ ပိတ်ပါသည်။
မန္တလေးစာဖြေဌာနများတွင်ပြင်ဆင်ခွင့်တင်ခဲ့သူများ
နေရာ။ ။ MAJA Office (Mandalay Branch)
ပထမထပ်၊ တိုက် (၁)၊ အခန်း (၆)၊ ရေလမ်း၊ မင်္ဂလာမန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေး။
နေ့ရက်။ ။ ၂၂.၈.၂၀၂၄ ရက်မှစတင်၍ ထုတ်ယူနိုင်ပါသည်။
အချိန် ။ ။ မနက် ၉း၃၀ မှ ညနေ ၄း၃၀ ထိ။
(ထမင်းစားချိန် ၁၂ နာရီ မှ ၁နာရီထိ) အစိုးရရုံးပိတ်ရက် နှင့် စနေ၊ တနင်္ဂနွေ ပိတ်ပါသည်။
မှတ်ချက်။ ။ ပြင်ဆင်ထားသည့်အောင်လက်မှတ်များအား စတင်ထုတ်ယူနိုင်သည့်ရက်မှ စတင်၍ (၁)နှစ် အတွင်း ထုတ်ယူနိုင်ပါမည်။ ပြင်ဆင်ပြီးစီးသည့် အောင်လက်မှတ်အား ပြင်ဆင်ရန် ထပ်မံပြင်ဆင်ခွင့် မရှိပါ။ အောင်လက်မှတ်တခုအား တကြိမ်သာ ပြန်လည်ပြင်ဆင်ရန် လျှောက်ထားနိုင်ပြီး လျှောက်ထားသည့်အခါတွင်လဲ မိမိပြင်ဆင်လိုသည်အား သေချာစွာ စစ်ဆေးလျှောက်ထားရန် လိုအပ်ပါသည်။
JLPTစာမေးပွဲကျင်းပရေးကော်မတီ
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း
27/06/2024
2024 JULY JLPT စာမေးပွဲအတွက် နာမည်၊ မွေးသက္ကရာဇ် နှင့် ကျား/မ အမှားပြင်ဆင်လိုသူများနှင့်ပတ်သတ်၍
နာမည်၊ မွေးသက္ကရာဇ် ပြင်ဆင်လိုသူများအနေဖြင့် ဇူလိုင်လ(၇)ရက် စာမေးပွဲဖြေဆိုသည့်နေ့တွင် ဖြေဆိုရမည့်Test Site ရှိ Office မှ သတ်မှတ်ထားသော နေရာတွင် စာဖြေသူကိုယ်တိုင် သွားရောက်ပြင်ဆင်ရပါမည်။
လိုအပ်သည့်အချက်များ
၁. Test Voucher မူရင်း
၂. သက်သေခံကဒ်ပြား မူရင်း (Passport, Driving License ကားလိုင်စင်အမျိုးအစား B, C, D, E , နိုင်ငံသားသက်သေခံကဒ်, New NRC (smart card)
စာမေးပွဲနေ့ ပြင်ဆင်ရန်သတ်မှတ်ထားသည့်ရုံးခန်းတွင် အောက်ပါနမူနာဇယားပုံစံအတိုင်းဖြည့်သွင်း၍ပြင်ဆင်လျှောက်ထားရမည်။
မှတ်ချက်
၁။ အမှားပြင်ဆင်သည့်ဖောင်အချက်အလက်များအားလုံး စာဖြေသူကိုယ်တိုင် ဖြည့်သွင်းရေးသားရမည်။
၂။ အမည်နှင့် မွေးသက္ကရာဇ်အနက်မှ တစ်မျိုးသာလျှင် ပြင်ဆင်ခွင့်ရှိပါသည်။ သက်သေခံကဒ်နှင့် Test Voucher တွင် ပါရှိသည့် အမည်၊ မွေးသက္ကရာဇ် များ လုံးဝကွဲလွဲနေပါက ပြင်ဆင်ခွင့်မရနိုင်ပါ။
၃။ အမှားပြင်ဆင်လိုသူသည် အမည်စာလုံးပေါင်းမှားယွင်းမှုမရှိစေရန် Passport, ဘွဲ့လက်မှတ် များတွင် အသုံးပြုသည့်အတိုင်း သေချာစွာဖြည့်သွင်းပေးပါ။
၄။ အမှားပြင်ဆင်ခြင်းအားစာမေးပွဲဖြေဆိုသည့်နေ့ (၇.၇.၂၀၂၄) တွင်သာ လက်ခံမည်ဖြစ်ပြီး၊ အောင်လက်မှတ် ထွက်ရှိမည့် ကာလအထိ အမှားပြင်ဆင်ခြင်းလျှောက်ထားမှုအား လက်မခံပါ။
၅။ အောင်လက်မှတ်ထွက်ရှိပြီးနောက်ပိုင်းမှ အမှားပြင်ဆင်ရန် လျှောက်ထားသူများသည် ပြင်ဆင်ခြင်းအတွက် ၂လ/၃လ အထက် ကြာမြင့်မည်ဖြစ်ပြီး၊ အမှားပြင်ဆင်ခြင်းလျှောက်ထားသူဉီးရေ များပြားသည့်အပေါ်တွင် မူတည်၍ ပိုမိုကြာမြင့်ခြင်းရှိနိုင်ကြောင်း ကြိုတင်အသိပေးအပ်ပါသည်။ အောင်လက်မှတ်တခုအား တကြိမ်သာ ပြန်လည်ပြင်ဆင်ရန် လျှောက်ထားနိုင်သောကြောင့် လျှောက်ထားသည့်အခါတွင် မိမိပြင်ဆင်လိုသည်အား သေချာစွာ စစ်ဆေးလျှောက်ထားရန် လိုအပ်ပါသည်။
JLPT စာမေးပွဲကျင်းပရေးကော်မတီ
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း
Click here to claim your Sponsored Listing.
Location
Category
Contact the school
Telephone
Website
Address
Yangon
11071