Reina's Studio

Reina's Studio Buried in multilingual nation💕

၂၀၂၅ ခုနှစ် ၈ လပိုင်း ၂၁ ရက်JR Sanyo Shinkansen လိုင်းဟာ Higashi Hiroshima ဘူတာကိုအဖြတ်မှာ လူတစ်ယောက်ကိုတိုက်မိခဲ့ပါတယ်....
21/08/2025

၂၀၂၅ ခုနှစ် ၈ လပိုင်း ၂၁ ရက်

JR Sanyo Shinkansen လိုင်းဟာ Higashi Hiroshima ဘူတာကိုအဖြတ်မှာ လူတစ်ယောက်ကိုတိုက်မိခဲ့ပါတယ်..

300km လောက်နဲ့ပြေးနေတဲ့ shinkansen နဲ့တိုက်မိတာဖြစ်တဲ့အတွက် အစတောင်ရှာမရနိုင်လောက်ဘူးလို့ထင်ရပါတယ်...

အခုထိတော့ တိုက်ခံရတဲ့လူအကြောင်းသတင်းမသိရသေးပါဘူး...

Comment ထဲကသူတွေကတော့ shinkansen နဲ့တိုက်မိဖို့ဆိုတာ တကူးတက ခုန်ချပြီး ကိုယ့်ကိုယ်ကို tat tay ဖို့ကလွဲရင် တခြားမဖြစ်နိုင်ဘူးလို့ဝေဖန်နေကြပါတယ်...

အဲ့ဒီမတော်တဆမှုကြောင့် kansai အပါအဝင်ရထားလိုင်းတော်တော်များများနာရီနဲ့ချီပြီး delay ဖြစ်ခဲ့ရပါတယ်...

Delay ဖြစ်ခဲ့လို့အချိန်တွေပုပ်ခဲ့ရတဲ့ ခရီးသည်တွေကတော့ သောင်းနဲ့ချီပြီးရှိခဲ့ပါတယ်

အဲ့ဒီထဲမှာ မင်မင်လည်းပါတယ် 🙄🙄

みなさん おはよう。。ဒီနေ့မှာ 人を食う ဆိုတဲ့ 慣用句(かんようく)လေးတစ်ခုကိုသင်ပေးပါမယ်..慣用句(かんようく) ဆိုတာကတော့ idiom (ဒေသိယစကား)ပါ人(ひと) - လူ食う(...
09/08/2025

みなさん おはよう。。

ဒီနေ့မှာ 人を食う ဆိုတဲ့ 慣用句(かんようく)လေးတစ်ခုကိုသင်ပေးပါမယ်..

慣用句(かんようく) ဆိုတာကတော့ idiom (ဒေသိယစကား)ပါ

人(ひと) - လူ
食う(くう) -စားသုံးသည်/လွေးသည်

တိုက်ရိုက်ဘာသာပြန်တဲ့အခါ လူကိုစားသည် ဆိုတဲ့အဓိပ္ပာယ်ရပါတယ်

တကယ်က သူက idiom ဖြစ်ပါတယ်

ဘယ်လိုအဓိပ္ပာယ်နဲ့သုံးလဲဆိုတော့

人を見下して 偉そうに言う
(ひとをみくだして えらそうにいう)
တစ်ဖက်လူကိုအထင်သေးစွာနဲ့ မောကော့ပြီးပြောဆိုတယ် ဆိုတဲ့အဓိပ္ပာယ်မျိုးနဲ့သုံးပါတယ်...

人を人とも思わない 態度を取る
(ひとをひとともおもわない たいどをとる)
လူကိုလူလိုမထင်ပဲ မောက်မာစွာဆက်ဆံတယ်ဆိုတဲ့အဓိပ္ပာယ်နဲ့သုံးတာပါ...

ဒါဆို အောက်က ဥပမာစာကြောင်းလေးတွေကြည့်ရအောင်...

心ををこめて話をしたのに、人を食ったような答えしか返ってこなかった。
こころをこめてはなしをしたのに、ひとをくったようなこたえしかかえってこなかった。
ရင်ဘတ်ကြီးနဲ့ရင်းပြီး စကားပြောခဲ့တာကို လူကိုအထင်သေးတဲ့အဖြေကလွဲပြီး မရခဲ့ဘူး

彼は人を食ったような性格を持ってる。
かれはひとをくったようなせいかくをもってる。
သူ့မှာ လူကိုအထင်သေးတဲ့အကျင့်စရိုက်မျိုးရှိတယ်

ဒီ idiom ကိုတော့ မာနထောင်လွှားတဲ့အခါ သူများကိုအလေးမထားတဲ့အပြုအမူတွေအတွက်ပဲ သုံးလေ့ရှိပါတယ်

ကဲ... ဒီနေ့စကားလုံးဘယ်နှလုံးရသွားပြီလဲ...

#慣用句

08/08/2025

နင်တို့တွေ ၁၀၀ တန်ဆိုင်က သန့်ရှင်းရေးသုံးပစ္စည်းတွေကို ကောင်းတယ်ဆိုပြီး ဂျင်းထည့်နေကြတာလည်း ငါအံ့ဩလို့မဆုံးနိုင်ဘူးအေ...🙂

ဂျပန်မှာ ဈေးပေါရင် ပေါတဲ့တန်ဖိုးပဲရမယ်... 😆

၁၀၀ တန်တဲ့ပစ္စည်းကို ၁၀၀ နဲ့ရောင်းတဲ့ဟာတွေကတော့ သုံးလို့အဆင်ပြေကောင်းပြေလိမ့်မယ်...

၁၀၀ ထက်ပိုတန်ဖိုးကြီးရမယ့် chemicals ပါရမယ့်ပစ္စည်းတွေကို ၁၀၀ နဲ့ရောင်းနေတာကို ကောင်းတယ် အတင်းဂျင်းထည့်နေတဲ့ နင်တို့တွေ ပစ္စည်းကောင်းမသုံးဖူးလို့ထင်တယ်...🙂

ငါတောင် ဂျပန်မှာ၂ နှစ်ပဲနေရသေးတယ် အဲ့ဒီပစ္စည်းတွေတကယ်သူံးမကောင်းတာသိနေပြီ...

နင်တို့အကြာကြီးနေနေပြီး follower ရချင်တာနဲ့ အသစ်လာမယ့်သူတွေကို ဂျင်းမထည့်ကြပါနဲ့ဟယ်...

ငါတော့ဘယ်ဟာမှသုံးမကောင်းနေဘူး...

ဆီချေးပြောင်တဲ့ဟာဆိုလို့ဝယ်လာတာလည်း တကယ်မပြောင်ဘူး..

အဲ့ဒီဟာတွေအကုန်လုံးက နာမည်တွေသာအမျိုးမျိုးတပ်ထားတာ wet tissue သက်သက်ပဲ

ဖျန်းတဲ့ဟာတွေလည်းရှိသေးတယ်နော်... ယောင်လို့တောင်မဝယ်မိစေနဲ့ ဘာမှကိူမထူးတာ... လွှင့်ပစ်လိုက်ရတာပဲအဖတ်တင်မယ်...

တကယ်သန့်ရှင်းချင်ရင် တကယ်ကို ၃၀၀ ကစလို့ ၅၀၀ ၆၀၀ မက ရောင်းတဲ့သန့်ရှင်းရေးပစ္စည်းတွေဝယ်သုံး

Supermaket ပေါ်မူတည်ပြီး အနည်းနဲ့အများဈေးကွာပြီးသက်သာလိမ့်မယ်... လွှင့်တော့မပစ်ရစေရဘူး...

ထပ်ပြောပါမယ်... ဂျပန်မှာ ဈေးပေါရင် ပေါတဲ့တန်ဖိုးပဲရပါတယ်....

🙃🙃🙃

ကားမောင်းသင်တာမပြောနဲ့ရှင် အခုထိ ကားမောင်းတာ ၈ နှစ်လောက်ရှိနေလည်း ကြောက်ရတယ်... 🙄
23/07/2025

ကားမောင်းသင်တာမပြောနဲ့ရှင် အခုထိ ကားမောင်းတာ ၈ နှစ်လောက်ရှိနေလည်း ကြောက်ရတယ်... 🙄

Me ကားမော-င်းသင်သောအခါ *

ဂျပန်နိုင်ငံမှာ အပူချိန်တိုးမြင့်လာတာနဲ့အမျှ 熱中症 (အပူရှပ်ခြင်း) အန္တရာယ်က ပိုပြီး မြင့်မားလို့လာနေပါတယ်ဟိုကိုင်းဒိုးလိုန...
23/07/2025

ဂျပန်နိုင်ငံမှာ အပူချိန်တိုးမြင့်လာတာနဲ့အမျှ 熱中症 (အပူရှပ်ခြင်း) အန္တရာယ်က ပိုပြီး မြင့်မားလို့လာနေပါတယ်

ဟိုကိုင်းဒိုးလိုနေရာမျိုးမှာတောင် 熱中症 ကို alert လုပ်ရလောက်တဲ့အထိ အပူချိန်ပြင်းထန်လာနေတာပါ

ဂျပန်မှာ ပူတယ်ဆိုတာက အရှေ့တောင်အာရှနိုင်ငံတွေရဲ့ အပူနှုန်းနဲ့မတူပါဘူး

စိုထိုင်းဆများတဲ့အတွက် ကပ်စေးစေးကြီးနဲ့ပူတာဖြစ်ပါတယ်...

အပြင်ထွက်ရင် မြေကြီးထဲကအစ ခေါင်းပေါ်ကအဆုံး ဘေးပတ်ပတ်လည်က အပူငွေ့တွေထွက်နေတဲ့ပုံစံမျိုးပါ .. 🥵🥵

လေကအစ ရေနွေးငွေ့လိုပူပါတယ်...

မီနစံလည်း 熱中症 အန္တရာယ်ဂရုစိုက်ကြဖို့ သတိပေးရင်း ခန်းဂျိလေးတွေလေ့လာကြည့်ရအောင်

熱中症(ねっちゅうしょう)
熱 (ねつ) - အပူ / ဖျားနာခြင်း(အဖျား)
熱い(あつい) - ပူသော


中 (なか) (うち) - အတွင်းဘက်/ အထဲ
中央(ちゅうおう) - အတွင်းပိုင်း/အလယ်ပိုင်း


症状 (しょうじょう) - ရောဂါလက္ခဏာ
花粉症 (かふんしょう)- ပန်းဝတ်မှုန်ဓာတ်မတည့်မှု
**ရောဂါလက္ခဏာဆိုတဲ့ အဓိပ္ပာယ်နဲ့ အသုံးများပြီး တစ်လုံးတည်းသုံးတာတော့မရှိပါဘူး...

またね

#熱中症 
#日本  #日本語  #漢字

ဂျပန်က Lotteria နဲ့ မြန်မာက Lotteria ဘာကွာလဲသိလား... ဂျပန်က Lotteria မှာ ကြက်ကြော်မရောင်းဘူး ဘာဂါချည်းရောင်းတာကြက်ကြော်စ...
22/07/2025

ဂျပန်က Lotteria နဲ့ မြန်မာက Lotteria ဘာကွာလဲသိလား...

ဂျပန်က Lotteria မှာ ကြက်ကြော်မရောင်းဘူး ဘာဂါချည်းရောင်းတာ

ကြက်ကြော်စားချင်တာကို...

🤣🤣🤣

22/07/2025

「させていただきます」とは。。。

えっ ほんま? いいの? 🤣🤣「ご自由にお取りください」လွတ်လပ်စွာ ယူဆောင်နိုင်ပါတယ် တဲ့ အစစ်သာဆို မီနစံလည်း ယူကြမှာမလား... 😁😁🤭🤭Photo crd
17/07/2025

えっ ほんま? いいの? 🤣🤣

「ご自由にお取りください」
လွတ်လပ်စွာ ယူဆောင်နိုင်ပါတယ် တဲ့

အစစ်သာဆို မီနစံလည်း ယူကြမှာမလား... 😁😁🤭🤭

Photo crd

17/07/2025

💪💪💪

11/07/2025

なかなか ဆိုတာဘာလဲ ဘယ်လိုသုံးရမလဲ...

တိုခုတေးဂိနိုး စားသောက်ဆိုင်က Service Industry ထဲတစ်ခုအပါအဝင်ဖြစ်တဲ့အလျောက် နေတတ်ထိုင်တတ်ပြုမူတတ်စေဖို့ အချက် ၃ ချက်အရေး...
08/07/2025

တိုခုတေးဂိနိုး စားသောက်ဆိုင်က Service Industry ထဲတစ်ခုအပါအဝင်ဖြစ်တဲ့အလျောက် နေတတ်ထိုင်တတ်ပြုမူတတ်စေဖို့

အချက် ၃ ချက်အရေးကြီးပါတယ်

၁. စိတ်ရှည်ရမယ်

၂. သည်းခံရမယ်

၃. ဟန်ဆောင်တတ်ရမယ်

ကျွန်မမှာတော့တစ်ခုမှမရှိပါဘူး 🤭😝

ဒါနဲ့ပတ်သက်ပြီးလည်း အသေးစိတ် ဗီဒီယိုတင်ပေးပါဦးမယ်..🥰🥰

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Reina's Studio posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share