South Dagon Student's Union-ABFSU

South Dagon Student's Union-ABFSU

Share

Political Organization

Photos from South Dagon Student's Union-ABFSU's post 08/05/2023

[English Version Below]
ဗကသများအဖွဲ့ချုပ် ဖွဲ့စည်းတည်ထောင်ခြင်း (၈၇) နှစ်ပြည့် ထုတ်ပြန်ကြေညာချက်

ကြေညာချက်အမှတ် - ၃/ဗကသ/၂၀၂၃
ရက်စွဲ - ၂၀၂၃ ခုနှစ် မေလ ၈ ရက်

ယနေ့ ၂၀၂၃ ခုနှစ် မေလ ၈ ရက်နေ့သည် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) ဖွဲ့စည်းတည်ထောင်ခြင်း (၈၇) နှစ် ပြည့်မြောက်သည့်နေ့ ဖြစ်သည်။ ဗကသများအဖွဲ့ချုပ်သည် ကိုလိုနီခေတ်၊ ဖဆပလခေတ်၊ စစ်အာဏာရှင်ခေတ်မှသည် ယခု စစ်အာဏာသိမ်း ဖက်ဆစ်အစိုးရ လက်ထက်အထိ ပြည်သူလူထုနှင့် တသားတည်းရပ်တည်ကာ နယ်ချဲ့ဆန့်ကျင်ရေး၊ စစ်အာဏာရှင်စနစ်ဆန့်ကျင်‌ရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီပညာရေး၊ ကျောင်းသားထုအခွင့်အရေးကာကွယ်ရေး အစရှိသည့် တိုက်ပွဲများတွင် ရှေ့တန်းမှ ဦးဆောင်ပါဝင်ခဲ့သည်။

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့၌ ဖက်ဆစ်တပ်က တကြော့ပြန် အာဏာသိမ်းခဲ့ပြီးနောက်တွင်လည်း ဖေဖော်ဝါရီလ ၆ ရက်နေ့မှစ၍ ယနေ့အချိန်အထိ ဗကသများအဖွဲ့ချုပ်သည် မြေပြင်သပိတ်လှုပ်ရှားမှုများ၊ လူထုစည်းရုံးလှုံ့ဆော်ရေး လုပ်ငန်းစဉ်များ၊ စာစောင်/ပန်ဖလက်ဖြန့်ဝေခြင်းလုပ်ငန်းစဉ်များ အစရှိသည့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုပေါင်း (၉၄၇) ကြိမ် ပြုလုပ်ခဲ့ပါသည်။ အဆိုပါလှုပ်ရှားမှုများတွင် ဖက်ဆစ်တပ်၏ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ဗကသရဲဘော် (၁၁) ဦး ကျဆုံးခဲ့ရပြီး ဗဟိုအမှုဆောင်အဖွဲ့ဝင် ဒုတိယဥက္ကဌ ကိုဝေယံဖြိုးမိုး အပါအဝင် ရဲဘော် (၅၅) ဦး ဖမ်းဆီးခံရကာ လက်ရှိတွင် ရဲဘော် (၃၀) ဦး အကျဉ်းထောင် အသီးသီး၌ မတရားချုပ်နှောင်ခံထားရသည်။ ချုပ်နှောင်ခံထားရသည့် ဗကသရဲဘော်များထဲတွင် ထောင်ဒဏ် (၃) နှစ်မှ တသက်တကျွန်းအထိ မတရားအမိန့်များ အသီးသီးချမှတ်ခံထားရပြီး တသက်တကျွန်း အမိန်ချခံထားရသူ (၃) ဦးနှင့် သေဒဏ်ချမှတ်ခံထားသူ (၁) ဦး ရှိသည်။

ဖက်ဆစ်တပ်က အကြမ်းဖက်ကာ အာဏာသိမ်းယူထားသည့် ဤကာလတွင် တောင်ပေါ်/မြေပြန့် ဒေသအားလုံးရှိ လူထုလူတန်းစားပေါင်းစုံ အဖိနှိပ်ခံပြည်သူလူထုတရပ်လုံး၏ အရေးအကြီးဆုံး တာဝန်တရပ်မှာ စစ်အစိုးရ၊ စစ်အုပ်စု၊ စစ်ဗျူရိုကရေစီယန္တရား (စစ်သုံးစစ်) ဖြင့် အခိုင်အမာ တည်ဆောက်ထားသည့် စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ချေမှုန်း သုတ်သင်ရန်ဖြစ်သည်။ ပြည်သူလူထု၏ သွေးများဖြင့် စွန်းပေနေသော ဖက်ဆစ်တပ်ကို အမြစ်ဖြတ်ချေမှုန်းကာ စစ်အာဏာရှင်စနစ်ကို ချုပ်ငြိမ်းစေရမည်။ ထို့ကြောင့် စစ်အာဏာရှင်စနစ် (စစ်သုံးစစ်) ကို အဖိနှိပ်ခံပြည်သူလူထုတရပ်လုံးက ထိရောက်မှန်ကန်သည့် နည်းလမ်းပေါင်းစုံဖြင့် ဆက်လက်တိုက်ပွဲဝင်ကြပါရန် ကျွန်ုပ်တို့ ဗကသများအဖွဲ့ချုပ်က တိုက်တွန်းနှိုးဆော်အပ်ပါသည်။ ကျွန်ုပ်တို့ ဗကသများအဖွဲ့ချုပ်သည်လည်း တောင်ပေါ်/မြေပြန့် ဒေသအားလုံးရှိ အဖိနှိပ်ခံပြည်သူလူထုနှင့် လက်တွဲကာ စစ်အာဏာရှင်စနစ် (စစ်သုံးစစ်) အား အမြစ်ပြတ်ချေမှုန်းနိုင်သည်အထိ ပြင်းပြင်းထန်ထန် ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ခေတ်အဆက်ဆက်က ဒီမိုကရေစီတိုက်ပွဲများတွင် ကျဆုံးသွားခဲ့သည့် ရဲဘော်ရဲဘက်များနှင့် ပြည်သူလူထုအား တိုင်တည်ကာ ကတိသစ္စာပြုအပ်ပါသည်။

“တောင်ပေါ်/မြေပြန့် ညီညွတ်ကြ၊ စစ်သုံးစစ်ကို တိုက်ဖျက်ကြ”
“ပြည်သူ့ဒီမိုကရေစီ အရေးတော်ပုံကြီး မုချအောင်ရမည်”

ဗဟိုအမှုဆောင်အဖွဲ့
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်
__________________________

Statement on the 87th Anniversary of the All Burma Federation of Student Unions

Announcement: 3/ABFSU/2023
Date: 2023, May 8

Today, May 8, 2023, marks the 87th anniversary of the establishment of the All Burma Federation of Student Unions (ABFSU). We of ABFSU — ever in solidarity with the masses since the Colonial Era, the AFPFL Era, the Military Dictatorship Era to the current times of the power-usurping Fascist Government — have been at the forefront of the battle against colonialism and military dictatorship, and the fight for peace, democratic education, and protection of student rights.

After the recurrent coup d'état of February 1, 2021, the ABFSU has done 947 anti-military dictatorship activities such as on-the-ground strikes, organization of the masses, and distributing bulletins and pamphlets. During these activities, 11 ABFSU comrades have fallen because of the violent massacre of the fascist military, and 55 comrades including the vice-president Wai Yan Phyo Moe, a member of the Central Committee, have been captured— out of which 30 are unfairly detained in various prisons. Detained ABFSU comrades have each been given unjust court rulings ranging from 3-year prison terms to life sentences, the latter of which 2 comrades are serving while 1 has been sentenced to death.

In these times when the fascist military has violently seized power via the means of a coup d'état, the most important duty of the oppressed masses — comprised of people from all classes from highlands and plains alike — is to uproot and destroy the military dictatorship system solidly established upon the three pillars (three militaries): military governance, military echelons, and military bureaucracy. We must annihilate the fascist military tainted with the blood of the people and bring an end to military dictatorship. We of ABFSU thereupon exhort the oppressed masses to continue revolting against military dictatorship (three militaries) using all effective and righteous means. We of ABFSU solemnly swear, upon our comrades and the people who have valiantly fallen in their battles for Democracy throughout the ages, that ABFSU will continue our fierce fight to topple the military dictatorship (three militaries), together with the oppressed masses of the highlands and the plains.

“People of the Highlands and the Plains Unite! Fight the Three Militaries!”
“The People's Revolution for Democracy shall Prevail!”

Central Executive Committee
All Burma Federation of Student Unions

02/05/2023

“တော်လှန်ရေးသမားကို သေမိန့်ချရုံနဲ့ တော်လှန်ရေးက သေမိန့်မကျဘူး”

#ဗကသ #ကိုကောင်းဆက်ပိုင် #သေဒဏ်

01/05/2023

၁၃၃ နှစ်ပြည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ (မေဒေး) အထိမ်းအမှတ်အဖြစ် ဗမာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (ABFTU) သို့ ပေးပို့သော သဝဏ်လွှာ

သဝဏ်လွှာအမှတ် - ၆/ဗကသ/၂၀၂၃
ရက်စွဲ - ၂၀၂၃ ခုနှစ် မေလ ၁ ရက်

အဖိနှိပ်ခံ ကမ္ဘာ့အလုပ်သမားထု၏ အထွေထွေအကျပ်အတည်း ဆိုက်ရောက်နေသော ယနေ့ကာလတွင် ဗမာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (ABFTU) မှ အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ (မေဒေး) အခမ်းအနား ကျင်းပပြုလုပ်ခြင်းအား ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) မှ အလေးအနက် ဂုဏ်ပြုအပ်ပါသည်။

ခေတ်အဆက်ဆက်တွင် ဖိနှိပ်ချုပ်ချယ် ဂုတ်သွေးစုပ် အမြတ်ထုတ်ခဲ့သော အရင်းရှင်လူတန်းစားနှင့် အုပ်စိုးသူအစိုးရအဆက်ဆက်အား ပြင်းပြင်းထန်ထန် တွန်းလှန်ဖြိုဖျက်ခဲ့သည့် အဖိနှိပ်ခံ ဗမာပြည်အလုပ်သမားထုကြီးသည် ယခုနွေဦးတော်လှန်ရေးတွင်လည်း စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး၏ ပင်မအခန်းကဏ္ဍတွင် ပါဝင်နေသည်။ ဗမာပြည်တွင် သာမက ကမ္ဘာ့နိုင်ငံအသီးသီးရှိ အဖိနှိပ်ခံအလုပ်သမားထုကြီးသည် ယနေ့အချိန်အထိ အထွေထွေအကျပ်အတည်းကို ဆိုးရွားစွာဖြင့် ရင်ဆိုင်ခံစားနေရသည်။

ဗမာပြည် အဖိနှိပ်ခံအလုပ်သမားထု၏ အထွေထွေအကျပ်အတည်းမှ လွတ်မြောက်ရန်မှာ စစ်အာဏာရှင်စနစ်အား အမြစ်ပြတ်တိုက်ဖျက်ပြီး အဖိနှိပ်ခံပြည်သူများ လုံးဝလွတ်မြောက်ရေးအတွက် ကြိုးပမ်းရန်ဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့ ဗကသများအဖွဲ့ချုပ်သည်လည်း စစ်အာဏာရှင်စနစ်အား အဖိနှိပ်ခံအလုပ်သမားထုကြီးနှင့် လက်တွဲကာ ဆုံးခန်းတိုင်သည်အထိ တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး အဖိနှိပ်ခံပြည်သူများ လုံးဝလွတ်မြောက်သည်အထိ ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ကတိသစ္စာပြုရင်း ၁၃၃ နှစ်ပြည့် အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ (မေဒေး) အခမ်းအနားသို့ ဂုဏ်ပြုသဝဏ်လွှာပေးပို့အပ်ပါသည်။

“အဖိနှိပ်ခံတို့ သွေးစည်းကြစို့”

ဗဟိုအမှုဆောင်အဖွဲ့
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်

#ဗကသ #မေဒေး

Photos from South Dagon Student's Union-ABFSU's post 28/04/2023

[English Version Below]
ဗကသရဲဘော် ကိုကောင်းဆက်ပိုင်အား သေဒဏ်အမိန့် ချမှတ်ခြင်းအပေါ် ဗကသများအဖွဲ့ချုပ်၏ သဘောထားထုတ်ပြန်ချက်

ကြေညာချက်အမှတ် - ၂/ဗကသ/၂၀၂၃
ရက်စွဲ - ၂၀၂၃ ခုနှစ် ဧပြီလ ၂၈ ရက်

ပြည်သူ့ဒီမိုကရေစီအရေးတော်ပုံတွင် ပါဝင်ကာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တိုက်ဖျက်ခဲ့သည့်အတွက် မြောက်ဥက္ကလာပမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ၏ မြေပြင်ရေးရာတာဝန်ခံ ဗကသရဲဘော် ကိုကောင်းဆက်ပိုင်အား အာဏာသိမ်းဖက်ဆစ်တပ်က မတရားပုဒ်မများတပ်၍ ထောင်ဒဏ်တသက်တကျွန်း ချမှတ်ထားရာမှ ဧပြီလ ၂၅ ရက်နေ့တွင် သေဒဏ်အမိန့် ထပ်တိုးချမှတ်လိုက်ကြောင်း သိရသည်။

ဗကသရဲဘော် ကိုကောင်းဆက်ပိုင်အား ထောင်ဒဏ်တသက်တကျွန်း ချမှတ်ခြင်း၊ သေဒဏ်အမိန့် ချမှတ်ခြင်းနှင့် ဗကသရဲဘော်များအား မတရားပုဒ်မများတပ်ကာ ဖမ်းဆီးထောင်ချထားခြင်းများ အပါအဝင် ပြည်သူလူထုအား တရားမဲ့သတ်ဖြတ်မှုများ၊ မတရားဖမ်းဆီးထောင်ချမှုများ၊ ပြည်သူလူထု၏ အိုးအိမ်စည်းစိမ်းများအား ဖျက်ဆီးသိမ်းပိုက်ခြင်းများ အားလုံးကို ဗကသများအဖွဲ့ချုပ်က ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်သည်။ အဆိုပါလုပ်ရပ်များသည် အာဏာသိမ်းဖက်ဆစ်တပ်၏ မတရားသဖြင့် တဖက်သတ်စီရင်ချက်များဟု ဗကသများအဖွဲ့ချုပ်က ပြတ်ပြတ်သားသား ရှုမြင်ယူဆသည်။ ထို့ကြောင့် ဗကသရဲဘော်များ အပါအဝင် ပြည်သူလူထုအပေါ် ကျူးလွန်ခဲ့/ကျူးလွန်ဆဲ မတရားမှုများ၊ စစ်ရာဇဝတ်မှုများအား စစ်အုပ်စုအနေဖြင့် ၎င်းတို့ကျူးလွန်သမျှ ဖိနှိပ်မှုတိုင်းအတွက် မုချတာဝန်ခံရမည်ဖြစ်ပြီး အဆိုပါလုပ်ရပ်များအား ချက်ချင်းရပ်တန့်ရန် ဗကသများအဖွဲ့ချုပ်က ပြင်းပြင်းထန်ထန် သတိပေးလိုက်သည်။

ယနေ့ကာလသည် အာဏာသိမ်းဖက်ဆစ်ဘီလူး မင်းအောင်လှိုင် ဦးဆောင်သည့် ဖက်ဆစ်အုပ်စုက ပြည်သူလူထုအား အကြမ်းဖက် နှိပ်စက်သတ်ဖြတ်ကာ ဖိနှိပ်အုပ်ချုပ်နေသည့် ကာလဖြစ်သည်။ ဤကာလတွင် စစ်အစိုးရ၊ စစ်အုပ်စု၊ စစ်ဗျူရိုကရေစီယန္တရား (စစ်သုံးစစ်) ဖြင့် အခိုင်အမာ တည်ဆောက်ထားသည့် စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ချေမှုန်း သုတ်သင်ရန်မှာ တောင်ပေါ်/မြေပြန့် ဒေသအားလုံးရှိ လူထုလူတန်းစားပေါင်းစုံ အဖိနှိပ်ခံပြည်သူလူထုတရပ်လုံး၏ အရေးအကြီးဆုံး တာဝန်တရပ်ဖြစ်သည်။ ထို့ကြောင့် စစ်အာဏာရှင်စနစ် (စစ်သုံးစစ်) ကို အဖိနှိပ်ခံပြည်သူလူထုတရပ်လုံးက ထိရောက်မှန်ကန်သည့် နည်းလမ်းပေါင်းစုံဖြင့် ဆက်လက်တိုက်ပွဲဝင်ကြပါရန် ကျွန်ုပ်တို့ ဗကသများအဖွဲ့ချုပ်က တိုက်တွန်းနှိုးဆော်အပ်ပါသည်။ ကျွန်ုပ်တို့ ဗကသများအဖွဲ့ချုပ်သည်လည်း တောင်ပေါ်/မြေပြန့် ဒေသအားလုံးရှိ အဖိနှိပ်ခံပြည်သူလူထုနှင့် လက်တွဲကာ စစ်အာဏာရှင်စနစ် (စစ်သုံးစစ်) အား အမြစ်ပြတ်ချေမှုန်းနိုင်သည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ခေတ်အဆက်ဆက်က ဒီမိုကရေစီတိုက်ပွဲများတွင် မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးသွားခဲ့သည့် ပြည်သူလူထုအား တိုင်တည်ကာ ကတိသစ္စာပြုအပ်ပါသည်။

“စစ်သုံးစစ်ကို အမြစ်ပြတ်ချေမှုန်းကြ”
“ပြည်သူ့ဒီမိုကရေစီအရေးတော်ပုံ မုချအောင်ရမည်”

ဗဟိုအမှုဆောင်အဖွဲ့
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်
__________________________

Statement on Ko Kaung Sat Paing (A.B.F.S.U)’s death penalty

2/ABFSU/2023
2023, April 28

Ko Kaung Sat Paing, a member of ABFSU, who was sentenced life-long imprisonment for protesting against the Burmese military junta and promoting democracy, has been additionally sentenced to death on April 25.

Including the unjust imprisonments and death sentences on Ko Kaung Sat Paing by the military junta, we condemn all the ruthless killings, unfair trials and imprisonments, and the destruction that the junta has brought upon the people. We believe that all these unfair trials, judges, courts and sentences are obviously biased and one-sided. The Burmese military junta will be held responsible for all the atrocities that they have and will be committed. We would like to warn strongly that the Burmese military junta should immediately stop the brutality on the people.

Nowadays, the fascist tyrant Min Aung Hlaing and his cronies are terrorizing over Burma. In such times, it is an important task to destroy the cancer at its root, which are the military government, its cronies and the military bureaucracy of the Burmese military junta in order to end military dictatorship and to promote peace and democracy. Therefore, we strongly urge the people of Burma to fight against military dictatorship with any possible means. We, ABFSU, swear in the name of the dead and the living people that fought for a better Burma, that we will fight in solidarity with people of Burmese hills and plains, to end military dictatorship.

Fight to end the military dictatorship!
The People’s Democratic Revolution shall prevail!

Central Executive Committee
All Burma Federation of Student Unions

#ဗကသ #ကိုကောင်းဆက်ပိုင် #တသက်တကျွန်း #သေဒဏ်

11/04/2023

“ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်”
“ပြည်သူ့ဒီမိုကရေစီအရေးတော်ပုံ မုချအောင်ရမည်”

ဗကသများအဖွဲ့ချုပ်
#ဗကသ

25/02/2023

ဗကသရဲဘော် ကိုညီမင်းသူ ကျဆုံးခြင်း (၁) နှစ်ပြည့် အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာ

သဝဏ်လွှာအမှတ် - ၂/ဗကသ/၂၀၂၃
ရက်စွဲ - ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်

စစ်အာဏာရှင်စနစ် အမြစ်ပြတ်တိုက်ဖျက်ရေး၊ ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင်ရင်း ဖက်ဆစ်အုပ်စု၏ မတရားဖမ်းဆီးသတ်ဖြတ်မှုကြောင့် အခြေခံပညာကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ၏ ဥက္ကဌဟောင်း ကိုညီမင်းသူ မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးခဲ့သည်မှာ ယနေ့ဆိုလျှင် (၁) နှစ်ပြည့်ခဲ့ပြီဖြစ်သည်။ လူထုလူတန်းစားပေါင်းစုံ ပြည်သူတရပ်လုံး၏ ဘုံရန်သူအား နောက်ဆုံးအချိန်အထိ အလျှော့မပေး အညံ့မခံဘဲ အသက်စွန့်ကာ ပြတ်ပြတ်သားသား တိုက်ပွဲဝင်ခဲ့သော ကျောင်းသားအာဇာနည် ရဲဘော်ညီမင်းသူအား ကျွန်ုပ်တို့ ဗကသများအဖွဲ့ချုပ် မှ အလေးအနက် ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။

ခေတ်အဆက်ဆက်တွင် ကျောင်းသားထုနှင့် လူမျိုးပေါင်းစုံပြည်သူလူထုအား ရက်ရက်စက်စက် သတ်ဖြတ်ကာ စစ်ရာဇဝတ်မှုများကို ကျူးလွန်ခဲ့သော ဖက်ဆစ်တပ်သည် ယခုနွေဦးတော်လှန်ရေးတွင်လည်း အဖိနှိပ်ခံလူမျိုးပေါင်းစုံ ပြည်သူလူထုအား ဖိနှိပ်ချုပ်ချယ်မှု နှိပ်စက်သတ်ဖြတ်မှုများကို နေ့စဉ်ပြုလုပ်ကာ စစ်ရာဇဝတ်မှုများကို ဆက်လက်ကျူးလွန်နေသည်။

ထို့ကြောင့် ကျွန်ုပ်တို့ ဗကသများအဖွဲ့ချုပ်သည် စစ်အာဏာရှင်စနစ် အမြစ်ပြတ်တိုက်ဖျက်ရေး၊ အဖိနှိပ်ခံပြည်သူလူထု လွတ်မြောက်ရေးအတွက် ဗကသရဲဘော် ကိုညီမင်းသူ၏ မပြီးပြတ်သေးသော တိုက်ပွဲတာဝန်များအား ဆက်လက်သယ်ဆောင်ကာ ဘုံရန်သူစစ်အာဏာရှင်စနစ်ကို ပြင်းပြင်းထန်ထန် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ကတိသစ္စာပြုရင်း ဤဂုဏ်ပြုသဝဏ်လွှာအား ပေးပို့အပ်ပါသည်။

ဗဟိုအမှုဆောင်အဖွဲ့
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်

Photos from South Dagon Student's Union-ABFSU's post 27/01/2023

သို့
ရဲဘော်များ၊ မိတ်ဆွေများနှင့် နိုင်ငံရေးအင်အားစုများခင်ဗျား …

NUCC က လတ်တလောထုတ်ပြန်ထားတဲ့ CDM Policy နဲ့ပတ်သက်ပြီး ဗကသများအဖွဲ့ချုပ်ရဲ့ အမြင်နဲ့ သဘောထားတွေကို တင်ပြလိုက်ရပါတယ်။

၁။ CDM တွေရဲ့ စွန့်လွှတ်အနစ်နာခံမှု၊ မွန်မြတ်သန့်ရှင်းမှုနဲ့ ပြည်သူလူထုကိုမျက်နှာမူပြီး အမှန်တရားအတွက် တိုက်ပွဲဝင်မှုတွေကို အလေးနက်ဆုံးနဲ့ အမြင့်မားဆုံး တန်ဖိုးထားပြီး ဦးညွှတ်ဂုဏ်ပြုလိုက်ပါတယ်။

၂။ အခြားတဖက်မှာလည်း Non-CDM တွေရဲ့ လက်တွေ့လူမှုဘဝ အကျဥ်းအကျပ်ထဲ ရှင်သန်နေထိုင်မှုရမှုကိုလည်း အတိုင်းအတာတခုအထိ စာနာနားလည်ပေးရပါလိမ့်မယ်။

၃။ Non-CDM တွေကို အမြင့်ဆုံးတောင်းဆိုသင့်/တောင်းဆိုနိုင်တာက စကစနဲ့ နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်မှုတွေ မလုပ်ဖို့၊ စကစရဲ့ ဖိနှိပ်ရေးလုပ်ငန်းစဥ်တွေ ယန္တရားတွေမှာ တက်တက်ကြွကြွ မပါဝင်ဖို့နဲ့ စစ်အာဏာရှင်စနစ်ကို အလုပ်အကျွေးမပြုဖို့ပါပဲ။ တော်လှန်ရေးအင်အားစုတွေဘက်ကလည်း Non-CDM တွေ တော်လှန်ရေးမှာ လျို့ဝှက်ပြီး ဘယ်လိုပါဝင်လို့ရနိုင်တယ်၊ ဘယ်လိုကူညီထောက်ပံ့လို့ ရနိုင်တယ်ဆိုတဲ့ လမ်းညွှန်ချက်တွေ နည်းလမ်းတွေကို နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ဖြန့်ချိနေသင့်ပါတယ်။

၄။ CDM မူဝါဒမှာ အဓိကစဥ်းစားသင့်တာက လက်ရှိ CDM အင်အားစုတွေရဲ့ ရှင်သန်ရပ်တည်မှု အခြေအနေကို အားဖြည့်ထောက်ပံ့ပေးမယ့် အစီစဥ်တွေကို အလေးအနက်ထား အကောင်အထည်ဖော်သင့်ပြီး၊ အနာဂတ်လူမှုဘဝအတွက် အာမခံချက်အပြည့်ရှိတဲ့ မူဝါဒတွေကို ဖန်တီးရေးဆွဲတာမျိုး စဥ်းစားပြင်ဆင်တာမျိုးတွေကို ပြုလုပ်သင့်ပါတယ်။

၅။ CDMဆိုတာ နိုင်ငံရေးလှုပ်ရှားမှု တခုပါပဲ။ CDMတွေကို နိုင်ငံရေးဖြစ်စဥ်မှာ ပိုပြီးတက်တက်ကြွကြွ ပါဝင်လာနိုင်မယ့် နည်းလမ်းမျိုးတွေကို စဥ်းစားသင့်ပါတယ်။ CDM တွေကို အရေးကြီးတဲ့ သပိတ်မှောက် အင်အားစုကြီးအဖြစ်ကနေ တစုတစည်းတည်းရှိကြတဲ့ အင်မတန်အားကောင်းတဲ့ တော်လှန်ရေး အင်အားစုကြီးတရပ်ဖြစ်လာအောင် လုပ်ဆောင်ဖို့ နိုင်ငံရေးအင်အားစု အသီးသီးမှာ တာဝန်ရှိပါတယ်။ တော်လှန်ရေးမိတ်ဆွေအဆင့်ကနေ မဟာမိတ်အဆင့်၊ မဟာမိတ်အဆင့်ကနေ ရဲဘော်အဆင့်ထိ ဖြစ်လာအောင် စည်းရုံးတည်ဆောက်ရမယ်လို့ မြင်ပါတယ်။

၆။ CDMတွေကို အဓိကအားဖြင့် အတွေးအခေါ်အရ ပိုမိုကြံ့ခိုင်အောင် တည်ဆောက်နိုင်ဖို့ စည်းရုံးရေးအရ ပိုမိုခိုင်မာစေဖို့ အထောက်အကူပြုနိုင်တဲ့ အသေးစိတ်ကူညီနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေသင့်ပါတယ်။ ဥပမာ - UN ရဲ့ လမ်းကြောင်းတွေ ယန္တရားတွေကတဆင့် ကူညီတာ၊ NGO, INGO တွေကတဆင့် ကူညီတာ၊ လူမျိုးစုတော်လှန်ရေးအင်အားစု (ERO) တွေနဲ့ ညှိနှိုင်းပြီး နေရာထိုင်ခင်းစီစဥ်ပေးတာ၊ လိုအပ်တဲ့ ကူညီထောက်ပံ့မှုတွေပေးတာ၊ လွတ်မြောက်ဒေသတွေကို ပို့ဆောင်ပေးတာ၊ အတွေးအခေါ်နဲ့သဘောတရားရေး ဆွေးနွေးတာမျိုး စတဲ့ နည်းလမ်းတွေကို ပိုမိုအလေးနက်ထား အသေးစိတ်စဥ်းစားသင့်ပါတယ်။

၇။ အမှုထမ်းပေါင်းစုံသမဂ္ဂ (သို့မဟုတ်) ဝန်ထမ်းပေါင်းစုံသမဂ္ဂ (သို့မဟုတ်) အခြားသောပုံစံအမျိုးမျိုးနဲ့ သမဂ္ဂတွေပေါ်ပေါက်လာပြီး၊ နိုင်ငံရေးလှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွ ပိုမိုပါဝင်လာနိုင်အောင် ဘက်ပေါင်းစုံက ကြိုးပမ်းသင့်ပါတယ်။

၈။ Non-CDM တွေဟာ တော်လှန်ရေးအတွက် အဓိကအားထားရမယ့်အင်အားစုတွေ မဟုတ်သလို အဓိကဦးတည်တိုက်ခိုက်ရမယ့် အင်အားစုတွေလည်း မဟုတ်ဘူးလို့ပဲ ယူဆပါတယ်။

၉။ CDM ဝင်ချင်တဲ့သူတွေဟာ ဘယ်အချိန်ပဲ CDM ဝင်ဝင် နောက်ကျတယ်မရှိဘူး ဆိုတာမျိုးကို အဆက်မပြတ် ကြေညာသင့်ပြီးတော့ တံခါးကျယ်ကျယ် ဖွင့်ထားသင့်ပါတယ်။ CDM နဲ့ Non-CDM တွေဟာ နိုင်ငံရေးတန်ဖိုးချင်းမတူ၊ ခေတ်ဆိုးတခုကို ရင်ဆိုင်ကျော်ဖြတ်ရပုံချင်း မတူကြပေမယ့် စစ်အာဏာရှင်စနစ်ရဲ့ ပုံစံမျိုးစုံနဲ့ ဖိနှိပ်မှုအောက်မှာ အသက်ရှင်နေထိုင်ရမှုချင်း အတူတူဆိုတာကိုတော့ မမေ့ကြဖို့ လိုမယ်ထင်ပါတယ်။

၁၀။ အချို့ဒေသတွေမှာ စကစရဲ့ လူထုအပေါ်ဖိနှိပ်မှု ပိုကြီးလာတာနဲ့အမျှ အရင်က CDM မဝင်ခဲ့တဲ့သူတွေတောင် CDM ဝင်လာကြတာ (ဥပမာ - မြိုင်လိုဒေသမျိုး)၊ အချို့ဒေသတွေမှာ လွတ်မြောက်မှုနယ်မြေ ကျယ်ပြန့်လာတာနဲ့အမျှ Non-CDM တချို့ဟာ CDM ဝင်လာကြတာမျိုး (ဥပမာ - စစ်ကိုင်းတိုင်းအတွင်း ဒေသတချို့) ကို နမူနာအဖြစ် ထည့်သွင်းစဥ်းစားသင့်ပါတယ်။

၁၁။ CDM မူဝါဒတွေကို ချမှတ်တဲ့နေရာမှာ လွတ်မြောက်ဒေသဆိုင်ရာမူဝါဒတွေ၊ လူမျိုးစုတော်လှန်ရေးအင်အားစု (ERO) တွေ သြဇာလွှမ်းမိုးရာဒေသတွေနဲ့ ပတ်သက်တဲ့မူဝါဒတွေ၊ စကစရော တော်လှန်ရေးအင်အားစုတွေပါ နှစ်ဖက်လုံး သြဇာလွှမ်းမိုးတဲ့‌ဒေသတွေမှာ ကျင့်သုံးရမယ့် မူဝါဒတွေ၊ စကစ သြဇာအပြည့်အဝနီးပါး လွှမ်းမိုးတဲ့နေရာတွေမှာ ကျင့်သုံးသင့်တဲ့မူဝါဒတွေ ဆိုပြီးတော့ အဆင့်အလိုက်ဖြစ်တဲ့၊ သီးခြားစီလည်းဖြစ်တဲ့ မူဝါဒတွေ ရှိသင့်ပါတယ်။

၁၂။ လူမျိုးစုတော်လှန်ရေးအင်အားစုတွေ သြဇာလွှမ်းမိုးရာ ‌ဒေသတွေမှာဆိုရင် (မဖြစ်မနေ) သူတို့တွေနဲ့ညှိနှိုင်းတိုင်ပင်ပြီး CDM ပေါ်လစီလိုမျိုး မူဝါဒတွေချမှတ်သင့်ပါတယ်။ အမျိုးသားတန်းတူရေး၊ လူမျိုးများရဲ့ကိုယ်ပိုင်ပြဌာန်းခွင့်တွေကို အခြေခံတဲ့ ဖက်ဒရယ်ပြည်ထောင်စုကို သွားကြမယ်ဆိုရင် တန်ဖိုးထားမှုတွေကို ပြောနေရုံနဲ့မရဘဲ တချို့ကိစ္စတွေမှာ လက်တွေ့လုပ်ရပ်တွေနဲ့ ပြသဖို့လိုမယ်လို့ ထင်ပါတယ်။

၁၃။ ပညာရေးဆိုင်ရာကိစ္စတွေမှာ လွတ်လပ်စွာ ပညာသင်ယူခွင့်နဲ့ သင်ကြားနိုင်ခွင့်ကို ဘယ်အင်အားစုကမှ နှောက်ယှက်တားဆီး ပိတ်ပင်ခြင်းတွေ မပြုလုပ်ဖို့ မူဝါဒတွေ ချမှတ်သင့်ပါတယ်။

၁၄။ နိုင်ငံရေးမူဝါဒတွေကို စိတ်ခံစားမှုတွေနဲ့ ချမှတ်လို့မသင့်ပါဘူး။ ထို့အတူပဲ ကိုယ့်ရဲ့နိုင်ငံရေးအရ ပေးဆပ်စွန့်လွှတ်မှုတွေ လူမှုဘဝအထိုင်တွေကနေလည်း တနိုင်ငံလုံးဆိုင်ရာမူဝါဒတွေကို ချမှတ်တာမျိုးလည်း မပြုလုပ်သင့်ပါဘူး။ တခါတလေ ကိုယ့်ဒဏ်ရာအနာကို ထည့်တွက်လွန်တာမျိုးတွေက မူဝါဒ နဲ့ လုပ်နည်းလုပ်ဟန် အမှားယွင်းတွေကို ဖြစ်လာစေနိုင်ပါတယ်။ အဓိက အရေးကြီးတာက ကိုယ့်အင်အားစုချင်း ပိုမိုစောင့်ရှောက်ပြီး အနာဂတ်လမ်းကို အတူဖောက်ကြဖို့ပါပဲ။

၁၅။ ကျနော်တို့သွားရမယ့် ခရီးက ရှည်ပါတယ်။ စုစည်းနိုင်သမျှစုစည်း၊ စည်းရုံးနိုင်သမျှ စည်းရုံးဆိုတဲ့မူဟာ တော်လှန်ရေးအောင်မြင်ဖို့ လက်တွေအဆန်ဆုံး အသင့်တော်ဆုံးမူဝါဒလို့ ယုံကြည်ပါတယ်။

၁၆။ အပြစ်ပေးတာတွေ အရေးယူတာတွေကို နောက်ဆုံးသောအခြေအနေ အချိန်အခါကြမှသာ မဖြစ်မနေလုပ်ဖို့ စဥ်းစားသင့်တယ်လို့ မြင်ပါတယ်။ အချို့ပြဿနာတွေကို လက်ရှိအချိန်မှာ အဖြေမရှာဘဲ ကာလ၊ အချိန်၊ နေရာတွေကို ရွေ့ဆိုင်းပြီးမှသာ အဖြေရှာသင့်ပါတယ်။

၁၇။ ပြည်သူ့တော်လှန်ရေးကိုသာ အနိုင်ရဖို့ ဘက်ပေါင်းစုံက ကြိုးပမ်းသင့်ပါတယ်။ အချို့သော ပြဿနာတွေဟာ တော်လှန်‌ရေးအောင်ပွဲခံပြီးမှ ဖြေရှင်းမယ်ဆိုရင် ပြဿနာတချို့ဟာ ဖြေရှင်းဖို့ ပိုမိုလွယ်ကူသွားနိုင်ပြီး၊ ပြဿနာတချို့က သေးငယ်မှေးမှိန်သွားနိုင်ပါတယ်။ အချို့သောပြဿနာတွေဟာ အလိုလိုဖြေရှင်းပြီးသား ဖြစ်သွားနိုင်တဲ့သဘောမျိုး ရှိတဲ့အတွက် ပြည်သူ့တော်လှန်ရေး အောင်မြင်ရေးအတွက်ပဲ စစ်ရေး၊ နိုင်ငံရေး၊ သံတမန်ရေး ဘက်ပါင်းစုံကနေ ဝိုင်းဝန်းလုပ်ဆောင်ကြတာဟာ အရေးကြီးဆုံးသော လုပ်ငန်းစဥ်ဖြစ်မယ်လို့ ယုံကြည်ယူဆကြောင်း အလေးအနက်ထား တင်ပြလိုက်ရပါတယ်။

“ပြည်သူဒီမိုကရေစီအရေးတော်ပုံ မုချအောင်ရမည်”

တော်လှန်ရေးသစ္စာဖြင့်
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်)

09/10/2022

ရံပုံငွေကမ်ပိန်း စတင်ပြီ
///////////\\\\\\\\\\\\\

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ကနေ ဦးဆောင်တဲ့ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးရံပုံငွေကမ်ပိန်းကို ဒီနေ့ ၉.၁၀.၂၀၂၂ မှာစတင်လိုက်ပါတယ်။

ဗကသများအဖွဲ့ချုပ်ဟာ စတင်တည်ထောင်စဥ်ထဲက ကိုလိုနီစနစ်၊ ဖက်ဆစ်စနစ်၊ နယ်ချဲ့စနစ်နဲ့ စစ်အာဏာရှင်စနစ်တို့ကို တစိုက်မတ်မတ် ဆန့်ကျင်တိုက်ပွဲ၀င်လာခဲ့တဲ့အဖွဲ့အစည်းဖြစ်ပါတယ်။ ခေတ်အဆက်ဆက် အရေးတော်ပုံတိုင်းမှာ ပြည်သူနဲ့ တသားတည်းရပ်တည်ခဲ့ပြီး တက်တက်ကြွကြွ ပါ၀င်လှုပ်ရှားခဲ့ပါတယ်။ ၂၀၂၁ ဖေဖော်၀ါရီမှာ မင်းအောင်လှိုင်ဦးဆောင်တဲ့ ဖက်ဆစ်တပ်က အာဏာသိမ်းခဲ့တဲ့အခါမှာလည်း ဗကသများအဖွဲ့ချုပ်ဟာ ပြည်သူနဲ့အတူ နေရာဒေသအသီးသီးမှာ စစ်အာဏာရှင်ဆန့်ကျင်ရေးအလံကို မြင့်မြင့်မားမား လွှင့်ထူတိုက်ပွဲ၀င်နေကြပါတယ်။

လက်ရှိလည်း အကျပ်အတည်းကြားထဲမှာ ဗကသရဲဘော်တွေ စစ်အာဏာရှင်ဆန့်ကျင်ရေးလုပ်ငန်းတွေ ဆက်လုပ်ဖို့အတွက် ရံပုံငွေလိုအပ်ချက်တွေရှိလာပါတယ်။ ပြည်သူလူထုအနေနဲ့လည်း အခုကာလမှာ ဘက်စုံကျပ်တည်းနေတဲ့အပြင် ဖက်ဆစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ ကြုံတွေ့ခံစားနေရတာကိုလည်း သိနေရပါတယ်။ ဒါပေမယ့် ရံပုံငွေလိုအပ်ချက်တွေကလည်း များလှတာကြောင့် အားနာနာနဲ့ပဲ အလှူခံပါရစေခင်ဗျာ။

ကမ်ပိန်းအစီအစဥ်ကိုလည်း အသေးစိတ်မိတ်ဆက်ပေးလိုပါတယ်ခင်ဗျာ။ စစ်အာဏာရှင်ဆန့်ကျင်ရေးရံပုံငွေအတွက် လက်မှတ်တစ်စောင်ကို ငါးထောင်ကျပ် နဲ့ စောင်ရေတစ်သောင်း ရောင်းချသွားဖို့ရှိပါတယ်။ ဗကသများအဖွဲ့ချုပ်ကနေ စာအုပ်၊ ပန်းချီ၊ လက်မှုပစ္စည်းနဲ့ အခြား အနုပညာပစ္စည်းပေါင်း ၆၀ ခန့်ကို အမှတ်တရလက်ဆောင် ပြန်လည်ပေးအပ်သွားမှာပါ။ ပြည်တွင်းကနေ ၀ယ်ယူလှူဒါန်းကြမယ့် အလှူရှင်မိဘပြည်သူတွေအနေနဲ့လည်း ပိုပြီးလုံခြုံစိတ်ချရအောင် စီစဥ်ထားပါတယ်။ NUG Pay နဲ့လည်း ၀ယ်ယူလှူဒါန်းနိုင်ပါတယ်။ သတ်မှတ်ထားတဲ့ လက်မှတ်စောင်ရေတစ်သောင်း ရောင်းချပြီးတာနဲ့ အလှူရှင်တွေကို အမှတ်တရလက်ဆောင်ပစ္စည်းတွေကို မဲဖောက်ပြီးပေးအပ်သွားမှာဖြစ်ပါတယ်။
လက်မှတ်တွေကို ABFSU Fundraising Page ကနေ စတင်ရောင်းချပေးနေပြီဖြစ်ပါတယ်။ အခြားယုံကြည်စိတ်ချစွာ ၀ယ်ယူလို့ရမယ့်နေရာတွေကိုလည်း ABFSU Fundraising Page ကနေ ကြေညာပေးသွားမှာပါ။

ငွေသားတင်မဟုတ်ဘဲ အနုပညာပစ္စည်းတွေလည်းလှူဒါန်းလို့ရပါတယ်ခင်ဗျာ။ မိဘပြည်သူများအနေနဲ့ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးအတွက် ပါ၀င်လှူဒါန်းကြဖို့ မေတ္တာရပ်ခံပါတယ်။

အမျိုးသားခွပ်ဒေါင်းအလံတော်အား အမြင့်မားဆုံးလွှင့်ထူကြ။

19/09/2022

ဒီပဲယင်းမြိုနယ် လက်ယက်ကုန်းကျေးရွာရှိ စာသင်ကျောင်းအား ဖက်ဆစ်တပ်က အကြမ်းဖက်ထိုးစစ်ဆင်တိုက်ခိုက်မှုနှင့် ပတ်သက်၍ ထုတ်ပြန်ကြေညာချက်

ကြေညာချက်အမှတ် - ၅/ဗကသ/၂၀၂၂
ရက်စွဲ - ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁၉ ရက်

၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့တွင် ဒီပဲယင်းမြိုနယ် လက်ယက်ကုန်းကျေးရွာရှိ ပြည်သူလူထု၏ စာသင်ကျောင်းအား ပစ်မှတ်ထားကာ ဖက်ဆစ်တပ်မှ လေကြောင်း ကျည်းကြောင်းဖြင့် အကြမ်းဖက်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည့်အတွက် ပညာသင်ယူနေသည့် ကျောင်းသား (၁၁) ဦးခန့် သေဆုံးခဲ့ပြီး ကျောင်းသားအများအပြား ဒဏ်ရာရရှိကာ ကျောင်းသား/သူများနှင့် ဆရာ/ဆရာမများ (၂၀) ဦးခန့်ကို အကြမ်းဖက်ဖမ်းဆီးသွားခဲ့သည်။ ဖက်ဆစ်တပ်၏ ယင်းလုပ်ရပ်သည် ကျောင်းသားအခွင့်အရေးနှင့် လူထုအခွင့်အရေးကို ပေါ်ပေါ်ထင်ထင်ချိုးဖောက်ကာ စစ်ရာဇဝတ်မှုကို ကျူးလွန်ခြင်းဖြစ်ပြီး ယင်းလုပ်ရပ်အပါအဝင် ပြည်သူလူထုနှင့်ကျောင်းသားထုအ‌ပေါ် ကျူးလွန်နေဆဲ ကျူးလွန်ခဲ့သည့်လုပ်ရပ်များအား ဗကသများအဖွဲချုပ်မှ ပြင်းပြင်းထန်ထန် ဆန့်ကျင်ရှုတ်ချသည်။

စစ်အာဏာရှင်စနစ် ရှိနေသမျှကာလတလျှောက်လုံးတွင် ကျောင်းသားထုနှင့် ပြည်သူလူထု၏ အခွင့်အရေးအရပ်ရပ်သည်လည်း ဆက်လက်ဆိတ်သုဉ်းနေမည်အုံးဖြစ်သည်။ ထိုကြောင့် စစ်အစိုးရ၊ စစ်အုပ်စု၊ စစ်ဗျူရိုကရေစီယန္တရား (စစ်သုံးစစ်) ဖြင့် အခိုင်အမာ တည်ဆောက်ထားသည့် စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ချေမှုန်း သုတ်သင်ရန်မှာ တောင်ပေါ်/မြေပြန့် ဒေသအားလုံးရှိ လူထုလူတန်းစားပေါင်းစုံ အဖိနှိပ်ခံပြည်သူလူထုတရပ်လုံး၏ အရေးအကြီးဆုံး တာဝန်တရပ်ဖြစ်သည်။ ပြည်သူလူထု၏ သွေးများဖြင့် စွန်းပေနေသော ဖက်ဆစ်တပ်ကို အမြစ်ဖြတ်ချေမှုန်းကာ စစ်အာဏာရှင်စနစ်ကို ချုပ်ငြိမ်းစေရမည်။

ထိုကြောင့် စစ်အာဏာရှင်စနစ် (စစ်သုံးစစ်) ကို အဖိနှိပ်ခံပြည်သူလူထုတရပ်လုံးက ထိရောက်မှန်ကန်သည့် နည်းလမ်းပေါင်းစုံဖြင့် ဆက်လက်တိုက်ပွဲဝင်ကြပါရန် ကျွန်ုပ်တို ဗကသများအဖွဲချုပ်က တိုက်တွန်းနှိးဆော်အပ်ပါသည်။ ကျွန်ုပ်တို ဗကသများအဖွဲချုပ်သည်လည်း တောင်ပေါ်/မြေပြန့် ဒေသအားလုံးရှိ အဖိနှိပ်ခံပြည်သူလူထုနှင့် လက်တွဲကာ စစ်အာဏာရှင်စနစ် (စစ်သုံးစစ်) အား အမြစ်ပြတ်ချေမှုန်းနိုင်သည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ခေတ်အဆက်ဆက်က ဒီမိုကရေစီတိုက်ပွဲများတွင် မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးသွားခဲ့သည့် ပြည်သူလူထုအား တိုင်တည်ကာ ကတိသစ္စာပြုအပ်ပါသည်။

ဗဟိုအမှုဆောင်အဖွဲ့
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်

15/09/2022

"အထွေထွေအကျပ်အတည်း ဖြေရှင်းရေးမှသည် စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေးဆီသို့ ..."
ဗကသများအဖွဲ့ချုပ်
#ရွှေဝါရောင်

"အထွေထွေအကျပ်အတည်း ဖြေရှင်းရေးမှသည် စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေးဆီသို့ ..."

ဗကသများအဖွဲ့ချုပ်
#ရွှေဝါရောင်

22/08/2022

လူထုလက်ရုံးနဲ့ တည်ဆောက်၊ တပ်ပေါင်းစုနဲ့ ချီတက်


08/08/2022

၃၄ နှစ်ပြည့် ၈၈၈၈ အထူးထုတ် အိုးဝေ


ဗကသများအဖွဲ့ချုပ်နဲ့ ရတကသတို့ ပူးပေါင်းထုတ်ဝေတဲ့ ၈၈၈၈ အရေးတော်ပုံ ၃၄ နှစ်ပြည့် အထိမ်းအမှတ် အိုးဝေစာစောင် ထွက်ပါပြီ။ ဒီစာစောင်မှာ ၈ လေးလုံး နှစ်ပတ်လည် အထိမ်းအမှတ် ဆောင်းပါးတွေနဲ့ သုံးသပ်ချက်တွေကို စုစည်းဖော်ပြထားပါတယ်။

စာစောင်ကို အောက်ပါလင့်ခ်မှာ ဒေါင်းလုတ်ရယူ ဖတ်ရှုနိုင်ပါတယ်။
https://bit.ly/3JDq7Z5

"မပြီးဆုံးသေးတဲ့ ၈ လေးလုံး လူထုလွတ်မြောက်ရေး ဒို့အတူရုန်း"


Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Address

Yangon