Myanmar Online Betting

Myanmar Online Betting

Share

မင်္ဂလာပါ Myanmar Online Betting မှ ကြိုဆိုပါတယ်။
ibet789 , 555Mix , Batman688 , 2D - 3D , စလော့ ကြိုက်တဲ့ Bettingအစုံကို တနေရာထဲမှာ အစုံကစားနိုင်ပါတယ်ခင်ဗျ။

Welcome Myanmar Online Betting page. website = https://medium.com/@MyanmarOnlineBetting

23/07/2025

စတာလင် ကို ခေါ်ယူချင်နေပြီး ရှာကာကို ဆက်ရှိစေချင်တဲ့ တန်ဟတ်

လေဗာကူဆင်အသင်းကို ကိုင်တွယ်နေတဲ့ မန်ချက်စတာယူနိုက်တက် နည်းပြဟောင်း အဲရစ်တန်ဟတ်ဟာ အင်္ဂလန်တောင်ပံကစားသမား ရာဟင်းစတာလင် ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ ကြားသိရပါတယ် ။ စတာလင်ဟာ အာဆင်နယ်အသင်းဆီကို မနှစ်က ဘောလုံးရာသီမှာ အငှားထွက်ကစားခဲ့ပြီး လက်ရှိမှာတော့ ချဲလ်ဆီးအသင်းဆီ ပြန်လည် ရောက်ရှိနေပါပြီ ။

ဒါ့အပြင် တန်ဟတ်ဟာ ဆန်းဒါးလန်းအသင်းဆီ ပြောင်းရွှေ့ဖို့ စိတ်ကူးနေတဲ့ အာဆင်နယ်အသင်းခေါင်းဆောင်ဟောင်း ဂရန်းနစ် ရှာကာ ကို အသင်းမှာ ဆက်ရှိနေဖို့ လိုလားတယ်လို့လည်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ် ။ တန်ဟတ်က သူတို့အသင်း ( လေဗာကူဆင် ) ဟာ ဖလော်ရီယန်ဗက် ၊ ဖရင်းပေါင် ၊ ဂျော်နသန်တက် တို့လို အဓိကကစားသမားတွေကို အခုနွေရာသီမှာ လက်လွှတ်ထားရတာကြောင့် ရှာကာလို အသင်းနဲ့ စာချုပ်သက်တမ်း ၃ နှစ် ကျန်ရှိနေသေးတဲ့ အဓိကကစားသမားတစ်ယောက်ကို ထွက်ခွာဖို့ ခွင့်မပြုနိုင်ကြောင်း ပြောဆိုသွားခဲ့ပါတယ် ။



23/07/2025

ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကွင်းလယ်ကစားသမား ၂ ယောက်

ဂိုးသွင်းယူမှုအပိုင်းမှာတော့ ဒီကလန်ရိုက်စ် က ပိုပြီး စွမ်းဆောင်ပြထားနိုင်ခဲ့ပါတယ်



22/07/2025

Player Talk:

"မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ပြောင်းရွှေ့ဖို့ အခွင့်အရေး တစ်ခု ရှိနေတယ်ဆိုတာကို သိသိချင်း ကျွန်တော့်ရဲ့ အိပ်မက် အသင်းဆီ ပြောင်းရွှေ့ဖို့ အခွင့်အရေးကို ကျွန်တော် အမိအရ ရယူခဲ့ပါတယ်"

"ကျွန်တော်ဟာ ဒီအသင်းရဲ့ ဂျာစီကို ဝတ်ဆင်ရင်း ကြီးပြင်းလာခဲ့သူ တစ်ဦးပါ"

ဘရိုင်ယန် အမ်ဘျူမို (ယူနိုက်တက် ကစားသမားသစ်)

ဘရိုင်ယန် အမ်ဘျူမိုဟာ မန်ချက်စတာယူနိုက်တက်အသင်းမှာ ကျောနံပါတ် ၁၉ ကို ဝတ်ဆင်ကစားသွားမှာပဲ ဖြစ်ပါတယ် ။



22/07/2025

လီဗာပူးနောက်တန်းကစားသမား ထရန့်အလက်ဇန်းဒါးအားနိုး နဲ့ မန်ချက်စတာယူနိုက်တက် တောင်ပံကစားသမား မားကပ်စ် ရက်ရှ်ဖိုဒ့်တို့ကတော့ သူတို့ရဲ့ အားပြိုင်မှုတွေကို ပရီးမီးယားလိဂ်ကနေ လာလီဂါအထိ သယ်ဆောင်လာခဲ့ပါပြီ ။ ပရီးမီးယားလိဂ်မှာတုန်းက လီဗာပူး နဲ့ မန်ယူနိုက်တက်ဆိုတဲ့ မဟာပြိုင်ဘက် ၂ သင်းမှာ ကစားခဲ့ကြသလို လာလီဂါမှာလည်း ရီးရဲမက်ဒရစ် နဲ့ ဘာစီလိုနာဆိုတဲ့ El Clasico မဟာပြိုင်ဘက်အသင်းတွေရဲ့ ကစားသမားတွေ ဖြစ်လာခဲ့ကြပါတယ် ။ ဒီတခါ ဆုံတွေ့မှုမှာရော ဘယ်သူ့ရဲ့ အသင်းက ဘယ်လိုရလဒ်တွေနဲ့ အနိုင်ရသွားမလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းလာတော့မှာပါ ။



16/07/2025

ဂျော်ကာရက်စ် နဲ့ နီးစပ်လာတဲ့ အာဆင်နယ်တို့နဲ့ နောက်ဆုံးရအပြောင်းအရွှေ့သတင်းများ

အာဆင်နယ်အသင်းကတော့ စပို့တင်းအသင်းရဲ့ ဂိုးသွင်းရှင် ဗစ်တာ ဂျော်ကာရက်စ် ကို ခေါ်ယူနိုင်ဖို့ နီးစပ်လာခဲ့ပါပြီ ။ စပို့တင်းအသင်း နဲ့ အာဆင်နယ်က တာဝန်ရှိသူတွေဟာ အပြောင်းအရွှေ့မှာ ထည့်သွင်းမယ့် အပိုဆုကြေးကိစ္စတွေ အတွက် လန်ဒန်မှာ ဆွေးနွေးပြောဆိုနေကြပြီလို့ သိရပါတယ် ။

လီဗာပူးအသင်းကတော့ နယူးကာဆယ် က အလက်ဇန်းဒါး အီဆက် ကို ခေါ်ယူနိုင်ဖို့ စတင်ကြိုးစားသွားတော့မယ်လို့ ဖာဘရီဇီယို ရိုမားနိုးက ဖော်ပြလိုက်ပါတယ် ။ အဆိုပါ အပြောင်းအရွှေ့အတွက် လီဗာပူးအသင်းဘက်က ပေါင်သန်း ၁၂၀ အထိ ပြင်ဆင်ထားတယ်လို့လည်း ကြားသိရပါတယ် ။

အကယ်၍ အီဆက်ကို ခေါ်ယူဖို့ အဆင်မပြေဖြစ်ခဲ့ပါက လီဗာပူးအသင်းဟာ ဖရန့်ဖတ်ကစားသမား ဟူဂို အီကီတက် နဲ့ ရီးရဲမက်ဒရစ်က ရိုဒရီဂိုတို့ကို ခေါ်ယူနိုင်ဖို့ ကြိုးစားသွားမယ်လို့လည်း သိရပါတယ် ။

အက်သလက်တီကို မက်ဒရစ်အသင်းကတော့ လီယွန်အသင်းက အာဂျင်တီးနားကစားသမား သီယာဂို အယ်မာဒါ ကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိသွားခဲ့ပြီ ဖြစ်ပါတယ် ။

ရီးရဲမက်ဒရစ်အသင်းကတော့ ဘင်ဖီကာအသင်းက သူတို့အကယ်ဒမီကစားသမားဟောင်း အယ်လ်ဗာရို ကာဆာရက်စ် ကို ပြန်လည်ခေါ်ယူလိုက်ပါပြီ ။ ကာဆာရက်စ်ဟာ ရီးရဲအသင်းမှာ ကျောနံပါတ် ၁၈ ကို ဝတ်ဆင်ကစားသွားမှာပဲ ဖြစ်ပါတယ် ။ ကာဆာရက်စ် ရဲ့ အသင်းဟောင်း မန်ချက်စတာယူနိုကတက်ဟာ ဒီအပြောင်းအရွှေ့ကနေ ပေါင် ၁၀ သန်း ရရှိခဲ့တယ်လို့ သိရပါတယ် ။

ဗီလာရီးရဲအသင်းကတော့ ရီးရဲမက်ဒရစ်ဂိုးသမား အန်ဒရီ လူနင်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ ကြားသိရပါတယ် ။

ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့ချင်တယ်လို့ ထုတ်ဖော်ပြောဆိုထားတဲ့ မားကပ်စ် ရက်ရှ်ဖိုဒ့် ကို PSG နဲ့ ချဲလ်ဆီးအသင်းတွေကလည်း စိတ်ဝင်စားနေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ် ။



02/07/2025

"လက်ရှိအချိန်မှာ ကျွန်တော်သဘောအကျဆုံးပွဲကတော့ မနှစ်တုန်းက ဘာနေဗျူးကွင်းမှာ ရီးရဲမက်ဒရစ်ကို ဂိုးပြတ်အနိုင်ကစားခဲ့တဲ့ပွဲပါပဲ ။ နောက်လာမယ့် ၅ နှစ်အတွက်လား . . . ကျွန်တော်က ၂၂ နှစ်ပဲ ရှိသေးဦးမှာလေ ၊ ဘောလုံးကမ္ဘာကြီးရော ဘာစီလိုနာကိုရော အသင့်ပြင်ထားဖို့ ပြောချင်ပါတယ် ။ ဘာလို့လည်းဆိုတော့ ကျွန်တော်က ရပ်တန့်လို့မရအောင် ဖြစ်လာမှာမလို့ပါပဲ"
Lamine Yamal



08/06/2025

ရီးရဲကို ရောက်လာတော့မယ့် အာဂျင်ကြယ်ပွင့် ၊ အင်တာမီလန်နည်းပြအသစ်တို့နဲ့ နောက်ဆုံးရ အားကစားသတင်းများ

စပိန်ထိပ်သီး ရီးယဲ မက်ဒရစ် အသင်းဟာ ရေးဗားပလိတ် အသင်းမှ ၁၇ နှစ်အရွယ် အာဂျင်တီးနားသား ညာတောင်ပံကစားသမားလေး ဖြစ်တဲ့ ဖရန်ကို မာစတန်တူအိုနို ကို ခေါ်ယူရရှိဖို့ အရမ်းကို နီးစပ်နေပါပြီ ။ ကစားသမားနဲ့ သဘောတူညီမှု ရရှိထားပြီး release clause ၄၅ သန်းကိုတော့ အခြားသောပုံစံ တစ်ခုနဲ့ ပေးချေဖို့ညှိနှိုင်းနေဆဲပဲ ဖြစ်ပါတယ် ။

မန်စီးတီး အသင်းဟာ စနေနေ့မှာ ဝုဗ်အသင်းရဲ့ ကစားသမား ရိုင်ယန် အစ်နူရီ ကို ၂၀၃၀ ခုနှစ်အထိ စာချုပ်ချုပ်ဆိုခေါ်ယူသွားနိုင်ဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ် ။

ဘာစီလိုနာအသင်းကတော့ ဂိုးသမားကြီး ဆက်ဇနီ ကို ၂၀၂၇ ခုနှစ်အထိ စာချုပ်သစ်ချုပ်ဆိုသွားမယ့် အစီအစဉ်ကို အတည်ပြုလိုက်ပြီဖြစ်ပါတယ် ။

အင်တာမီလန်အသင်းကတော့ သူတို့ရဲ့ ကစားသမားဟောင်း ခရစ်ရှန်ချီဗူး ကို ၂၀၂၇ ခုနှစ်အထိ နည်းပြသစ်အဖြစ် ခန့်အပ်လိုက်ပြီလို့ သိရပါတယ် ။

ဂါလာတာစာရေးအသင်းဟာ မနှစ်က အငှားခေါ်ယူခဲ့ပြီး ဆုဖလားတွေရရှိဖို့ အဓိကစွမ်းဆောင်ပေးခဲ့တဲ့ ဗစ်တာ အိုဆီမန် ကို နာပိုလီအသင်းဆီက ခေါ်ယူဖို့ စတင်လုပ်ဆောင်လာခဲ့ပါတယ် ။ ဆော်ဒီထိပ်သီး အယ်ဟီလေကလည်း အိုဆီမန် ကို ခေါ်ယူဖို့ ကြိုးစားနေပေမယ့် ကစားသမားကိုတော့ ဂါလာတာစာရေးအသင်းကို ပိုမိုရွေးချယ်ဖွယ် ရှိတယ်လို့ သုံးသပ်နေကြပါတယ် ။

အာဆင်နယ်အသင်းဟာ အရန်ဂိုးသမားနေရာအတွက် ချဲလ်ဆီးဂိုးသမား ကီပါအရစ်ဇာဘလာဟာ ကို ခေါ်ယူဖို့ စိတ်ကူးနေတယ်လို့လည်း ကြားသိရပါတယ် ။

နည်းပြကြီး ကာလို အန်ဆယ်လော့တီ ဟာ ဘရာဇီးအသင်းရဲ့ နည်းပြအဖြစ်နဲ့ ဒီကနေ့မနက်မှာ အက်ကွေဒေါ အသင်းနဲ့ပွဲစဉ်ကို စတင်ကိုင်တွယ်ခဲ့ပြီး ဂိုးမရှိသရေရလဒ် ရရှိခဲ့ပါတယ် ။




08/06/2025

"ရိုနယ်ဒို နဲ့ ယှဉ်ပြိုင်ကစားဖို့လား . . . သူက ဘောလုံးလောကရဲ့ တကယ့်ဂန္ထဝင်ကစားသမားကြီးပါ ။ ကျွန်တော်သူ့ကို လေးစားပါတယ် ၊ ဒါပေမယ့် ကျွန်တော်လုပ်ရမယ့် အလုပ်ကိုတော့ အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားမှာပါ ၊ ဒီပွဲ ( ပေါ်တူဂီနဲ့ပွဲ ) ကို နိုင်အောင်ကစားမယ် ။ ဒါပါပဲ"
Lamine Yamal



08/06/2025

မန်ချက်စတာယူနိုက်တက် ၊ ရီးရဲမက်ဒရစ် ၊ LA Galaxy ၊ အေစီမီလန် ၊ ပီအက်စ်ဂျီ နဲ့ အင်္ဂလန်အသင်းတို့ရဲ့ ကစားသမားဟောင်းကြီး ၊ အင်တာမိုင်ယာမီအသင်းရဲ့ ပူးတွဲပိုင်ရှင် ဒေးဗစ်ဘက်ခမ်း ဟာ လာမယ့် ချားစ်ဘုရင်ကြီးရဲ့ မွေးနေ့မှာ "Sir" ဘွဲ့ (Knighthood ) နဲ့ ဂုဏ်ပြုခံရမယ်လို့ သိရပါတယ် ။ အဆိုပါနေ့ပြီးသွားရင်တော့ ဆာ ဒေးဗစ်ဘက်ခမ်း ဖြစ်လာတော့မှာပါ ။


08/06/2025

အီတလီအသင်းကို ဂိုးပြတ်အနိုင်ယူခဲ့တဲ့ နော်ဝေ

မနေ့ညက ကစားသွားခဲ့တဲ့ world cup qualifier ပွဲစဉ်တွေထဲမှာတော့ နော်ဝေအသင်းဟာ အိမ်ကွင်းမှာ အီတလီအသင်းကို ၃-၀ နဲ့ ဂိုးပြတ်အနိုင်ကစားသွားခဲ့ပါတယ် ။ နော်ဝေအတွက် အက်သလက်တီကို မက်ဒရစ် နဲ့ ဂိုးသွင်းစွမ်းရည်တွေ ပြသခဲ့တဲ့ ရှိုလော့ နဲ့ အာလင်းဟာလန်း တို့က ဂိုးတွေသွင်းယူပေးခဲ့ကြပါတယ် ။ နော်ဝေအသင်းအတွက် ဒီပွဲဟာ တတိယမြောက်ပွဲစဉ်ဖြစ်ပြီး ၃ ပွဲကစား ၊ ၃ ပွဲနိုင် ၊ ရမှတ် ၉ မှတ်နဲ့ အဆင့် ၁ နေရာကို ရယူထားပါတယ် ။ အီတလီအသင်းအတွက်ကတော့ ပထမဆုံးပွဲစဉ်ဖြစ်ခဲ့တာပါ ၊ ဒီရလဒ်ဟာ အီတလီအသင်းအတွက်တော့ စိတ်ပျက်စရာ ဖြစ်စေမှာ အမှန်ပါပဲ ။


08/06/2025

"ကျွန်တော် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်မှာမဟုတ်ပါဘူး ။ ဒီပြိုင်ပွဲမှာ ပါဝင်မယ့် ကလပ်အသင်းအများအပြားဆီကနေ ကမ်းလှမ်းမှုတွေ ရခဲ့ပါတယ် ။ ဒါပေမယ့် ကျွန်တော့ဘက်က မပါဝင်ဖို့ ရွေးချယ်ခဲ့တာပါ ။ ကျွန်တော့ အနေအထားအရ ပြိုင်ပွဲတိုင်းကို ပါဝင်ကစားဖို့ဆိုတာ မလွယ်ကူတော့ပါဘူး ၊ ရေရှည်အတွက် ကြည့်ပြီး စဉ်းစားဖို့ လိုအပ်လာခဲ့ပါပြီ ။ ဒါကြောင့် အခုလာမယ့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကျွန်တော် ပါဝင်လာတော့မှာမဟုတ်ပါဘူး"
Cristiano Ronaldo



Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Address

Rm-602, Cor Of Bagayar & Damazedi Road, Pan Chan Tower
Yangon
11341