Interior Decoration လုပ်ငန်းအတွေ့အကြုံရှိတဲ့ Junior QS တယောက် လိုပါတယ်...ရန်ကုန်မှာဘဲ လုပ်ရမှာပါ။ စိတ်ဝင်စားပါက Viber no _ 09 43152053 ကို ဆက်သွယ်မေးမြန်းပြီး CV ပို့ပေးလို့ရပါတယ်။
GUIDE Building Estimation and Training Center
Building Estimation Service
Estimation Training Class
Lesson Learned_ 2
Payment terms မှာ Retention ဆိုတာ ပါတယ်.. Retention မှာလဲ တချို့က လုပ်ငန်းအားလုံးပြီးတဲ့အခါ Retention ရဲ့ 50% ကို ထုတ်ပေးပြီး ကျန်တဲ့ 50%ကို Defect Liability Period (DLP) ပြီးရင် ထုတ်လို့ရတယ်...တချို့ကြတော့ Retention ရဲ့ 100% amount ကို DLP ပြီးမှထုတ်ပေးပါတယ်...
လုပ်ငန်းအားလုံး ပြီးလို့၊ inspection အကုန် စစ်ပြီး passed ဖြစ်တဲ့အခါ Main con / Client ဘက်ကို Handover လုပ်ရပါတယ်...အယ့်တော့မှ Main con / Client ဘက်က လုပ်ငန်းအားလုံးပြီးစီးကြောင်း Completion of Pratical Certificate (CPC) ထုတ်ပေး ရပါတယ်...
DLP ဆိုတာက defect work တွေကို ပြန်လည်ပြင်ဆင်ပေးဖို့ ကာလတခု သတ်မှတ်ပေးတာပါ...DLP ကို 12 months ( or) 24 months လို့သတ်မှတ် ကြပါတယ်...CPC ထုတ်တဲ့နေကစပြီး တနှစ်အတွင်း user fault ကြောင့် မဟုတ်ဘဲ .. material quality နဲ့ workmanship အားနည်းလို့ဖြစ်ပေါ်လာတဲ့ defect တွေကိုဘာအခကြေးငွေမှ မရဘဲ Contractor ဘက်က ပြန်လည်ပြင်ဆင်ပေးရတာပါ... Contractor ဘက်က defect work တွေ ပြင်ဆင်ဖို့ အတွက်ကိုလည်း... Main con/Client ဘက်က DLP အတွင်း (12 လဆိုရင် 12လ၊ 24 လဆိုရင် 24 )မှာ Contractors တွေဘက်ကို inform လုပ်ရပါတယ်...အယ့်လို inform လုပ်ပြီးရင် contractors က သူတို့defect ဟုတ်၊ မဟုတ် စစ်၊ သက်ဆိုင်ရာ defect တွေပြင်ပေးပါတယ်...အားလုံးပြင်ပြီးတဲ့အခါ Main Con / Client ဘက်က Defect အားလုံးပြင်ဆင်ပြီးကြောင်း Certificate ထပ်ထုတ်ပေးရပါတယ်...အယ့်ဒီ Certificate နဲ့ အတူ Retention ကို Claim ရပါတယ်...
ကျွန်မ ရေးချင်တဲ့ အဓိကအချက်က အခုမှ ရေးမှာပါ...
DLP အတွင်း Defect work ကို Main con/ Client ဘက်က မထုတ်ပေးဘဲနဲ့ DLP ကျော်ပြီးမှ ထုတ်ပေးရင်... Contractor ဘက်က defect ပြန်ပြင်ပေးဖို့ မလိုအပ်ပါဘူးဆိုတာပါဘဲ...
ဘာကြောင့်လဲဆိုတော့ DLP က တနှစ်(နှစ်နှစ်) ဖြစ်တဲ့ အတွက်ပါ..တနှစ်(နှစ်နှစ်)ကျော်သွားတာနဲ့ expired ဖြစ်သွားလို့ Contractor ဘက်က ပြန်ပြင်ပေးဖို့ မလိုတော့တာဖြစ်ပါတယ်...
ကျွန်မ နားလည်ခဲ့တာ...DLP ကျော်သွားရင်ဖြစ်ဖြစ်၊ မကျော်ခင် ဖြစ်ဖြစ် Contractor က Retention ကို claim ပါမယ် ပြောတဲ့အချိန်မှ...Main Con /Client ဘက်က defect ပြင်ဖို့ ပြောရင် Contractor ကပြင်ပေးရမယ် ထင်ခဲ့တာပါဘဲ...
အမှန်က
၁). Main Con/ Client ဘက်က DLP ကာလအတွင်း defect ကို Contractors တွေဘက် inform လုပ်ဖို့အရေးကြီးပါတယ်။ ( Subcontractor က Retention claim လာပြောတာကို စောင့်ရမည် မဟုတ်ပါ။ DLP အတွင်း defect works တွေကို Contractors တွေထံ inform လုပ်ရမည်မှာ Main Con/ Client ၏တာဝန်သာဖြစ်ပါသည်။)
၂). Contractors ဘက်ကလဲ DLP ကျော်ပြီးမှ Main Con/ Client ဘက်ကDefect ပြင်ဖို့ ပြောလာခဲ့လျင် တရားဝင် ငြင်းပိုင်ခွင့် ရှိပါတယ်။ ( DLP ကျော်သွားရင် Contractor ၏ တာဝန် မဟုတ်တော့ပါ။)
ကျွန်မ မှားခဲ့တဲ့၊ ကြုံတွေ့ခဲ့တဲ့ အမှားကနေ...မသိသေးတဲ့သူတွေ၊ နားမလည်သေးတဲ့သူတွေ သိပါစေ၊ နားလည်ပါစေ ..ကိုယ်ကိုယ်တိုင်လည်း အမှားထဲက သင်ခန်းစာယူရင်း၊ အမှားကို အမှန်ပြင်ရင်း Lesson Learned.2 ကို ရေးလိုက်ပါတယ်။
( နားလည်တဲ့သူတွေကတော့ QS လုပ်သက် 15 နှစ်ကျော်တာတောင် မသိသေးဘူးလားမေးရင်..ဟုတ်ကဲ့.. ကျွန်မ တကယ်မသိခဲ့ပါ.... အငယ်တွေအတွက်ကတော့ ငါတို့မသိတာဆန်းသလား...ဒီအစ်မ တောင်မသိသေးဘူးဆိုပြီး moti တောင် ယူလို့ရပါသေးတယ်...ကျွန်မက Contractor ဘက်ကိုတောင် မှားတယ်ထင်ခဲ့သေးလို့...နားလည်တဲ့ အစ်မတွေ မေးကြည့်တယ်...စာတွေ ပြန်ဖတ်ကြည့်တဲ့အခါ..မှားနေတာ ကျွန်မဖြစ်မှန်း သိသွားတော့တယ်... စိတ်ရှည်ရှည်နဲ့ ရှင်းပြ ပေးတဲ့အစ်မကိုလည်း ကျေးဇူးတင်ပါကြောင်း ထပ်ပြောပါရစေ။)
Lesson Learned.1
Tender ခေါ်တုန်းက အငြင်းအခုံ အနည်းဆုံးဖြစ်အောင် စဉ်းစားပြီး ပြောခဲ့တယ်လို့...ထင်ခဲ့သမျှ ...လုပ်ငန်းစဖို့မှာ စပြီးစကား ပြောရတော့တာဘဲ...
Light weight block wall ပြဿနာ...
Drawing မှာ 150mm thk Block Wall , 200mm thk Block လို့ရေးထားတယ်
1m2 ဈေးထဲမှာ...150mm thk wall block လုပ်ကွက်ထဲမှာ kicker, stiffener, lintel အကုန်ပါပြီးရေးတယ်... stiffener, lintel ကို Size & spacing တွေပါ တခါတည်း confirm လုပ်ထားတယ်၊ plaster work ပါတခါတည်း ထည့်ထားတော့ cement morotor ratio, plaster thickness နဲ့ height တွေပါ confirm လုပ်ထားခဲ့တယ်...ဒါလောက်ဆို ဒီလုပ်ငန်းနဲ့ ပါတ်သတ်ရင် ထပ်ပြောစရာ မရှိလောက်တော့ဘူး ထင်ခဲ့၊ တွေးခဲ့မိတယ်...
Agreement ဖြစ်ပြီးလို့ လုပ်ငန်းစမယ်... materials sample ပြ၊ test တွေ ပြတဲ့အချိန်မှာ..
Block တုံးရဲ့ weight နဲ့ strength ကို ထည့်မဆွေးနွေး ခဲ့ခြင်းရဲ့ ပြဿနာ စပါတယ်...
Contractor က Tender တင်တုန်းကဒီ brand ထဲက ဟာနဲ့ဘဲ တွက်ခဲ့တာပါ... Client က လဲ block တုံးရဲ့ standard ရှိရမယ့် strength နဲ့ weight ရှိရမယ်ဆိုတာမျိုး...အခြေအတင် ဖြစ်လာရတယ်...
Contractor က သူတို့တင်တဲ့ brand မဟုတ်ဘဲ တခြားဟာသုံးရမယ်ဆိုရင် additional ပေးရမယ်...
Client က block ရဲ့ standard မှီအောင်သုံးဖို့လို တယ် ... additional မပေးနိုင်ပါနဲ့...အယ့်လိုနဲ့လုပ်ငန်းကကြန့်ကြာနေရော...
ထို့ကြောင့် light weight block wall
ဆိုတာနဲ့ strength & weight ကို confirm လုပ်ဖို့လိုကြောင်း Lesson Learned.1 အနေနဲ့ sharing လုပ်ပေးလိုက်ပါတယ်။ (နားလည် တတ်ကျွမ်းတဲ့သူတွေက ကျော်သွားပါ၊ အမှားပါခဲ့ရင်၊ လိုအပ်ချက်ရှိခဲ့ရင်လည်း ဖြည့်စွက်ပေးခဲ့ပါရန်။)
28.01.2024
GUIDE
ကိုယ်တွေ ကျောင်းပြီးခါစ ပိုက်ဆံရှာဖို့တတ်ကြွ၊ ပညာရှာဖို့တတ်ကြွ၊ လုပ်ငန်းထဲလဲရောက်ရော ကိုယ့် senior တွေ သူတို့ဘာလုပ်လုပ် အားကျနေတာ၊ သူတို့လုပ်သမျှ အတုလိုက်ခိုး ငယ်ရွယ်တုန်းကတော့ မှားတယ်၊ မှန်တယ် သေချာမသိဘူး၊ senior တွေလုပ်တာတွေ အကုန်အမှန်ထင်ခဲ့တာ။ contractor တွေကို ရင့်ရင့်သီးသီးပြောရင်တောင် အားကျနေတတ်တာမျိုး၊ အခုတော့ နားလည်လာပြီ seniors တွေလုပ်သမျှ အကုန်မမှန်နိုင်ဘူး၊ သူတို့မှာလဲ အားသာချက်၊ အားနည်းချက်ရှိမှာဘဲ။ အဲ့တော့ ကိုယ်လိုချင်တဲ့ အားသာချက်ကိုယူပြီး၊ မလိုချင်တဲ့အားနည်းချက်တွေကို မယူကြပါနဲ့လို့ juniors လေးတွေကို ပြောချင်ပါတယ်။ တချို့တွေ အလုပ်လုပ်တာပြတ်သားတယ်၊ ဒါပေမယ့် တဘက်သားကို နှစ်ပြားမတန်ပြောတတ်ကြတယ်ဆိုပါစို့၊ ပြတ်သားတယ်ဆိုတာကို အတုခိုးပါ၊ တဘက်သား နစ်နာအောင် မပြောမိဖို့သတိထားပါ။ တချို့တွေ အလုပ်လုပ်တာမပြတ်သားဘူး၊ စကားကိုနားဝင်အောင် ချိုချိုအေးအေး ပြောတတ်တယ်ဆိုပါစို့၊ မပြတ်သားတတ်တဲ့ အကျင့်ကိုမယူပါနဲ့၊ ချိုချိုအေးအေး ပြောတတ်တဲ့အကျင့်ကိုယူပါ။ တချို့ အလုပ်ထဲက အင်ဂျင်နီယာပညာရပ်မှာ တော်ကြတယ်၊ သို့သော် စောင့်ထိန်းရမယ့် လူကျင့်ဝတ်တွေ မစောင့်ထိန်းနိုင်ကြဘူး၊ တချို့ အဖွဲ့အစည်းလိုက် leader ကစ Labour အထိ ပုံစံတူတာနေတတ်တာမျိုး၊ ကိုယ်က တခုခုပြောလိုက်လိုက်တာနဲ့ မဖြစ်နိုင်ဘူး၊ မလုပ်ပေးနိုင်ဘူး၊ negative ဘက်ကစပြောတယ်၊ ဟုတ်ပြီ မဖြစ်နိုင်ဘူးဆိုရင် ဘယ်လိုဖြစ်နိုင်အောင် လုပ်လို့ရမလဲ ဆွေးနွေးညှိနိူင်းရမယ်၊ အလုပ်သဘောဆိုတာ တဖွဲ့နဲ့တဖွဲ့ဆွေးနွေးညှိနိူင်းတိုင်ပင် ပြီးမှ လိုချင်တဲ့ target ကို အမှန်ဆုံးနဲ့ အမြန်ဆုံးပြီးမြှောက်အောင်လုပ်နိုင်တာ။ ပြောချင်တာက လုပ်ငန်းထဲမှာ အင်ဂျင်နီယာ ပညာရပ်တခုတည်း မဟုတ်ဘူး၊ အပြောအဆို၊ အပြုအမူ၊ အတွေးအကြံ၊ စေ့စပ်ညှိနိူင်းမူ အားသာချက်၊ အားနည်ချက်တွေ လူတိုင်းကိုယ်စီမှာ ရှိကြတယ်။ လတ်တလော အလုပ်ထဲက PM အကို တယောက်ကိုတော်တော်လေး လေးစားမိနေတယ်၊ သူ့လောက် အလုပ်များတာလဲ သူဘဲ၊ ဒါပေမယ့် သူ့ကို ကိုယ်သိချင်တဲ့ အကြောင်းမေးလိုက်တိုင်း စိတ်ရှည်ရှည်နဲ့ အကျိုးအကြောင်းဆီလျော်အောင် ဖြေပေးတတ်တယ်၊ သူ့လေသံ ကလဲ တသံတည်းဘဲ၊ သူ့ထက်ရာထူးကြီးတဲ့လူလဲ ဒီလေသံဘဲ၊ အငယ်လဲ ဒီလေသံဘဲ။ contractor ကို စကားပြောရင်လဲ ဒီလေသံဘဲ၊ contractor က မှားလုပ်မိတာမျိုးဆိုရင် လဲ မှားနေတယ်လို့ အရင်မပြောဘူး ဒါကဒီလိုဖြစ်သင့်တယ်ထင်တယ်နော် ဆိုပြီးစကားကို စပြောတာ။ တချို့အဖွဲ့အစည်းတွေမှာ PM ဆိုရင် PM ရာထူးနဲ့ လူကိုဘဲစကားအဖက်လုပ်ပြောတာ၊ ကျန်တဲ့ရာထူး နဲ့ တတ်မလာနဲ့ တချို့ဆို ပါးစပ်ကထုတ်တောင် ပြောကြတယ်၊ နင့်အဆင့်က ဘာအဆင့်လဲ တဲ့။ နင့်အဆင့်က ဘာအဆင့်လဲမေး တဲ့ သူကိုယ်တိုင်ကဘဲ ..ငါ့အဆင့်က ဒါပါဆိုပြီး ပြလိုက်တာနဲ့ အတူတူဘဲ။ အဲ့ဒီအဖွဲ့အစည်းမျိုးမှာ အလုပ်လုပ်မိပြီဆိုရင် သတိသာထား၊ အဲ့ဒီအပြုအမူတွေက ကူးစက်တတ်တယ်၊ ကိုယ်မသိလိုက်တဲ့အချိန်မှာ အဲ့ဒီအကျင့်တွေ ကိုယ်ဆီရောက်နေတတ်တာမျိုး၊ ဒီအဖွဲ့အစည်းက ထွက်လာသမျှ၊ ဒီလိုလူတွေချည်းဘဲဖြစ်နေတတ်တယ်။ ကိုယ်အလုပ်လုပ်နေတဲ့ ပါတ်ဝန်းကျင်က လူတွေရဲ့ စရိုက်ကို ပြန်သုံးသပ်ပါ၊ ကိုယ်မကြိုက်တဲ့ စရိုက်မျိုးသူတို့ဆီမှာ အများကြီးတွေ့တယ်ဆိုရင် ၊ ကိုယ့်ကိုကိုယ် ပြန်သုံးသပ်ပါ၊ ငါရော အဲ့လိုစရိုက်တွေရှိနေပြီလားလို့။ အမ ကိုယ်တိုင်လဲ မကောင်းတဲ့အကျင့်တွေ ပြန်ပြင်ခဲ့ရတယ်၊ ယခုလဲ ပြုပြင်နေဆဲ၊ အတုခိုးနေဆဲပါဘဲ။ juniors တွေအနေနဲ့ ပညာရပ်ပိုင်း အရေးကြီးသလိုဘဲ လူမူ့ဆက်ဆံရေးပိုင်းကလဲ အရေးပါတယ်ဆိုတာကို သတိပြုစေချင်လို့ ဒီစာလေးရေးလိုက်ပါသည်။
Part.4, Core Wall Concrete တွက်တာကို sharing လုပ်ပေးထားတာပါ။
Part.3, column concrete တွက်တာကို sharing လုပ်ပေးထားတာပါ။
Vedio မှာ တွက်ပြထားတဲ့ Drawing ကို လိုချင်သူများရှိပါက CB ကနေ Request လုပ်လို့ရပါတယ်။
ဒီအပါတ်အတွက် အပိုင်း၂ ကို တင်ပေးလိုက်ပါတယ်...ဒီ vedio လေးတွေ ဖန်တီးရခြင်းရည်ရွယ်ချက် ကတော့ ကိုယ်သိထားတာလေးတွေကို sharing လုပ်ပေးချင်ရုံသပ်သပ်ပါဘဲ။ estimate ကိုဘယ်ကဘယ်လို စတွက်ရမလဲမသိသေးတဲ့ ညီမလေး၊မောင်လေး တယောက်တလေများ ဒီvedio တွေကြည့်မိလို့ အကျိုးရှိတယ်ဆိုရင် ဖန်တီးရကျိုးနပ်ပါပြီ။
Sharing လုပ်ပေးရမလား မေးပြီး ပျောက်သွားလို့..စိတ်မကောက်ကြပါနဲ့...ဒီနေ့တော့ ခုချိန်ထိမအိပ်သေးဘဲ ကြိုးစားထားပါတယ်...အပိုင်း တစ်အနေနဲ့ လေ့လာလို့ရပါပြီနော်..အသံကြားရတာ အဆင်ပြေ၏..မပြေ၏.. တော့ သိချင်ပါတယ်..
Sharing လုပ်ပေးမယ့် Class လေးတွေက လတ်တလော လျပ်စစ်မီးအခြေအနေအရ နှင့် အချိန်အတိအကျ ပေးရမူအတွက် အဆင်မပြေမူများ ရှိနေမည်စိုးပါသဖြင့် vedio record အဖြစ် မျှဝေသွားဖို့ ကြိုးစားနေပါတယ်။
အချိန်မရလို့၊ အချိန်မရှိ လို့ဆိုပြီး ကိုယ်ကိုယ်တိုင် က သိပ်ပြီးအားမထုတ်ဖြစ်တာကြောင့် ဒီ page လေး ငြိမ်သက်နေတာကြာပါပြီ။ ကျွန်မ မှာ ဆန္ဒတခုရှိနေတယ် ..Estimate တွက်တာနဲ့ပါတ်သတ်ပြီး အငယ်တချို့ အကူအညီတောင်းပြီး ကူကြည့်ခိုင်းတဲ့ DWg တွေရှိတယ်၊ စလုံးမှာ interview ရပြီး tutorial တွက်ခိုင်းတဲ့ structure DWg တခုရယ်၊ စလုံးမှာဘဲ အလုပ်ဝင်နေတဲ့ ညီမတယောက်က ကူကြည့်ခိုင်းတဲ့ renovation လုပ်တဲ့ DWg နှစ်ခုရှိတယ်။ အဲ့နှစ်ခုကို ဘယ်လိုတွက်လဲဆိုတာ... sharing လုပ်ပေးချင်တဲ့ဆန္ဒ...။ ကိုယ်က ဘယ်လိုဘဲ sharing လုပ်ပေးချင်ပေမယ့်လဲ...လက်ခံမယ့်သူရှိအုန်းမှကိုး..။ ဒီ drawing နှစ်ခုကို section နှစ်ခုနဲ့ sharing လုပ်ပေးမယ်ဆိုရင်...တတ်ချင်တဲ့သူများ ရှိမလား...သိချင်မိပါတယ်။ Sunday only...Zoom Class ဘဲဖြစ်ပါလိမ့်မယ်။ ပညာဒါနမို့ သင်တန်းကြေး ပေးသွင်းရန်မလိုပါ။
Guide လုပ်ပေးမယ်ဆိုပြီး ထိထိရောက်ရောက် မလုပ်ပေးနိုင်ခဲ့တာ တောင်းပန်ပါတယ်။ ဘာpost မှာ မရေးဖြစ်တာလဲကြာသွားတယ်။ အလုပ်အသစ်အပြောင်းအရွှေ့ဖြစ်သွား တော့ အချိန်မရဖြစ်သွားလို့ပါရှင့်...အားလုံးဘဲ နှစ်သစ်မှာ ကျန်းမာချမ်းသာ၍ ဘေးရန်အပေါင်းကင်းရှင်းကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်....
Click here to claim your Sponsored Listing.