EDU Corner

EDU Corner

Share

EDU CORNER is an association of EDU HUB and aims to connect young students in Myanmar.

16/01/2026

🎓 Scholarship Essay တွေရေးတဲ့အခါ Plagiarism နဲ့ AI Detection မမိအောင် ဘယ်လိုရေးကြမလဲ? ✍️

Scholarship လျှောက်တဲ့အခါမှာ ကိုယ်ရေးတဲ့ Essay / SOP တွေကို AI နဲ့ ရေးထားသလို မဖြစ်စေဘဲ ကိုယ်ပိုင်ဟန်ပေါ်လွင်စေဖို့ နည်းလမ်းလေးတွေကို 𝐄𝐝𝐮 𝐂𝐨𝐫𝐧𝐞𝐫 ကနေ ဒီနေ့ မျှဝေပေးလိုက်ပါတယ်။👇

✅ (၁) AI Detection လွတ်အောင် ရေးနည်း

AI တွေရဲ့ အရေးအသားက လူသားတွေလောက် Emotion မပါသလို၊ စာကြောင်းတွေအကြား ချိတ်ဆက်မှုအားနည်းတတ်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ Essay ကို စက်ရုပ်ရေးသလို မဖြစ်ရအောင်...

• Sentence Structure Variation: ကိုယ်ရေးတဲ့အခါမှာ Simple Sentence တွေချည်းပဲ မသုံးဘဲ Compound / Complex Sentence တွေ၊ Inversion Pattern နဲ့ Stylistic Transformation တွေကို စုံလင်အောင် မျှသုံးပါ။

• Smart Transitions: စာကြောင်းတစ်ကြောင်းနဲ့ တစ်ကြောင်း အဆက်အစပ်မရှိ ပြတ်တောက်နေတာမျိုး မဖြစ်စေဖို့ Transition word (ဥပမာ - However, Moreover) တွေကို နေရာမှန်မှန်သုံးပြီး Flow မိအောင် ချိတ်ဆက်ရေးသားပါ။

• Vocabulary Variation: စကားလုံးတွေကို ထပ်တလဲလဲ သုံးတာကိုရှောင်ပါ။
ဥပမာ - "I think" ဆိုတဲ့ စကားလုံးအစား
In my opinion, From my point of view, Personally I think that, As far as I am concerned စတာတွေ ပြောင်းသုံးပါ။

✅ (၂) Plagiarism ရှောင်ရှားနည်း (၆) ချက်

၁။ Citation ပြုလုပ်ပြီး အဆုံးမှာ Reference ပြန်ထည့်ပေးပါ။
၂။ သူများစာကို ကိုယ်ပိုင်စကားလုံးနဲ့ပြန်ရေးပါ။
၃။ Quotation တွေကို ပုံစံမှန်ကန်စွာ သုံးပါ။
၄။ စာကို မပို့ခင် Plagiarism Checker တွေနဲ့ စစ်ဆေးပါ။
၅။ Self-plagiarism (မိမိစာအဟောင်း ပြန်ကူးခြင်း) ကို ရှောင်ပါ။
၆။ Note တွေထုတ်ပြီး Sentence တွေကို ကိုယ်ပိုင်ဟန်နဲ့ ပြန်ရေးပါ။

✅ (၃) Citation (ကိုးကားခြင်း) နည်းလမ်းများ

Website က ပုံ/စာတွေကို ယူသုံးရင် Source မဖြစ်မနေထည့်ရပါမယ်။

Citation လုပ်တဲ့အခါ Author-date style, Author-page, Author-number system ဆိုပြီးရှိတဲ့အထဲမှာ Author-date style က အသုံးအများဆုံးပါ။

Author (1) ယောက် ကနေ (3) ယောက်၊ (4) ယောက်နဲ့အထက် ကိုးကားနည်း၊ စာရေးသူနာမည်မပါတဲ့ ကိုးကားနည်း၊ Multiple Volume Works နဲ့ Secondary referencing စတာမျိုးတွေနဲ့ စနစ်တကျ ကိုးကားနည်းများ ရှိပါတယ်။

• Direct Quotation: စာကြောင်းအဆုံးမှာ (Author, Date) ဒါမှမဟုတ် စာကြောင်းထဲမှာ Author’s name (Year) ထည့်ပြီး ရေးသားခြင်း။

• Paraphrasing: မူရင်းအဓိပ္ပာယ် မပျောက်စေဘဲ ကိုယ်ပိုင်စကားလုံးနဲ့ ပြောင်းလဲရေးသားခြင်း။

• Summarising: စာတွေကို နားလည်အောင် ဖတ်ပြီး မိမိရဲ့ ကိုယ်ပိုင်အမြင်နဲ့ Review & Analysis ပေါင်းစပ်ကာ အနှစ်သာရမပျက် အောင် ပြန်လည်ရေးသားခြင်း။

Oversea Education နဲ့ပတ်သက်ပြီး တခြားသိချင်တာရှိရင်လည်း 𝐄𝐝𝐮 𝐂𝐨𝐫𝐧𝐞𝐫 ရဲ့ Page Messenger မှာ လာရောက်မေးမြန်းနိုင်ပါတယ်ဗျ။

Scholarship လျှောက်မယ့် ကျောင်းသားတိုင်း အဆင်ပြေကြပါစေ။ 💪

Photos from EDU Corner's post 15/01/2026

GED ဖြေပြီးတာနဲ့ နိုင်ငံတကာအဆင့်မီ တက်လို့ရမယ့် မလေးရှားက INTI University 🇲🇾🎓

GED အောင်ထားပြီး ဘာဆက်လုပ်ရမလဲ စဉ်းစားနေတဲ့ ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့

မလေးရှားနိုင်ငံရဲ့ နာမည်ကြီး INTI University မှာ Bachelor တန်းတက်လို့ရနေပြီနော်။ ✨

INTI ရဲ့ အားသာချက်ကတော့ မလေးရှားမှာ (၂) နှစ်တက်ပြီးရင် Australia 🇦🇺 နဲ့ UK 🇬🇧 ဘက်ကို Credit Transfer နဲ့ ပြောင်းရွှေ့ပြီး ဆက်တက်လို့ရတာပါပဲ။ နိုင်ငံတကာကို ဈေးသက်သက်သာသာနဲ့ Pathway လျှောက်ချင်သူတွေအတွက် အဆင်ပြေဆုံးပါပဲ။ ✈️

📝 လိုအပ်တဲ့ IELTS Requirements တွေကတော့

Engineering Major အတွက်
🔹 Bachelor: IELTS 5.5
🔹 Master: IELTS 6.0
🔹 PhD: IELTS 6.5

တခြား Major တွေအတွက်
🔹 Bachelor: IELTS 4.5
🔹 Master: IELTS 5.5
🔹 PhD: IELTS 6.0

🎓 ရွေးချယ်စရာ Major ပေါင်းစုံရှိလို့ ကိုယ်ဝါသနာပါတာ ရွေးတက်နိုင်ပါတယ်။

✅ Business Management
✅ Computing & IT
✅ Engineering
✅ Health Science
✅ Biotechnology & Life Science
✅ Fashion Design
✅ Graphic Design
✅ Interior Design
✅ Hospitality & Culinary Arts
✅ Media and Communication
✅ Education & Liberal Arts
✅ INTI English Language Program
✅ Professional Development Program
✅ Micro Credential Program
✅ Program for Working Professional

"INTI University" နဲ့ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေ၊ ကျောင်းလခနဲ့ Admission Process တွေအကြောင်းကို ထပ်မံသိရှိလိုတယ်ဆိုရင် 𝐄𝐝𝐮 𝐂𝐨𝐫𝐧𝐞𝐫 ရဲ့ မက်ဆင်ဂျာ မှာ အခုပဲ "INTI" လို့ပို့ပြီး လာရောက်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။

နိုင်ငံခြားမှာ ကျောင်းတက်ချင်တဲ့ပညာရေးအိပ်မက်တွေအတွက် အကောင်းဆုံးကူညီလမ်းညွှန်ပေးဖို့ 𝐄𝐝𝐮 𝐂𝐨𝐫𝐧𝐞𝐫 က အမြဲအသင့်ရှိနေပါတယ်။

15/01/2026

GED ဖြေဆိုအောင်မြင်ပြီး ထိုင်းနိုင်ငံ SIAM University မှာ Civil Engineering မေဂျာနဲ့ တက်ရောက်ခွင့်ရရှိသွားပါပြီ။ ✈️🇹🇭

𝐄𝐝𝐮 𝐇𝐮𝐛 မှာ GED ကို ကြိုးစားဖြေဆိုအောင်မြင်ခဲ့ပြီး 𝐄𝐝𝐮 𝐇𝐮𝐛 ရဲ့ Partner ဖြစ်တဲ့ MIBA ကနေတစ်ဆင့်

ထိုင်းနိုင်ငံမှာရှိတဲ့ SIAM University မှာ Civil Engineering မေဂျာနဲ့ ကျောင်းဆက်လက်တက်ရောက်မယ့် မောင်ဟိန်းဝေလျှံအောင် ကို 𝐄𝐝𝐮 𝐇𝐮𝐛 မှ ဝမ်းမြောက်စွာ မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါတယ်။

ဒီခရီးစဉ်အတွက် -
✅ ကျောင်းလျှောက်ထားခြင်း
✅ Passport ကိစ္စများ
✅ Visa လျှောက်ထားခြင်း
✅ လေယာဉ်လက်မှတ် စီစဉ်ခြင်း အစရှိတဲ့ လိုအပ်တာမှန်သမျှကို

𝐄𝐝𝐮 𝐇𝐮𝐛 x MIBA ကနေ အစအဆုံး တာဝန်ယူ စီစဉ်ဆောင်ရွက်ပေးခဲ့လို့ မိဘတွေ စိတ်အေးရသလို ကျောင်းသားလေးလည်း အဆင်ပြေချောမွေ့စွာနဲ့ ထွက်ခွာသွားနိုင်ခဲ့ပါပြီ။

ရှေ့ဆက်လျှောက်မယ့် ပညာရေးလမ်းခရီးမှာလည်း ထူးချွန်ထက်မြက်တဲ့ အင်ဂျင်နီယာတစ်ယောက် ဖြစ်လာပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်ခင်ဗျာ။ ✨

04/01/2026

"မိုးသောက်ယံမှာ အောင်လံလွှင့်လို့
လွတ်လပ်ရေးပန်းတွေ လန်းဆန်းခဲ့ပြီ..."

​ဇန်နဝါရီ (၄) ရက်၊ ယနေ့မှာ ကျရောက်သော မြန်မာတို့ရဲ့ လွတ်လပ်ရေးနေ့ကို EDU HUB Education Center မိသားစုမှ ဝမ်းမြောက်စွာ ကြိုဆိုဂုဏ်ပြုပါသည်။

မြန်မာနိုင်ငံသူ၊ နိုင်ငံသားအားလုံး စိတ်အေးချမ်းသာ ရှိကြပါစေ။



21/12/2025

🎓 တရုတ်မှာ CSC နဲ့ MOFCOM လျှောက်ဖို့ အခက်အခဲရှိနေတဲ့ ကျောင်းသားတွေရှိလား?

Scholarship လျှောက်ချင်ပေမယ့် ဘယ်ကစရမှန်းမသိ၊ Information တွေ ရှုပ်ထွေးနေတဲ့ ကျောင်းသား၊ ကျောင်းသူတွေအတွက် 𝐄𝐝𝐮 𝐂𝐨𝐫𝐧𝐞𝐫 က အဖြေရှာပေးမယ့် Webinar လေး လာပါပြီ။ ✨

စာရွက်စာတမ်းကိစ္စတွေကနေစပြီး တက္ကသိုလ်ရွေးချယ်မှုအထိ အသေးစိတ်သိနိုင်ဖို့ တရုတ်နိုင်ငံ၊ Wuhan မြို့ရောက် PhD အစ်မကြီး ကိုယ်တိုင် ပြောပြပေးမှာပါ။

Speaker: Ma Amy Thet (PhD Candidate, Central China Normal University)

ဘယ်လို Topic တွေ ပါဝင်မလဲ?

✅ CSC နဲ့ MOFCOM ဘာကွာလဲ? ဘယ်ဟာက ကိုယ်နဲ့ကိုက်ညီမလဲ?
✅ တက္ကသိုလ်ကို တိုက်ရိုက်လျှောက်ရင် ဘာတွေ လိုအပ်မလဲ?
✅ Language and Literature ပိုင်း စိတ်ဝင်စားသူတွေအတွက် အကြံပြုချက်များ

လက်ရှိကျောင်းတက်နေသူတစ်ယောက်ရဲ့ Authentic ဖြစ်တဲ့ အတွေ့အကြုံတွေကို နားထောင်ပြီး ကိုယ့်ရဲ့ China Dream ကို အကောင်အထည်ဖော်လိုက်ပါ။ 🚀

စာရင်းပေးသွင်းလိုပါက Comment မှာ 'Yes' လို့ ရေးခဲ့ပေးပါနော်။

01/12/2025

Child’s Dream Scholarship စခေါ်နေပါပြီ လျှောက်ချင်သူများအတွက်

🇹🇭 ထိုင်းနိုင်ငံမှာ ကျောင်းတက်ချင်တဲ့ အိပ်မက်က်ို
ဖြည့်ဆည်းပေးမယ့် 𝗖𝗵𝗶𝗹𝗱’𝘀 𝗗𝗿𝗲𝗮𝗺 𝗦𝗰𝗵𝗼𝗹𝗮𝗿𝘀𝗵𝗶𝗽

မြန်မာကျောင်းသား အယောက် 𝟮𝟬 ဝန်းကျင်ကို
နှစ်စဥ် 𝗙𝘂𝗹𝗹𝘆 𝗙𝘂𝗻𝗱𝗲𝗱 𝟭𝟬𝟬% 𝗦𝗰𝗵𝗼𝗹𝗮𝗿𝘀𝗵𝗶𝗽
ပေးနေတာဖြစ်လို့ ထိုင်းနိုင်ငံမှာ 𝗨𝗻𝗱𝗲𝗿𝗴𝗿𝗮𝗱𝘂𝗮𝘁𝗲 𝗣𝗿𝗼𝗴𝗿𝗮𝗺 တက်ရောက်ချင်တဲ့ ရွှေမြန်မာတွေအတွက် လက်မလွှတ်သင့်တဲ့အခွင့်အရေးတစ်ခု ✨✨

ဒီ 𝗦𝗰𝗵𝗼𝗹𝗮𝗿𝘀𝗵𝗶𝗽 လေးကိုတော့ နှစ်တိုင်း
▪️ December လမှာ စခေါ်လေ့ရှိပြီး February လဆိုရင် Application Form ပိတ်ပါတယ်။
▪️ March လမှာတော့ Scholarship ရရှိမယ့်ကျောင်းသားတွေ Shortlist ထွက်လာမှာဖြစ်ပြီး
▪️ April လမှာ Face to Face Interview
ဖြေဆိုရမှာဖြစ်ပါတယ်။
▪️ May လမှာတော့ Scholarship ရရှိမယ့် ကျောင်းသားတွေကို Offer လုပ်မှာဖြစ်ပါတယ်။

ဘယ်သူတွေလျှောက်လို့ရလဲ❓
▪️ မိဘမရှိသူတွေ၊ ကျောင်းတက်ချင်ပေမယ့် မိသားစုက မထောက်ပံ့နိုင်တဲ့သူတွေ
▪️အသက် 𝟯𝟬 မပြည့်သေးတဲ့သူတွေ
▪️ 𝗖𝗵𝗶𝗹𝗱’𝘀 𝗗𝗿𝗲𝗮𝗺 𝗦𝗰𝗵𝗼𝗹𝗮𝗿𝘀𝗵𝗶𝗽 ရရှိထားသူနဲ့မောင်နှမ မတော်စပ်သူတွေ
▪️ တခြား Organization တွေကပေးတဲ့ 𝗦𝗰𝗵𝗼𝗹𝗮𝗿𝘀𝗵𝗶𝗽 မရထားတဲ့သူတွေ

𝗦𝗰𝗵𝗼𝗹𝗮𝗿𝘀𝗵𝗶𝗽 ရတဲ့ကျောင်းသားတွေအတွက်
ဘာတွေထောက်ပံ့ပေးမှာလဲ❓
▪️ Tuition and Other Fees
▪️ Supplies
▪️ Living Cost
▪️ Other / Emergency

လျှောက်လို့ရမယ့်ကျောင်းနဲ့ မေဂျာတွေကတော့
📚 Education in Teaching - Asia Pacific International University
📚 Communication Strategy and Ideation - Bangkok University
📚 Innovative Media Production - Bangkok University
📚 Social Sciences - Chiang Mai University
📚 Economics - Chiang Mai University
📚 Environmental Science - Chiang Mai University
📚 Software Engineering - King Mongkut's Institute of Technology Ladkrabang
📚 Public Health - Mae Fah Luang University
📚 Environmental Health - Mae Fah Luang University
📚 Environmental Science - Mahidol University
📚 International Relations and Development - Rangsit University
📚 Civil Engineering - Thammasat University
📚 Mechanical Engineering - Thammasat University
📚 Social Policy and Development - Thammasat University
📚 Global Studies and Social Entrepreneurship - Thammasat University
တွေဖြစ်ပါတယ်။

လျှောက်ဖို့အတွက် လိုအပ်တာတွေကတော့
✅ မှတ်ပုံတင် Notary
✅ အိမ်ထောင်စုဇယား Notary
✅ Signature Scan
✅ ဆယ်တန်းအောင်လက်မှတ် (သို့) အထက်တန်းအောင်လက်မှတ်နဲ့ ညီမျှတဲ့ Certificate တစ်ခုခု
✅ ဆယ်တန်းအမှတ်စာရင်း (သို့) နောက်ဆုံး သင်ခဲ့တဲ့ ပညာရေးအမှတ်စာရင်း
✅ Valid Passport
✅ 6 လအတွင်းရိုက်ထားတဲ့ Passport Photo
✅ 2 Reference Letters (1 from Academic Advisor and 1 from a Responsible Adult)
✅ 3 Photos of Living Condition, House & Property
✅ Video Presentation (5-7 Minutes)
✅ Essay 2 ပုဒ် (Maximum of 3,000 Characters with Spaces for each Essay)

📝 Essay 1. Please explain why you have chosen the major/program and the university that you intend to study. How do you plan to use your education from this major in the future?

📝 Essay 2. Please tell us about the work you have done or are doing now for the community. Which community problems were you attempting to address, and to what extent were your efforts successful? What challenges did you have to overcome and how did you overcome them? What did you learn from the experience?

Essay တွေကို Microsoft Word ထဲမှာသေချာရေးပြီး Submit မယ့်အချိန်မှ Copy & Paste လုပ်လိုက်တာက အကောင်းဆုံးဖြစ်စေမှာပါ။

အသေးစိတ်သိချင်တယ်ဆိုရင်တော့ အောက်က
👇👇 Link မှာ ဝင်လေ့လာလို့ရတယ်နော်။
https://childsdream.org/

ဆိုတော့ ထိုင်းနိုင်ငံမှာ ကျောင်းတက်ချင်တဲ့ အိပ်မက်တွေက်ို 𝗖𝗵𝗶𝗹𝗱’𝘀 𝗗𝗿𝗲𝗮𝗺 𝗦𝗰𝗵𝗼𝗹𝗮𝗿𝘀𝗵𝗶𝗽 နဲ့အတူ အမြန်ဆုံးအကောင်အထည်ဖော်လိုက်တော့နော်…🙋🏻‍♂️

01/12/2025

🇯🇵 Japan ပညာရေးအိပ်မက်ကို အကောင်အထည်ဖော်ချင်သူတွေအတွက်…

လမ်းပြပေးမယ့်သူက အရေးကြီးပါတယ်။ ကိုယ်သွားမယ့်လမ်းကို ကိုယ်တိုင်လျှောက်လှမ်းခဲ့ပြီး အောင်မြင်မှုတွေရထားတဲ့ Mentor ကောင်းတစ်ယောက်နဲ့ တွေ့ဆုံပေးချင်ပါတယ်။

ဒါကြောင့် December လ (၄)ရက် နေ့ည ၈နာရီမှ ၉နာရီထိကျင်းပမယ့် 𝐄𝐝𝐮 𝐂𝐨𝐫𝐧𝐞𝐫 ရဲ့ Webinar မှာ အသိပညာတွေ မျှဝေပေးမယ့် Special Guest Speaker Teacher Lily နဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။

Teacher Lily ဟာဆိုရင်…
🎓 Master in International Relations and Development (Japan)
🎓 Policy studies and country development (Japan)
🎓 Dip in International Studies (Korea)
🎓 Diploma in English
🎓 B.A (I.R, Hons:)
🎓 M.A (I.R) စတဲ့ ဘွဲ့များစွာကို ပြည်တွင်း၊ ပြည်ပမှာ ရရှိထားသူဖြစ်ပါတယ်။

တက္ကသိုလ်သင်ကြားရေးအတွေ့အကြုံ (၁၀) နှစ်ကျော်တင်မကဘဲ ပြင်ပသင်ကြားရေးနဲ့ ကျောင်းစီမံခန့်ခွဲမှုပိုင်းမှာပါ (၁၅) နှစ်ကျော် သက်တမ်းရှိတဲ့ ဝါရင့်ဆရာမတစ်ဦး ဖြစ်တာကြောင့် ဂျပန်ပညာရေးစနစ်အကြောင်းကို အတွင်းကျကျ သိရှိနားလည်ထားသူပါ။

ဂျပန်မှာ ဘယ်လိုမေဂျာတွေ ရွေးသင့်လဲ၊ ပညာရေးနဲ့ အသက်မွေးဝမ်းကျောင်းကို ဘယ်လိုချိတ်ဆက်မလဲဆိုတာတွေကို Teacher Lily က သေချာဆွေးနွေးပေးသွားမှာပါ။

ဒါကြောင့် ဂျပန်ရောက် Senior တစ်ဦးအနေနဲ့ရော၊ ဆရာမတစ်ဦးအနေနဲ့ပါ လမ်းညွှန်မှုပေးမယ့် ဒီအခွင့်အရေးကို လက်လွတ်မခံဘဲ Webinar မှာ လာရောက်နားထောင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။



https://docs.google.com/forms/d/e/1FAIpQLSeB1HTwSlyhPPHwxfkTGPRAZ0lzqpxLb_7jF-ueqbTkuQmVUA/viewform?usp=publish-editor

25/11/2025

Master's / PhD လျှောက်ဖို့ Research Proposal ဘယ်လို ရေးရမလဲ? 🎓

Master's ဒါမှမဟုတ် PhD လျှောက်ထားဖို့ ပြင်ဆင်နေသူတိုင်းအတွက် Research Proposal ဆိုတာ မဖြစ်မနေ တင်သွင်းရမယ့် အရေးကြီးဆုံး အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။

Proposal ကောင်းတစ်ခုက ကျောင်းသားရဲ့Research စွမ်းရည်နဲ့ လေ့လာမယ့် အကြောင်းအရာအပေါ် ဘယ်လောက် ကျွမ်းကျင်နှံ့စပ်လဲ ဆိုတာကို ပြသနိုင်မှာပါ။

ဒါဆို Research Proposal ကောင်းတစ်ခုမှာ ဘာတွေ ပါဝင်ရမလဲ? 🤔

📝 Research Proposal တစ်ခုမှာ ပါဝင်ရမယ့်အဓိက အစိတ်အပိုင်း (၁၀) ခုကတော့…
1. ✅ Historical Background
2. ✅ Statement of the Problem
3. ✅ Literature Review
4. ✅ Key Words
5. ✅ Research Objectives
6. ✅ Research Questions
7. ✅ Hypothesis
8. ✅ Research Methodology
9. ✅ Scope and Limitations of the Study
10. ✅ Significance of The Study

1. 🏛️ Historical Background

ဘယ်အကြောင်းအရာကို သုတေသန လုပ်မှာလဲ? ဘာကြောင့် ဒီခေါင်းစဉ်က အရေးကြီးပြီး လုပ်ဖို့ လိုအပ်သလဲ?

Global ရှုထောင့်ကနေ Local ရှုထောင့်ကို၊ ဒါမှမဟုတ် General ကနေ Specific ကို ချုံ့ပြီး ရေးသားရပါမယ်။ အဓိကက Research အတွက် "Gap" ဘာရှိနေလဲ ဆိုတာ ဖော်ပြဖို့ပါ။

2. 🎯 Statement of the Problem

ကျောင်းသား ဖြေရှင်းလိုတဲ့ ပြဿနာကို ရှင်းရှင်းလင်းလင်း တင်ပြရပါမယ်။ General Problem က ဘာလဲ? Specific Problem က ဘာလဲ? ဆိုတာကို တိတိကျကျ ဖော်ထုတ်ရေးသားရပါမယ်။

3. 📚 Literature Review

ဒါက Research လုပ်မယ့် ခေါင်းစဉ်နဲ့ ပတ်သက်ပြီး အရင်က ဘာတွေ လေ့လာထားပြီးပြီလဲ ဆိုတာကို Review လုပ်တာပါ။
• အရင်က မတွေ့ရှိရသေးတဲ့ Research Strategies/Procedures တွေကို ထောက်ပြနိုင်ရမယ်။
• Reference တွေက လွန်ခဲ့တဲ့ 5 နှစ် ဒါမှမဟုတ် 10 နှစ် အတွင်းက ဖြစ်ရပါမယ်။
• Theoretical Review ၊ Related Studies နဲ့ Previous Studies ကို သုံးသပ်ပြီး သူတို့ရဲ့ Limitations တွေက ဘာလဲ၊ ကိုယ့်စာတမ်းက ဘာကို အသစ် ထပ်ဖြည့်/ရှာဖွေမှာလဲ ဆိုတာ ရှင်းလင်းရပါမယ်။

4. 🔑 Key Words

Research မှာပါတဲ့ အဓိက Concept တွေကို ဘယ်ရှုထောင့်က တိုင်းတာမလဲ ဆိုတာ ဖွင့်ဆိုပြရပါမယ်။ ဒီ Key Words တွေက Literature Search လုပ်ရာမှာ လမ်းညွှန်ပေးနိုင်ရပါမယ်။

5. & 6. 📈 Research Objectives & Research Questions

• Research Questions က ကျောင်းသားရဲ့ Plan၊ သုံးမယ့် Instruments၊ Research Design (e.g., Parametric or Non-parametric) တွေကို လမ်းပြပေးပါလိမ့်မယ်။
• Objectives ရော Questions ပါ နှစ်ခုလုံးဟာ သင်အစမှာ ပြောခဲ့တဲ့ Problem Statement နဲ့ တိုက်ရိုက် ကိုက်ညီနေရပါမယ်။

7.💡 Hypothesis

ဒါက ကျောင်းသားရဲ့ Research Findings တွေ ဘာဖြစ်နိုင်မလဲ ဆိုတာကို ကြိုတင် ခန့်မှန်းထားတဲ့ အဆိုပြုချက် ဖြစ်ပါတယ်။

(8) 🔬 Research Methodology

"ဘယ်လို" လုပ်မှာလဲ ဖြေရမယ့် အပိုင်းပါ။
• Research Design: ဘယ်ပုံစံ သုံးမလဲ။
• Procedure: Quantitative လား? Qualitative လား? Mixed Methods လား?
• Sampling: လူဦးရေကို ဘယ်လိုရွေးမလဲ (e.g., Stratified, Cluster, Random Sampling)?
• Instruments: ဘာကိရိယာ သုံးမလဲ (e.g., Questionnaires, Interviews)?
• Interview ဆိုရင်တောင်: Face-to-Face လား? Telephone လား? Key Informant လား? In-depth Interview လား?
• Observation ဆိုရင်: Participated လား? Non-participated လား?
• Analysis: Data တွေကို ဘယ်လို ခွဲခြမ်းစိတ်ဖြာမလဲ? ဘာ Software သုံးမလဲ (e.g., AMOS for Quantitative, NVivo for Qualitative)?

9. 🗺️ Scope and Limitations

လေ့လာမှုရဲ့ နယ်နမိတ်ကို သတ်မှတ်တာပါ။
• ဥပမာ: "Leadership" နဲ့ "Job Satisfaction" ကို လေ့လာမယ်ဆိုရင် တစ်နိုင်ငံလုံး မဟုတ်ဘဲ "ရန်ကုန်တိုင်းဒေသကြီး" လို့ ကန့်သတ်တာ၊ "ကျောင်းအုပ်ကြီး" တွေရဲ့ Leadership ကိုပဲ လေ့လာပြီး "ဆရာ/မ" တွေရဲ့ Job Satisfaction ကိုပဲ တိုင်းတာတာမျိုးပါ။

10. ✨ Significance of The Study

ဒီလေ့လာမှုက ဘယ်သူတွေကို အကျိုးပြုမှာလဲ?
• Theoretical Implications နဲ့ Practical Implications ဘာတွေ ရလာမလဲ?
ဒါက ကျောင်းသားရဲ့ Expected Outcomes တွေပါ။

‼️ နောက်ဆုံးအရေးကြီးဆုံး အကြံပြုချက်
ကိုယ်ရွေးချယ်လိုက်တဲ့ ခေါင်းစဉ်က ကိုယ်လုပ်မယ့် နယ်ပယ် (ဥပမာ - စီးပွားရေး၊ ပညာရေး) နဲ့ ကိုယ့်နိုင်ငံအတွက် Theoretical Implications ရော Practical Implications ပါ အကျိုးပြုနိုင်တဲ့ ခေါင်းစဉ်မျိုး ဖြစ်ဖို့ လိုပါတယ်။

အကျိုးရှိမယ်ဆို "ရှယ်" ထားနိုင်ပါတယ်ဗျ။

20/10/2025

Essay ကောင်းတစ်ပုဒ်ဖြစ်အောင် Proofreading ဘယ်လိုလုပ်ရမလဲ❓

Essay ရေးပြီးသွားပြီဆိုရင် အရေးကြီးဆုံးအဆင့်တွေထဲက တစ်ခုကတော့ Proofreading လုပ်တာပဲဖြစ်ပါတယ်။ ဒီအဆင့်မှာ First Draft ကိုစစ်ဆေးတာနဲ့ Final Draft ကို သေချာ Proofread လုပ်တာတွေ ပါဝင်ပါတယ်။

First Draft ကို ပြန်စစ်ဆေးတဲ့အခါမှာ အဓိကထားပြီး ကြည့်ရမယ့်အချက်တွေကတော့…
✅ Spelling
✅ Grammar Mistakes
✅ Sentence Structure
✅ ကိုယ်တင်ပြလိုတဲ့အချက်တွေ တိကျမှုရှိ၊ မရှိ ဆိုတာပါ။

Final Draft Proofread လုပ်တဲ့အဆင့်မှာတော့ စာလုံးတစ်လုံးချင်း၊ ဝါကျတစ်ကြောင်းချင်းစီကို သေချာဖတ်ပြီး အမှားအယွင်းမရှိစေဖို့ စစ်ဆေးရမှာပါ။

ကိုယ်ရေးထားတဲ့ Essay ကို Second Person တစ်ယောက်ယောက်ကို Proofreading လုပ်ခိုင်းတာက ပိုပြီးကောင်းမွန်ပါတယ်။

ဘာလို့လဲဆိုတော့ အဲ့ဒီလူက Typing Errors တွေ၊ Grammar Mistakes တွေနဲ့ အဆိုပြုတင်ပြချက်တွေ၊ အရေးအသားတွေကိုလည်း အစီအစဉ်အချိတ်အဆက် ပိုမိုလျင်မြန်စွာ ရှာဖွေတွေ့ရှိနိုင်လို့ပါ။

Proofreading ပြုလုပ်ပေးမယ့်သူမရှိဘူးဆိုရင်တော့ ကိုယ်တိုင်အသံကျယ်ကျယ် ဖတ်ပြီးပြုလုပ်နိုင်ပါတယ်။

Proofreading လုပ်တဲ့အခါမှာ အဓိကထားပြီး စစ်ဆေးရမယ့်အပိုင်းတွေကတော့…
✅ Spelling
✅ Grammar
✅ Punctuation တို့ပဲဖြစ်ပါတယ်။

Computer မှာ Spelling Checker Function ပါပေမယ့် Errors အကုန်လုံးကို Check မလုပ်ပေးနိုင်ပါဘူး။ Usage အမှားတွေကိုလည်း မစစ်ပေးနိုင်ပါဘူး။ ဒါကြောင့်အကောင်းဆုံးက Thesaurus & Dictionary ကို သုံးပြီး Check လုပ်တာပါ။

Grammar အမှားတွေကို Correct လုပ်ဖို့ Software Package တွေရှိပေမယ့် ကိုယ်ကိုယ်တိုင် Grammar ကျွမ်းကျင်ပိုင်နိုင်မှ ပိုကောင်းပါတယ်။

နောက်ဆုံးတစ်ခုကတော့ Punctuation ဖြစ်ပါတယ်။ Full Stop ကျန်ခဲ့လား၊ Extra Space လုပ်မိသလား၊ ခေါင်းစဉ်မှာ Capitalize လုပ်ဖို့ကျန်ခဲ့လား၊ Bold လုပ်မလား၊ Italics လုပ်သင့်လား၊ Comma ကျန်ခဲ့လား အကုန်စစ်သင့်ပါတယ်။ ဘာလို့လဲဆိုတော့ Punctuation ကြောင့် စာကြောင်းရဲ့ အဓိပ္ပာယ် လုံးဝကွဲပြားသွားတာမျိုးရှိတတ်လို့ပါ။ ဥပမာ -

1. Woman without her man, is nothing.
ယောကျ်ား မရှိသော မိန်းမတွေက ဘာမှမဟုတ်ဘူး။

2. Woman, without her man, is nothing.
မိန်းမတွေသာမရှိလျှင် ယောကျ်ားတွေက ဘာမှမဟုတ်ဘူး။

ဒီမှာဆို Punctuation တစ်ခုတည်းကြောင့် အဓိပ္ပာယ် လုံးဝကွဲသွားတာကို တွေ့ရပါလိမ့်မယ်။

ဒီအချက်တွေကို အခြေခံပြီး စစ်ဆေးမယ်ဆိုရင် Proofreading ကောင်းကောင်းလုပ်နိုင်ပြီး Essay ကောင်းတစ်ပုဒ်ကိုရေးနိုင်မှာ သေချာပါတယ်။ 💯

တခြား Education နဲ့ပတ်သက်ပြီး သိချင်တာရှိရင်လည်း 𝐄𝐝𝐮 𝐂𝐨𝐫𝐧𝐞𝐫 ရဲ့ Page Messenger မှာ လာရောက်မေးမြန်းနိုင်ပါတယ်ဗျ။ 😉

16/09/2025

GED ဖြေဆိုအောင်မြင်ပြီး အိန္ဒိယမှာ ကျောင်းဆက်တက်ချင်တဲ့ ပညာရေးအိပ်မက်ရှိသူတွေအတွက် အခွင့်အလမ်းကောင်း 🇮🇳🎓

"GED တော့အောင်ပြီ၊ နိုင်ငံခြားမှာ ကျောင်းဆက်တက်ချင်တယ်၊ အိန္ဒိယနိုင်ငံကိုလည်း စိတ်ဝင်စားတယ်" ဆိုတဲ့ ကျောင်းသား၊ ကျောင်းသူတွေအတွက် 𝐄𝐝𝐮 𝐂𝐨𝐫𝐧𝐞𝐫 ကနေ ထိပ်တန်းတက္ကသိုလ်တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

ဒါကတော့ အိန္ဒိယနိုင်ငံရဲ့ နာမည်ကျော် "Sharda University" ပဲဖြစ်ပါတယ်။

"Sharda University" မှာ ဘာလို့ ပညာသင်ကြားသင့်လဲ?

✅ ကမ္ဘာတစ်ဝှမ်းက တက္ကသိုလ်တွေနဲ့ ချိတ်ဆက်ထားတဲ့ (International Partnerships) တွေရှိလို့ နိုင်ငံတကာ အသိပညာနဲ့ အတွေ့အကြုံတွေ ဖလှယ်ခွင့်ရရှိမယ်။
✅ ဘွဲ့မရခင်မှာကတည်းက Internship လုပ်ခွင့်ရမှာဖြစ်လို့ သင်ယူနေတဲ့ ဘာသာရပ်နဲ့ပတ်သက်ပြီး လက်တွေ့လုပ်ငန်းခွင်အကြောင်းကို ကြိုတင်နားလည်ခွင့်ရရုံသာမက လုပ်ငန်းအတွေ့အကြုံပါရရှိမှာပါ။

📚 လျှောက်ထားနိုင်တဲ့ Major တွေကတော့…

1. Bachelor of Engineering
2. Bachelor of Technology
3. Management
4. Design
5. Science
6. Arts and Humanities
7. Information Technology
8. Commerce and Banking
9. Pharmacy
10. Education
11. Nursing
12. Law
13. Medical & Paramedical
14. Dental

📋 လျှောက်ထားဖို့အတွက် လိုအပ်တဲ့ Requirement တွေကတော့…

- High School အောင်လက်မှတ် ဒါမှမဟုတ် GED / IGCSE
- အသက် ၁၇ နှစ် အနည်းဆုံးရှိရပါမယ်။ (Undergraduate Program အတွက်)
- Academic Transcript
- CV
- IELTS 5.0 နဲ့ အထက်

GED အောင်မြင်ပြီး အိန္ဒိယနိုင်ငံမှာ တောက်ပတဲ့အနာဂတ်ကို ပုံဖော်ဖို့ အိပ်မက်ရှိနေတယ်ဆိုရင် "Sharda University" က သင့်အတွက် အကောင်းဆုံးရွေးချယ်မှုတစ်ခု ဖြစ်လာမှာပါ။

"Sharda University" နဲ့ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေ၊ ကျောင်းလခနဲ့ Admission Process တွေအကြောင်းကို ထပ်မံသိရှိလိုတယ်ဆိုရင် 𝐄𝐝𝐮 𝐂𝐨𝐫𝐧𝐞𝐫 ရဲ့ မက်ဆင်ဂျာ မှာ အခုပဲ "Sharda" လို့ပို့ပြီး လာရောက်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။

သင့်ရဲ့ အိန္ဒိယနိုင်ငံမှာ ကျောင်းတက်ချင်တဲ့ပညာရေးအိပ်မက်အတွက် အကောင်းဆုံးကူညီလမ်းညွှန်ပေးဖို့ 𝐄𝐝𝐮 𝐂𝐨𝐫𝐧𝐞𝐫 က အမြဲအသင့်ရှိနေပါတယ်။


09/09/2025

FYI

✍️Statement of Purpose session with LSE

📅Wednesday, 17 September 2025
⏲️6:30 pm to 8:00 pm

ONLINE SESSION

💡WHAT YOU’LL LEARN
Why your SOP matters in study abroad applications
Structure & key components of a standout SOP
Tips on tone: clear, concise, and professional yet personal
Common pitfalls to avoid
Live Q&A to resolve your specific queries

🤔WHO SHOULD ATTEND
Open to ages 16 years and above
Ideal for prospective students (higher education applicants), career changers, professionals, and guidance counsellors

British Council Members Free:
https://www.britishcouncil.in/events/statement-purpose-session-lse
Non-Members: MMK 15,000
https://forms.office.com/e/Lh4dAnJx4v

06/09/2025

💐 တော်သလင်းလပြည့်၊ ဂရုဓမ္မအခါတော်နေ့ 💐

ဂရုဓမ္မဇာတ်တော် ဖြစ်ပေါ်လာခဲ့တဲ့ တော်သလင်း လပြည့်နေ့မှာ…

စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာနဲ့ ဥပုသ်သီလစောင့်တည်နိုင်ကြပြီး

နိုင်ငံတကာ ပညာရေးအိပ်မက်ကို အမြန်ဆုံးအကောင်အထည်ဖော်နိုင်ကြပါစေလို့
𝐄𝐝𝐮 𝐂𝐨𝐫𝐧𝐞𝐫 မှ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်ခင်ဗျာ။ 🙏🏻🙏🏻

Corner #တော်သလင်းလပြည့် #ဂရုဓမ္မအခါတော်နေ့

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Address

No. 45/47, 1st Floor 2A, Than Ta Dar Street, San Chaung Township
Yangon
11061

Opening Hours

Monday 09:00 - 04:00
Tuesday 09:00 - 04:00
Wednesday 09:00 - 04:00
Thursday 09:00 - 04:00
Friday 09:00 - 04:00