Marine Science Notebook

Marine Science Notebook Marine

ေလ်ွာက္လႊာမပိတ္ေသးပါဘူးတဲ့ခင္ဗ်.... လျှောက်လွှာမပိတ်သေးပါဘူးတဲ့ခင်ဗျ....
25/11/2021


လျှောက်လွှာမပိတ်သေးပါဘူးတဲ့ခင်ဗျ....

အဏ္ဏဝါသိပ္ပံ ဘွဲ့ရများအတွက် .... (2.11.2021)

အဏ္ဏဝါသိပ္ပံ ဘွဲ့ရများအတွက် .... (2.11.2021)
02/11/2021

အဏ္ဏဝါသိပ္ပံ ဘွဲ့ရများအတွက် .... (2.11.2021)

25/09/2021

Marine Science Notebook page ၏ ရည်ရွယ်ချက်မှာ အဏ္ဏဝါသိပ္ပံ ဘာသာရပ်ကိုလေ့လာနေသူများ၊ ပင်လယ်သမုဒ္ဒရာအတွင်းရှင်သန်နေထိုင်ကြတဲ့ အပင်၊ အကောင်များ အကြောင်းကို စိတ်ဝင်စားသူများ၊ Marine နဲ့ပတ်သက်သော ဗဟုသုတရှာဖွေသူများ အချင်းချင်း အပြန်အလှန် knowledge sharing လုပ်ခြင်း၊ အပြုသဘောဆောင်သော ထောက်ပြဆွေးနွေးမှုများထွန်းကားလာစေခြင်း၊ ခင်မင်ရင်းနှီးသော ဆက်ဆံရေးရရှိစေပြီး အဏ္ဏဝါသိပ္ပံဘာသာရပ်နယ်ပယ်ပိုမိုကျယ်ပြန့်လာစေရန်အတွက် ရည်ရွယ်ပါသည်။ သို့ပါသောကြောင့် post တွေမှာ ဝင်ရောက်ဆွေးနွေး comment ရေး​ခြင်း၊ share လုပ်​​ပေး​ခြင်းဖြင့် အသိပညာကြွယ်ဝ၍ ရင်းနှီးကျွမ်းဝင်တဲ့ Marine community တစ်ခုတည်ဆောက်ကြပါစို့။

https://www.facebook.com/marineblogger/

ကမ္ဘာ့တိုက်ကြီးများနှင့် သမုဒ္ဒရာကြီးများဟိုးအရင်က လူသားတွေထင်ခဲ့ကြတာက “ကမ္ဘာမြေကြီးဟာ အပြောင်းအလဲမရှိ အရင်​အချိန် ကတည်း...
25/09/2021

ကမ္ဘာ့တိုက်ကြီးများနှင့် သမုဒ္ဒရာကြီးများ

ဟိုးအရင်က လူသားတွေထင်ခဲ့ကြတာက “ကမ္ဘာမြေကြီးဟာ အပြောင်းအလဲမရှိ အရင်​အချိန် ကတည်းကနေ ယခုအချိန်ထိ အမြဲတမ်းဒီလိုပုံစံအတိုင်းတည်ရှိခဲ့တယ်” ပေါ့။

နောက်ပိုင်းကျတော့ ကြီးမားပြင်းထန်တဲ့ ငလျင်များနှင့် မီးတောင်ပေါက်ကွဲထွက်ခြင်းများအပါအဝင် တဖြည်းဖြည်းနဲ့ မြစ်ကမ်းပါးတွေ မြစ်ဝှမ်းတွေတိုက်စားပြိုပျက်မှုတွေ စတာတွေကိုတွေ့ကြုံလာခဲ့ရပြီး ကမ္ဘာကြီးရဲ့မျက်နှာပြင်ဟာ တကယ့်ကိုပြောင်းလဲနေတယ်ဆိုတာ နားလည်သဘောပေါက်လာခဲ့ကြပါတယ်။

သိပ္ပံပညာရှင်တွေဟာလည်း ကမ္ဘာ့တိုက်ကြီးတွေဟာ အစဉ်အဆက်မပြတ်ရွှေ့လျားနေပြီး ပြောင်းလဲနေတယ်ဆိုတာ လေ့လာတွေ့ချက်တွေအရ သိရှိခဲ့ကြပါတယ်။

ကမ္ဘာကြီးစတင်ဖြစ်ပေါ်လာခဲ့တဲ့အချိန်ကတည်းကစပြီး ကမ္ဘာ့မျက်နှာပြင်အနေအထားတွေဟာ တဖြည်းဖြည်းပြောင်းလဲနေခဲ့ပါတယ်။
ယနေ့ခေတ် ကမ္ဘာမြေကြီးရဲ့ပုံစံဟာ ကမ္ဘာအစကနဉီးကပုံစံနဲ့ အများကြီးကွာခြားလှပါတယ်။

ကျွန်ုပ်တို့နေထိုင်တဲ့ ကမ္ဘာကြီးဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄.၅ ဘီလီယံ လောက်ကတည်းက စတင်ဖြစ်ပေါ်လာခဲ့ပါတယ်။
အစပိုင်းမှာတော့ ကမ္ဘာကြီးဟာ အရည်ကျိုထားတဲ့သတ္တုလုံးကြီးလို ပူပြင်းတောက်လောင်နေခဲ့ပါတယ်။ နောက်ပိုင်းတဖြည်းဖြည်းနဲ့ သိပ်သည်းဆများတဲ့အရာတွေက ကမ္ဘာကြီးရဲ့အတွင်းပိုင်းကို စိမ့်ဝင်သွားပြီး သိပ်သည်းဆနည်းတဲ့အရာတွေက မျက်နှာပြင်ပေါ်မှာပေါလာပေါ်ကျန်နေခဲ့ပြီး အပူရှိန်လျော့နည်းပြီး အေးသွားတဲ့ နောက်မှာတော့ ကမ္ဘာ့မျက်နှာပြင်မှာ ပါးလွှာတဲ့အလွှာမာလေးဖြစ်လာခဲ့ပါတယ်။

နောက်တော့ မိုးသည်းထန်စွာ ရာစုနှစ်နဲ့ချီပြီး အဆက်မပြတ်ရွာသွန်းမှုကြောင့် ရေတွေဟာ ကမ္ဘာမျက်နှာပြင်မှာရှိတဲ့ အပေါက်တွေ လျှိုတွေ အထိ ဝင်ရောက်နေရာယူပြီးသမုဒ္ဒရာလို့ခေါ်တဲ့ ရေထုကြီး ဖြစ်ပေါ်လာခဲ့ပါတယ်။

ဒီနေရာမှာ ကမ္ဘာကြီးရဲ့တည်ဆောက်ပုံအကြောင်း အနည်းငယ်ပြောပါမည်။ ဒါမှသာ ကမ္ဘာ့တိုက်ကြီးများနှင့် သမုဒ္ဒရာကြီးများ ဘာကြောင့်ရွေ့လျားပြောင်းလဲနေလဲဆိုတာနားလည်နိုင်မှာဖြစ်ပါတယ်။

ကမ္ဘာကြီးကို အတွင်းပိုင်းကနေ မျက်နှာပြင်အထိ အပိုင်း(၃) ပိုင်းခွဲခြားနိုင်ပါတယ်။ ပုံ (၁)

၁။အတွင်းကျဆုံးအပိုင်းကို Core layer လို့ခေါ်ပြီး Solid inner core နှင့် Liquid outer core ဆိုပြီး (၂) ပိုင်းခွဲထားပါသေးတယ်။ အဲဒီ Core layer မှာ အပူချိန် 4000 ºC အထိပူပြင်းတောက်လောင်လျက်ရှိပါတယ်။ Core layer ရဲ့ထုထည်အထူမှာ 3500 km အထိရှိပါတယ်။

၂။ Core layer ရဲ့အပြင်ဘက်မှာတော့ Mantle ဆိုတဲ့ အလွှာကဖုံးအုပ်ထားပါတယ်။ အဲဒီအလွှာမှာလည်း အပူချိန် ဟာ ကျောက်တွေအရည်ပျော်စေလောက်တဲ့အထိ အရမ်းပြင်းထန်ပါတယ်။ သူ့ရဲ့ထုထည်အထူကတော့ 2900 km ထူပါတယ်။

၃။ Mantle အလွှာရဲ့ အပေါ်ဘက်မှာတော့ Crust လို့ခေါ်တဲ့ ပါးလွှာတဲ့မြေသားအမာ အလွှာလေးက ကမ္ဘာကြီးရဲ့ မျက်နှာပြင်အနေနဲ့တည်ရှိနေပါတယ်။ သူ့ရဲ့အထူကတော့ Core layer နှင့် Mantle အလွှာနဲ့ယှဉ်လျှင် အဆပေါင်းများစွာ ပါးလွှာပါတယ်။ Crust ကို Continental crust နှင့် Oceanic crust ဆိုပြီး နှစ်မျိုးခွဲခြားထားပါသေးတယ်။ Continental crust ကတော့ ကျွန်ုပ်တို့ နေထိုင်သွားလာလျက်ရှိတဲ့ မြေကြီး (35km-70km အထူ) ဖြစ်ပြီး Oceanic crust ကတော့ သမုဒ္ဒရာကြမ်းခင်း (5km-7km အထူ) ပဲဖြစ်ပါတယ်။

ဒီနေရာမှာ တစ်ခုထပ်ပြောစရာရှိတာက Mantle ရဲ့အပေါ်ဆုံးအလွှာလေးကတော့ မာကျောနေပြီး Crust ဆိုတဲ့အလွှာလေးနဲ့ဆက်စပ်လျက်ရှိပါတယ်။ အဲဒီ Mantle ရဲ့အပေါ်ဆုံးအလွှာလေးအပါအဝင် Crust အလွှာတစ်ခုလုံးကို ပေါင်းပြီး Lithosphere မာကျောတဲ့ကျောက်လွှာ လို့ခေါ်ပါတယ်။

အဲဒီ Lithosphere အလွှာရဲ့အောက်ဘက်မှာကပ်လျက်ရှိတဲ့ Mantle အလွှာလေး ကတော့ချော်ရည်လိုပျစ်ချွဲချွဲဖြစ်နေပြီး သူ့ကို Asthenosphere လို့ခေါ်ပါတယ်။ ပုံ(၂)

ဆိုလိုတာက Lithosphere အလွှာလို့ဆိုတဲ့ ကျွန်ုပ်တို့ နေထိုင်သွားလာလျက်ရှိတဲ့ မြေကြီးနှင့် သမုဒ္ဒရာကြမ်းခင်းကြီးဟာ Asthenosphere ဆိုတဲ့ ချော်ရည်လိုပျစ်ချွဲနေတဲ့အရာအပေါ်မှာ ပေါလောမျှောပြီးတည်ရှိလျက်ရှိပါတယ်။

ဒါကြောင့် ကမ္ဘာ့တိုက်ကြီးများနှင့် ပင်လယ်သမုဒ္ဒရာတွေဟာ အမြဲတမ်းမပြောင်းလဲတည်ရှိနေတာမျိုးမဟုတ်ဘဲ ရွေ့လျားနေတဲ့ အောက်ခံအရာဝတ္တုတစ်ခုအပေါ်မှာတည်ရှိနေတဲ့အတွက် အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ၊ ကွဲထွက်မှုတွေ ရှိနေတယ်ဆိုတာ မျက်လုံးထဲမြင်ယောင်မိကြမယ်ထင်ပါတယ်။

အဲဒါဆိုရင် ကမ္ဘာ့တိုက်ကြီးများနှင့် သမုဒ္ဒရာကြီးများ ဘယ်လိုဖြစ်ပေါ်လာခဲ့လဲဆိုတာဆက်လက်ဖော်ပြပါမည်။

လွန်ခဲ့သောနှစ်သန်းပေါင်း ၂၀၀ ခန့်က ကျွန်ုပ်တို့ရဲ့ကမ္ဘာကြီးရဲ့ တိုက်တွေတာ ယနေ့ခေတ်လို ကွဲထွက်နေတာမျိုးမဟုတ်ဘဲ Pangaea လို့ခေါ်တဲ့ Supercontinent ကုန်းမြေကြီးတစ်ခုအနေနဲ့ တစ်ဆက်စပ်တည်းတည်ရှိခဲ့ပါတယ်။

အဲဒီ Pangaea ကုန်းမြေကြီးကို Panthalassa လို့ခေါ်တဲ့ တစ်ခုတည်းသောကြီးမားတဲ့ သမုဒ္ဒရာကြီးက ဝိုင်းရံထားခဲ့တယ်။ အဲဒီသမုဒ္ဒရာကြီးထဲမှာ Tethys Sea လို့ခေါ်တဲ့ ရေတိမ်ပင်လယ်လေးတစ်ခုတော့ရှိခဲ့ပါတယ်။ ပုံ(၃)

အဲဒီ Tethys Sea ဟာ ယနေ့ခေတ်ရဲ့ Mediterranean မြေထဲပင်လယ်ဖြစ်လာမည့် ပင်လယ်လေးဖြစ်ပါတယ်။ ဒါ့အပြင် Pangaea ကုန်းမြေရဲ့မြောက်ဘက်ထိပ်စွန်းနေရာက အချိုင့်ပုံစံ သို့ အော် ပုံစံဖြစ်နေတဲ့ Sinus Borealis လို့ဆိုတဲ့ ယနေ့ခေတ်မှာ အာတိတ်သမုဒ္ဒရာဖြစ်လာမည့်နေရာလေးတစ်ခုလည်းရှိခဲ့ပါတယ်။

Pangaea ကုန်းမြေကြီးဟာ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၁၈၀ ခန့်ကစပြီး ကွဲထွက်ဖို့ဖြစ်လာခဲ့ပါတယ်။ အဲဒီကုန်းမြေကြီးဟာ အက်ကြောင်းအသစ်တစ်ခုပေါ်လာခဲ့ပြီး မြောက်ဘက်အခြမ်း Laurasia နှင့် တောင်ဘက်အခြမ်း Gondwana ဆိုပြီး အပိုင်းကြီး ၂ပိုင်းခွဲထွက်လာခဲ့ပါတယ်။

မြောက်ဘက်အခြမ်း Laurasia အပိုင်းမှာ မြောက်အမေရိကတိုက်၊ ဥရောပတိုက် နှင့် အာရှတိုက်တို့ပူးတွဲလျက်ရှိပြီး တောင်ဘက်အခြမ်း Gondwana အပိုင်းမှာကျတော့ တောင်အမေရိကတိုက်၊ အာဖရိကတိုက်၊ အန္တာတိကတိုက်၊ အိန္ဒိယ နှင့် သြစကြေးလျတိုက်တို့ပါဝင်ပါတယ်။

တစ်ချိန်တည်းမှာပဲ တောင်ဘက်အခြမ်း Gondwana အပိုင်းမှာရှိတဲ့ တောင်အမေရိကနှင့် အာဖရိကတိုက်ဟာ အရှေ့မြောက်ဘက်သို့ရွေ့လျားလာခဲ့ပြီး အိန္ဒိယကုန်းမြေဟာလည်း အန္တာတိက တိုက်မှကွဲထွက်လာပြီး မြောက်ဘက်သို့ သိသိသာသာရွေ့လျားလာခဲ့ရာ အာရှတိုက်နဲ့တိုက်မိပြီး မြေလွှာတွေတွန့်ခေါက်တက်လာခြင်းကြောင့် ဟိမဝန္တာတောင်တန်းကြီးဖြစ်လာခဲ့ပါတယ်။

နောက်တော့ တောင်အမေရိကနှင့် အာဖရိကတိုက်ကိုကွဲထွက်စေခဲ့တဲ့ အက်ကွဲကြောင်းတစ်ခု ပေါ်ပေါက်လာခဲ့ပြီး အန္တလန်တိတ် သမုဒ္ဒရာဖြစ်ပေါ်လာဖို့အစပြုခဲ့ပါတယ်။

အဲဒီအချိန်မှာပဲ မြောက်ဘက်အခြမ်း Laurasia အပိုင်းမှာရှိတဲ့ မြောက်အမေရိကတိုက်ဟာ ဥရောပနဲ့ အာရှတိုက်မှ ကွဲထွက်လာခဲ့ပါတယ်။ အထူးသဖြင့် မြောက်အမေရိကတိုက်ဟာ သိသိသာသာ အနောက်ဘက်သို့ ရွေ့လျားသွားခဲ့ပြီး ၎င်းတို့ကြားမှာ နေရာလွတ်ရေပြင်ကြီး(သို့) အန္တလန်တိတ်သမုဒ္ဒရာကြီး ဖြစ်ပေါ်လာခဲ့ပါတယ်။

ကမ္ဘာ့တောင်ဘက်အခြမ်း မှာကျန်နေခဲ့တဲ့ အန္တာတိကတိုက်နှင့် သြစကြေးလျတိုက်ဟာလည်း ကွဲထွက်လာခဲ့တဲ့အတွက် အိန္ဒိယသမုဒ္ဒရာနယ်နမိတ်တစ်ခုပေါ်ပေါက်လာခဲ့ပါတယ်။

(တိုက်ကြီးတွေ ကွဲထွက်လာပုံ ကို အောက်မှာ ပုံတစ်ချို့နဲ့ပြသထားပါသည်)(ပုံ ၄၊ ၅)

ယခင် ကရှိခဲ့တဲ့ Tethys Sea ဟာလည်း အာဖရိကတိုက်ရွေ့လျားလာမှုကြောင့် မြေထဲပင်လယ် Mediterranean ဖြစ်သွားခဲ့ပါတယ်။ ဒါ့အပြင် အာဖရိကတိုက်မှာ အက်ကြောင်းငယ်လေး တစ်ခုပေါ်လာပြီး Red sea ပင်လယ်နီ ပေါ်ပေါက်လာခဲ့ပါသေးတယ်။

အဲဒီလိုနဲ့ တိုက်ကြီးတွေ ကွဲထွက်လာရခြင်းကြောင့် သမုဒ္ဒရာအသစ်တွေပေါ်ပေါက်လာခဲ့ပြီး နဂိုမူလကရှိခဲ့သော တစ်ခုတည်းသော သမုဒ္ဒရာကြီးဖြစ်တဲ့ Panthalassa ဟာ ယနေ့ချိန်မှာတော့ ပစိဖိတ် သမုဒ္ဒရာကြီး အနေနဲ့ကျန်ရှိနေခဲ့ပါတော့တယ်။
@@@@@@@@@@@@@@@@@@@@@@@@@@@

Scientific Thinking ?????သိပ္ပံပညာရှင်တွေဟာ သူတို့ရဲ့လေ့လာတွေရှိချက်တွေ သုံးသပ်ချက်တွေကို ဖော်ပြရန်အတွက် အခြေခံကျတဲ့ တွေ...
23/09/2021

Scientific Thinking ?????

သိပ္ပံပညာရှင်တွေဟာ သူတို့ရဲ့လေ့လာတွေရှိချက်တွေ သုံးသပ်ချက်တွေကို ဖော်ပြရန်အတွက် အခြေခံကျတဲ့ တွေးတောနည်း ၂ မျိုး ကိုအသုံးပြုကြရပါတယ်။

ပထမနည်းလမ်းမှာ Induction လို့ခေါ်တဲ့ ခြုံငုံယူဆသုံးသပ်ခြင်း ဖြစ်ပြီး ဒုတိယနည်းလမ်းကတော့ Deduction ဆိုတဲ့ အကျိုးသင့် အကြောင်းသင့်​​ ပြန်လည်ကောက်နုတ်ခြင်း ဖြစ်ပါတယ်။

Induction ဆိုတာကို ဥပမာအနေနဲ့ ပြောရရင် ပညာရှင်တစ်ဦးဟာ သူ့ရဲ့သီးခြား လေ့လာတွေ့ရှိချက်တွေအရ ယေဘုယျခြုံငုံသုံးသပ်ချက်တစ်ခုထုတ်လိုက်ပါတယ်။

ဆိုကြပါစို့ ငါးရွက်တိုက်၊ ငါးမန်း နှင့် တူနာငါး တွေကို လေ့လာမှုအရ အဲဒီ ငါးတွေအားလုံးမှာ gills တွေရှိတယ်ဆိုတာတွေ့ရှိခဲ့တယ်။

ဒီတော့

"ငါးရွက်တိုက်၊ ငါးမန်း နှင့် တူနာငါး စတာတွေဟာ ငါးတွေဖြစ်ကြတယ် ဒါကြောင့် ငါးတွေအကုန်လုံးမှာ gills တွေရှိကြတယ်"

ဆိုပြီး ​ခြုံငုံသုံးသပ်လိုက်ပါတယ်။ ဒါကို Induction လို့ဆိုလိုတာပါ။

Deduction ဆိုတဲ့သဘောကတော့ ခြုံငုံ​သုံးသပ်ထားတဲ့ (Induction) အဆိုတစ်ခု ကို အကျိုးအကြောင်းနဲ့ ပြန်လည်သုံးသပ်ကောက်နုတ်ရခြင်းဖြစ်ပါတယ်။

ဥပမာပြောရရင် ခုနက "ငါးတွေအကုန်လုံးမှာ gills တွေရှိကြတယ်" ဆိုတဲ့ ခြုံငုံ​ကောက်ချက်ချထားတာကို ထပ်မံလေ့လာပြီး ပြန်လည်သုံးသပ်ရခြင်းဖြစ်ပါတယ်။

တစ်ကယ်ပဲ ငါးတွေအားလုံးမှာ gills တွေရှိကြောင်းဆက်လက်လေ့လာမှုအရ မှန်ကန်ခဲ့ရင် အဲဒါဟာလက်ခံနိုင်တဲ့အဆို (Acceptable Hypothesis) တစ်ခုဖြစ်သွားပါပြီ။

နောက်ထပ်ဥပမာတစ်ခုအနေနဲ့ ပြောရရင် ပညာရှင်တစ်ဦးက သူလေ့လာဖူးသမျှ တွေ့ရှိချက်တွေကိုအခြေခံပြီး

"ပင်လယ်သတ္တဝါအားလုံးမှာ gills တွေရှိကြတယ်" လို့

Induction အဆိုတစ်ခုပြုထားတယ်ဆိုပါစို့။

ဒါပေမယ့် "ဝေလငါးသည်လည်း ပင်လယ်သတ္တဝါတွေဖြစ်တယ် ဒါပေမဲ့ သူ့မှာ gills မရှိပါ" ဆိုပြီး

ထပ်မံလေ့လာတွေ့ရှိချက်အရ ပြန်လည်သုံးသပ်ခြင်း (Deduction) ကြောင့် "ပင်လယ်သတ္တဝါအားလုံးမှာ gills တွေရှိကြတယ်" ဆိုတဲ့ ခြုံငုံသုံးသပ်ချက်ဟာ (False Hypothesis) ဖြစ်သွားပါတယ်။

ဒါ​ကြောင့် ပညာရှင်တွေအနေနဲ့ Induction အဆိုတစ်ခုပြုဖို့ဆိုတာ အတော့်ကို ဂရုပြုကြရပါတယ်။ အဆိုတစ်ခု မှန်ကန်ဖို့ များပြားလုံလောက်တဲ့လေ့လာမှုတွေ၊ မှန်ကန်တိကျသေချာတဲ့ စူးစမ်းမှုတွေ အပေါ်အများကြီးမူတည်ပါတယ်။

ဥပမာ ပြရရင် ပညာရှင်တစ်ဦးဟာ ငါးအမျိုးအစားအကုန်လုံးကို လုံလောက်တဲ့လေ့လာမှုမရှိဘဲ
ငါးရွက်တိုက်ပုံစံ တစ်မျိုးတည်းကိုသာ လေ့လာခဲ့မယ်ဆိုရင် " ငါးတွေအားလုံးမှာ နှုတ်သီးချွန်တွေရှိပါသည်" ဆိုပြီး မှားယွင်းတဲ့ကောက်ချက်ချမိသွားပါလိမ့်မယ်။

ဒီနေရာမှာ ဆက်ပြီးပြောချင်တာက Hypothesis ဆိုတဲ့ ထင်မြင်ယူဆချက် တွေဟာ အကြိမ်ရေများစွာထပ်ခါတလဲလဲ မှန်ကန်နေတာဆိုရင် Scientific Theory အနေနဲ့ လက်ခံကြပါတယ်။

ဒါ​ပေမယ့်လည်း အဲဒီ Scientific Theory ဟာ မှန်ကန်မှုမရှိကြောင်း လုံလောက်တဲ့ အထောက်အထားတွေစုစည်းတင်ပြနိုင်တဲ့အချိန်ရောက်တဲ့အခါ အဲဒီ Scientific Theory ဟာလည်း reject ဖြစ်သွားနိုင်ပါတယ်။

ဆိုလို​ချင်တာက သိပ္ပံပညာရပ်ဆိုတာ အစဥ်ဆက်မပြတ်လေ့လာနေပြီး အသစ်အသစ်တွေထပ်မံတွေ့ရှိနေတဲ့ အတွက် Hypothesis တွေကို အမြဲမှန်တယ်ဆို​ပြီးတစ်သက်တာအတွက်အာမ မခံ နိုင်ပါဘူး။ ဒါပေမယ့် Hypothesis ​တွေဟာ ၎င်းတို့ကို ငြင်းဆိုနိုင်တဲ့ အထောက်အထားတွေ မတွေ့ရှိသရွေ့ (သို့) မှန်ကန်နေဆဲဖြစ်ကြောင်း အချက်အလက်တွေရှိနေတုန်းပဲ ဆိုရင်တော့ လက်ခံနေရဦးမှာပါ။

ဒါဆိုရင် Induction နှင့် Deduction ဆိုတဲ့ အခြေခံ Scientific Thinkings နည်းလမ်း ၂မျိုးကို အကြောင်းပြုပြီး Hypothesis နှင့် Theory သ​ဘာတရားတွေကိုနားလည်သွားကြမယ်လို့မျှော်လင့်ပါတယ်။
@@@@@@@@@@@@@@@@@@@@@@@@@@

မှတ်ချက်။ ။ အထက်မှာဖော်ပြထားတဲ့ အကြောင်းအရာတွေမှာ လိုအပ်သည့်အကြောင်းအရာများ ဖြည့်စွက်လိုသည့် အချက်အလက်များကို viewer များအချင်းချင်း comment box မှာ ဝင်ရောက် ဆွေးနွေးပေးဖို့ ရင်းရင်းနှီးနှီး ဖိတ်ခေါ်ပါရစေ။

The history of marine science?????အဏ္ဏဝါသိပ္ပံဘာသာရပ် တစ်နည်းအားဖြင့် ပင်လယ်သမုဒ္ဒရာကြီးအကြောင်း ကိုဘယ်လိုစပြီးလေ့လာခဲ့က...
22/09/2021

The history of marine science?????

အဏ္ဏဝါသိပ္ပံဘာသာရပ် တစ်နည်းအားဖြင့် ပင်လယ်သမုဒ္ဒရာကြီးအကြောင်း ကိုဘယ်လိုစပြီးလေ့လာခဲ့ကြသလဲဆိုတဲ့ အစကနဦး သမိုင်းကြောင်းကို တင်ပြလိုပါတယ်။

ဟိုးအရင်ကနဦးကတည်းက လူသားတွေဟာ အစာအာဟာရအတွက် ဖြစ်စေ ဝေးလံလှတဲ့ ​တစ်နေရာနဲ့တစ်နေရာ ကူးပြောင်းသွားလာရန်အတွက်ဖြစ်စေပင်လယ်ပြင်ကို အဓိက မှီခိုခဲ့ကြပါတယ်။

ဒါ​ကြောင့် လူသားတွေဟာ ပင်လယ်ပြင်ကြီးအကြောင်း၊ ပင်လယ်သတ္တဝါတွေရဲ့ အကြောင်းတွေအပြင် ​ရေကြောင်းခရီးသွားလာ​ခြင်းဆိုင်ရာ အသိပညာဗဟုသုတများစွာကို တဖြည်းဖြည်းနဲ့ကျယ်ကျယ်ပြန့်ပြန့်သိလာခဲ့ပါတယ်။

ပစိဖိတ်ဒေသကျွန်းဆွယ်ပေါ်မှာနေထိုင်ကြတဲ့ ရှေးကျတဲ့ ကျွန်းသားတွေဟာ ပင်လယ်သတ္တဝါတွေရဲ့အကြောင်းနဲ့ ပတ်သက်ပြီး ဗဟုသုတများစွာရှိခဲ့ကြပါတယ်။

၎င်းတို့ရဲ့ မျိုးဆက်တွေက ယနေ့ထိရှိနေတုန်းပါ။ သူတို့ဟာ ရေစီးကြောင်း၊ ​ရေလှိုင်း နှင့် လေတိုက်တဲ့ပုံစံများကိို သဲလွန်စ အ​နေနဲ့ အသုံးချပြီး ပင်လယ်ရေကြောင်းခရီးဝေးတွေသွားလာနိုင်ကြပါတယ်။

ဒါ့အပြင် Phoenician ဆိုတဲ့မျိုးနွယ်စုတွေဟာလည်း 2000 BC လောက်ကတည်းက ပထမဆုံးသော အနောက်တိုင်းရွက်လွှင့်ကူးသန်းသွားလာသူတွေဖြစ်ခဲ့ကြပါတယ်။

သူတို့ဟာ Mediterranean Sea, Red Sea, eastern Atlantic Ocean, Black Sea နှင့် Indian Ocean တွေအထိ ကူးသန်းသွားလာခဲ့ကြပါတယ်။ ပုံ(၁)

330 BC ကာလမှာ ရှေးဟောင်းဂရိလူမျိုးတွေဟာ ပင်လယ်သတ္တဝါတွေနဲ့ပတ်သက်တဲ့ ဗဟုသုတတွေရှိနေပါပြီ။

ဂရိအတွေးအခေါ်ပညာရှင် Aristotle ဆိုသူဟာ ပထမဆုံးသော Marine Biologist လို့ သတ်မှတ်ခံခဲ့ရသူဖြစ်ပါတယ်။

သူဟာ ပင်လယ်သတ္တဝါတွေရဲ့မတူတဲ့ပုံစံအမျိုးအစားများကို ဖော်ပြခဲ့ပါတယ်။ အဲဒီထဲမှာ ငါးတွေရဲ့ ပါးဟက်ဟာ အသက်ရှုတဲ့ ခန္ဒာကိုယ်အစိတ်အပိုင်းဖြစ်တယ်ဆိုတာ သူ့ရဲ့လေ့လာမှုမှတဆင့် သိရှိစေခဲ့ပါတယ်။

ဒီလိုနဲ့ ခေတ်အဆက်ဆက် ရေကြောင်းခရီးသွားလာခြင်း၊ နယ်မြေသစ်ရှာဖွေခြင်းတွေအပြင် ရေသတ္တဝါတွေအပေါ်စိတ်ဝင်စား လေ့လာစူးစမ်းမှုတွေရှိလာခဲ့ပါတယ်။

လူသိများတဲ့ Charles Darwin ဟာလည်း ၁၈၃၁ ခုနှစ်မှာ ပင်လယ်ထဲရွက်လွှင့်လေ့လာမှုတွေလုပ်ခဲ့ပါတယ်။ သူ့ရဲ့လေ့လာမှုတွေက အဏ္ဏဝါ​ဗေဒအတွက်အများကြီး အထောက်အပံ့ပြုခဲ့ပါတယ်။

Atolls လို့ခေါ်တဲ့သန္တာ​ကျောက်တန်းပုံစံ ဖြစ်ပေါ်လာပုံကို သူရှင်းပြနိုင်ခဲ့ပါတယ်။ ယနေ့​ခေတ် Marine biologist တွေဆက်လက်လေ့လာနေကြတဲ့ plankton လို့ခေါ်တဲ့ မျှောလှေးတွေကို Charles Darwin က စတင်စုဆောင်းလေ့လာခဲ့ပါသေးတယ်။ သူရဲ့စိတ်ဝင်စားလေ့လာမှုတွေထဲမှာ barnacles လို့ခေါ်တဲ့ ခရင်းကောင်တွေလည်းပါဝင်ပြီး သူ့ရဲ့ တွေ့ရှိချက် သုံးသပ်ချက်တွေကို ယနေ့ထိကိုးကားနေကြပါသေးတယ်။

ပင်လယ်သမုဒ္ဒရာကြီးအကြောင်းကိုလေ့လာ​ခဲ့တဲ့ သမိုင်းကြောင်းတစ်လျှောက် အ​ရေးပါအရာရောက်ဆုံးသော သိပ္ပံနည်းကျ စနစ်ကျကျလေ့လာမှုတစ်ခုရှိခဲ့တယ်။ Challenger Expedition ပဲဖြစ်ပါတယ်။

သိပ္ပံနည်းကျလေ့လာရန်အတွက် ပစ္စည်းကိရိယာအစုံအလင်၊ ဓာတ်ခွဲခန်းတွေပါ ပါဝင်တဲ့ Challenger သင်္ဘောကြီးဟာ ၁၈၇၂ ခုနှစ် မှ ၁၈၇၆ ခုနှစ် အထိ ၃နှစ်ခွဲကျော်အကြာ ကမ္ဘာသမုဒ္ဒရာအနှံ့ ရွက်လွှင့်လေ့လာခဲ့ပါတယ်။ ပုံ (၂ ၊ ၃)

အဲဒီလေ့လာမှုမှ ​အမျိုးအစားစုံလင်လှသော ရေသတ္တဝါများကို ရှာဖွေတွေ့ရှိခဲ့ကြပြီး ထောင်နဲ့ချီသော အမည်မသိသေးတဲ့ မျိုးစိတ်တွေကို စုဆောင်းရယူနိုင်ခဲ့ပါတယ်။

ဒါကြောင့် Challenger Expedition ဟာ ​ခေတ်သစ်အဏ္ဏဝါသိပ္ပံလေ့လာမှုအတွက် အခြေတည်ပေးလိုက်တဲ့ သမိုင်းဝင်သော လေ့လာမှုကြီးတစ်ခုဖြစ်ခဲ့ပါတယ်။

Challenger Expedition အပြီးမှာ marine biologist တွေဟာ ရေသတ္တဝါတွေ ဘယ်လိုအသက်ရှင်စားသောက်နေထိုင်တဲ့ပုံစံတွေ၊ အလေ့အထတွေ ကို Marine Laboratories တွေတည်ဆောက်ပြီး ဆက်လက်လေ့လာမှုတွေထွန်းကားလာခဲ့ပါတယ်။

ဒုတိယကမ္ဘာစစ်အတွင်းမှာ (၁၉၃၉-၁၉၄၅ ခုနှစ်) ရေငုပ်သင်္ဘောအသုံးပြုမှုအတွက် ထွန်းကားလာတဲ့ Sonar technology ဟာ marine biologist တွေအတွက် ပင်လယ်သမုဒ္ဒရာရဲ့ ရေအောက်ကိုပါလေ့လာနိုင်မယ့်အခွင့်အရေးတစ်ရပ်ဖြစ်လာခဲ့ပါတယ်။

ဒါ့အပြင် ဒုတိယကမ္ဘာစစ်အပြီးမှာ scuba ရေငုပ်ကိရိယာနည်းပညာအဆင့်မြင့်လာခဲ့ပြီး marine biologist တွေအတွက် ရေအောက်ကမ္ဘာသို့ ကိုယ်တိုင်ကိုယ်ကျသွားရောက်ပြီး ​ရေသတ္တဝါတို့ရဲ့ သ​​ဘာဝပတ်ဝန်းကျင်ကို လေ့လာနိုင်ခဲ့ကြပါတယ်။

ဤကဲ့သို့ အချိန်တွေကြာလာတာနဲ့အမျှ နည်းပညာများတိုးတက်လာခဲ့ပြီး အဏ္ဏဝါသိပ္ပံဘာသာရပ် ဆိုင်ရာလေ့လာမှုတွေ၊ သုတေသနဆောင်ရွက်မှုတွေဟာ တစ်ဖြည်းဖြည်းနဲ့ အဆင့်မြင့်တိုးတက်လာခဲ့တာ ယနေ့တိုင်အထိပါပဲ။
@@@@@@@@@@@@@@@@@@@@@@@@@@

မှတ်ချက်။ ။ အထက်မှာဖော်ပြထားတဲ့ အကြောင်းအရာတွေမှာလိုအပ်သည့်အကြောင်းအရာများ ဖြည့်စွက်လိုသည့် အချက်အလက်များကို comment box မှာ viewer တွေအချင်းချင်း ဝင်ရောက် ဆွေးနွေးပေးကြဖို့ ​ရင်းရင်းနှီးနှီး ဖိတ်ခေါ်ပါရစေ။

Why study Marine Science ?????အဏ္ဏဝါသိပ္ပံဘာသာရပ်ဆိုတာ မည်သည့်အရာကိုလေ့လာတဲ့ဘာသာရပ်ဖြစ်တယ်ဆိုတာ အားလုံးသိပြီး ပြောပြ​ပြီ...
21/09/2021

Why study Marine Science ?????

အဏ္ဏဝါသိပ္ပံဘာသာရပ်ဆိုတာ မည်သည့်အရာကိုလေ့လာတဲ့ဘာသာရပ်ဖြစ်တယ်ဆိုတာ အားလုံးသိပြီး ပြောပြ​ပြီးဖြစ်ပါတယ်။

ဒါဆိုရင် အဏ္ဏဝါသိပ္ပံဘာသာရပ်ကို ဘာကြောင့်လေ့လာကြလဲဆိုတော့.......

တိုတိုနဲ့လိုရင်းပြောရရင် ကျွန်ုပ်တို့နေထိုင်တဲ့ ကမ္ဘာကြီးရဲ့အကြောင်းကို သိချင်နားလည်ချင်လို့ပဲဖြစ်ပါတယ်။

ကျွန်ုပ်တို့ရဲ့ ကမ္ဘာကြီးရဲ့ ၇၁ ရာခိုင်နှုန်းကို ရေထုက ဖုံးလွှမ်းထားပါတယ်။

ပြီးတော့ သက်ရှိဘဝရဲ့ အစဟာ ပင်လယ်သမုဒ္ဒရာကစတင်ခဲ့တယ်ဆိုတာ အားလုံးသိပြီးဖြစ်ပါတယ်။

ဒါကြောင့် ကမ္ဘာကြီးအကြောင်းသိချင်ရင် ပင်လယ်သမုဒ္ဒရာအကြောင်းကစပြီးလေ့လာရမှာဖြစ်ပါတယ်။

ကမ္ဘာကြီးရဲ့ရာသီဥတု ကို ထိန်းညှိပေးထားတာကလည်း ပင်လယ်သမုဒ္ဒရာကြီးပါပဲ။

ဒါ့အပြင် ပင်လယ်သမုဒ္ဒရာကြီးမှ လူသားတွေ အတွက် ထုတ်ယူသုံးစွဲနိုင်တဲ့ အစားအစာ၊ ဆေးဝါး မှအစ စွမ်းအင်နှင့် သယံဇာတအရင်းအမြစ်တွေက တန်ဖိုးမဖြတ်နိုင်အောင်များပြားလွန်းလှပါတယ်။

ဒါကြောင့် ပင်လယ်သမုဒ္ဒရာကြီးဟာ ကမ္ဘာပေါ်မှာရှိရှိသမျှ သက်ရှိတွေရဲ့ အသက်သွေးကြောပါပဲ။

ပင်လယ်သမုဒ္ဒရာကြီးသာ ပျက်စီးသွားခဲ့ရင် ကမ္ဘာကြီးပျက်စီးတာနဲ့အတူတူပါပဲ။

ဒါကြောင့် ပင်လယ်သမုဒ္ဒရာကြီးရဲ့ အကြောင်းကို နားလည်သိရှိအောင်လေ့လာပြီး သယံဇာတများကို ရေရှည်အတွက်ထုတ်ယူသုံးစွဲနိုင်အောင် ထိန်းသိမ်းစောင့်ရှောက်ဖိို့က အလွန်အရေးကြီးလှပါတယ်။

ဒါဆိုရင်ဖြင့် အဏ္ဏဝါသိပ္ပံဘာသာရပ် ကို ဘာအတွက်ကြောင့် လေ့လာကြလဲဆိုတာ အကျဥ်းအနေနဲ့ နားလည်သဘောပေါက်မယ်လို့ မျှော်လင့်ပါတယ်။

မှတ်ချက်။ ။ အထက်မှာဖော်ပြထားတဲ့ အကြောင်းအရာတွေက လိုရင်းကို အတိုချုံးဖော်ပြထားခြင်းဖြစ်ပါတယ်။ လိုအပ်သည့်အကြောင်းအရာများ ဖြည့်စွက်လိုသည့် အချက်အလက်များကို comment box မှာ ဝင်ရောက် ဆွေးနွေးပေးဖို့ ​လေးလေးစားစား ဖိတ်ခေါ်ပါရစေ။

21/09/2021

What is Marine Science ????

အဏ္ဏဝါသိပ္ပံ (Marine Science) ဘာသာရပ်ဆိုသည်မှာ ပင်လယ်သမုဒ္ဒရာအတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ သက်ရှိတွေ (living organisms) အကြောင်းကိုလေ့လာရသည့်အပြင် ငှင်းတို့နေထိုင်ရာပတ်ဝန်းကျင်နဲ့ဆက်စပ်ပတ်သက်မှုတွေ (ecology) ကိုပါ လေ့လာရတဲ့ ဘာသာရပ်တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် အဏ္ဏဝါသက်ရှိတွေရဲ့ ဇီဝဗေဒ (marine biology) အပြင် oceanography လို့ခေါ်တဲ့ ပင်လယ်သမုဒ္ဒရာရဲ့ရုပ်ပိုင်းဆိုင်ရာ (physical)၊ ဓာတုဗေဒဆိုင်ရာ (chemical)၊ ပင်လယ်သမုဒ္ဒရာရဲ့ကြမ်းခင်းအသွင်ပြင် အနေအထား သမိုင်းကြောင်း (geological) စတဲ့ ဝိသေသနလက္ခဏာတွေကိုပါ လေ့လာဖို့လိုအပ်တဲ့အတွက် အရမ်းကျယ်ပြန့်တဲ့ ဘာသာရပ်တစ်ခုဖြစ်ပါတယ်။

16/09/2021

Warmly welcome!

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Marine Science Notebook posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category