Preps 101 Academy

Preps 101 Academy Welcome to our Physics teaching hub! With over 30 years of teaching experience, we specialize in making IGCSE and GED Physics simple and engaging.

Follow us for tips, resources, and expert guidance to excel in Physics!

🔈 Hiii Everyone!!  Format အသစ်ဆိုလို့ လန့်မသွားကြပါနဲ့ဦးနော်။ETS က တော့ 2023 ဇူလိုင် က စလို့ TOEFL new format ပြောင်းတော...
28/05/2023

🔈 Hiii Everyone!! Format အသစ်ဆိုလို့ လန့်မသွားကြပါနဲ့ဦးနော်။

ETS က တော့ 2023 ဇူလိုင် က စလို့ TOEFL new format ပြောင်းတော့မှာ ဖြစ်ကြောင်း ကြေညာလိုက်ပြီပဲဖြစ်ပါတယ်။ တကယ်ကတော့ အချိန်ကုန်သက်သာပြီး ပိုလွယ်စေလို တဲ့ရည်ရွယ်ချက်နဲ့ ပြောင်းလိုက်တာပဲဖြစ်ပါတယ်။

အများကြီးပြောင်းသွားတာတော့မဟုတ်ပါဘူး။ အဓိက ပြောင်းသွားတာကတော့ reading မှာလျှော့လိုက်ပြီး writing task (2) မေးခွန်းပြောင်းသွားတာပဲ ဖြစ်ပါတယ်။ အဲ့ဒါအပြင် စုစုပေါင်း ဖြေဆိုချိန် ၂ နာရီမျှသာကြာမြင့်တော့မှာပဲ ဖြစ်တဲ့အတွက် အချိန်ကုန်လည်း အများကြီး သက်သာသွားပါတယ်။

🍀🍀Reading New Format**
အရင်တုန်းက ဆိုရင် reading section မှာ အလုံး 700 လောက်စီရှိတဲ့ စာပိုဒ်ကြီး 3-4 passages ပါလေ့ရှိပြီး
54-72 minutes ကြာမြင့်လေ့ရှိပါတယ်။ unscored questions (အမှတ်မပေးတဲမေးခွန်း)များလည်း ပါခဲ့ပါတယ်။
အခုကတော့ 2 reading passages ပဲပါတော့မှာဖြစ်ပြီး multiple choice questions ၂၀ ခုသာပါတော့မှာပဲ ဖြစ်ပါတယ်။ unscored questions မပါတော့ပါ။
မေးခွန်းပုံစံကတော့ အရင်ကအတိုင်းပဲဖြစ်ပါတယ်။

🍀 Listening
Listening ကတော့ အရင်ကအတိုင်းပဲဖြစ်ပါတယ်။
အရင်ကအတိုင်း 41-57 minutes ကြာမှာဖြစ်ပြီး lectures + conversations ပါမှာဖြစ်ပါတယ်။
သို့သော်လည်း unscored questions တွေတော့ မပါတော့ပါဘူး။
မေးခွန်းပုံစံကလည်း အရင်အတိုင်းပဲဖြစ်ပါတယ်။

🍀Speaking section မှာတော့ လုံးဝမပြောင်းထားပါဘူး။ ခါတိုင်းလိုပဲ task 4 ခု ပါပြီး စုစုပေါင်း ဖြေဆိုချိန် 17 minutes ဖြစ်ပါတယ်။

🍀🍀Writing New Format
Writing ကတော့ Task (2) မေးခွန်းပုံစံပြောင်းသွားပါတယ်။ ခါတိုင်းလို Task (1) , Task (2) ပါပြီး ဖြေဆိုချိန် 30 minutes ပဲကြာမြင့်တော့မှာ ဖြစ်ပါတယ်။ Task (1) ကတော့ ခါတိုင်းလို integrated task ဖြစ်ပြီး Task (2) ကတော့ “Academic Discussion” ဆိုပြီးပြောင်းသွားပါတယ်။ အရင်လို independent task မဟုတ်တော့ပါဘူး ။ စာလုံးရေ 100 ခန့်အနည်းဆုံးရေးဖို့ပဲလိုပါတော့တယ်။
ဥပမာ - class discussion မှာ ဆွေးနွေးထားတဲ့ discussion ကိုဖတ်ပြီး ကိုယ့်ရဲ့ အကြံဉာဏ်ပေးရတာမျိုးဖြစ်ပါတယ်။ 10 minutes အတွင်းမှာဖြေရတဲ့ discussion စာပိုဒ်အတိုလေးရေးတဲ့သဘောပါပဲ။

Writing task (2) နဲ့ ပတ်သတ်ပြီး ဘယ်လိုပြောင်းသွားလဲနဲ့ လေ့ကျင့်ရမလဲ ဆိုတာကိုတော့ နောက်ပိုင်းထပ်ပြီး အသေးစိတ်update ပေးပါ့မယ်နော်။
Have a good day ပါရှင်။

I'm beaming with pride because i wasn't expecting to receive this much positive feedbacks when this was my first time as...
09/11/2022

I'm beaming with pride because i wasn't expecting to receive this much positive feedbacks when this was my first time asking for them though i should have done it right from the very start. Every one of you was very special to me. Gargantuan gratitude to you all - XOXO, Tr.J


ဘွဲ့မရသေးတဲ့ မြန်မာနိုင်ငံက ကျောင်းသား/ကျောင်းသူများအတွက် The Global UGRAD Program ပြန်လည်ဖွင့်လိုက်ပါပြီ! 📢📢 (full-scho...
02/11/2022

ဘွဲ့မရသေးတဲ့ မြန်မာနိုင်ငံက ကျောင်းသား/ကျောင်းသူများအတွက် The Global UGRAD Program ပြန်လည်ဖွင့်လိုက်ပါပြီ! 📢📢
(full-scholarship ပါနော်)

❌No application fee is needed ပါနော်။

အသေးစိတ် link - https://mk.usembassy.gov/the-2023-2024-global-undergraduate-exchange-program-global-ugrad-is-now-open/ #:~:text=Global%20UGRAD%20is%20a%20program,study%20in%20the%20United%20States.

🍀🍀တစ်နိုင်ငံမှာ ဆယ်ယောက်လောက်ပဲရွေးတာမို့ လက်မလွတ်သင့်တဲ့The Global UGRAD Program ကတော့ နှစ်စဉ်နှစ်တိုင်း ကမ္ဘာတစ်ဝှမ်းက ထူးချွန်ကျောင်းသားများအား အမေရိကန်နိုင်ငံမှ တက္ကသိုလ်များတွင် တက်ရောက်စေရန် စေလွှတ်လျက်ရှိတဲ့ စရိတ်ငြိမ်း exchange program တစ်ခုဖြစ်ပါတယ်။
The Bureau of Educational and Cultural Affairs of the United States Department of State ကနေ ဦးစီးပြီး အမေရိကန်နိုင်ငံမှာ အကြောင်းအမျိုးမျိုးကြောင့် ပညာသင်ခွင့်မရတဲ့ ကျောင်းသားတွေ အတွက်ရည်ရွယ်တာပဲဖြစ်ပါတယ်။

US Embassy က Exchange အမျိုးမျိုးရှိတဲ့ အနက် UGRAD က အကြာဆုံးထဲက တစ်ခုဆိုရင်လည်း မမှားပါဘူး။

အားသာချက်တစ်ခုက ကျောင်းမပြီးသေးတဲ့ ၁၈ နှစ်အထက် ကျောင်းသားတိုင်း
လျှောက်နေစဉ် (passport မရှိသေးရင်တောင်)
လျှောက်ခွင့်ရှိတာပဲဖြစ်ပါတယ်။
ပြီးတော့ လျှောက်တဲ့အချိန်မှာ IELTS/ TOEFL မပါဘဲလျှောက်လို့ရပါတယ်နော်။

The scholarship covers
🕯️Travel (လေယာဉ်လက်မှတ်)
🕯️ကျောင်းစရိတ်
🕯️စာအုပ်ဖိုး
🕯️အဆောင် (university dorm) (American roommate ဖြင့်နေရမည်)
🕯️monthly stipend
🕯️Pre-departure orientation
🕯️in-person workshop in Washington, DC

🍀Requirements
🕯️The completed application form
🕯️Two essays (application form တွင်ပါသည်။)
🕯️scanned passport or ID card
🕯️University Transcripts
🕯️Two recommendation letters
🕯️TOEFL at least 48-61
(မလန့်သွားပါနဲ့နော်။ တကယ်ပါသွားပြီဆိုမှ သူတို့ဘက် က exam fees ပါ ရှင်းပြီး ဖြေခိုင်းတာမျိုးပါ)

🍀Eligibility
🕯️မြန်မာနိုင်ငံသားဖြစ်ရမည်။ (သက်ဆ်ိုင်ရာနိုင်ငံ၏ နိုင်ငံသားဖြစ်ရမည်)

🕯️တက္ကသိုလ်တစ်ခုခုတွင် တက်ရောက်ဆဲဖြစ်ရမည်ဖြစ်ပြီး အနည်းဆုံးကျောင်းပြီးရန် semester တစ်ခုကျန်ရမည်။

🕯️Academic work, community involvement နဲ့ extracurricular activities တွေ ဆောင်ရွက်နိုင်သူဖြစ်ရမည်။

🕯️Program ပြီးသွားတာနဲ့ ပြန်နိုင်သူဖြစ်ရမည်။

🫶🏽Requirements အနေနဲ့ကလည်း များများစားစား မရှိတာမို့ ကျောင်းသားများကိုလျှောက်စေချင်ပါတယ်။🫶🏽

🍀🍀Selection Process

🕯️ပထမအဆင့် အောင်သွားတယ်ဆိုရင် အင်တာဗျူးဖြေဖို့ အကြောင်းကြားပါတယ်။ အခုကတော့ သံရုံးမှာ သွားဖြေရနိုင်ပါတယ်။ admin တို့တုန်းကတော့ zoom ကနေပဲ ဖြေခဲ့ရပါတယ်။

🕯️interview မှာတော့ အမေရိကန် တစ်ယောက် နဲ့ မြန်မာတစ်ယောက်က မေးပါတယ်။

🕯️ interview အောင်သွားခဲ့တယ်ဆိုရင်တော့ ဖြေပြီးနှစ်ပတ်အကြာမှာ အီးမေး ပို့မှာဖြစ်ပါတယ်။ မပါရင်တော့ မပါကြောင်း ပို့ပေးမှာဖြစ်ပါတယ်။

🕯️ အောင်သွားမှ TOEFL exam ဖြေဖို့ voucher code ကို email နှင့်တွဲပို့ပါတယ်။
🕯️TOEFL အနည်းဆုံး 60 လောက်တော့ ရစေချင်ပါတယ်။

အချုပ်အနေနဲ့ကတော့မြန်မာနိုင်ငံမှာ
ကျောင်းဆက်တက်ခွင့်မရသေးတဲ့၊ နိုင်ငံခြားသွားဖို့လည်းမတက်နိုင်သေးတဲ့ ကျောင်းသားကျောင်းသူများ လျှောက်ထားကြည့်ကြဖို့တိုက်တွန်းလိုက်ပါတယ်။ exchange program ဖြစ်သော်ငြား ဘဝအတွေ့အကြုံကောင်း တစ်ခု ဖြစ်လာမှာဖြစ်ပြီး ကိုယ့်ရဲ့ အောင်မြင်မှု အသေးလေးတစ်ခုအနေနဲ့ ပျော်စေချင်လို့ပါ။လျှောက်တဲ့သူ ကမ္ဘာတစ်ဝှမ်းမှာ များပြားတာကြောင့် essays ရေးတဲ့ အခါ ဂရုတစိုက်ရေးပေးဖို့လည်း မှာချင်ပါတယ်။
ဒါနဲ့ deadline က December 15th နော်။

ကဲ ... အားလုံးလည်း "လာ သွားမယ် ဟောလိဝု" နိုင်ကြပါစေနော်။







အတန်းနဲ့တက်ရတဲ့သင်တန်းလာမေးနေကြသူများအတွက်သတင်းကောင်းလေးလာပါပြီ📢📢🥰hello, Preps 101 မှ ကြိုဆိုလိုက်ပါတယ်။November လအတွက် ...
21/10/2022

အတန်းနဲ့တက်ရတဲ့သင်တန်းလာမေးနေကြသူများအတွက်သတင်းကောင်းလေးလာပါပြီ📢📢🥰

hello, Preps 101 မှ ကြိုဆိုလိုက်ပါတယ်။
November လအတွက် TOEFL iBT Six weeks preparation class လေးကို ပြန်လည်ဖွင့်လှစ်တော့မှာပဲဖြစ်ပါတယ်။

☘️အများဆုံးကျောင်းသား ၅ယောက် (or less) သာခေါ်သွားမယ့် TOEFL iBT Preparation class လေးတွေပဲဖြစ်ပါတယ်။

🍀 သင်ကြားပေးမယ့် platform ကတော့ zoom ဖြစ်ပါတယ်။

Instructor's profile

☘️Teacher Judy ကတော့ လက်ရှိမှာ အမေရိကန် နိုင်ငံကို exchange student အနေနဲ့ ပညာတော်သင်သွားဖို့ scholarship (Global UGRAD 2022-23) ရရှိထားသူတစ်ဦးဖြစ်ပါ
တယ်။

☘️ကိုယ်တိုင်လည်း TOEFL ကို ဖြေထား၊ test structure များကို သိသည့်အပြင်
Reading - 22/30, Listening 22/30,
Speaking - 26/30, Writing 25/30 ရရှိထားသူလည်းဖြစ်ပါတယ်။ လက်ရှိမှာလည်း ကျောင်းသားပေါင်းများစွာကို instruct ပေးလျက်ရှိပါတယ်။

☘️စာသင်အတွေ့အကြုံများစွာရှိပြီး လက်ရှိမှာလည်း YLE (K.E.T, P.E.T) များနဲ့ adult learners (one-on-one) များကို သင်ကြားပေးလျက်ရှိပါတယ်။

ဆက်သွယ်ရန်ဖုန်းနံပါတ် - 095134964




Hi Everyone🙆‍♀️🙆‍♀️ ဒီနေ့မှာတော့ TOEFL iBT home edition ကို ဘယ်လို register ရမလဲ နဲ့ မဖြေခင် ဘာတွေသတိထားရမလဲ ဆိုတာလေးတွေ...
18/09/2022

Hi Everyone🙆‍♀️🙆‍♀️
ဒီနေ့မှာတော့ TOEFL iBT home edition ကို ဘယ်လို register ရမလဲ နဲ့ မဖြေခင် ဘာတွေသတိထားရမလဲ ဆိုတာလေးတွေ ဝေမျှချင်ပါတယ်။

TOEFL iBT ကို ets.org မှာ register လုပ်နိုင်ပါတယ်။
🌪️အရင်ဆုံး website ထဲဝင်ပြီး TOEFL iBT ကို ရွေးလိုက်ပါ။ create an account မှာ အကောင့်ဖွင့်ပြီးဝင်ပါ။
🌪️Register, Find Test Centers, Dates မှာ register လုပ်နိုင်ပါပြီ။
🌪️Fees ကတော့ $210 ဖြစ်ပြီး visa card နဲ့ငွေချေရပါတယ်။

🌪️Home edition ကတော့ အိမ်မှာ, hotel မှာ အစရှိသဖြင့် နေရာတွေမှာ တစ်ယောက်တည်း ဆိတ်ငြိမ်စွာ ဖြေလို့ရတဲ့ ဘယ်နေရာမှာမဆို ဖြေလို့ရပါတယ်။ ပတ်ဝန်းကျင်မှာ လူမရှိဖို့နဲ့ အသံမဆူဖို့တော့ အရေးကြီးပါတယ်။ ကိုယ်ဖြေစဉ်အတွင်း အပြင်လူဝင်လာတာမျိုး/ အခန်းထဲမှာ လူရှိနေတာမျိုး မဖြစ်အောင်တော့ အထူးဂရုပြုရပါမယ်။
**အခု KMD ကို test center အနေနဲ့ တစ်ခါတည်း register လို့ရပြီလို့ကြားပါတယ်။

🌪️Register လုပ်ပြီးပြီဆိုတာနဲ့ သင့် ဆီ email ပို့မှာဖြစ်ပါတယ်။ အဲ့ဒီ email မှာ ဘာလုပ်ရမလဲ အပါအဝင် စာမေးပွဲဖြေရမယ့် နေ့မှာ ဝင်ရမယ့် link အပါအဝင် လုပ်ရမယ့် အချက်ကလေးတွေပါ ပို့ပေးမှာဖြစ်ပါတယ်။ အဲ့ဒီ email ထဲမှာပဲ ETS software download ရမယ့် link ပါမှာဖြစ်ပါတယ်။

☘️ဆောင်ရန်ရှောင်ရန်များ

🌪️စာမေးပွဲကို laptop, PC, macbook တို့မှာဖြေလို့ရပါတယ်။
🌪️External mic, speakers တပ်ထားချင်လည်းရသလို မတပ်ထားလည်း အဆင်ပြေပါတယ်။
🌪️အဓိက ကတော့ နားကြပ်မတပ်မိဖို့ပါပဲ။ နားရွက် ကို လည်း ပြခိုင်းပါတယ်။ မျက်မှန်တပ်သူများကိုလည်း မျက်မှန်ချွတ်ပြပြီး စစ်ပါတယ်။
ထို့အပြင်နားရွက်ကို ဆံပင် မဖုံးရပါဘူး။ ဦးထုပ်, နာရီ မဝတ်ရပါဘူး။ ကျန်တဲ့ အချက်ကလေးတွေကို လည်း သူ့ရဲ့ website မှာ ဝင်ဖတ်နိုင်ပါတယ်။

🌪️ဖြေတဲ့အခါမှာ ရိုးရိုးစာရွက် ဘောပင် ယူခွင့် လုံးဝမရှိပါ။ whiteboard အသေး နဲ့ marker or transparent file with marker ပဲ notes ရေးတဲ့အခါမှာ သုံးခွင့်ရှိပါမယ်။ whiteboard မှာလည်း အလီပေါင်းလို ဂဏန်းလေးတွေ အရုပ်ကလေး ပါတာမျိုးက အစ လက်မခံပါဘူး။ ဖြေမယ့် အနားမှာလည်း ၎င်း ပစ္စည်းတွေအပြင် ဘာမှထားခွင့်မရှိပါ။
ဒါပေမယ့် ဖုန်းကိုတော့ အခန်းထဲရဲ့ ထောင့်လေး ခပ်ဝေးဝေးမှာ အသံပိတ်ထားထားလို့ရပါတယ်။ အနားမှာ လုံးဝယူခွင့်မရှိပါ။ အကယ်၍မဖြေခင် techinical errors များတက်ခဲ့ရင်တော့ ဖုန်းပေးဆက်ပါတယ်။

🌪️Breaktime 10 mins မှာ ရေသောက်တာမျိုး, အိမ်သာသွားတာမျိုးရပါတယ်။ ဒါပေမယ့် သင့်ကို စာမေးပွဲစစ်မယ့် proctor ကိုတော့ ပြောပြီးမှ လုပ်ဖို့ သတိပေးလိုပါတယ်။

🌪️Proctor နဲ့ စပြီး တွေ့တာနဲ့ အသံကြားရလား မကြားရလား မေးကြည့် စကားပြောကြည့်စေချင်ပါတယ်။ မတော်တဆ mic က အလုပ်မလုပ်ခဲ့ရင် ပြန်ဖြေရတာမျိုးဖြစ်တတ်လို့ပါ။

Registration မလုပ်ဖြစ်သေးသော်လည်းပဲ ကိုယ့်ရဲ့ ကွန်ပျူတာက TOEFL ဖြေလို့ ရမရ equipment test လုပ်ကြည့်လို့ရပါတယ်။

https://www.ets.org/toefl/test-takers/ibt/take/at-home/

ဒီလင့်လေးမှာ ဝင်ကြည့်ပြီး download လုပ်ရမယ့် software နဲ့ equipment check စမ်းကြည့်လို့ရပါတယ်။ အကုန်လုံး အမှန်ခြစ်ကလေး ပေါ်ရင် အဆင်ပြေပါပြီ။

အားလုံးပဲ အဆင်ပြေကြလိမ့်မယ်လို့မျှော်လင့်ပါတယ်နော်။

Hellllllo, ဒီနေ့မှာတော့ TOEFL Speaking ကိုဘယ်လို self-study ရမလဲ နဲ့ ပတ်သတ်ပြီး sharing လေးလုပ်ပေးချင်ပါတယ်🫶🏽TOEFL test ...
31/08/2022

Hellllllo, ဒီနေ့မှာတော့
TOEFL Speaking ကိုဘယ်လို self-study ရမလဲ နဲ့ ပတ်သတ်ပြီး sharing လေးလုပ်ပေးချင်ပါတယ်🫶🏽

TOEFL test မှာ
Reading, Listening, Speaking, Writing အစဉ်အလိုက်ဖြေရပါတယ်။ အဲ့ထဲမှာမှ
တတိယ section မှာဖြေရမှာဖြစ်တဲ့ speaking section ကတော့ အနည်းငယ် challenging ဖြစ်တဲ့ section လို့ပြောလို့ရပါတယ်။

☘️အရင်ဆုံး Speaking ရဲ့ structure လေးကို ခြုံပြောပြပါမယ်။
TOEFL speaking မှာ Task (4) ခုပါရှိပြီး
Task (1) - Independent
Task (2), (3), (4) ကတော့ integrated ဖြစ်ပါတယ်။
ကံကောင်းတာတစ်ခုကတော့ အရင်တုန်းကဆို 6 ခုတောင် ရှိခဲ့တာဖြစ်ပါတယ်🤯
အခုနောက်ပိုင်းမှ လေးခုပြောင်းသွားတာပါ။

☘️Task (1) Independent task ကတော့ ကိုယ့်ရဲ့ ကိုယ်ပိုင် အကြံဉာဏ်နဲ့ 45 seconds ကြာဖြေရတဲ့မေးခွန်းဖြစ်ပါတယ်။
ဥပမာ - "တစ်ယောက်တည်း စာလုပ်ရတာနဲ့ အများနဲ့ စာလုပ်ရတာ ဘယ်ဟာပိုပြီး prefer ဖြစ်သလဲ" ကဲ့သို့သော မေးခွန်းမျိုးလေးတွေဖြစ်ပါတယ်။

☘️Task (2) ကတော့ announcement အတိုလေးတစ်ခုကို ဖတ်ရပြီး အဲ့ဒီ announcement အပေါ် ငြင်းတာ (သို့) ထောက်ခံတာ ကို conversation အတိုလေးကို နားထောင်ပြီး 60 secs ကြာ နှစ်ခုပေါင်းပြောရတာမျိုးဖြစ်ပါတယ်။

☘️Task (3) ကတော့ academic topic အတိုလေးကို ဖတ်ပြီး အဲ့ဒီ topic ကို ထပ်ဖြည့်ပြောထားတဲ့ lecture အတိုလေးကို နားထောင်ရတာဖြစ်ပါတယ်။ ပြီးတော့မှ နှစ်ခုကိုပေါင်းပြီး 60 seconds အတိုချုံး ပြန်ပြောပြရတာဖြစ်ပါတယ်။

☘️Task (4) ကတော့ lecture အတိုလေးတစ်ပုဒ်ကို နားထောင်ပြီး 60 seconds အတိုချုံးပြန်ပြောရတာပဲဖြစ်ပါတယ်။

Task တစ်ခုစီအတွက် speaking time ကြာမြင့်ချိန်တွေက တော့ အလွန်ဆုံးတစ်မိနစ်ပဲ ရှိပါမယ်။ စာအတိုလေးတွေ ဖတ်ချိန်ပါပေါင်းရင်တော့ အများဆုံး 17 မိနစ်ဖြစ်ပါတယ်။

☘️ဘယ်လိုလေ့ကျင့်ရမလဲ

🌪 မေးခွန်းပုံစံကို နားလည်အောင်လုပ်ပါ။

🌪 အချိန်မီပြောနိုင်အောင်လေ့ကျင့်ပါ။ speaking test က မခက်ခဲပေမယ့် အချိန်မမီတာမျိုး မဖြစ်အောင် လေ့ကျင့်ဖို့ အလွန် အရေးကြီးပါတယ်။

🌪 မေးခွန်းတစ်ပုဒ်ကို စစကျင့်ချင်းမှာ ထစ်နိုင်ပါတယ်။ ဒါပေမယ့် အဲ့တစ်ပုဒ်ကိုပဲ smooth ဖြစ်တဲ့ အထိပြောကြည့်စေချင်ပါတယ်။

🌪Note-taking လုပ်ပါ။

🌪 Template သုံးပါ။

🌪 အနီးနားမှာ မှတ်ချက်ပေးပေးမယ့် သူငယ်ချင်း (သို့) အသိရှိရင် ပေးခိုင်းပါ။ (optional)

🌪 ကိုယ့်အသံကိုယ် ဖမ်းထားပြီး ပြန်နားထောင်ကြည့်ပါ။

🌪 PRACTICE, PRACTICE, PRACTICE !

☘️ Do accents matter?

tbh, "NO". Accent ဘာညာ အရေးမကြီးပါ။ အသံထွက်မှန်ဖို့၊ ဖြေးဖြေးမှန်မှန်လေး ပြောပေးနိုင်ဖို့ အဓိကပါပဲ။

☘️WHERE can you self-study? ဘယ်မှာ ကျင့်မလဲ?

🌪 စာအုပ်နဲ့ ကြည့်ရတာကြိုက်ပြီး script ပါကြည့်ချင်ရင်တော့ TOEFL iBT Books + Audios နဲ့ကျင့်တာအဆင်ပြေပါတယ်။

တခြားကျင့်လို့ရမယ့် script ပါမြင်ရတဲ့ website ကတော့
https://www.simontoefl.com/en/
ပဲဖြစ်ပါတယ်။

🌪 youtube မှာလည်း TOEFL speaking practice tests ဆိုပြီးရိုက်ရှာလိုက်ရင် ထွက်လာပါလိမ့်မယ်

☘️Application နဲ့ ကျင့်ချင်ရင်တော့
Magoosh TOEFL speaking app လေးတွေကို အောက်မှာdownload link ချပေးထားပါတယ်နော်။

Andriod

https://play.google.com/store/apps/details?id=com.magoosh.toefl.speaking&hl=en_SG&gl=US

IOS
https://apps.apple.com/mm/app/magoosh-toefl-speaking-and-english-learning/id1238420710

🫶🏽အားလုံးပဲ အဆင်ပြေကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ သိလိုတာများရှိရင်လည်း မေးမြန်းနိုင်ပါတယ်။
Thank you everyone ☘️💖




Hello everyone! ဒီနေ့မှာတော့ Toefl iBT ကို ဘယ်လို self-study လုပ်ရမလဲနဲ့ self-study လုပ်လို့ရမယ့် websites တွေ youtube c...
14/06/2022

Hello everyone! ဒီနေ့မှာတော့ Toefl iBT ကို ဘယ်လို self-study လုပ်ရမလဲနဲ့ self-study လုပ်လို့ရမယ့် websites တွေ youtube channels တွေကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်နော်🥰🙆‍♀️

☘️ရှေးဦးစွာ test format, time, tips စသဖြင့် google, youtube တို့မှာ စတင်လေ့လာသင့်ပါတယ်။ လေ့လာလို့ တီးမိခေါက်မိရှိလာပြီဆိုရင် youtube မှာ reading test လေးဖြစ်ဖြစ် ကိုယ့်ကိုယ်ကို စိန်ခေါ်တဲ့ အနေနဲ့ စမ်းဖြေကြည့်ပါ။ (ဘယ်လောက်ရရ စိတ်မညစ်ပါနဲ့နော်၊ နည်းနည်းရင်းနှီးစေရုံပါ)

☘️ Personally recommend ရမယ်
ဆိုရင်တော့ reading ကို အရင်ဆုံးလေ့လာစေချင်ပါတယ်။ reading paragraphs တွေက 100% နားလည်နိုင်ဖို့ ခက်ခဲတဲ့ အတွက်ရယ်၊ multiple choice ဆိုသော်လည်း မေးခွန်းပုံစံအမျိုးမျိုးရှိတဲ့အတွက် ရင်းနှီးအောင် အရင်လုပ်သင့်တဲ့ skill လို့ယူဆမိလို့ပါ။ ( yes, it's not a must tho. In fact, it's yours to decide which skill you wanna boost first but yeah i'd recommend you to do reading first😉)

☘️Study-plan ဆွဲပါ။ ဘယ်နေ့မှာ ဘာလုပ်မယ်၊ ဘယ်နှစ်နာရီ လုပ်မယ် စသဖြင့်။ ပြီးတော့ ဘယ်လောက်အချိန်ယူမလဲစသဖြင့် အစီအစဉ်ချပါ။
ဖြေမယ့် ရက်ပါ လျာထားတာမျိုး၊ ဖြေမယ့်ရက်ပါ စဉ်းစားထားတာမျိုး ဆိုပိုကောင်းပါတယ်။ registration လုပ်ထားရင်ကတော့ အကောင်းဆုံးပါပဲ (pressure လေးရသွားတော့ စာလုပ်ဖြစ်တာပေါ့နော😛)
ဒီတိုင်း တိုဖယ်ကို သိချင်လို့လေ့လာဆိုရင်တော့ အရမ်းကြီး plan ဆွဲစရာမလိုဘူးပေါ့နော်။

☘️ tips တွေကို ကြည့်တဲ့ အခါ ယူသင့်တာကို ခေါင်းထဲထည့်ပြီး မလိုတာကို ပယ်သင့်ပါတယ်။ tips တွေက သောင်းခြောက်ထောင်၊ ပြောတဲ့ သူတွေက တစ်ယောက်တစ်မျိုးကြားရတဲ့ အခါ ခေါင်းမူးလာတတ်လို့ပါ။ Also, ကိုယ်ပိုင် tips, style, strategy ကိုလည်း တစ်ခါတစ်ရံမှာ figure out or develop လုပ်သင့်တယ်လို့ထင်ပါတယ်

☘️PRACTICE !!

☘️ဖြေပြီးသား practice test တွေကို မေ့လောက်ရှိရင် ပြန်ဖြေပါ

☘️အမှားကို စစ်ပါ ပြန်ကြည့်ပါ။

☘️time-management က အရမ်းအရေးကြီးပါတယ်။ အချိန်မီအောင်ကျင့်ရပါမယ်။

☘️writing ရေးကျင့် တဲ့အခါ computer keyboard မှာ စာရိုက်ကျင့်ပါ။ စာအုပ်ထဲမှာ ရေးမကျင့်ပါနဲ့။

self-study အတွက် websiteလေးတွေကတော့

http://yousukao.com/

ဒီ yousakao website လေးကတော့
အနှစ်ပါပဲ။ ကိုယ်တိုင်လည်း အဲ့တာတစ်ခုတည်းနဲ့ ဖြေခဲ့ဖူးတဲ့ အတွက် youscore ကို အမြဲ recommend ဖြစ်ပါတယ်🙆‍♀️ နှစ်ပတ်တည်း အချိန်ရခဲ့တာတောင် youscore က ကယ်တင်ခဲ့တာပါ🥺

https://toefl.weixue100.com/

youtube channels -

1. TST prep TOEFL
https://youtube.com/c/TOEFLSpeakingTeacher1
TST prep ကတော့ တော်တော်လေးစုံလင်ပါတယ်။ မသိတာရှိရင်လည်း comment မှာမေးထားရင် ဖြေပေးပါတယ်။

2. IELTS and TOEFL with Juva
https://youtube.com/channel/UCOPB7UX9lyG4U67BQI8LCqw

3. linguamarina
https://youtube.com/c/linguamarina

☘️အားလုံးပဲ အထောက်အကူဖြစ်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။ သိလိုတာများရှိရင်လည်း မေးမြန်းနိုင်ပါတယ်နော်🥰🥰




သင်တန်းလာမေးကြသူများအတွက်သတင်းကောင်းလေးလာပါပြီ🥰📢📢hello, Preps 101 မှ ကြိုဆိုလိုက်ပါတယ်။ မေလအတွက် TOEFL iBT classes first...
22/04/2022

သင်တန်းလာမေးကြသူများအတွက်သတင်းကောင်းလေးလာပါပြီ🥰📢📢

hello, Preps 101 မှ ကြိုဆိုလိုက်ပါတယ်။ မေလအတွက် TOEFL iBT classes first batch ကို 30% off ဖြင့် စျေးနှုန်းချိုသာစွာဖြင့် စတင်ဖွင့်လှစ်သွားမှာပဲဖြစ်ပါတယ်။

classes လေးတွေကတော့
☘️အများဆုံးကျောင်းသား ၅ယောက် (ဒီထက်နည်းနိုင်) သာခေါ်သွားမယ့် TOEFL iBT Preparation class လေးနဲ့

☘️ တစ်ယောက်ချင်း ထိထိမိမိ သင်ကြားနိုင်မယ့် one-on-one class လေးပဲ ဖြစ်ပါတယ်။

ပုံလေးတွေထောက်ကြည့်ရင်း သင်တန်း အသေးစိတ်ကို ကြည့်နိုင်ပါတယ်။

Instructor's profile

☘️Teacher Judy ကတော့ လက်ရှိမှာ အမေရိကန် နိုင်ငံကို exchange student အနေနဲ့ ပညာတော်သင်သွားဖို့ scholarship (Global UGRAD 2022-23) ရရှိထားသူတစ်ဦးဖြစ်ပါ
တယ်။

☘️ကိုယ်တိုင်လည်း TOEFL ကို ဖြေထား၊ test structure များကို သိသည့်အပြင်
Reading - 22/30, Listening 22/30,
Speaking - 26/30, Writing 25/30 ရရှိထားသူလည်းဖြစ်ပါတယ်။

☘️စာသင်အတွေ့အကြုံများစွာရှိပြီး လက်ရှိမှာလည်း YLE (K.E.T, P.E.T) များနဲ့ adult learners (one-on-one) များကို သင်ကြားပေးလျက်ရှိပါတယ်။

☘️
instructor ကိုယ်တိုင်လည်း အချိန်တိုအတွင်း သင်တန်းမတက်လိုက်ရပဲ self-study လုပ်ခဲ့ရတဲ့အခါ လမ်းစရှာလိုက်၊ အချိန်လေခဲ့ဖြစ်ခဲ့ရပါတယ်။ ကျောင်းသားတွေ အဲ့သလို မဖြစ်ရအောင် self-study ဘယ်လိုလုပ်ရလဲဆိုတာကို သေသေချာချာ guideline ချပေးပြီး လမ်းပြပေးချင်တဲ့ ရည်ရွယ်ချက်ကြောင့်
ကျောင်းသား နည်းနိုင်သမျှ နည်းနည်းသာ ခေါ်ပြီး ကိုယ်တိုင်လေ့လာခဲ့တဲ့ strategy တွေ tipsတွေ ကို သင်ပြပေးရင်း လေ့ကျင့်
ပေးချင်သောကြောင့် ဖြစ်ပါတယ်။

မကြာမီမှာလည်း အခြားသော instructor များနဲ့ General English Classes များကို စျေးနှုန်းချိုသာစွာဖြင့် Preps 101 မှ ဖွင့်ပေးသွားမှာမို့ စောင့်မျှော်ကြပါဦးနော် 📢

ဆက်သွယ်ရန်ဖုန်းနံပါတ် - 095134964




14/04/2022

Hello Everyone! ဒီနေ့မှာတော့ TOEFL iBT listening က ဘယ်လိုမျိုးလဲ၊ ဘယ်လို self-study လုပ်ရမလဲ နဲ့ ပတ်သတ်ပြီး podcast video လေးနဲ့
ပြောပေးသွားမှာပဲ ဖြစ်ပါတယ်။ video လေးမှာလည်း ရှင်းပြထားပေမယ့်
video လေးကို ဖွင့်ကြည့်ဖို့ အဆင်မပြေတာမျိုး ဖြစ်မှာစိုးတဲ့ အတွက် video ထဲမှာ ပြောထားတဲ့ အကြောင်းအရာလေးတွေကို စာနဲ့လည်း ရေးပေးထားပါတယ်။

☘️ Structure in general
အရင်ဆုံး TOEFL listening ရဲ့ Structure လေးကို အကြမ်းဖျင်းပြောပေးသွားပါမယ်။
TOEFL listening ကတော့ တစ်ခေါက်
အရင်ဆုံး နားထောင်ပြီး မှ multiple choice မေးခွန်းတွေကို ဖြေရတာပဲဖြစ်ပါတယ်။
(ဥပမာ - lecture အတိုတစ်ခု ကို 3-5 minutes နားထောင်ပြီး မေးခွန်း ခြောက်ခုကို multiple-choice ဖြေလိုက် ။ နောက်ထပ် listening အတိုတစ်ပုဒ်ကို 3-5 minutes နားထောင်လိုက် မေးခွန်းဖြေလိုက်လုပ်ရတာမျိုးပါ)

☘️ Types
TOEFL listening မှာ generally type နှစ်မျိုးရှိပါတယ်။
student & university employee or etc စသဖြင့် ကျောင်းသား နဲ့ ဝန်ထမ်း တစ်ဦးဦးနဲ့ စကားပြောတဲ့ conversation type နဲ့
lecturer တစ်ဦးဦးက topic တစ်ခုခုအကြောင်း အတန်းထဲမှာ ပြောတဲ့ lecture type မျိုးပါလေ့ရှိပါတယ်။

☘️time
1. Lectures ↪️ 3-5 minutes လောက်ကြာတတ်တဲ့ lectures 3ခုမှ 4 ခုအထိပါလေ့ရှိပြီး lecture တစ်ခုနားထောင်ပြီးတိုင်းမှာ multiple choice question 6 ခု ဖြေရပါတယ်။
2. Conversations ↪️ 3 minutes လောက်ကြာတဲ့ conversations 2ခုမှ 3 ခုအထိ ပါလေ့ရှိပြီး conversation တစ်ခု နားထောင်ပြီးတိုင်းမှာ multiple choice questions 5 ခု ဖြေရပါတယ်။

☘️ note-taking
နားထောင်နေတုန်း notes ရေးမှတ်လို့ရပါတယ်။ ဒါပေမယ့် whiteboard
သိုမဟုတ် ဖိုင်အကြည် ပေါ်မှာ ဖျက်လို့ရတဲ့ marker နဲ့ပဲ မှတ်ခွင့်ရှိပါတယ်။

‼️TIPS
structure လေးကို အကြမ်းဖျင်းရှင်းပြပြီးနောက် ဘယ်လို self-study လုပ်ရမလဲ ပြောပေးသွားမှာဖြစ်ပါတယ်

☘️ထုံးစံအတိုင်း question types ကိုလေ့လာပါ

☘️ listening ကို နားထောင်ရင်
ရည်ရွယ်ချက်ကိုပါ သေချာနားထောင်ပါ။

listening တစ်ခုပြီးတိုင်းမှာ what's the listening ( lecture or convo) mainly about? ဒီ listening တစ်ခုလုံးရဲ့ အဓိက ရည်ရွယ်ချက် or အဓိက အကြောင်းအရာက ဘာလဲ ဆိုတာ အမြဲမေးလို့ပါ။

☘️notes လိုက်မှတ်ပါ။ နားထောင်ရင်း note-taking လုပ်တာကို လေ့ကျင့်ပါ။

ရှိသမျှ အကုန်လုံးကို လိုက်ရေးမှတ်စရာမလိုပါဘူး။ အဓိက main point လေးတွေကိုပဲ အတိုခေါက်မှတ်ရုံပါပဲ။
ရိုးရိုး conversation တွေက notes မမှတ်
ရင်တောင်ရပါတယ်။ မှတ်နိုင်ရင်တော့ ပိုကောင်းတာပေါ့နော်။
lecture တွေကတော့ နည်းနည်း ပိုကြာတဲ့အတွက်အဓိက main point လေးတွေကို မှတ်နိုင်ရင်ကောင်းပါတယ်။

☘️ မလန့်သွားပါနဲ့။

lecture မှာ ကြားသမျှ စာလုံးတိုင်းကို နားလည်ချင်မှ နားလည်ပါလိမ့်မယ်။ notes လိုက်မှတ်တဲ့ အချိန်မှာလည်း စာလုံးပေါင်းတတ်သလိုသာ ပေါင်းပြီးသာ ရေးမှတ်
လိုက်ပါ။
မကြားလိုက်ရင်လည်း မပြာသွားပဲ ဆက်ပြီး နားထောင်နေပါ။ မလန့်သွားဖို့ အဓိက ပါပဲ။ မေးခွန်းတွေက အကုန် multiple choice ပဲမို့ ခန့်မှန်းပြီး ရမ်းသမ်း ထည့်လိုက်ရင်တောင် မှန်ရင်မှန်သွားနိုင်ပါတယ်နော့😜 အေးဆေးသာ ဖြေပါ။

☘️PRACTICE ! PRACTICE ! PRACTICE!

practice များများလုပ်ပါ။ ကိုယ်က lecture ပိုမရဘူး ဆို lecture များများနားထောင်ပါ။

☘️ စာမေးပွဲနီးနေတယ်ဆိုရင်တော့ အားလပ်ချိန်မှာ podcast တွေ website တွေ နားထောင်နေမယ့်အစား ကိုယ်ဖြေမယ့် TOEFL listening ကိုပဲ မေးခွန်းတွေ
မဖြေရင်တောင် အပျော်နားထောင်လိုက်ပါ။

☘️ TOEFL က များသောအားဖြင့် American accent မို့ US sitcoms တွေ ရုပ်ရှင်တွေကြည့်ပြီးလည်း listening လုပ်လို့ရပါတယ်😜
အချိန်ရရင်ပါ။

ကဲ အခုလောက်ဆိုရင်တော့ တော်တော်လေးလည်း စုံသွားပါပြီနော်။
အားလုံး အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်။ သိချင်တာရှိရင် အချိန်မရွေးလာမေးနိုင်ပါတယ်။
Thank you!
P.S sorry for this long video, I'll try to come up with a shorter one.







ဒီနေ့မှာတော့ Preps 101 မှ ဝမ်းသာစရာ သတင်းကောင်းလေး ယူဆောင်လာပါရစေ။🎉🎉Preps 101 မှာ ကျောင်းလျှောက်စဉ် နဲ့ ကျောင်း admissio...
12/04/2022

ဒီနေ့မှာတော့ Preps 101 မှ ဝမ်းသာစရာ သတင်းကောင်းလေး ယူဆောင်လာပါရစေ။

🎉🎉Preps 101 မှာ ကျောင်းလျှောက်စဉ် နဲ့ ကျောင်း admission interview အတွက် အကြံဉာဏ်ယူခဲ့ပြီး one-on-one IELTS preparation class ကို တက်ရောက်ခဲ့သူ Ko Zaya Lynn ကတော့ ထိုက်ထိုက်တန်တန်နဲ့100% scholarship ကို Walailak University က ရရှိခဲ့ပြီဖြစ်ပါတယ်။

🎉🎉 လျှောက်ထားသူ ကျောင်းသားကျောင်းသူ အများကြီးထဲကမှ အရွေးခံခဲ့ရတဲ့
Ko Zaya Lynn အား ဝမ်းမြောက်ဝမ်းသာ
ဂုဏ်ပြုရင်း ရှေ့လျှောက်လည်း အောင်မြင်ပါစေကြောင်း Preps 101 team မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။


TOEFL iBT က ခက်သလား?အားလုံးပဲ မင်္ဂလာပါ Preps 101 မှ  ကြိုဆို    လိုက်ပါတယ်။ ဒီနေ့မှာ တော့ အခုချိန်ထိ test takers တွေကြာ...
10/04/2022

TOEFL iBT က ခက်သလား?

အားလုံးပဲ မင်္ဂလာပါ Preps 101 မှ ကြိုဆို လိုက်ပါတယ်။ ဒီနေ့မှာ တော့ အခုချိန်ထိ test takers တွေကြားမှာ မေးနေကြဆဲဖြစ်တဲ့ မေးခွန်းလေးဖြစ်တဲ့ TOEFL iBT က ပို ခက် သလားရယ် TOEFL ဖြေဖို့အတွက် ဘယ်လို strategy တွေလိုအပ်တာလဲနဲ့ ပတ်သတ်ပြီး ဆွေးနွေးပေးသွားမှာပဲဖြစ်ပါတယ် ။

ပထမဆုံးပြောရမယ်ဆိုရင်တော့ တကယ်တမ်း တစ်ယောက်နဲ တစ်ယောက်အကြိုက်ပေါ်ပဲ မူတည်ပါတယ်။ အကယ်၍ သင်ဟာ multiple choice တွေနဲ့ note-taking လုပ်ရတာကိုကြိုက်တဲ့ သူဆိုရင်တော့ TOEFL ကို ပိုသဘောကျမှာပါ။ ( i personally prefer TOEFL than IELTS too)
TOEFL က ခက်သလားဆိုရင်တော့ မခက်ပါဘူးနော်။ TOEFL iBT ကို ဖြေဖို့ advanced level အထိလည်း ရောက်နေစရာလည်း မလိုပါဘူး။ ထုံးစံအတိုင်း English exam တွေကတော့ မိမိရဲ့ english စွမ်းရည်ကို စစ်တဲ့ အတွက် အတိုင်းအတာတစ်ခုထိတော့ ခက်ကောင်း ခက်နိုင်ပါတယ်။ ဒါပေမယ့် နည်းလမ်းကျကျ နဲ့ question types တွေ strategies တွေကို ပိုင်နိုင်ပြီး များများ practice မယ်ဆိုရင် self-study လုပ်ရုံနဲ့ လိုချင်တဲ့ score ကို ရသွားမှာပဲ ဖြစ်ပါတယ်။

TOEFL ဖြေဖို့ အတွက် အဓိကကျတဲ့ strategy တွေကတော့

☘️Skill တစ်ခုစီတိုင်းရဲ့ format ကို အရင်သိအောင်လုပ်ပါ။

☘️Vocabulary လေးတွေနည်းနည်းစီလေ့လာပါ။

☘️နားထောင်နေရင်း Note-taking သေချာလုပ်နိုင်တာက အရေးကြီးပါတယ်။ notes ရေးဖို့အတွက် transparent ဖိုင်အကြည်နဲ့ marker pen သို့မဟုတ် whiteboard အသေးနဲ့ marker pen တို့မှာ ရေးကျင့်သင့်ပါတယ်။ တကယ့် exam မှာလည်း အဲ့ဒီ materials လေးတွေသုံးပြီးဖြေရပါတယ်။
listening မှာ lecture or conversation တွေကို အစအဆုံး အရင်နားထောင်ပြီးမှ multiple choice မေးခွန်းတွေကို ဖြေရလို့ပဲ ဖြစ်ပါတယ်။ တစ်ခါပဲ နားထောင်လို့ရပါမယ်။ ဒါပေမယ့် လူတိုင်း အကြိုက်စီမတူကြပါဘူး တစ်ချို့ကတော့ listening မှာ notes မရေးပဲ ဒီတိုင်းနားထောင်ပြီး ဖြေရတာကို အဆင်ပြေကြတာလည်းရှိပါတယ်။
Note-taking အတွက် အရေးကြီးတာကတော့ speaking နဲ့ writing လို့ personally ယူဆပါတယ်။ အဲ့ အပိုင်းတွေကိုတော့မဖြစ်မနေ note-taking လုပ်သင့်ပါတယ်။

☘️Strategy သိအောင်လုပ်ပါ။ ဘယ်မေးခွန်းပုံစံကို မိမိအနေနဲ့ ဘယ်လိုဖြေရမလဲလေ့လာပါ။ ထုံးစံအတိုင်း tips and tricks တွေကတော့ အများကြီးမို့ ကိုယ်နဲ့ အကိုက်ဆုံး strategy ကို သိအောင်လုပ်ပါ။

☘️နောက်တစ်ခုကတော့ practice များများလုပ်ဖို့ပါ။ practice tests တွေကို အချိန်နဲ့ တပြေးညီ သေချာလေ့ကျင့်သင့်ပါတယ်။ စစချင်းမှာ အချိန်မမှတ်သေးပဲ လုပ်ပါ။ နောက်ပိုင်းမှာအချိန် နဲ့ သေချာ မှတ်ပြီး ဖြေကျင့်သင့်ပါတယ်။ so yeah, PRACTICE PRACTICE PRACTICE! (the more you practice, the better)

☘️ကိုယ့်အားနည်းချက်ကိုသိအောင်လုပ်ပါ။ မှားရင်လည်း ဘာကြောင့်မှားတယ်ဆိုတာ စစ်သင့်ပြီးမှန်သွားရင်လည်း ဘာကြောင့်မှန်တယ်ဆိုတာ အမြဲ သိအောင်လုပ်ပါ။ ဒါအရမ်းအရေးကြီးပါတယ်။ ဘာမှားတယ်မှန်တယ်ကို မကွဲပြားပဲဒီတိုင်း လေ့ကျင့်မယ်ဆိုရင် အမှတ် တက်လာတော့မှာမဟုတ်ပါဘူး။

☘️အချိန်တစ်ခုသတ်မှတ်ပြီး နေ့စဉ် ပုံမှန်လုပ်ပါ။

☘️Last but not least, အများကြီး လုပ်စရာမလိုပါဘူးနော်။ ဦးနှောက်က အများကြီး absorb မလုပ်နိုင်တဲ့အတွက် စိတ်အေးလက်အေးနဲ့ပဲ လုပ်ဖို့ ကိုယ်ပိုင် အတွေ့အကြုံအရ recommend လိုက်ပါတယ်နော်။
ဒါလေးတွေကတော့ overall tips လေးတွေပါ။ skill တစ်ခုဆီအတွက် tips လေးတွေကိုတော့နောက်လာမယ့် ပို့စ်လေးတွေမှာ share ပေးပါမယ်နော်။
အားလုံးပဲ အဆင်ပြေကြမယ်လို့ မျှော်လင့်ပါတယ်။


နိုင်ငံခြားမှာ scholarships or ကျောင်းလျှောက်ဖို့ ဘာdocuments တွေလိုအပ်လဲ? ‼️ဒီအကြောင်းအရာလေးကတော့ တော်တော်များများလည်း ...
08/04/2022

နိုင်ငံခြားမှာ scholarships or ကျောင်းလျှောက်ဖို့ ဘာdocuments တွေလိုအပ်လဲ? ‼️

ဒီအကြောင်းအရာလေးကတော့ တော်တော်များများလည်း သိပြီးသားဖြစ်မှာပါ။ ဒါပေမယ့် မသိသေးတဲ့ Bachelors အတွက် ကျောင်းလျှောက်ချင်တဲ့ ကျောင်းသား ကျောင်းသူများ ကို ရည်ရွယ်ပြီး Preps 101 မှ share ပေးလိုက်ပါတယ်နော်။ လာမေးတဲ့ ကလေးတွေလည်း ပို အဆင်ပြေအောင်ပါ❤️

ကျောင်းလျှောက်ဖို့ အဓိကလိုအပ်တာတွေကတော့

☘️ သက်တမ်းတိုးပြီး သား passport သို့မဟုတ် အနည်း ဆုံး သက်တမ်းခြောက်လကျန်သော passport ( Scan ဖတ်ထားရပါမယ် )

☘️ IELTS or TOEFL or sometimes duolingo
IELTS ကတော့ များသောအားဖြင့် 6.5 အနည်းဆုံးတောင်းလေ့ရှိပြီး ကျောင်း ပေါ်မူတည်၍ အနည်းဆုံး 5.5 or 6 စသဖြင့် ကွဲပြားပါမယ်
TOEFL ကတော့ များသောအားဖြင့် 70 နှင့် အထက်တောင်းလေ့ရှိကြပြီးထုံးစံအတိုင်း ကျောင်းပေါ်မူတည်ပြီး 70, 100 စသဖြင့် တောင်းပါမယ်။

☘️ Personal Statement essay or statement of purpose (ကျောင်းကောင်းကောင်းတွေကတော့ တောင်းလေ့ရှိပြီး အရေးကြီးပါတယ်။ scholarship လျှောက်ရင်လည်းလိုအပိပါတယိ။ personal statement နဲ့ ပတ်သတ်ပြီး နောက်ပို့စ်များမှာ သေချာရှင်းပြပါမယ်နော်)

☘️ Matriculation exam transcript, matriculation certificate (ဆယ်တန်းအောင်လက်မှတ်၊ အမှတ်စာရင်းမူရင်းများ +နိုတြီ)

☘️တစ်ခါတစ်ရံ 8,9 တန်း transcript ပါလိုတတ်

☘️university transcript (တက္ကသိုလ် အမှတ်စာရင်း)

☘️Recommendation letters (မတောင်းတဲ့ကျောင်းတွေလည်း ရှိသလို တော်တော်များများကတော့ တောင်းကြပါတယ်)

☘️National ID, Student ID (မူရင်း+ နိုတြီ)

☘️ CV (Resume) (ကျောင်းတိုင်းမလို၊ တစ်ချို့ကျောင်းတွေက optional လို့ပြောလေ့ရှိ၊ ထည့်ပေးလိုက်တာ ပိုကောင်းပါတယ်နော်)

အဓိကလိုတာတွေကတော့ ဒါလေးတွေပဲပေါ့နော်။

TIPS
🎈ကိုယ်လျှောက်ချင်တဲ့ ကျောင်း၊ မေဂျာ သေချာဆုံးဖြတ်ပါ။
🎈 သေချာပြီိဆိုရင် ကျောင်းနာမည်ကို google မှာရိုက်ထည့်လိုက်တာနဲ့ uni website ကျလာမှာပါ။ website ထဲ သေချာဝင်ကြည့်ပြီး requirements , admissions deadline, intake တွေ ၊ application fees , ကျောင်းလခ, ကျောင်းကပေးတဲ့ စကော်လာရှိမရှိ စသဖြင့် သေချာရှာဖတ်စေချင်ပါတယ်။
ကျောင်းတွေ တစ်ကျောင်းနဲ့ တစ်ကျောင်းတောင်းတာမတူလို့ပါနော်
🎈များသောအားဖြင့် online application ဖြစ်တာကြောင့် အထက်ဖော်ပြပါ documents လေးတွေကို scan ဖတ်ထားသင့်ပါတယ်နော်

🎈IETLS , TOEFL or others ကျောင်းကတောင်းတာ ကိုကြည့်ပြီး စပြင်ဆင်ပါ။ ( page မှာလည်း toefl classes လေးတွေစုံစမ်းလို့ရတယ်နော်😜 ဒါကကြော်ငြာ)

🎈recommendation တောင်းထားကြပါ။
နှစ်ခုလောက်လိုတတ်ပါတယ်။ one from academic referee or one from your org or employer (ဘုံ recommendation လေးလည်း ဆောင်ထားသင့်ပါတယ်)

အခုလောက်ဆိုရင်တော့ အားလုံးလည်း သိတန်သလောက်သိကြပြီထင်ပါတယ်နော်။ page လေးကို like & follow ပြီး content လေးတွေ စောင့်ကြည့်ပေးပါဦးနော်။ သိလိုတာများရှိရင်လည်း အချိန်မရွေးလာမေးပါ admin တို့ သိသလောက်ဖြေကြားပေးပါ့မယ်။
အားလုံးပဲ Goood Luck ပါ ☘️


Address

Yangon

Website

Alerts

Be the first to know and let us send you an email when Preps 101 Academy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Preps 101 Academy:

Shortcuts

Share

Category