STI School

STI School STI school academy is offering international recognized Level 2 First Diploma Programs, International Primary, Secondary and IGCSE programs.

We help all youngsters to tie down their future by upgrading their change to a lot of chances after school. The STI School Academy (STISA) is International Centre for vocational education and training. Through its capacity development programs, collaborative projects, and global STISA Network, STISA advocates for quality vocational education and training that is accessible for all. We offer a part

of the training that uses information in the securing of pragmatic and applied ability in the arrangement of specialized and nontechnical issues. STI School Academy gives the chance of obtaining information, ability, capabilities identifying with occupations in different components of economics and social life. We plan understudies mainly for occupations requiring manipulative aptitudes and give aptitudes, capacities, and understanding, attitude, and work propensities required for the valuable and gainful premise. For numerous understudies who are in a problem if they ought to go to school, STI School Academy truly opens a new entryway.

17/08/2026

🎨 စာအုပ်ထဲက သင်ခန်းစာတွေတင်မကဘဲ… တီထွင်ဖန်တီးနိုင်စွမ်းထက်မြက်တဲ့ ကလေးတစ်ယောက်ဖြစ်ဖို့

ကလေးတစ်ယောက်ရဲ့ စိတ်ကူးစိတ်သန်းနဲ့ တီထွင်ကြံဆနိုင်စွမ်းဟာ အနာဂတ်ပညာရေးမှာ မရှိမဖြစ် အရေးပါပါတယ်။
ဒါကြောင့် STIမှာ သင်ရိုးညွှန်းတမ်း သင်ခန်းစာတွေအပြင် ကလေးတွေရဲ့ Creativity & Critical Thinking Skills ကို ပိုမိုထက်မြက်လာစေမယ့် Art Activities များကိုလည်း စနစ်တကျ ထည့်သွင်းသင်ကြားပေးနေပါတယ်ရှင်

ဒီနေ့မှာတော့ ကလေးတွေ နှင့် ဆရာ၊ ဆရာမတို့နဲ့အတူ ပြုလုပ်ဖြစ်ခဲ့ကြတဲ့ Bookmark Art Activity လေးကို ပြန်လည်ပြီး မျှဝေပေးလိုက်ပါတယ်ရှင်

📢 IGCSE & GED အတန်းသစ်များအတွက် ကျောင်းအပ်လက်ခံနေပြီ ဖြစ်လို့

ကလေးတွေရဲ့ အနာဂတ်ပညာရေးအတွက် စနစ်တကျသင်ယူပြီး ကိုယ်ပိုင်အရည်အချင်းတွေ တိုးတက်လာစေဖို့ အခုပဲ စုံစမ်းအပ်နှံနိုင်ပါတယ်ရှင်

Send a message to learn more

📢 We are Hiring! -STI School ၏ Yangon Campus တွင် တာ၀န်ထမ်းဆောင်ရန် အောက်ပါ ရာထူးများအတွက် ခေါ်ယူနေပါပြီ။ 📍 အတွေ့အကြုံ န...
06/08/2026

📢 We are Hiring! -

STI School ၏ Yangon Campus တွင် တာ၀န်ထမ်းဆောင်ရန် အောက်ပါ ရာထူးများအတွက် ခေါ်ယူနေပါပြီ။

📍 အတွေ့အကြုံ နှင့် အရည်အချင်းများပေါ် မူတည်၍ ခန့်အပ်သွားမှာ ဖြစ်ပါတယ်။

လျှောက်ထားလိုသူများအနေဖြင့် -

📩𝗮𝗱𝗺𝗶𝗻@𝘀𝘁𝗶𝗲𝗱𝘂.𝗻𝗲𝘁 📩 သို့ မိမိရဲ့ CV Form နှင့် အတူ အောင်မြင်မှုမှတ်တမ်းများကို ပေးပို့ လျှောက်ထားနိုင်ပါတယ်ရှင်။




🎓 Major ရွေးချယ်ခြင်းက ကိုယ့်အနာဂတ် Career လမ်းကြောင်းကို ရွေးချယ်ခြင်းပါပဲ။တက္ကသိုလ်ဝင်တန်းအောင်ပြီးနောက်မှာ—“ဘယ် Major...
21/07/2026

🎓 Major ရွေးချယ်ခြင်းက ကိုယ့်အနာဂတ် Career လမ်းကြောင်းကို ရွေးချယ်ခြင်းပါပဲ။

တက္ကသိုလ်ဝင်တန်းအောင်ပြီးနောက်မှာ—

“ဘယ် Major ကို ရွေးရမလဲ?”
“ကိုယ့်အတွက် ဘယ်ဘာသာရပ်က သင့်တော်လဲ?”
“အခုရွေးမယ့် Major က အနာဂတ် Career အတွက် အဆင်ပြေပါ့မလား?”

ဆိုတဲ့ မေးခွန်းတွေကြောင့် စိတ်ရှုပ်နေသူတွေအတွက် လက်တွေ့ကျပြီး အကျိုးရှိစေမယ့် အကြံပြုချက်တွေကို မျှဝေပေးဖို့ STI Myanmar College မှ Senior Lecturer ဖြစ်သူ Daw Myat Noe Lwin နဲ့အတူ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ 🎤

🇬🇧 UK Alumni တစ်ဦးဖြစ်သလို Former Presidential Scholar တစ်ဦးလည်းဖြစ်တဲ့ ဆရာမ Daw Myat Noe Lwin ဟာ UK နိုင်ငံမှာ Master in TESOL with Applied Linguistics ဘွဲ့ကို ရရှိခဲ့သူ ဖြစ်ပါတယ်။

နိုင်ငံတကာပညာရေးနှင့် Higher Education ဆိုင်ရာ အတွေ့အကြုံများစွာရှိသူတစ်ဦးအနေဖြင့် ကျောင်းသား၊ ကျောင်းသူများအတွက်—

✨ Academic Path ရွေးချယ်ခြင်း
✨ Higher Education ပြင်ဆင်ခြင်း
✨ Career Direction
✨ Study Planning
✨ Scholarship Opportunities
✨ Personal Statement နှင့် Motivational Letter ရေးသားခြင်း

တို့အတွက် လမ်းညွှန်အကြံပြုချက်များကို မျှဝေပေးလျက်ရှိပါတယ်။

ဒီ Webinar မှာတော့ ကိုယ့်အတွက် သင့်တော်တဲ့ Major ကို ရွေးချယ်နိုင်ဖို့ လိုအပ်တဲ့ အချက်အလက်တွေအပြင် အနာဂတ် Career Path နဲ့ ပတ်သက်တဲ့ လက်တွေ့အသုံးဝင်တဲ့ အကြံပြုချက်တွေကိုလည်း ရရှိနိုင်မှာပါ။ 📚

ဒီလို Professional ဆရာမနှင့် ကိုယ်တိုင်ဆွေးနွေးနိုင်ပြီး ၁၀၀% အခမဲ့လည်း တက်ရောက်နိုင်မယ့် ဒီအခွင့်အရေးကို လက်လွတ်မခံလိုက်ပါနဲ့။

📅 Sunday, 26 July 2026
🕒 1:00 PM – 3:00 PM
💻 Online via Zoom

👉 အခုပဲ Registration ပြုလုပ်ပြီး ကိုယ့်အနာဂတ်အတွက် ပိုမိုမှန်ကန်တဲ့ ဆုံးဖြတ်ချက်တစ်ခုကို စတင်လိုက်ပါ။

🔗 Registration Link: https://forms.gle/Zhv4Jjc9M9qU33S38

📌 Zoom Link ကို STI Telegram Channels များတွင် မျှဝေပေးသွားမည်ဖြစ်သောကြောင့် Channel များကို Join ထားဖို့ မမေ့နဲ့နော်။

သူငယ်ချင်းတွေကတော့ တက်မယ့်ကျောင်းတွေ၊ Major တွေ ရွေးပြီးနေပြီ...ကိုယ်ကတော့ ဘာကို ရွေးချယ်ရမှန်း မသိသေးလို့ ခေါင်းရှုပ်နေ...
16/07/2026

သူငယ်ချင်းတွေကတော့ တက်မယ့်ကျောင်းတွေ၊ Major တွေ ရွေးပြီးနေပြီ...ကိုယ်ကတော့ ဘာကို ရွေးချယ်ရမှန်း မသိသေးလို့ ခေါင်းရှုပ်နေတုန်းပဲလား

တက္ကသိုလ်ဝင်တန်းအောင်ပြီးသွားတဲ့အချိန်က ပျော်စရာအကောင်းဆုံးဖြစ်သလို၊ အနာဂတ်အတွက် စိတ်အလှုပ်ရှားရဆုံး အချိန်ဆိုလည်း မမှားပါဘူး။
ဒါပေမဲ့ Major တစ်ခုကို သူများတက်လို့ လိုက်တက်တာမျိုး၊ ဘာမှန်းသေချာမသိဘဲ ရမ်းရွေးလိုက်တာမျိုးက ကိုယ့်ရဲ့ ၄ နှစ်တာ အချိန်တွေ သဲထဲရေသွန်ဖြစ်သွားနိုင်ပါတယ်။

ကိုယ့်ဝါသနာနဲ့ ကိုက်ညီပြီး အနာဂတ် Career အတွက်ပါ သေချာတဲ့ လမ်းကြောင်းတစ်ခုကို ရွေးချယ်နိုင်ဖို့ "တက္ကသိုလ်ဝင်တန်းအောင်ပြီး Major ရွေးချယ်တဲ့အခါ ဘယ်အချက်တွေကို သိထားသင့်လဲ။" ဆိုတဲ့ အခမဲ့ Online Webinar လေးကို ဖိတ်ခေါ်လိုက်ပါတယ်နော်။

ဒီ Webinar မှာ ဘာတွေဆွေးနွေးသွားမလဲ

✅ကိုယ့်ရဲ့ ဝါသနာ၊ အားသာချက်တွေနဲ့ ကိုက်ညီတဲ့ ဘာသာရပ်ကို မှန်ကန်စွာ ဘယ်လိုရှာဖွေမလဲ။

✅လက်ရှိလုပ်ငန်းခွင် Industry Trends တွေနဲ့ အနာဂတ် Career Path ကို လေ့လာပြီး Major ဘယ်လိုရွေးချယ်မလဲ။

✅Major ရွေးချယ်တဲ့အခါ အများဆုံး မှားယွင်းတတ်တဲ့ အချက်များနဲ့ ရှောင်ကြဉ်ရမယ့်အရာများ။

✅ဆုံးဖြတ်ချက်ချရခက်နေသူများအတွက် Senior Lecturer ဆရာမ Daw Myat Noe Lwinနှင့် တိုက်ရိုက် အမေးအဖြေ (Q&A) အစီအစဉ်။

Webinar အသေးစိတ်အချက်အလက်များ
ခေါင်းစဉ်: တက္ကသိုလ်ဝင်တန်းအောင်ပြီး Major ရွေးချယ်တဲ့အခါ ဘယ်အချက်တွေကို သိထားသင့်လဲ။
နေ့ရက်: 𝐖𝐞𝐝𝐧𝐞𝐬𝐝𝐚𝐲, 𝟐𝟐 𝐉𝐮𝐥𝐲 𝟐𝟎𝟐𝟔
အချိန်: 𝟑:𝟎𝟎 𝐏𝐌 𝐭𝐨 𝟓:𝟎𝟎 𝐏𝐌
Speaker: 𝐃𝐚𝐰 𝐌𝐲𝐚𝐭 𝐍𝐨𝐞 𝐋𝐰𝐢𝐧 - 𝐒𝐞𝐧𝐢𝐨𝐫 𝐋𝐞𝐜𝐭𝐮𝐫𝐞𝐫 𝐟𝐫𝐨𝐦 𝐭𝐡𝐞 𝐅𝐚𝐜𝐮𝐥𝐭𝐲 𝐨𝐟 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐚𝐧𝐝 𝐋𝐢𝐧𝐠𝐮𝐢𝐬𝐭𝐢𝐜𝐬

ပါဝင်တက်ရောက်ချင်တယ်ဆိုရင်တော့ အောက်ပါ Link ကနေတစ်ဆင့် အခုပဲ (အခမဲ့) စာရင်းပေးသွင်းနိုင်ပါပြီ။
🔗 𝐑𝐞𝐠𝐢𝐬𝐭𝐫𝐚𝐭𝐢𝐨𝐧 𝐋𝐢𝐧𝐤: https://forms.gle/J8rPnsy6pmHQRAz36

Webinar အတွက် 𝐙𝐨𝐨𝐦 𝐋𝐢𝐧𝐤ကိုတော့ 𝐒𝐓𝐈 𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐂𝐡𝐚𝐧𝐧𝐞𝐥𝐬 တွေမှာ ချပေးသွားမှာဖြစ်လို့ Channels တွေကို မဖြစ်မနေ Joinထားဖို့ မမေ့နဲ့နော်။
Telegram အား Commentမှာ ပေးထားသော Linkများမှ တစ်ဆင့် Join နိုင်ပါတယ်ရှင်။

14/05/2026

✨ 𝐇𝐨𝐧𝐨𝐫𝐢𝐧𝐠 𝐒𝐮𝐜𝐜𝐞𝐬𝐬: 𝐒𝐓𝐈 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐒𝐜𝐡𝐨𝐨𝐥’𝐬 𝟐𝐧𝐝 𝐀𝐰𝐚𝐫𝐝𝐢𝐧𝐠 𝐂𝐞𝐫𝐞𝐦𝐨𝐧𝐲 ✨

𝐒𝐓𝐈 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐒𝐜𝐡𝐨𝐨𝐥 ၏ 𝟐𝐧𝐝 𝐀𝐰𝐚𝐫𝐝𝐢𝐧𝐠 𝐂𝐞𝐫𝐞𝐦𝐨𝐧𝐲 ကို 9th May 2026 (Saturday) တွင် ကျောင်းသား၊ ကျောင်းသူများ၏ ကြိုးစားအားထုတ်မှုများနှင့် အောင်မြင်မှုများကို ဂုဏ်ပြုချီးမြှင့်ရင်း အောင်မြင်စွာ ကျင်းပခဲ့ပါတယ်ရှင်... 🎓🏆

အခမ်းအနားတွင် ဂုဏ်ယူဖွယ် Awarding Moments များနှင့်အတူ အထူးအစီအစဉ်အဖြစ် တေးသံရှင် J Fire မှ လာရောက်ဖျော်ဖြေတင်ဆက်ပေးခဲ့ပြီး ပျော်ရွှင်ဖွယ် အမှတ်တရကောင်းများကို ဖန်တီးပေးခဲ့ပါတယ်ရှင်...🎤✨

Awarding Ceremony မှ အမှတ်တရပုံရိပ်များ (Part-3) ကို မျှဝေပေးလိုက်ရင်း ပါဝင်အားပေးခဲ့ကြသူများအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ရှင်...💙

Together, We Celebrate Achievement & Success...💙




14/05/2026

✨ 𝐇𝐨𝐧𝐨𝐫𝐢𝐧𝐠 𝐒𝐮𝐜𝐜𝐞𝐬𝐬: 𝐒𝐓𝐈 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐒𝐜𝐡𝐨𝐨𝐥’𝐬 𝟐𝐧𝐝 𝐀𝐰𝐚𝐫𝐝𝐢𝐧𝐠 𝐂𝐞𝐫𝐞𝐦𝐨𝐧𝐲 ✨

𝐒𝐓𝐈 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐒𝐜𝐡𝐨𝐨𝐥 ၏ 𝟐𝐧𝐝 𝐀𝐰𝐚𝐫𝐝𝐢𝐧𝐠 𝐂𝐞𝐫𝐞𝐦𝐨𝐧𝐲 ကို 9th May 2026 (Saturday) တွင် ကျောင်းသား၊ ကျောင်းသူများ၏ ကြိုးစားအားထုတ်မှုများနှင့် အောင်မြင်မှုများကို ဂုဏ်ပြုချီးမြှင့်ရင်း အောင်မြင်စွာ ကျင်းပခဲ့ပါတယ်ရှင်... 🎓🏆

အခမ်းအနားတွင် ဂုဏ်ယူဖွယ် Awarding Moments များနှင့်အတူ အထူးအစီအစဉ်အဖြစ် တေးသံရှင် J Fire မှ လာရောက်ဖျော်ဖြေတင်ဆက်ပေးခဲ့ပြီး ပျော်ရွှင်ဖွယ် အမှတ်တရကောင်းများကို ဖန်တီးပေးခဲ့ပါတယ်ရှင်...🎤✨

Awarding Ceremony မှ အမှတ်တရပုံရိပ်များ (Part-2) ကို မျှဝေပေးလိုက်ရင်း ပါဝင်အားပေးခဲ့ကြသူများအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ရှင်...💙

Together, We Celebrate Achievement & Success...💙




ပြည်သူ့ကျန်းမာရေးကဏ္ဍရဲ့ အနာဂတ်လမ်းကြောင်း - Global Opportunities & Career Pathways Panel Discussion 🩺🌍အနာဂတ်မှာ အလားအလာ...
05/05/2026

ပြည်သူ့ကျန်းမာရေးကဏ္ဍရဲ့ အနာဂတ်လမ်းကြောင်း - Global Opportunities & Career Pathways Panel Discussion 🩺🌍

အနာဂတ်မှာ အလားအလာအကောင်းဆုံးနဲ့ ကမ္ဘာလုံးဆိုင်ရာ အခွင့်အလမ်းတွေ အပြည့်ရှိနေတဲ့ Public Health (လူထုကျန်းမာရေး) နယ်ပယ်အကြောင်းကို တစ်နေရာတည်းမှာ အသေးစိတ် လေ့လာနိုင်မယ့် အခွင့်အရေးကြီး လာပါပြီ။

ဒီပွဲမှာဆိုရင် နယ်ပယ်အသီးသီးက ပညာရှင်တွေနဲ့ Industry Leaders များရဲ့ အဖိုးတန်အတွေ့အကြုံတွေကို တိုက်ရိုက်နားထောင်နိုင်မှာဖြစ်သလို၊ မိမိရဲ့ အနာဂတ် Career လမ်းကြောင်းအတွက်လည်း အကြံဉာဏ်ကောင်းတွေ ရရှိမှာဖြစ်ပါတယ်။

ပွဲမှာ ဘာတွေလေ့လာနိုင်မလဲ?
✨ ပြည်သူ့ကျန်းမာရေးပညာရပ်ရဲ့ အနာဂတ်အလုပ်အကိုင် အခွင့်အလမ်းများ
✨ မြို့ပြကျန်းမာရေး စိန်ခေါ်မှုများနှင့် အခွင့်အလမ်းသစ်များ
✨ Public Health ဘွဲ့ရရှိပြီးနောက် ရရှိလာမည့် အကျိုးကျေးဇူးနှင့် ခိုင်မာသော အလုပ်အကိုင် အလားအလာများ
✨ အောင်မြင်နေသော Alumni များ၏ အတွေ့အကြုံများ ကိုလေ့လာနိုင်မှာဖြစ်ပါတယ်

ဒါ့အပြငဝါရင့် အတွေ့အကြုံရှိ ဆရာကြီး၊ ဆရာမကြီးများနှင့် လုပ်ငန်းခွင်ကျွမ်းကျင်သူ Dr. များစွာ ပါဝင်ဆွေးနွေးသွားမည့် Panel Discussion✨

ပညာရေးလမ်းကြောင်းအတွက် အခမဲ့ဆွေးနွေးတိုင်ပင်နိုင်မည့် Networking & Consultation Session များပါဝင်မှာဖြစ်ပါတယ်✨

ပွဲတက်ရောက်သူများအတွက် အထူးအခွင့်အရေးအနေနဲ့ ပွဲတက်ရောက်ပြီး 48 နာရီအတွင်း ကျောင်းအပ်နှံသူများအတွက် ဦးစားပေး အထူးအခွင့်အရေးများ (Priority Consideration) ရရှိမှာဖြစ်ပါတယ်။

မိဘများ၊ ကျောင်းသား/သူများနှင့် ကျန်းမာရေးနယ်ပယ်ကို စိတ်ဝင်စားသူ မည်သူမဆို တက်ရောက်နိုင်ပါတယ်ရှင်။

📍 လူဦးရေကန့်သတ်ထားတာမို့လို့် အမြန်ဆုံး စာရင်းပေးသွင်းဖို့ လိုအပ်ပါတယ်နော်။

📅 နေ့ရက် - 17th May 2026 (Sunday)
⏰ အချိန် - 9:30 AM - 12:00 Noon
📍 နေရာ - Pathein Room, Novotel Hotel

🔗 အခမဲ့စာရင်းပေးသွင်းရန် (Registration Link) -
https://forms.gle/wtyC3RdpbpeZiNyLA

အနာဂတ်မှာ ကမ္ဘာ့အဆင့်မီ ပြည်သူ့ကျန်းမာရေးပညာရှင်တစ်ယောက် ဖြစ်လာဖို့ အခုပဲ စတင်လိုက်ပါ။ 🚀

🌍 ကမ္ဘာ့အလုပ်သမားများနေ့ (May Day) 🌍မေလ (၁) ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့အလုပ်သမားများနေ့အား လေးစားစွာဂုဏ်ပြုအပ်ပါသည်💐နေ့...
01/05/2026

🌍 ကမ္ဘာ့အလုပ်သမားများနေ့ (May Day) 🌍

မေလ (၁) ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့အလုပ်သမားများနေ့အား လေးစားစွာဂုဏ်ပြုအပ်ပါသည်💐

နေ့စဉ်ဘဝအတွက် မမြင်သာသောနေရာများတွင်ပင် အားထုတ်ကြိုးစားနေကြသော အလုပ်သမားများအားလုံး၏ ခြေလှမ်းတိုင်းဟာ လူမှုအသိုင်းအဝိုင်း တိုးတက်ရေးအတွက် အရေးပါဆုံး အင်အားတစ်ရပ် ဖြစ်ပါတယ်ရှင်...🤩

သင်တို့၏ စွမ်းအား၊ ဇွဲလုံ့လများနှင့် တာဝန်ယူမှုများကြောင့် ကမ္ဘာကြီးသည် ပိုမိုကောင်းမွန်လာခြင်းဖြစ်ပါတယ်...🤩

ယနေ့ကျရောက်သော ကမ္ဘာ့အလုပ်သမားများနေ့မှစ အလုပ်သမားများအားလုံး၏ အခွင့်အရေးများ လုံခြုံရရှိနိုင်ကြပါစေ။
ကျန်းမာချမ်းသာ၍ အောင်မြင်မှုများ ဆက်လက်ရရှိကြပါစေ။ 🙏




ကဆုန်လပြည့်နေ့ 🌕 ကဆုန်လပြည့်နေ့အခါသမယတွင် ဗုဒ္ဓဘာသာဝင်အပေါင်းတို့အားလုံးကို လေးစားဂုဏ်ပြုအပ်ပါသည်...🙏ကဆုန်လပြည့်နေ့သည် ဗ...
30/04/2026

ကဆုန်လပြည့်နေ့ 🌕

ကဆုန်လပြည့်နေ့အခါသမယတွင် ဗုဒ္ဓဘာသာဝင်အပေါင်းတို့အားလုံးကို လေးစားဂုဏ်ပြုအပ်ပါသည်...🙏

ကဆုန်လပြည့်နေ့သည် ဗုဒ္ဓမြတ်စွာဘုရား၏ မွေးဖွားခြင်း၊ ဗုဒ္ဓဖြစ်ခြင်းနှင့် ပရိနိဗ္ဗာန်ဝင်ခြင်းတို့ကို သတိရအောက်မေ့ရသော ထူးခြားသောနေ့တစ်နေ့ ဖြစ်သည့်အပြင် ညောင်ပင်များအား ရေချမ်းလောင်းလှူခြင်းဖြင့် ကုသိုလ်ပြုလုပ်ကြသော ဗုဒ္ဓဘာသာမြန်မာလူမျိုးများ၏ အထွတ်အမြတ်ထားရာ နေ့ထူးနေ့မြတ် တစ်ရက်လည်း ဖြစ်ပါတယ်ရှင်... 🙏

ဒီနေ့အခါသမယတွင် စိတ်ချမ်းသာခြင်း၊ သာယာအေးချမ်းခြင်းများ ပြည့်စုံကြပါစေ။
ကောင်းမှုကုသိုလ်များ ပြုလုပ်နိုင်ကြပါစေ။
ဘဝခရီးတွင် အလင်းရောင်ကဲ့သို့ သာယာချမ်းမြေ့မှုများ ရရှိကြပါစေကြောင်း STI မိသားစု မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်....🙏




ကဆုန်လပြည့်နေ့နှင့် ကမ္ဘာ့အလုပ်သမားနေ့ ကျောင်းပိတ်ရက် ကြေငြာခြင်း ၃၀.၄.၂၀၂၆ (ကြာသပတေးနေ့) မှ ၁.၅.၂၀၂၆ (သောကြာနေ့) များသည...
29/04/2026

ကဆုန်လပြည့်နေ့နှင့် ကမ္ဘာ့အလုပ်သမားနေ့ ကျောင်းပိတ်ရက် ကြေငြာခြင်း

၃၀.၄.၂၀၂၆ (ကြာသပတေးနေ့) မှ ၁.၅.၂၀၂၆ (သောကြာနေ့) များသည် ကဆုန်လပြည့်နေ့နှင့် ကမ္ဘာ့အလုပ်သမားနေ့ ရုံးပိတ်ရက်များ ဖြစ်ပါသောကြောင့် 𝐒𝐓𝐈 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐂𝐨𝐥𝐥𝐞𝐠𝐞 ၏ ကျောင်း နှင့် ရုံးခွဲများ အားလုံးပိတ်ထားမည်ဖြစ်ပါကြောင်း လေးစားစွာဖြင့် အသိပေး ကြေညာအပ်ပါတယ်ရှင်...

#𝗦𝗧𝗜
#𝗦𝗧𝗜𝗦𝗰𝗵𝗼𝗼𝗹
#𝗦𝗧𝗜𝗛𝗲𝗮𝗹𝘁𝗵𝗦𝗰𝗶𝗲𝗻𝗰𝗲

Address

Block 10, MICT Park, Hlaing University Campus Road, Hlaing Township
Yangon

Alerts

Be the first to know and let us send you an email when STI School posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to STI School:

Shortcuts

Share

Category