Unit-1 Story, "Ants"
Phonics သင်ရတဲ့ ရည်ရွယ်ချက်က အသံထွက်မှန်ကန်စွာ စာကောင်းကောင်းဖတ်နိုင်ဖို့အတွက် အဓိကဆိုပေမယ့်
ကလေးတွေအတန်းကြီးလာတဲ့အခါ Reading Comprehension အတွက်ပါ အလေ့အကျင့်ရစေဖို့ End of unit story ဖတ်ပြီးတိုင်း story ပါ အကြောင်းအရာလေးတွေကို မေးခွန်းလေးတွေ မေးပြီး အခုထဲက practice လုပ်စေပါတယ်။ 🤎
Khin's English
Whatever you do, do it well! �
Walt Disney
15/01/2025
Teach vs. Learn
Teach - ပညာရပ် (သို့) အတတ်ပညာတစ်ခုကို နားလည်တတ်မြောက်စေရန် ရှင်းလင်းသင်ကြားပေးသည်။
teach (something) to (someone)
Learn - ပညာရပ် (သို့) အတတ်ပညာတစ်ခုကို နားလည်တတ်မြောက်စေရန် (ရှင်းလင်းသင်ကြားပေးသောသူ/တစ်စုံတစ်ရာ) ထံမှ သင်ယူသည်။။
learn (something) from (someone/something)
ဒီ action verb နှစ်လုံးကိုတော့ လူကြီးတွေ မှားလေ့မရှိပါဘူး။ ကလေးငယ်လေးတွေတော့ မှားသုံးတတ်တာလေး ခဏခဏတွေ့ရလို့ပါ။
I learn English from Tr. Khin.
ဒီလို သုံးရမယ့်အစား
I teach English from Tr. Khin. လို့ သုံးမိတတ်ကြတာတွေ့ရပါတယ်။
ဒါလေးကိုတော့ ကလေးတွေအတွက် ရှင်းလင်းလွယ်ကူသွားအောင် teacher ဆိုတဲ့ စကားလုံးလေးကိုပဲ မှတ်ခိုင်းလိုက်ရင် ရပါပြီ။
Teacher ဆိုတာ သင်ပေးတဲ့ ဆရာ၊ဆရာမတွေကို ခေါ်တာဖြစ်လို့ teach ကို သင်ပေးတဲ့သူအတွက်ပဲ သုံးရမှာဖြစ်ပါတယ်လို့ပဲ မှတ်သားရင် ရပါပြီ။
ဒါဆို တစ်ဘက် ဆန့်ကျင်ဘက် side က စာသင်သား၊ ကျောင်းသူကျောင်းသား၊ သင်ယူသူတွေအတွက် သုံးချင်ရင် learn သုံးရမယ်ဆိုတာ အလိုလို understood ပေါ့နော်။
ဒါကြောင့် အခုနောက်ပိုင်း native speakerတွေက ကျောင်းသူကျောင်းသားကို student သုံးတဲ့အစား learner လို့ သုံးကြတာကို ပိုပြီးတွေ့လာရတာ ဖြစ်ပါတယ်။
Teach နဲ့ Learn မှာ Teach ကို teacher တွေအတွက် သုံးတယ်လို့မှတ်ရင် သင်ယူသူတွေ side က ပြောချင်ရင် Learn ကို သုံးရမယ်ဆိုတာ.....
အခုလောက်ဆိုရင် နောက်ထပ် မရောလောက်တော့ဘူးလို့ ထင်ပါတယ်နော်။ 👍
Example sentence လေး နှစ်ကြောင်းကို ကြည့်ကြရအောင်ပါ။
She came here to teach English.
သူမဟာ English စာသင်ပေးဖို့ ဒီနေရာကို ရောက်ရှိနေခဲ့တာ ဖြစ်ပါတယ်။
She came here to learn English.
သူမဟာ English စာသင်ယူဖို့ ဒီနေရာကို ရောက်ရှိနေခဲ့တာ ဖြစ်ပါတယ်။
လေ့လာသူတွေကိုယ်တိုင်လည်း ပိုပြီး လွယ်လွယ်မမေ့အောင်လို့
တီချယ်ခင်ရေးပြသလို example sentence လေးတွေ ရေးကြည့်ကြဖို့ အကြံလေးပေးပါရစေ။ 👍
အားလုံးပဲ အကျိုးရှိ အသုံးတည့်ကြပါစေနော်။
တီချယ်ခင် 🤎
14/01/2025
Hello from Khin's English! 🤎
ဒီ post လေးကတော့ teacher တွေ parents တွေအတွက် အသုံးဝင်ပါလိမ့်မယ်။ ကိုယ့် တပည့်လေးတွေ သားသားမီးမီးလေးတွေကို တော်လိုက်တာ။ မှန်တယ်။ စသဖြင့် compliment လုပ်တဲ့အခါ ( ချီးကျူးစကား၊ ချီးမွမ်းစကား ပြောဆိုတဲ့အခါ) အမျိုးမျိုး ပြောင်းသုံးလို့ရအောင် တီချယ်ခင် စုဆောင်းမိသမျှလေး ပြန်ဝေမျှပေးတာပါ။
ကလေးတွေကိုမှ မဟုတ်ပါဘူးနော်။ ဘယ်သူ့ကိုပဲ compliment ပေးချင်ပေးချင် သုံးလို့ရတဲ့ စကားလေးတွေပါ။
👇👇👇
That's the right one!
You’ve got this!
Well spotted!
You're incredible!
That's spot on!
You’re crushing it!
Too good!
You hit the bullseye!
You're a star!
You got it right!
Exactly right!
You’re a genius!
You're on fire!
Bravo!
Absolutely nailed it!
Perfect answer!
Exact answer!
You’re brilliant!
You’re a pro!
Way to go!
You’re on point!
အကျိုးရှိ အသုံးတည့်ကြပါစေနော်။
တီချယ်ခင် 🤎
11/01/2025
Hello from Khin's English! 🤎
ဒီတစ်ခါမှာတော့
Oxford Dictionary ထဲမှာ မကြာသေးမီကမှ အသစ်ထည့်သွင်း ဖော်ပြခြင်းခံရတဲ့ verb အသစ်လေး တစ်လုံးနဲ့ မိတ်ဆက်ပေးပါစေ။
Chillax = Chill + Relax
(Verb (slang/ Informal))
- to relax or calm down
- to take it easy
- to relax and stop feeling angry or nervous about something.... စတဲ့ အဓိပ္ပာယ်တွေပါပဲ။
chill ရဲ့ informal meaning တွေဖြစ်တဲ့
relaxed, calm, or easygoing ဆိုတဲ့ သဘောရယ်....
relax ရဲ့ less stressed out or tense ဆိုတဲ့ ခံစားမှုမျိုးရယ်....
ပေါင်းပြီး chillax ဆိုတဲ့ verb အသစ်လေးကို သုံးလာကြပါတယ်။
chillax ကို မြန်မာလို အဓိပ္ပာယ်ပြန်ကြည့်ရင်တော့...
စိတ်အပန်းဖြေဖို့ အပူအပင်ကင်းကင်း ပေါ့ပေါ့ပါးပါး စိတ်သက်သာစွာနေသည်။.... လို့ ပြောလို့ရပါတယ်။
Example sentence လေးတွေ ကြည့်ရအောင်နော်။
- He spent the weekend chillaxing at his beach house.
သူသည် ပိတ်ရက်ကို သူ့ရဲ့ ကမ်းခြေအိမ်မှာ စိတ်အပန်းဖြေဖို့ အပူအပင်ကင်းကင်း ပေါ့ပေါ့ပါးပါး စိတ်သက်သာစွာနေရင်း အချိန်ကုန်ဆုံးခဲ့သည်။
- Dude, just chillax!
စိတ်သက်သက်သာသာနေ စိတ်လျှော သူငယ်ချင်း။
( တစ်စုံတစ်ယောက်က စိတ်ဆိုး ဒေါသထွက်နေချိန်၊ စိတ်ပူစိတ်လှုပ်ရှားနေချိန်တွေမှာ စိတ်လျှော့ဖို့ ဖျောင်းဖျ တာမျိုးအတွက်လည်း သုံးလို့ရပါတယ်။ )
- "Hey, chillax. Everything will be fine."
ဟေး... စိတ်လျှော့ စိတ်အေးအေးထားနော်။ အားလုံး အဆင်ပြေသွားမှာပါ။
- Sara's friends told her to chillax when they noticed she was biting her nails.
ဆာရာ စိတ်ပူပန်သောကရောက်နေတာကို သတိထားမိတော့ သူ့သူငယ်ချင်းတွေက စိတ်အေးအေးထားဖို့ ပြောခဲ့ကြတယ်။
- After a hectic week at work, I'm just going to chillax at home this weekend.
တစ်ပတ်လုံး တစ်ချက်မှမနားရဘဲ အလုပ်လုပ်ပြီးတဲ့နောက်
ပိတ်ရက်မှာ စိတ်အေးလက်အေး ပေါ့ပေါ့ပါးပါးနဲ့ အိမ်မှာပဲ အနားယူပါမယ်။
လေ့လာသူတွေကိုယ်တိုင်လည်း ပိုပြီး လွယ်လွယ်မမေ့အောင်လို့
တီချယ်ခင်ရေးပြသလို example sentence လေးတွေ ရေးကြည့်ကြဖို့ အကြံလေးပေးပါရစေ။ 👍
အားလုံးပဲ အကျိုးရှိ အသုံးတည့်ကြပါစေနော်။
တီချယ်ခင် 🤎
09/01/2025
Hello from Khin's English! 🤎
တော်တော်များများက သိသိကြီးနဲ့ မှားမှားသုံးမိနေတတ်တဲ့ opposite action verb တွေထဲက အများဆုံး မှားလေ့ရှိတဲ့ အတွဲတွေကို ရှင်းရှင်းလင်းလင်း ကွဲကွဲပြားပြားနားလည်သွားအောင် တီချယ်ခင်ရဲ့ ကိုယ်ပိုင်တီထွင်မှတ်နည်းလေးနဲ့ရှင်းပြပေးသွားမှာဖြစ်ပါတယ်။
မှတ်မိလွယ်အောင်လို့ ပုံလေးတွေကို သုံးထားပါတယ်နော်။
(1) Lend vs. Borrow
(2) Learn vs. Teach
(3) Push vs. Pull
(4) Take vs. Bring
(5) Give vs. Take
ဒီ post မှာတော့.....
(1) Lend vs. Borrow နဲ့ စလိုက်မယ်နော်။
Lend vs. Borrow
Lend - ငွေကြေး (သို့မဟုတ်) ပစ္စည်း ချေးငှား (ပေး)သည်။
Borrow - ငွေကြေး (သို့မဟုတ်) ပစ္စည်း ချေးငှား (ယူ)သည်။
Lend က ပေးရတဲ့ side ဆိုတော့ Give လို့ မှတ်မယ်။
Borrow က ယူမယ့်သူ ရမယ့်သူဆိုတော့ Get လို့ မှတ်မယ်။
Lend and Borrow = Give and Get
မရသေးဘူး။
Lend က ချေး/ငှားပေးတဲ့ဘက်လား။ ချေး/ငှားယူတဲ့ရတဲ့ဘက်လား။ confused ဖြစ်နေပြန်ပြီဆိုရင် ဒီလိုလေးမှတ်ပါနော်။
L- e - n - d = 4 letters ရှိတယ်ဟုတ်။
G - i - v - e = 4 letters ရှိတယ်။
ဆိုတော့.... အဲ့ဒီ four-letter word နှစ်ခုက အဓိပ္ပာယ် တူတူပဲလို့ မှတ်ထားလိုက်ရင် ရပါပြီ။ 👌
Lend ဟာ give ပေါ့။ ပေးရတဲ့ side ပေါ့။
ဒါဆိုရင်... Borrow က get ဆိုတာ အလိုလို သိသွားပြီလေ။ တကူးတက ထပ်မှတ်စရာ မလိုတော့ဘူးရယ်။
အခုလောက်ဆိုရင်တော့ နောက်ထပ် မရောလောက်တော့ဘူးလို့ ထင်ပါတယ်နော်။ 👍
မှတ်ချက်။ ။ အခြားသူတွေက
lend and borrow = give and take လို့ သုံးကြပါတယ်။ တီချယ်ခင်က ခွဲမှတ်စေချင်လို့ အက္ခရာအလုံးရေ မတူအောင် တမင်တကာကို give and get လို့ မှတ်စေတာပါ။ 👍
Example sentence လေးတွေ ကြည့်ရအောင်ပါ။
Can you lend me your car this evening?
ဒီညနေ ငါ့ကို မင်းကား ငှားပေးနိုင်မလား။
( Lend နော်။ Give နော်။ ပေးရမှာပါ။ ကိုယ့်ကားကို သူ့ကို ငှားပေးလိုက်ဖို့ ပြောတာပါ။ )
I've arranged that we can borrow their car.
( ငါ စီစဉ်ပြီးပြီ။ ငါတို့ သူတို့ရဲ့ကားကို ငှားယူသွားလို့ ရနိုင်ပါတယ်။ )
လေ့လာသူတွေကိုယ်တိုင်လည်း ပိုပြီး လွယ်လွယ်မမေ့အောင်လို့
တီချယ်ခင်ရေးပြသလို example sentence လေးတွေ ရေးကြည့်ကြဖို့ အကြံလေးပေးပါရစေ။ 👍
အားလုံးပဲ အကျိုးရှိ အသုံးတည့်ကြပါစေနော်။
တီချယ်ခင် 🤎
08/01/2025
Hello from Khin's English! 🤎
ဒီတစ်ခါမှာတော့ 2024 မှာ kids တွေ teens တွေ ( Gen Alpha တွေ) ကြား trendy အဖြစ်ဆုံး slang words တွေရဲ့ အဓိပ္ပာယ်တွေကို post by post လေး မျှဝေပေးသွားပါမယ်နော်။
ကိုယ့်သားသမီးတွေ အမြဲ သုံးစွဲနေတဲ့ slang word တွေရဲ့ အဓိပ္ပာယ်တွေက ဘာကိုဆိုလိုတယ်ဆိုတာလေး သိထားတဲ့အခါ လူကြီးမိဘတွေ အနေနဲ့ ဒီစကားလုံးတွေကို ပေးသုံးဖို့ ခွင့်ပြုသင့် မပြုသင့် စဉ်းစားဆုံးဖြတ်လို့ရအောင်ရယ်...
ကိုယ်တိုင်လည်း ခေတ်နောက်ကျ မကျန်လေခဲ့ရအောင်ရယ်... သိထားသင့်တယ်ထင်လို့ ဒီ trendy slang words post တွေကို ရေးရခြင်း ဖြစ်ပါတယ်။
တစ် post မှာ word တစ်လုံး ရှင်းပြပေးသွားပါမယ်နော်။ 😉
( 1 ) Sigma
Sigma ဆိုတဲ့ slang ကို လူတစ်ယောက်က အများထက် သိပ်တော် သိပ်ထူးချွန် သိပ်ချောသိပ်လှ သိပ်အောင်မြင်နေတဲ့အခါမျိုးမှာ သုံးကြပါတယ်။
အရည်အချင်းတစ်ခုခုကြောင့် အများကြား ထင်းထွက်နေတဲ့သူမျိုးအတွက် သုံးပါတယ်။
တစ်စုံတစ်ယောက်က အပေါင်းအသင်းတွေ အများကြီးမလိုဘူး။ လူအများကြီးနဲ့ တရုန်းရုန်း မနေဘူး။
သူ့ တစ်ကိုယ်တည်း တစ်ယောက်တည်းနဲ့လည်း ရဲရဲဝံ့ဝံ့ ရပ်တည်နိုင်တယ်။ အထာ ခပ်ကျကျပေါ့။
အခုခေတ်စကားနဲ့ ပြောရရင်.....
တစ်ယောက်တည်း တောက်ပနေတဲ့ သူမျိုးအတွက် သုံးပါတယ်။
" He's so sigma! " 👌
ဒီစကားလုံးကို သူတို့လေးတွေပါးစပ်က တစ်ချိန်လုံး ပြောနေတာ ကြားဖူးကြပါလိမ့်မယ်။ ကျွန်မတို့ ကလေးတွေ အခု သုံးနေတဲ့ sigma ကတော့ ပိုပြီး ရိုးရှင်းပါတယ်။
" the best! " တဲ့။
အကောင်းဆုံး...ပါပေါ့။
ဥပမာ - အတန်းဖော်သူငယ်ချင်းရဲ့ sneakers အသစ်ကြီးက အရမ်းမိုက်လည်း sigma လို့ ပြောပါလိမ့်မယ်။
" Bro, your new sneakers are so sigma! "
Your sneakers are the coolest!
Your sneakers are the best! .... ဆိုတဲ့ အဓိပ္ပာယ်ပေါ့။
ဒါကြောင့်မို့လို့ သူတို့က
Game နိုင်လည်း sigma...
အမှတ်ကောင်းလည်း sigma....
ဘောလုံးပွဲမှာ ဂိုးသွင်းနိုင်လည်း sigma...
တစ်ခုခု ကောင်းတာ သူတို့ သဘောကျတာ ကြိုက်တာဆိုရင် sigma ပဲ။
" Erm, What the sigma? "
ဒါကတော့.... တစ်ခုခု စိတ်လှုပ်ရှားစရာ အံ့သြစရာကို တွေ့ရ ကြုံရတဲ့အခါ အာမေဋိတ် ဆန်ဆန် သုံးကြတာပါ။
အဓိပ္ပာယ်ရယ်လို့ မယ်မယ်ရရတော့ မရှိပါဘူး။
" ဟမ်... ဘာလား..." ပေါ့။
ရှိသေးတယ်။
သူတို့ကိုယ်သူတို့...
" I feel so sigma ! " တဲ့။
ဆိုလိုတဲ့ သဘောကတော့....
" ငါ အရမ်း အထာကျ နေပါပြီ။ "
" ငါ အရမ်း ဆရာကျ နေပါပြီ " ပေါ့။ 😅
Sigma ဆိုတဲ့ စကားလုံးက SpongeBob memes တွေ ထဲကနေ သူတို့ ပါးစပ်ထဲရောက်သွားတာပါတဲ့။
ဆိုတော့.... Sigma ဆိုတဲ့ word အဓိပ္ပယ်က မကောင်းတာ ရိုင်းတာမျိုး မဟုတ်လို့ သူတို့ကို ပေးသုံးခွင့် ပြုနိုင်ပါတယ်နော်။
အမှန်က Sigma ဆိုတာ Alpha တို့ Beta တို့လို ဂရိအက္ခရာတွေထဲက ၁၈ လုံးမြောက် အက္ခရာပါ။
သူ့မူရင်း အင်္ဂလိပ် အဓိပ္ပာယ်ကိုကလည်း အောင်မြင်၊ ထင်ရှား၊ကျော်ကြား၊ အမှိအခိုကင်း၊ ကိုယ့်အားကိုယ်ကိုး၊ ကိုယ့်ထူးကိုယ်ချွန်၊ ရည်မှန်းချက်ကြီးတဲ့ အထီးတွေအတွက် သုံးပါတယ်။ 😅
Sigma male တွေပေါ့။
ဘာလို့ အထီးတွေအတွက်လို့ ပြောရသလဲဆိုရင် တိရိစ္ဆာန်တွေအတွက်လည်း သုံးလို့ပါ။
ဥပမာ - Sigma wolf
ခုနောက်ပိုင်းတော့ female တွေ အတွက်လည်း sigma ကို သုံးကြပါတယ်။
တစ်ယောက်တည်းတောက်ပနေတဲ့ အမျိုးသမီးတွေအတွက် သုံးနိုင်ပါတယ်နော်။ 👌
Sigma အကြောင်းကတော့ ဒီလောက်ပါပဲ။
အကျိုးရှိ အသုံးတည့်ကြပါစေ။
တီချယ်ခင် 🤎
30/12/2024
Hello from Khin's English! 🤎
ဒီ post လေးကတော့
သားသား မီးမီးတွေကို ကျောင်းစာတွေ အိမ်မှာ ပြန်ကူရင်း၊ ကိုယ်တိုင် စာတွေသင်ရင်း Phonics အလှည့်လည်းရောက်ရော ခေါင်းတွေနောက်ကုန်တဲ့ ဖေဖေ၊ မေမေတို့အတွက်ပါ။
English Phonics နဲ့ ပတ်သက်ပြီး အခြေခံဆိုင်ရာ သိသင့်သိထိုက်သည်များကို ပြည့်ပြည့်စုံစုံလေး လေ့ကျင့်သင်ကြားပေးတဲ့ application လေးတစ်ခုကို တီချယ်ခင် ရှာတွေ့ထားလို့ ဝေမျှပေးတာပါနော်။
Bricks Phonics ဆိုတဲ့ App လေးပါ။
App store ရော Play Store မှာပါ အလွယ်တကူ ရိုက်ရှာပြီး download လုပ်နိုင်တဲ့ free App လေး ဖြစ်ပါတယ်။
ဒီ App လေးက Bricks Education (Korea) က စီစဉ်ထုတ်ဝေတဲ့ Bricks Phonics Level 1 to 5 သင်ရိုး စာအုပ်တွေအတွက် အထောက်အကူအနေအနဲ့ ပြုလုပ်ပေးထားတဲ့ App လေးပါ။ သို့သော် ကျွန်မလေ့လာကြည့်သလောက်တော့ စာအုပ်တွေ မသုံးဘဲ App ချည်းပဲ သုံးပြီး လေ့လာသင်ယူ သွားရင်တောင်မှ တော်တော်လေး အဆင်ပြေမှာကို တွေ့ရပါတယ်။
Bricks Phonics သင်ရိုး စာအုပ်တွေမှာတော့ Level ငါးခုရှိပြီး Level တစ်ခုချင်းစီတိုင်းမှာ Student Book, Workbook နဲ့ Builder ဆိုပြီး စာအုပ် သုံးမျိုးစီ ပါပါတယ်။ ဒီမှာ စာအုပ်ဝယ်ဖို့ ရနိုင် မရနိုင် ကျွန်မလည်း မသိတာမို့ စာအုပ်အကြောင်းတော့ အများကြီး မရေးတော့ပါဘူး။
application ကိုတော့ အလွယ်ကူ download လုပ်လို့ရနိုင်တာမို့ application အကြောင်း ဆက်ပြီး ဝေမျှပေးသွားပါမယ်နော်။ 👍
App ရဲ့ အားသာချက်ကတော့ 100% free download ပါ။
App ကို download လုပ်ပြီးရင် အထဲမှာ Level ငါးခု ခွဲပြီးပါပါမယ်။ Level 1 ကို download လုပ်စရာ မလိုပေမယ့် Level 2 to 5 ကိုတော့ App ထဲမှာ download ပြန်ဆွဲရပါတယ်။
Level တစ်ခုစီကို 300MB ကနေ 400MB လောက်ထိတော့ ပျမ်းမျှ size ရှိပါတယ်။
Level တစ်ခုချင်းစီမှာ Sound, Flashcard, Practice, Story, Game ဆိုပြီး အပိုင်း ငါးပိုင်း ပါဝင်ပါတယ်။ သင်ကြားရေးအပိုင်းမှာတော့ Level တစ်ခုမှာ unit ရှစ်ခုပါပါတယ်။ story လေးတွေကို video file လေးနဲ့ ဖတ်ပြပေးထားတာကလည်း စိတ်ဝင်စားစရာ ကောင်းတာမို့ ကလေးတွေ သဘောကျလောက်ပါမယ်။ phonics Level 1 မစခင်မှာ alphabet တွေကို သီချင်းလေးနဲ့ warm up လုပ်ပေးပြီး လိုအပ်ရင် study ပြန်လုပ်လို့ရအောင်လည်း ထည့်သွင်းပေးထားပါတယ်။
Bricks Phonics App က သုံးဖို့ ရိုးရှင်းလွယ်ကူတာမို့ ဆရာ၊ ဆရာမ မဟုတ်တဲ့ ဖေဖေ၊ မေမေတွေတောင် ခဏလေး လေ့လာကြည့်ရုံနဲ့ နားလည်သဘောပေါက်နိုင်မှာ သေချာပါတယ်။
ကျွန်မရဲ့ phonics class တွေမှာတော့ Oxford Phonics World ကို သင်ပါတယ်။ OPW ကတော့ ကျွန်မအထင် ဆရာ၊ ဆရာမ မဟုတ်ရင် သင်ဖို့ အနည်းငယ် risk ယူကောင်း ယူရနိုင်ပါမယ်။ ဒီ Bricks Phonics က OPW လောက်တော့ အကောင်းဆုံး မဟုတ်ပေမယ့် ( စာအုပ်တွေကို နှိုင်းယှဥ်ခြင်းက ဆရာမတစ်ယောက်အနေနဲ့ ကျွန်မ တစ်ဦးထဲရဲ့ အမြင်ပါနော်။) App နဲ့ သင်ယူဖို့ဆိုရင် အဆင်အပြေဆုံးနဲ့ အရိုးရှင်း အလွယ်ကူဆုံးဖြစ်တာမို့လို့ knowledge sharing လုပ်ပေးတာပါ။
ပုံလေးတွေ အောက်မှာ caption နဲ့ တစ်ခုချင်းစီလည်း ထပ်ရှင်းပြပေးထားပါတယ်။
Khin's English ရဲ့ follower မဟုတ်တဲ့သူတွေလည်း မြင်ရသိရအောင်လို့ အဆင်ပြေရင်တော့ ဒီ post လေးကို share ပေးစေချင်ပါတယ်ရှင့်။
* တီချယ်ခင် App ရော book ရော ရောင်းတာ မဟုတ်ပါဘူးနော်။ 😅 *
အားလုံးပဲ အကျိုးရှိ အသုံးတည့်ကြပါစေ။
တီချယ်ခင် 🤎
29/12/2024
အကျိုးရှိ အသုံးတည့်ကြပါစေ။ 🤎
မင်္ဂလာပါရှင်။ 🙏
Khin's English မှ ကြိုဆိုပါတယ်။
ဒီ pageလေးမှာ အင်္ဂလိပ်ဘာသာစကား (English Language) နဲ့ ပတ်သက်ပြီး ကျွန်မရဲ့ အတွေ့အကြုံ (Experience) နဲ့ ဗဟုသုတ (Knowledge) တွေအရ ဝေမျှ (Share) ပေးသင့်တယ်လို့ထင်တဲ့ သင်ခန်းစာအတို (Short lesson) လေးတွေကို ဝေမျှပေးသွားမှာပဲ ဖြစ်ပါတယ်ရှင်။
အင်္ဂလိပ်ဘာသာစကားကို စိတ်ပါဝင်စားသူနဲ့ လေ့လာလိုသူများအတွက် အတိုင်းအတာတစ်ခုအထိ အကျိုးရှိစေပါမယ်လို့ ကျွန်မက အာမခံပါတယ်။
ဒါကြောင့်.....Khin's English ကို Like & Follow လုပ်ထားဖို့ တောင်းဆိုပါရစေနော်။
လေးစားစွာဖြင့်။
ခင်.....။ 🖤
23/12/2024
" High-octane "
ဒီတစ်ခါတော့ ခုတလောမှာ စာတွေဖတ်လည်းတွေ့ YouTube ကြည့်လည်းတွေ့ ခဏ ခဏ တွေ့တွေ့နေမိတဲ့ word လေး တစ်လုံးဖြစ်တဲ့ high-octane ဆိုတဲ့ စကားလုံးလေးအကြောင်း ဝေမျှပေးသွားပါမယ်နော်။
အောက်က စာတွေ မဖတ်ခင်မှာ ဒီစကားလုံးလေးက ဘာအဓိပ္ပာယ်ဖြစ်မလဲ ခန့်မှန်းကြည့်ကြပါဦး။ 👌
high-octane မှာ သူရဲ့မူရင်းအဓိပ္ပယ်အပြင် သုံးလို့လှမယ့် slang (ဗန်းစကား) meaning လေးလည်း ရှိပါတယ်။
high-octane ( Adjective )
high နဲ့ octane တွဲထားတယ်ဆိုကတည်းက သူ့ရဲ့ မူရင်း အဓိပ္ပာယ်ကိုတော့ ခန့်မှန်းရတာ လွယ်မှာပါ။
ပုံမှန်ထက် အရည်အသွေးပိုကောင်းပြီး စွမ်းဆောင်ရည်မြင့်မားတဲ့လောင်စာ လို့ ပြောချင်တဲ့အခါမျိုးမှာ သုံးပါတယ်။
- high-octane fuel
- high-octane patrol
- high-octane gasoline ဒီလိုလေးတွေပေါ့။
Example sentence 👇
My brother always fills up his racing car with high-octane gas.
(ကျွန်တော့်အစ်ကိုက သူ့ရဲ့ပြိုင်ကားကို အရည်အသွေးမြင့်တဲ့ gas ပဲ အမြဲတမ်း ဖြည့်တယ်။)
high-octane မှာ informal သုံးလို့ရတဲ့ အခြားဆင့်ပွား slang အဓိပ္ပာယ်တွေလည်း အများကြီး ရှိပါသေးတယ်။
- energetic (full of energy)
- vigorously powerful
- dynamic
- forceful
- intense
- very strong
- very exciting
👆 ဒီလို characteristic တွေရှိတဲ့ ဘယ် noun အတွက်မဆို သုံးလို့ရပါတယ်နော်။
လူအတွက်ဆိုရင် physical, mental, emotional သုံးမျိုးစလုံးအတွက် သုံးနိုင်ပါတယ်။
ဆိုကြပါစို့။ ဝန်ထမ်းတစ်ယောက်ဟာ သူ့အလုပ်မှာ high-octane ဖြစ်တယ်ဆိုရင်...
- သူဟာ အလုပ်လာရင် အားအင်အပြည့်နဲ့ လာတတ်သူ
- အလုပ်တာဝန်တွေကိုလည်း အင်တိုက်အားတိုက် မနေမနားကြိုးစား. ထမ်းဆောင်တတ်သူ
- အလုပ်မှာ အားကိုးရတဲ့သူ
- အများထက် အမြဲခြေတစ်လှမ်းသာချင်တဲ့ စိတ်နဲ့ သူ့ကိုယ်သူ အရှိန်မြှင့်ထားတတ်တဲ့သူမျိုးပေါ့။
- a high-octane woman
- a high-octane sales manager
- a high-octane personality
- a high-octane marketing plan
- a high-octane performance
- a high-octane life
- a high-octane rival
- a high-octane sport
- a high-octane match(စိတ်လှုပ်ရှားစရာ အကြိတ်အနယ်ယှဉ်ပြိုင်တဲ့ ပြိုင်ပွဲမျိုးပေါ့။ )
- a high-octane movie
- a high-octane turquoise evening gown
- a high-octane lifestyle
- a high-octane emotional thriller
- high-octane coffee (ကော်ဖီ ပြင်းပြင်းခါးခါး)
- high-octane alcohol (အရက် အပြင်းစား)
Example sentence 👇
Their science teacher is so high-octane that they've all got A+ in his subject.
( သူတို့၏ သိပ္ပံဆရာသည် အလွန်စိတ်အားထက်သန်စွာ မရမနေ စာသင်ကြားပေးသောကြောင့် ထိုဘာသာရပ်တွင် သူတို့အားလုံး A+ ရကြသည်။ )
high-octane က အများအားဖြင်းတော့ positive meaning ကို ပေးတာ များပါတယ်။
စကားလုံးအသစ်တစ်လုံးကို သေသေချာချာ နားလည်သွားတဲ့အခါ စာကြောင်းလေးတွေ တည်ဆောက်ကြည့်ပါ။ စကားပြောတဲ့အခါ ထည့်သုံးနိုင်အောင် ကြိုးစားကြည့်ကြပါနော်။
အကျိုးရှိ အသုံးတည့်ကြပါစေ။
တီချယ်ခင် 🤎
ယူသုံးထားတဲ့ Google photo အတွက် credit ပေးပါတယ်။
12/12/2024
ကလေးတော်တော်များများ နားလည်ရခက်တဲ့ schwa sound အကြောင်းလေး ရေးမယ် ရေးမယ်နဲ့ မရေးဖြစ်တာ အခုမှပဲ ရေးဖြစ်ပါတော့တယ်။
schwa sound ( ရွှား - အနီးစပ်ဆုံး အသံထွက်လေးပါ။ 😜 )
schwa sound ဆိုတာ တကယ်တော့ vowel sound တစ်မျိုးပါပဲ။
စကားလုံးတွေထဲမှာ schwa sound ကို အသံထွက်ကတော့
/ uh / လို့ အသံထွက်ပါတယ်။
မြန်မာလို အနီးစပ်ဆုံး အသံထွက်ချင်ရင်တော့ " အ " ကို ပေါ့ပေါ့ပါးပါး မထိတထိလေး အသံထွက်လို့ရပါတယ်။
schwa sound ကို အသံထွက်တဲ့အခါ ကျွန်မတို့ရဲ့ မေးရိုး၊ နှုတ်ခမ်း နဲ့ လျှာကို အလွန်ပေါ့ပါးစွာပဲ အသုံးပြုပြီး အသံထွက်ရပါမယ်။ အသံကို အားမသုံးဘဲ တိုတိုနဲ့မြန်မြန် ထွက်ရတဲ့ vowel sound မျိုးပေါ့။
schwa sound ရဲ့ phonetic alphabet ကိုတော့ symbol
/ ခ / ( letter e ပြောင်းပြန် ) နဲ့ ရေးပါတယ်။
word ထဲမှာ schwa sound ဟာ
a, e, i, o, u, (sometimes y) တစ်မျိုးမျိုး ဖြစ်နိုင်ပါတယ်။
ဥပမာလေးတွေ ပေးပြပါမယ်နော်။
above, amount, apart, asleep တို့လို့ word တွေမှာ အရှေ့ဆုံးက letter a ရဲ့ အသံကို ( ပုံမှန် vowel a sound လို အရှည်မထွက်ဘဲ) အသံတိုတိုနဲ့ ခပ်ဖော့ဖော့ပဲ ထွက်ကြရတယ် မဟုတ်လား။ အဲ့ဒါ schwa အသံပါပဲ။
ဆိုလို ချင်တာက above ကို အေဘက်ဖ် လို့ မထွက်ဘဲ အဘက်ဖ် လို့ အသံထွက်ပါတယ်။
နောက်ပြီး
pasta, sofa, umbrella, panda, banana, zebra, gorilla တို့လို
word တွေရဲ့ နောက်ဆုံးက letter a တွေသည်လည်း schwa sound တွေပါပဲ။
ဆိုလိုချင်တာက panda ကို ပန်ဒါး လို့ မထွက်ဘဲ ပန်းဒါ လို့ အသံထွက်တာမျိုးပေါ့။ အဆုံးသတ်အသံကို ခပ်ဖော့ဖော့နဲ့ အားမထည့်ဘဲ ထွက်ရပါမယ်။
နောက်ထပ်
final, sandal, camel, level, pencil, chicken, lemon, dragon, bottom, button, gallop တို့လို word တွေမှာပါတဲ့ ဒုတိယမြောက် vowel sound တွေဟာ အကုန် schwa sound တွေပါပဲ။
မြင်အောင်ပြောပြရရင် lemon မှာ -mon ကို မွန် လို့ မထွက်ရပါဘူး။ မန် လို့ ခပ်ဖော့ဖော့လေးပဲ ထွက်ရပါမယ်။
ရှိပါသေးတယ်။
monkey တို့ honey တို့လို word တွေလည်း တူတူပါပဲ။
letter o နဲ့ စာလုံးပေါင်းထားပေမယ့် vowel sound o ( အော ) လို့ မထွက်ပါဘူး။
မောန်ခီး မထွက်ဘဲ မန်းခီး လို့ အသံထွက်ကြတယ် မဟုတ်လား။ ဒါဟာ schwa sound ပါပဲ။
schwa sound ဟာ အမြဲတမ်း unstressed syllable ဖြစ်ပါတယ်။ သူ့ကို အသံထွက်တဲ့အခါ ပေါ့... ဖော့... ပြီး ထွက်ရတယ်ပေါ့။
banana နဲ့ ဥပမာ ပေးပြပါဦးမယ်။
banana ကို အသံထွက်ရင် syllable stress သည် second syllable မှာ ရှိပါတယ်။
(တကယ်က ဘ-နေး-နာ လို့ ထွက်ရမယ်နော်။)
ဆိုတော့ ဒုတိယမြောက် vowel a sound မှာ stress ထည့်ဖတ်ရတာပေါ့။ အဲ့ဒီမှာ ပထမ နဲ့ တတိယ vowel a sound နှစ်ခုလုံးသည် schwa sound တွေပါ။
ကိုယ်တိုင် အသံထွက်ကြည့် ကြည့်ပါနော်။ ပိုပြီး သိလွယ်မြင်လွယ် နားလည်လွယ်ပါတယ်။
နောက်ဆုံး တစ်ချက်ကတော့
တစ်ချို့သော word တွေမှာ schwa sound သည် ပေါ့ရုံ ဖော့ရုံ အသံထွက်တာပါ မဟုတ်တော့ဘဲ အသံမထွက်သလောက်ကို ဖြစ်သွားတာမျိုးလည်း ရှိပါတယ်။
( ဒါကြောင့်မို့ schwa sound ကို lazy sound လို့လည်း ခေါ်ကြပါတယ်။ သူ့အသံကို ထွက်ဖို့တောင် ပျင်းတဲ့ အပျင်း
လေးပေါ့။ )
different, chocolate, camera, interest, several, family
တို့လို word တွေပေါ့။
different မှာ ပထမ vowel e ရဲ့ အသံကို မထွက်ရပါဘူး။
ဒစ်ဖားရန့်ထ် မဟုတ်ဘဲ ဒစ်ဖရန့်ထ် လို့ ထွက်ရပါမယ်။
အဲ့ဒီ မထွက်ဘဲ ဖျောက်ထားတဲ့ vowel e ဟာ schwa sound ပါပဲ။
chocolate မှာလည်း ဒုတိယ vowel o ဟာ schwa sound ပါပဲ။
ချော့ကိုလက်ထ် ကို မထွက်ဘဲ ချော့ကလက်ထ် လို့ ထွက်တာကို။
English Phonics မှာ schwa sound ကို မသိထားရင် အသံထွက်ဖို့ နားလည်ရခက်ပြီး စာလုံးပေါင်းရာမှာလည်းရှုပ်ထွေးစေနိုင်တဲ့ word တွေ အများကြီး ရှိတာမို့ schwa sound အကြောင်း သေချာသိထားဖို့က အင်မတန် အရေးကြီးပါတယ်နော်။
* အသံထွက်တွေကို မြန်မာလို စာလုံးပေါင်းပြထားတာဟာ ပိုပြီး နားလည်လွယ်အောင်လို့ပါနော်။ အသံထွက်အမှန်အတိုင်းတော့ စာလုံးပေါင်းပြပေးလို့ မရတာကြောင့် အနီးစပ်ဆုံးသာ ပေါင်းပြပေးထားခြင်းဖြစ်ပါတယ်။ *
ယူသုံးထားတဲ့ Google photo လေးကိုလည်း credit ပေးပါတယ်ရှင့်။
အားလုံးပဲ အကျိုးရှိ အသုံးတည့်ကြပါစေနော်။
တီချယ်ခင် 🤎
12/12/2024
မင်္ဂလာပါ မိဘများရှင့်...
ကလေးများအတွက် Oxford Phonics World 1 ( The Alphabet ) (40 hours) Zoom Online အတန်းသစ်လေးကို January လဆန်း နှစ်သစ်မှာ ဖွင့်လှစ်ပေးသွားဖို့ရှိပါတယ်ရှင့်။
👇👇👇
🔠 အသက် ၄နှစ်ခွဲ မှ ၆နှစ်အထိ။
( Uppercase and Lowercase letter များကို Tracing experience ရှိရုံဖြင့် joinနိုင်ပါပြီ။ )
🔠 Tuesday and Wednesday 6:00pm to 7:00pm
🔠ကျောင်းသားဦးရေ ၅ယောက်ပြည့်လျှင် သင်တန်းစမည်ဖြစ်ပါသည်။ တစ်တန်းလျှင် ကျောင်းသားဦးရေ အများဆုံး ၈ယောက်အထိသာ လက်ခံပါမည်။
သင်တန်းကာလမှာ နာရီ၄၀ ( ၅လခန့်) ကြာမည်ဖြစ်ပါသည်။
*Level 1 တစ်ခုလုံးကို ပြီးဆုံးသည်အထိ join နိုင်ရန်အတွက် သင်တန်းရဲ့ ကြာမြင့်နိုင်ချိန်ကာလကို ထည့်သွင်းဖော်ပြပေးထားခြင်းဖြစ်ပါသည်။*
🔠 သင်တန်းကြေး - MMK 50000 per month
တစ်လချင်း ပေးသွင်းနိုင်ပါသည်။
🔠 Oxford Phonics World 1 (The Alphabet) Student book + Workbook ကို သင်ကြားမှာဖြစ်ပါတယ်။
( 25 Beginning sounds + 1 Ending sound )
🔠 Oxford Phonics World ကျောင်းသားကျောင်းသူများအတွက် Oxford University မှာ တရားဝင်စီစဉ်ပေးထားသော Unit test များ၊ Midterm test နှင့် final test များကို အသုံးပြုစစ်ဆေးပေးသွားမည်ဖြစ်ပြီး ကလေးများ၏ အရည်အချင်း တိုးတက်မှုကို မိဘများအား အချိန်နှင့် တပြေးညီ အသိပေးသွားမည် ဖြစ်ပါသည်။
🔠 Zoom Meeting ဖြင့် သင်ကြားမှာ ဖြစ်ပြီး Class တိုင်းတွင် International School လုပ်သက်အတွေ့အကြုံ ၁၅နှစ်ကျော်ရှိသော ဆရာမမှ နိုင်နင်းသော ကလေးအရေအတွက်ကိုသာ လက်ခံသင်ကြားပေးတာကြောင့် ကလေးများအတွက် 100% attention ရရှိနိုင်ဖို့ စိတ်ချစေလိုပါသည်ရှင့်။
အသေးစိတ်သိရှိလိုသည်များကို Page Messenger or 09-978490999
09 -442250520 သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်ရှင့်။
ကျေးဇူးတင်စွာဖြင့်
တီချယ်ခင် 🤎
04/12/2024
ကိုယ့် Page လေး ပြန်ရလို့.... တော်တော် ပျော်သွားပါတယ်။
🥰🥰🥰
Post လေးတွေ ပြန် share ဦးမယ်။ 😊😊😊
လောလောဆယ်လည်း... ကိုယ်တိုင်က feeling hangry ဖြစ်နေတာဆိုတော့ တိုက်ဆိုင်လို့ပါ။ 😅
Hello from Khin's English!
native တွေကြားမှာရော ကမ္ဘာမှာပါ popular ဖြစ်နေတဲ့ slang word တစ်လုံးကို ဒီ post ကနေ sharing လုပ်ပေးချင်ပါတယ်။
Hangry
angry + hungry = hangry
A blend of hungry & angry
ဗိုက်တွေဆာလွန်းလို့ စိတ်ဆိုး ဒေါသတွေပါထွက်လာတဲ့ feeling ပါ။
တီချယ်ခင်တော့ အဲ့ဒီ feeling မျိုး ခဏတိုင်းဖြစ်ဖူးပါတယ်ရှင့်။ 😅
Hangry က adjective ပါ။
So,
hangry - hangrier - the hangriest
Example လေးတွေ ပေးပြပါမယ်။
👇👇👇
I get very hangry if I miss a meal.
စားရမယ့်အချိန်မှာ မစားရဘဲ လွတ်သွားရင် ကျွန်တော်တော့ ဗိုက်ဆာလွန်းလို့ ဒေါသတွေ ထွက်လာရော။
People often get hangry when their blood sugar level is low.
လူမှာ သွေးတွင်းသကြားဓာတ်ပါဝင်မှု အတိုင်းအတာ နိမ့်လာတဲ့အခါ ဗိုက်ဆာလို့ ဒေါသထွက်လာတဲ့စိတ်ခံစားချက်မျိုး မကြာခဏ ဖြစ်တတ်ကြတယ်။
I don't want to drive when I feel hangry.
ဗိုက်တွေဆာလို့ ဒေါသထွက်နေတဲ့အချိန်ဆို ကျွန်မ ကားမမောင်းချင်ဘူး။
⚠️ သတိထားရမှာက "hangry" က ခေတ်စားနေတဲ့ slang word informal တစ်လုံးပါ။ Formal သုံးလို့ မရပါဘူးနော်။ ⚠️
သို့သော် Formal သုံးရမယ့်နေရာက လွဲရင်တော့ "hangry" ကို လွတ်လွတ်လပ်လပ်သုံးနိုင်ပါတယ်။
အားလုံးပဲ ဘဝမှာ တီချယ်ခင် လို "hangry" ဖြစ်ခြင်းမှ ကင်းဝေးကြပါစေနော် ။ 😜
အကျိုးရှိ အသုံးတည့်ကြပါစေ။
Tr. Khin
Click here to claim your Sponsored Listing.