Zabu Oak Shaung Nunnery

Zabu Oak Shaung Nunnery Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Zabu Oak Shaung Nunnery, School, Yangon.

JAMBU USHYAUNG BUDDHIST UNIVERSITY Final Examination
12/12/2025

JAMBU USHYAUNG
BUDDHIST UNIVERSITY
Final Examination

27/09/2025
အလှူရှင် များအားဖိတ်ကြားအပ်ပါတယ်ရှင်
22/09/2025

အလှူရှင် များအားဖိတ်ကြားအပ်ပါတယ်ရှင်

ဒေါ်ဝိမလစာရီ 09799106597အဘွားသီလရှင်များ သီးသန့်ဘွားရိပ်သာ ဇမ္ဗုဥသျှောင်သီလရှင်စာသင်တိုက် ကျောက်တန်းမြို့
23/07/2025

ဒေါ်ဝိမလစာရီ 09799106597
အဘွားသီလရှင်များ သီးသန့်ဘွားရိပ်သာ ဇမ္ဗုဥသျှောင်သီလရှင်စာသင်တိုက် ကျောက်တန်းမြို့

10/06/2025

သီလရှင်သီသန့်အဘွားရိပ်သာငါးထပ်ကျောင်းဆောင်တော်ကြီးနိင်သလောက်ပါဝင်လှူဒါန်းနိုင်ရန်နိုးဆော်အပ်ပါတယ်ရှင်
09799106597

11/05/2025

ဇမ္ဗုဥသျှောင်သီလရှင်
ဗုဒ္ဓကောလိပ်
၁၅.၅.၂၀၂၅ရက်နေ့ညနေ၄နာရီမှ၆နာရီဖွင့်ပွဲကျင်းပပါမည်။

16/03/2025

ဓာတ်လှေကား အလှူတော်
USD.13000
အမြန်ပေးရန်ရှိပါသည်
၂၅.၃.လာတပ်ဆင်ပါမည်။

ဓာတ်လှေကား  ကုမ္မဏီကဒကာကြီးဦးအောင်ဝင်းမိသားစုများကစိတ်သဘောသားပြည့်လိုက်တာဓာတ်လှေကား အရစ်ကျပေးချေရမည့် အကြိမ်ရေအလိုက်လည်...
15/03/2025

ဓာတ်လှေကား ကုမ္မဏီက
ဒကာကြီးဦးအောင်ဝင်းမိသားစုများက
စိတ်သဘောသားပြည့်လိုက်တာ

ဓာတ်လှေကား အရစ်ကျပေးချေရမည့်

အကြိမ်ရေအလိုက်လည်းမပေးချေနိုင်တာ

ရတယ်ဆရာလေး

၂လပိုင်ထဲပစ္စည်းချရမှာမို့

ပစ္စည်းတွေလာချပေးတော့မယ်ဆိုပြီးပို့ထားပေးတယ်။

၃လပိုင်း၂၅ရက်နေ့မှာလည်း ဆရာလေးတို့ဖက်က
အချေမချေနိုင်သေးပေမဲ့

သကြ်န်တရားစခန်းအမှီ

လာပြီးတပ်ဆင်ပေးတော့မယ်။

အလှူရှင် အပေါင်းသူတော်ကောင်းတွေနှင့်

ဒကာကြီး ဦးအောင်ဝင်းနှင့်ဆက်စပ်ကုသိုလ်ရှင်များအား

ဘွားဘွားအမေသီလရှင်ကြီးတို့ရဲ့ကိုယ်စား
အထူးအထူး ကျေးဇူးတင်သာဓုခေါ်ပါတယ်။

အားလုံး ကိုယ်စိတ်နှစ်ပါး ကျန်းမာ ချမ်းသာစွာ
အသက်ရှည်အနာကင်းပါစေ ။
နိဗ္ဗာန်အထောက်အပံဖြစ်ပါစေ။

.တရားထိုင်ခင်းအလှူတော်တရားထိုင်ခင်းများကဟောင်းနွမ်းနေတာကြည့်ပြီး   .ရင်ထဲမှာဟာတာတာ.အဲဒါဆန်းစစ်ကြည်တော့((( ခေါတ်ကျပ်ကြီးထ...
14/03/2025

.တရားထိုင်ခင်းအလှူတော်

တရားထိုင်ခင်းများကဟောင်းနွမ်းနေတာ
ကြည့်ပြီး .ရင်ထဲမှာဟာတာတာ.
အဲဒါဆန်းစစ်ကြည်တော့
((( ခေါတ်ကျပ်ကြီးထဲမပြောရဲတာ))))

ကြီးကြီးရေး... ကလိုချင်ကြောင်း .ပြောချိန်

ဘွားဘွား( အမေ)ရောက်လာ
ရီရီမောမောပေါ့ပေါ့ပါးပါး...လက်ဝါးဖြန့်လိုက်တာ ...
ဖွားကနဲရောက်လာ
အလှူတော်ငွေ များပါ။
တရားထိုင်အခင်း၁၄၅ပါ ..
ပျော်ရွှင်ကြည်နူးကျေးဇူးတင်လိုက်တာ
ဘွားဘွားအမေရာ။

🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏

၁။ ဒေါ်ခင်ပပနှင့်သားများ
၊လှဘုန်းအောင်နှင့်ဇင်လင်းထက် အခင်း၂၀ချပ်

၂။ ဒေါ်ဒါနပါရမီ အခင်း၁၀ချပ်

၃။ ဦးခန့်ညားလွင်+Dr နှင်းပွင့်ဦး
သမီး Amara Pwint Lwin ၁၀ချပ်

၄။ ဒေါ်သုမေဓာ ၁၀ချပ်

၅။ ဒေါ်ဥာဏစာရီ (စမ်းချောင်း) ၁၀ချပ်

၆။ ဒေါ်ခင်သောင်းမေ (ဒေါ်သုမာလာ) ၅ချပ်

၇။ ဦးမောင်မောင်သန်း ၅ချပ်

၈။ ဦးအောင်ပြုံး+ဒေါ်စန်းစန်းလွင်မိသားစု ၅ချပ်

၉။ ဦးတင်မျိုးဦး +ဒေါ်စောယုခိုင်(U.K) ၅ချပ်

၁၀။ Daw Kyi Hnin Jhwe ၅ချပ်

၁၁။ ဦးရဲရင့်မောင်+ဒေါ်မြတ်နိုးဝေ ၅ချပ်
သား မောင်ကောင်းခန့်ကျော်

၁၂။ ဒေါ်စန္ဒာအောင် ၅ချပ်

၁၃။ ဘွားဝေ ဘွားဒေါ်သုသီလဝါ ၅ချပ်

၁၄။ သီလရှင်သင်ကျောင်းဝင်းအတွင်းရှိအဘွားများ၏ကောင်းမှု ။ ၅ ချပ်

၁၅။ ဦးဥာဏ်ထိန်လင်း+ဒေါ်အိခင်ခင်

သား သန့်နိုင်လင်း၊သမီး ကြည်စင်လင်း ၃ချပ်

၁၆။ ဒေါ်တင်တင်အေး ၃ချပ်

။ ၃
၁၇။ ဒေါ်မေသူအောင် ။ ၃ချပ်
၁၈။ ဒေါ်ဌေးဌေး (ရွှေဂုံတိုင်) ။ ၃ချပ်
၁၉။ ဦးဝင်းနိုင်+ဒေါ်ဝါဝါလွင် ။ ၃
သား မောင်လင်းပြည့်သူမိသားစု
၂၀။ အဘွားသံတွဲ ။ ၃ချပ်
၂၁။ ဘွားခေမာသမ္ဗဒါ ။ ၃ချပ်
၂၂။ ဘွားထေရဥာဏီ ။ ၂ချပ်
၂၃။ ဒေါ်ကုသလစာရီ ။ ၂ချပ်
၂၄။ ဖခင်ကြီးဦးလင်ငါနှင့်မိခင်ကြီးဒေါ်ကျင်ရွှေ ။ ၂ချပ်
တို့အားရည်စူး၍ ဒေါ်ခင်ဟိန်းဝင်း၊ဒေါ်လွင်ရှိန်၊ဒေါ်ခင်လဲ့ဝင်း
၂၅။ ဒေါ်ဝရုဏ ။ ၁ချပ်
၂၆။ ဘွားဥုတ် ။ ၁ချပ်
၂၇။ ဒေါ်ခေမာဝတီ ။ ၁ချပ်
၂၈။ ဒေါ်ပုည(ရန်ကုန်) ။ ၁ချပ်
၂၉။ ဒေါ်သန္တရတီ ။ ၁ချပ်
၃၀။ ဒေါ်ဓမ္မသီရိ ။ ၁ချပ်
၃၁။ ဒေါ်ဧသင်္ဂီ ။ ၁ချပ်
၃၂။ ဒေါ်နန္ဒစာရီ ။ ၁ချပ်
၃၃။ ဦးမောင်မောင်ကြီး+ဒေါ်သက်သက်ညွန့်မိသားစု ။ ၁ချပ်
၃၄။ ဦးကြည်အေးချမ်း+ဒေါ်အောင်ပန်းဝေ ။ ၁ချပ်
သား မောင်ဇွဲဘုန်းမြတ်အောင်၊မောင်မင်းဘုန်းမြတ်ညီမိသားစု။ ၁ချပ်
၃၅။ မောင်ဈာန်ရဲထက်(ခ)မောင်ဇင်လင်းထက် ။ ၁ချပ်
၃၆။ ကိုဥာဏ်ထူး+မကေသီဝင်းမိသားစု ။ ၁ချပ်
၃၇။ မခင်မိုးဦးမိသားစု ။ ၁ချပ်

စုစုပေါင်း ၁၄၅ချပ် လှူဒါန်းကြပါသည်။
အလှူရှင် မိသားစုများအားလုံး
နိဗ္ဗာန်ရကြောင်းအားကြီးသောအထောက်အပံ့ကောင်းဖြစ်ပါစေ။



🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏

ကျောက်တန်းမြို့ ညောင်ဝိုင်းကျေးရွာအုပ်စု
မြိုင်သာယာ(၁)ရပ်ကွက်
တမံဦးကုန်းထိပ်တွင်
ဇမ္ဗုဥသျှောင်သီလရှင်စာသင်တိုက်

(ပရဟိတ) သီလရှင်သင်အခမဲ့ပညာရေးကျောင်းအပြင်

ဇမ္ဗုဥသျှောင်ဘွားရိပ်သာ တို့တည်ရှိပါသည်။

ကျောင်းထိုင်ဆရာကြီးများဖြစ်ကြသော ဒေါ်ဝိမလစာရီ (အမေဝိ)နှင့် ဒေါ်နန္ဒသိဂီ (ကြီးကြီးရေး) တို့မှ အဘွားသီလရှင်များ ကျန်းမာချမ်းသာစွာ သီတင်းသုံးနေထိုင်ရင်း ဘဝနေဝင်ချိန်ကို ဖြတ်ကျော်နိုင်ရန် ရည်ရွယ်ချက်ဖြင့် တည်ထောင်ထားခြင်းဖြစ်ပါသည်။

၂၀၁၉ခုနှစ်မှ စတင်၍ သီလရှင်အဘွား(၁၅)ပါးကို စတင်လက်ခံစောင့်ရှောက်ခဲ့ပြီး ၂၀၂၂ခုနှစ် တွင် အဘွားသီလရှင်အပါး (၅၇)ပါး ၂၀၂၄ခုနှစ် တွင်အဘွားသီလရှင်( ၈၂) ပါးကိုစောင့်ရှောက်ခဲ့ပါသည်။ဘွားရိပ်သာသို့ ဘွားသီလရှင်များ လာရောက်နေထိုင်လိုသူ များပြားလာသဖြင့် မြေနေရာအခက်ခဲကြောင့်ဓာတ်လှေကားပါရှိသော ငါးထပ်ဆောင်အဆောက်အဦးကိုတည်ဆောက်နေဆဲဖြစ်ပါသည်။တည်ဆောက်ပြီးပါကစုစုပေါင်း အပါး (၁၅၀)ရှိမည်ဖြစ်ပါသည်။
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏
ဓာတ်လှေကားတပ်ဆင်ရန်အတွက်ပေးရန်ကျန်ရှိနေသော ကုန်ကျစရိတ်၏တဝက်ကို၂၀၂၅ခုနှစ် ဖေဖော်ဝါရီလကုန်တွင် အပြီးပေးချေရမည်ဖြစ်ပါ၍် ဓာတ်လှေကားအတွက် အလှူငွေများ အရေးတကြီးလိုအပ်လျက်ရှိပါသည်။
ထို့အတွက် သီလရှင်ဘွားရိပ်သာ ငါးထပ်ဆောင် ဓာတ်လှေကားအတွက် လှူဒါန်းလိုသော အလှူရှင်များအား ဖိတ်ခေါ်အပ်ပါသည်။
အောက်ပါလိပ်စာအတိုင်း ဆက်သွယ်လှူဒါန်းနိုင်ပါသည်။
ဒေါ်ဝိမလစာရီ 09-799106597
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏

သီလရှင် ဆရာလေးတွေ အသက်ကြီးလာရင် သားထောက်သမီးခံမရှိကြပဲ သူတို့ကို ဘယ်သူစောင့်ရှောက်ကြမလဲ။

ဟုတ်တယ်နော်။

အခုတော့ ရန်ကုန်မြို့နဲ့ နီးနီးနားနား ကျောက်တန်းမြို့ တမန်ဦးဂုန်းထိပ်မှတ်တိုင်နား မှာ သီလရှင်အဖွားတွေကို စောင့်ရှောက်မယ့် သီလရှင်ဘွားရိပ်သာတစ်ခု ပေါ်ထွက်လာပါပြီ။

တည်ထောင်တာကတော့ ဇမ္ဗူ့ဥသျှောင်သီလရှင်သင် ပညာရေးကျောင်းက ဆရာလေး ကြီးကြီးရေးနဲ့ ဒေါ်ဝိမလစာရီပါ။
အခု သီလရှင် အဘွား ၅၇ ပါးရှိပါတယ်။

တစ်ပါးကို ရေချိုးခန်းအိမ်သာ တွဲလျက်သား အခန်းလေးတွေနဲ့ထားပါတယ်။

သီလရှင်ဆရာလေးငယ် ငါးပါးကို ဆရာလေးမိတ်ဆွေတွေက သုနာပြုအကူသင်တန်းပေးတက်ထားလို့ သေချာပြုစုတတ်လာပါပြီ။

ရေရှည်မှာ ဘွားရိပ်သာဆိုတော့ ဆရာလေးငယ်တွေလို ဆွမ်းဆန်ရပ်လဲ ထွက်နိုင်ကြမှာ မဟုတ်ဖူးလေ။
အဲ့ဒီတော့ ဆရာလေးက အကြံပေးပါတယ်
လှူချင်တဲ့အလှူရှင်တွေအတွက် ရာသက်ပန် တစ်နေ့တာ ဆွမ်းအလှူရှင်ရက်တွေလှူခွင့်ပေးဖို့ပေါ့။

ရာသက်ပန် အလှူဆိုတာက ဒီလိုပါ။
ဥပမာ ဩဂုတ်လ ၂၈ရက်က မိမိရဲ့ မိခင်ကြီး ဒါမှမဟုတ် အဖွားရဲ့ မွေးနေ့ဆိုရင် အဲ့ဒီရက်ကို ရာသက်ပန်လှူမယ်နော်ဆိုပြီး ရက်ယူထားလိုက်တာပါပဲ။
ခုချက်ချင်းလဲ အလှူငွေမလွှဲပေးရပါဖူး။
ပြီးတော့ နောက်နှစ်တွေဆိုရင်လဲ ခေါင်းမစားရတော့ဘူး။
လတစ်လရဲ့အစဆိုလဲ ရိပ်သာတွေက ဖုန်းဆက်တယ်။
ကိုယ်ကလဲ တစ်ခါတစ်လေ ဆက်မေးလိုက်တာပါပဲ။

အရင်တုန်းက ဆရာလေးဆို ခဏခဏ စိတ်ပူရတယ်
အမေ့နှစ်ပတ်လည်
ကိုယ့်မွေးနေ့
ဘယ်နေရာမှာ ဘာလှူရမလဲ အစတုန်းက သ်ပ်စဉ်းစားရတယ်။

အခုတော့ မစဉ်းစားရတော့ဖူး။
မွေးနေ့ဆို ၁၈မိုင် ဖားအောက်တောရမှာ ရာသက်ပန် သွားလှူရုံပဲ။
ထုံးစံအတိုင်းတစ်နှစ်ထက်တစ်နှစ်ဈေးလေးတော့ နည်းနည်း အပြောင်းအလဲ ဖြစ်မှာပေါ့။

အခု ဇမ္ဗူ့ဉသျှောင် သီလရီင်သင် ပညာရေးကျောင်းနဲ့ သီလရှင် ဘွားရိပ်သာက အခုအစီအစဉ်ကို စလုပ်ပါတော့မယ်တဲ့။

အဲ့ဒီတော့ ကိုယ့်မွေးနေ့ပဲဖြစ်ဖြစ် ၊မိဘဖိုးဘွား မွေးနေ့ နှစ်ပတ်လည် Anniversary တွေကို ရာသက်ပန်လှူဒါန်းနိုင်ပါပြီ။

ဘွားရိပ်သာက အဖွား ၅၇ ပါးရှိတာ အာရုဏ် တစ်သိန်း
နေ့ဆွမ်းနှစ်သိန်း

သီလရှင်သင် ပညာရေးကျောင်းက သီလရှင်ဆရာလေး ၁၂၀ ရှိပါတယ်။
နှစ်ခုလုံးပေါင်းလှူချင်တယ်ဆိုရင်တော့
အာရုဏ် နှစ်သိန်းခွဲ
နေ့ဆွမ်း လေးသိန်းပါ။

ဆွမ်းရက်ယူချင်တာပဲဖြသ်ဖြစ်
တခြား ဘာပဲလှူချင်လှူချင်
ဆက်သွယ်ရမှာကတော့
ဆရာလေး ဒေါ်ဝိမလစာရီ
09799106597 ပါ

ကဲ ကိုယ်လှူချင်တဲ့ရက်ကို အမြဲရာသက်ပန်လှူနိုင်ဖို့အရေး ဆက်သွယ်ပေးကြပါနော်။

လူများများမြင်ပြီး သီလရှင်အဖွားတွေကို လှူမယ့်သူပိုများလာအောင် ကူရှယ်ပေး တိုက်တွန်းပေးခြင်းဖြင့် ကုသိုလ်ယူကြရအောင်နော်။

14/03/2025

သကြ်န်အထူးတရားစခန်းရက်
၁၂.၄.၂၅မှ၂၀.၄.၂၅ထိ
သီလရှင်ဝတ်​ခြင်း/တရားစခန်းဝင်ခြင်းများ

Address

Yangon

Telephone

+959799106597

Website

Alerts

Be the first to know and let us send you an email when Zabu Oak Shaung Nunnery posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category