Ebenezer English Classes

Ebenezer English Classes Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ebenezer English Classes, Language school, Yangon.

Hello...မင်္ဂလာပါရှင်ဒီနှစ်ဖွင့်မယ့် Summer အတန်းလေး ၂ခုအကြောင်း ပြောပြချင်ပါတယ်။ ပထမတစ်ခုကတော့ Pre-intermediate to Inte...
21/02/2026

Hello...မင်္ဂလာပါရှင်

ဒီနှစ်ဖွင့်မယ့် Summer အတန်းလေး ၂ခုအကြောင်း ပြောပြချင်ပါတယ်။

ပထမတစ်ခုကတော့ Pre-intermediate to Intermediate level ကလေးအကြီးလေးတွေအတွက် Grammar အတန်းပါ။ Elementary level (Flyers, KET တက်ထားပြီးသူတွေ၊ Grade 8, Grade 9 ကလေးတွေကစပြီး)အထိသင်ထားပြီးတဲ့သူတွေ တက်လို့ရပါတယ်။ B1 level ဖြစ်တဲ့အတွက် အထက်တန်းအဆင့်မှာ လိုအပ်တဲ့ grammar points တွေကို သင်ယူ လေ့ကျင့်ရမှာပါ။

နောက်တစ်ခုကတော့ အသက် ၇နှစ်ကနေ ၁၀နှစ်ဝန်းကျင် ကလေးလေးတွေအတွက် English 4skills အတန်းပါ။
ဒီအတန်းပြီးတဲ့အခါ စကားလုံးလေးတွေ သိလာပါမယ်။ ဝါကျတိုလေးတွေ ဖတ်နိုင်လာမယ်။ ဆရာမပြောတာတွေ နားလည်လာပြီး short answer လေးတွေနဲ့ ပြန်ဖြေတတ်လာပါမယ်။

အတန်း ၂ခုလုံးက နွေရာသီသီးသန့်အတန်းဖြစ်ပါတယ်။ မတ်လ ၄ရက်နေ့စပြီး မေလနောက်ဆုံးအပတ်မှာ ပြီးပါမယ်။ သင်တန်းကြေးတွေက ၃လစာအတွက်အပြီးဖြစ်ပါတယ်။

စိတ်ဝင်စားလို့ သင်တန်းအပ်ချင်တယ်ဆိုရင် messenger ကနေ စာရင်းသွင်းပြီး အပ်လို့ရပါတယ်ရှင်။

ပြောနေကျစကားကိုပဲ ပြန်ပြောရမယ်ဆိုရင် ကလေးတွေကို ငယ်ငယ်ကတည်းက သင်ပေးနိုင်တာတွေကို ကြိုးစားအားထုတ်ပြီး သင်ပေးသင့်ပါတယ်။ ဘယ်ပညာရပ်မဆိုပါ။ နည်းနည်းကြီးသွားမှ သင်ရတဲ့ကလေးဟာ ငယ်ငယ်လေးကတည်းက သင်ယူခွင့်ရခဲ့တဲ့ကလေးကို လိုက်မီဖို့ မလွယ်တော့ပါဘူး။ အကျင့်ပါလာတဲ့အသံထွက်တွေကအစ ပြင်ဖို့ခက်သွားပါတယ်။ ဒါကတော့ မိဘများ ကလေးတွေကို နောက်ကျမခံဘဲ ငယ်ကတည်းက အကုန် သင်ပေးကြဖို့ တိုက်တွန်းခြင်းတဖြတ်ပါ။

မင်္ဂလာပါရှင်.... ဒီနှစ်ဖွင့်မယ့်အတန်းတွေထဲက Basic 1 အတန်းလေးအကြောင်း ပြောပြချင်ပါတယ်။ Basic 1 Days       - Mon, Sat -  ...
21/05/2025

မင်္ဂလာပါရှင်....

ဒီနှစ်ဖွင့်မယ့်အတန်းတွေထဲက Basic 1 အတန်းလေးအကြောင်း ပြောပြချင်ပါတယ်။

Basic 1

Days - Mon, Sat - 6:00 - 7:00 pm
Sun - 7:30 - 8:30 pm
Start on - June 7
Fees - 50,000 MMK per month
Duration - 12 months

Basic 1 အတန်းကို အသက် ၇နှစ် ၊ ၈နှစ် အရွယ်ကစပြီး တက်လို့ရပါတယ်။ အခြေခံအဆင့်အတွက် သိဖို့လိုအပ်တဲ့စကားလုံးလေးတွေ သိလာပါမယ်။ အတန်းထဲမှာ ဆရာပြောတဲ့စကားတွေနားလည်လာပြီး မေးခွန်းလေးတွေ ပြန်ဖြေတတ်လာပါမယ်။ စာကြောင်းလေးတွေ စာပိုဒ်အတိုလေး​တွေဖတ်ပြီး အဓိပ္ပါယ်နားလည်လာမယ်။ ဝါကျတိုလေးတွေ ပြောတတ် ရေးတတ်လာပါမယ်။

တစ်နေ့ တစ်နာရီနဲ့ တစ်ပတ် ၃ရက် ၊ တစ်နှစ်ပတ်လုံးသင်ရမှာဖြစ်လို့ အင်္ဂလိပ်ဘာသာစကားနဲ့ အတော်လေးရင်းနှီးလာပြီး ကျောင်းစာကိုလည်း မလိုက်နိုင်မှာ ပူစရာမလိုတော့တဲ့အပြင် နောက် level တွေကို ဆက်ပြီးသင်ယူဖို့အတွက်လည်း အဆင်သင့်ဖြစ်စေမှာပါ။

အင်္ဂလိပ်စာဟာ ဘာသာစကားဖြစ်တာကြောင့် အကြား၊ အဖတ်၊ အရေး၊ အပြော skills လေးခုစလုံးနဲ့ အဆက်မပြတ် ထိတွေ့နေဖို့ လိုအပ်ပါတယ်။ အသံထွက်မှန်မှန်ကန်ကန်ထွက်နိုင်ဖို့၊ စာကို စနစ်တကျဖတ်တတ်ဖို့၊ ရေးတတ်ဖို့ ဆိုတာတွေအတွက်လည်း အရွယ်ငယ်စဥ်ကတည်းက သင်ပေးထားဖို့လိုအပ်တာကြောင့် ကလေးတွေကို အသက် ၆နှစ်လောက်ကတည်းက သင်ပေးကြဖို့လည်း တိုက်တွန်းပါတယ်ရှင်။

သိချင်တာတွေကို Messenger ကနေ မေးမြန်းစုံစမ်းလို့ရပါတယ်ရှင်။

မင်္ဂလာပါရှင်....တစ်ပတ် ၂ရက်နဲ့ တစ်နှစ်တာလုံးသင်ကြားမယ့် အတန်းတွေ ဇွန်လဆန်းမှာ ပြန်စတော့မှာပါဆိုတဲ့အကြောင်းလေး ကြော်ငြာခ...
15/05/2025

မင်္ဂလာပါရှင်....

တစ်ပတ် ၂ရက်နဲ့ တစ်နှစ်တာလုံးသင်ကြားမယ့် အတန်းတွေ ဇွန်လဆန်းမှာ ပြန်စတော့မှာပါဆိုတဲ့အကြောင်းလေး ကြော်ငြာချင်ပါတယ်။ ၂၀၂၅ ဇွန်လကနေ ၂၀၂၆ မေလအထိ သီတင်းကျွတ်၊ ဒီဇင်ဘာနဲ့ သင်္ကြန်ပိတ်ရက်တွေကလွဲလို့ တစ်ပတ် ၂ ရက်၊ ပိတ်ရက်မရှိ သင်ကြားသွားမှာဖြစ်ပါတယ်။

ကလေးတွေအသက်အရွယ်နဲ့ ကိုက်ညီတဲ့အတန်းတွေမှာ တစ်နှစ်ပတ်လုံးသင်ကြားခြင်းအားဖြင့် Grammar ၊ Vocabulary နဲ့ အကြား၊ အ​ပြော ၊ အရေး ၊ အဖတ် စွမ်းရည်အားလုံးကို အဆက်မပြတ် ထိတွေ့ခွင့်ရရှိတာကြောင့် ကလေးတွေရဲ့ အင်္ဂလိပ်စာစွမ်းရည် သိသိသာသာတိုးတက်လာတာကို တွေ့ရမှာပါ။

အင်္ဂလိပ်စာဟာ ဘာသာစကားဖြစ်တာကြောင့် အဆက်မပြတ် ထိတွေ့အသုံးပြုနေဖို့လိုတဲ့အပြင် အသံထွက်မှန်မှန်ကန်ကန်ထွက်နိုင်ဖို့၊ စကားလုံးတွေလုံလုံလောက်လောက်သင်ယူမှတ်သားနိုင်ဖို့ ငယ်စဥ်ကတည်းက စတင်သင်ယူဖို့ အရေးကြီးပါတယ်။

ဒီလို ငယ်စဥ်ကတည်းက ပုံမှန်သင်သွားမယ်ဆိုရင် ကျောင်းစာမှာလည်း အခက်အခဲမရှိ လုပ်နိုင်သွားမယ့်အပြင် အတန်းကြီးတဲ့အခါ ဘာသာစကားအခက်အခဲကြောင့် စာမလိုက်နိုင်တဲ့ပြဿနာတွေ မရှိတော့ပါဘူး။

အတန်းအားလုံးကို Zoom နဲ့ သင်မှာဖြစ်ပြီး ဒီနှစ်သင်မယ့်အတန်းတွေနဲ့ အချိန်စာရင်းကို ပုံမှာဖော်ပြပေးထားပါတယ်။ စိတ်ဝင်စားလို့ သင်တန်းအပ်ချင်တယ်ဆိုရင် messenger ကနေ ဆက်သွယ် စုံစမ်း အပ်နှံလို့ရပါပြီ။ ကျောင်းသားသစ်တွေနဲ့ level မသေချာတဲ့ကလေးတွေကတော့ level test အရင်စစ်ဖို့လိုတာမို့ စောစောလေး ဆက်သွယ်ဖို့လိုပါမယ်ရှင်။

Me:   Why can't we say 'one homework'?My starters student :     Teacher, I know why                 we can't say one hom...
08/05/2025

Me: Why can't we say 'one homework'?

My starters student : Teacher, I know why
we can't say one homework because
teachers never give one homework.
They give like fifteen homework.

10/03/2025

Foundation class ရဲ့ Science အချိန်လေးပါ ❤

Hello! Summer class လေးတွေ March 4 ရက်နေ့ စပါတော့မယ်နော်။Foundation Class for Cambridge Year 1age            : 5 -7 year...
26/02/2025

Hello!

Summer class လေးတွေ March 4 ရက်နေ့ စပါတော့မယ်နော်။

Foundation Class for Cambridge Year 1

age : 5 -7 years old
days : Tue to Sun (4:00 - 5:00 pm)
duration : 12 weeks
start on : March 4
Fees : 120,000 Ks per month (3 seats left)

Basic Grammar 1 (Pre- A1 level )

age : 7-9 years old
days : Tue, Wed, Thurs (5:00 - 6:00 pm)
duration : 12 weeks
start on : March 4
Fees : 140,000 Ks for the whole course
(3 seats left)

Basic Grammar 2 (A1 level )

age : 10 and above
days : Tue, Wed, Thurs (6:00 - 7:30 pm)
duration : 12 weeks
start on : March 4
Fees : 170,000 Ks

Elementary Grammar (A2 level )

age : 12 and above
days : Tue, Wed, Thurs (7:30 - 9:00 pm)
duration : 12 weeks
start on : March 4
Fees : 200,000 Ks

Foundation class အကြောင်း အသေးစိတ်ကို ဒီမှာ ဖတ်နိုင်ပါတယ်။
https://www.facebook.com/share/p/18NePxgV4H/

Grammar class အကြောင်းကို ဒီမှာ ဖတ်နိုင်ပါတယ်။
https://www.facebook.com/share/p/12EjtetmWqR/

❤
24/02/2025

မင်္ဂလာပါရှင် ...အသက် ၅နှစ်ကနေ ၇နှစ်အတွင်းရှိတဲ့ သားသားမီးမီးလေးတွေနဲ့ Maths နဲ့ Science ကိုပါ သင်ချင်တဲ့ကလေးတွေအတွက် အတ...
19/02/2025

မင်္ဂလာပါရှင် ...

အသက် ၅နှစ်ကနေ ၇နှစ်အတွင်းရှိတဲ့ သားသားမီးမီးလေးတွေနဲ့ Maths နဲ့ Science ကိုပါ သင်ချင်တဲ့ကလေးတွေအတွက် အတန်းသစ်လေးတစ်ခု မိတ်ဆက်ပေးပါရစေ။

Summer Online Class!
Foundation Course for Cambridge Year 1 (Age 5_7)

ဒီအတန်းမှာ အသက် ၅နှစ်ကနေ ၇နှစ်အတွင်းရှိတဲ့ ကလေးလေးတွေ Year 1တက်တဲ့အခါ အခက်အခဲမရှိ သင်ယူနိုင်ဖို့ အခြေခံကောင်းတွေ တည်ဆောက်ပေးဖို့ ရည်ရွယ်ပါတယ်။ ကိုယ့်အိမ်မှာပဲ ဘယ်မှသွားစရာမလိုဘဲ Cambridge သင်ရိုးညွှန်းတမ်းကို အခြေခံပြီး English, Mathematics, Science ဘာသာရပ်တွေကို လေ့လာနိုင်မှာပါ။

Cambridge Year 1 course အပေါ် အခြေခံပြီး သင်ခန်းစာတွေကိုပြင်ဆင်ထားတာဖြစ်လို့ ဘာသာရပ်အလိုက် လိုအပ်တဲ့အခြေခံလေးတွေကို ရရှိသွားမှာ ဖြစ်ပါတယ်။

English:
• အခြေခံ စကားလုံးလေးတွေသိသွားမယ်
• အတန်းတွင်းမှာ ဆရာမတွေပြောတဲ့ စကားတွေ နားလည်ပြီး listening skills ရလာပါမယ်
• လွယ်ကူရိုးရှင်းတဲ့ ဝါကျလေးတွေ ဖတ်ရှုနားလည်နိုင်လာပါမယ်

Mathematics:
• ဂဏန်းများနှင့် ပုံသဏ္ဌာန်များကို မှတ်သားနိုင်မယ်
• အခြေခံ တွက်ချက်မှုများ (ပေါင်း၊ နုတ်) ကို လေ့လာနိုင်မယ်
• ပြဿနာများကို ဖြေရှင်းနိုင်စွမ်း တိုးတက်လာပါမယ်

Science:
• သဘာဝတရားနှင့် ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာနိုင်မယ်
• သိပ္ပံဆိုင်ရာ အခြေခံ အယူအဆများကို နားလည်နိုင်မယ်
• စူးစမ်းလိုစိတ်နှင့် လေ့လာလိုစိတ်ကို မြှင့်တင်ပေးမယ်

Online Zoom Class များဖြင့် တိုက်ရိုက် သင်ကြားပေးမှာဖြစ်ပြီး ကလေးငယ်တွေရဲ့ စိတ်ဝင်စားမှုကို ဆွဲဆောင်နိုင်သည့် သင်ခန်းစာ၊ worksheet တွေ၊ ဗီဒီယိုတွေနှင့် သင်ခန်းစာနဲ့ဆိုင်တဲ့ games လေးတွေ ပါဝင်ပါမယ်။

ဒီအတန်းကို တက်ခြင်းအားဖြင့်
Cambridge Year 1 သင်ရိုးညွှန်းတမ်းကို အခြေခံတဲ့ အရည်အသွေးရှိတဲ့ ပညာရေးကို ရရှိမှာဖြစ်ပြီး အတွေ့အကြုံရှိတဲ့ ဆရာမတွေက ဂရုတစိုက် သင်ကြားပေးမှာဖြစ်လို့ ကလေးငယ်တွေ English, Mathematics, Science ဘာသာရပ်တွေမှာ အခြေခံခိုင်ခိုင်မာမာရသွားမှာပါ။

Year 1 အတွက် ပြင်ဆင်ထားချင်တဲ့သူတွေအပြင် ခုမှ သင်တန်းထားမှာမို့ အခြေခံလေးတွေရချင်တဲ့ကလေးတွေရှိရင်လည်း page messenger ကနေ မေးမြန်းဆွေးနွေးလို့ရပါတယ်။

March 4 ရက်နေ့ စတော့မယ့်အတန်းလေးမို့ စိတ်ဝင်စားတယ်ဆို စာရင်းသွင်းအပ်နှံလို့ရပါပြီ။ အစောဆုံးလာအပ်တဲ့သူတွေအတွက် early bird discount လည်း ရှိပါမယ်နော်။

သင်မယ့်ဆရာမတွေရဲ့ page လေးတွေကိုလည်း သွားကြည့်လို့ရပါတယ်။

Tr.Kim (English)
Ebenezer English Classes
https://www.facebook.com/share/1DKsHiudWr/

Tr. Mya (Mathematics)
Mya Maths Hub_Learn, Explore & Grow
https://www.facebook.com/share/15hAnZqVy1/

Tr.Mozie (Science)
Science for Kids_မိုဇီ
https://www.facebook.com/share/19qbJtN5gg/

မင်္ဂလာပါရှင်.... Page က active မဖြစ်နိုင်ပေမဲ့ သင်တန်းလေးတွေ မေးမြန်းပေးကြတာ ကျေးဇူးတင်ပါတယ်။ ဒီနှစ်နွေရာသီအတွက်ဖွင့်မယ...
13/02/2025

မင်္ဂလာပါရှင်....

Page က active မဖြစ်နိုင်ပေမဲ့ သင်တန်းလေးတွေ မေးမြန်းပေးကြတာ ကျေးဇူးတင်ပါတယ်။ ဒီနှစ်နွေရာသီအတွက်ဖွင့်မယ့် အခြေခံအင်္ဂလိပ်စာ အတန်းသစ်လေး ၃ခုကို ကြော်ငြာပေးချင်ပါတယ်။

အသက် ၇နှစ်လောက်ကစပြီး တက်ရောက်နိုင်ပါတယ်။ အခြေခံကစပြီး level တစ်ခုချင်းမှာ တတ်မြောက်ရမယ့် သင်ခန်းစာတွေ ပြည့်ပြည့်စုံစုံပါဝင်တာမို့လို့ ပိတ်ရက်မှာ ကျောင်းစာအတွက် အထောက်အကူဖြစ်ဖို့သင်ချင်တဲ့ကလေးတွေ ၊ grammar ကို ပိုင်နိုင်ဖို့ လေ့ကျင့်ချင်တဲ့ကလေးတွေအတွက် သင့်တော်ပါတယ်။

Grammar အတွက် အဓိကထားတဲ့စာအုပ်ဖြစ်ပေမဲ့ ဒီစာအုပ်မှာ listening, speaking နဲ့ writing activities တွေလည်း ပါတာမို့ four skills လုံးအတွက် အလေ့အကျင့်ရစေမှာပါ။

တစ်ဦးချင်းကိုအာရုံစိုက်ပြီး ထိထိရောက်ရောက်သင်ကြားနိုင်ဖို့အတွက် လူဦးရေကို ၆ယောက်ကနေ အများဆုံး ၁၂ ယောက်ထိပဲ လက်ခံမှာဖြစ်ပါတယ်။

အတန်းအားလုံးကို online ကနေ zoom နဲ့ သင်ကြားမှာဖြစ်ပြီး March 4ရက်နေ့ စတင်တော့မှာဖြစ်လို့ စိတ်ဝင်စားတယ်ဆိုရင် သိချင်တာတွေကို messenger ကနေ မေးမြန်း ဆက်သွယ် စာရင်းသွင်း အပ်နှံနိုင်ပါပြီ။

ကိုယ့်အသိမိတ်ဆွေထဲမှာ အင်္ဂလိပ်စာသင်တန်းတက်ချင်တဲ့သူတွေရှိရင် ဒီသတင်းလေးကို ထပ်ဆင့်မျှဝေပေးပါဦးနော်။

27/02/2024

Online English Grammar Classes for Summer

Basic Grammar
age : 10-14 years old
days : Mon, Tue, Wed (6:00 - 7:00 pm)
duration : 12 weeks
start on : March 4
fees : 120,000 Ks (books included)

Intermediate Grammar
age : 16 and above
days : Tue, Wed, Thurs, Fri (7:30 - 9:00 pm)
duration : 12 weeks
start on : March 5
fees : 180,000 Ks (books included)

အစိုးရသင်ရိုးအင်္ဂလိပ်စာ Grade 6 ကနေ Grade 10 အထိ အတန်းအချိန်စာရင်းပါ။ ဇွန်လကနေ ဖေဖော်ဝါရီလအထိ တစ်ပတ် ၂ရက် သင်ကြားပါမယ်။...
25/05/2023

အစိုးရသင်ရိုးအင်္ဂလိပ်စာ Grade 6 ကနေ Grade 10 အထိ အတန်းအချိန်စာရင်းပါ။ ဇွန်လကနေ ဖေဖော်ဝါရီလအထိ တစ်ပတ် ၂ရက် သင်ကြားပါမယ်။ သင်တန်းအပ်နှံဖို့နဲ့ တခြားသိလိုတာတွေရှိရင်
messenger ကနေ မေးမြန်းစုံစမ်းလို့ရပါတယ်။

သင်တန်းအကြောင်းနဲ့ သင်တန်းကြေးတွေကို ဒီမှာကြည့်နိုင်ပါတယ်။
https://www.facebook.com/101080349341930/posts/217282467721717/?mibextid=Nif5oz

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Ebenezer English Classes posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share