Takumi Japanese Langauge Center

Takumi Japanese Langauge Center

Share

Exploring Japan 🇯🇵 | Travel guides, daily life & hidden

ဂျပန်စာလေ့လာနေသူတိုင်းအတွက် အကျိုးရှိရန်အတွက် ဂျပန်နဲ့ပတ်သက်တဲ့ဗဟုသုတ၊ ဂျပန်စာများကို မျှ‌ဝေပေးလျက်ရှိပါတယ်။

Photos from Takumi Japanese Langauge Center's post 06/11/2025

ဒီနေ့ကတော့ Tokyoကနေ နေ့ချင်းပြန်သွားလို့ရတဲ့ စကီးကွင်းတစ်ခုဖြစ်တဲ့ GALA Yuzawa Snow Resort အကြောင်း အသေးစိတ် လမ်းညွှန်ပေးလိုက်ပါတယ်….

❄️ GALA Yuzawa Snow Resort အသေးစိတ် အချက်အလက်များ

၁။ 🚅 ခရီးသွားလာရေး လမ်းညွှန်ချက်

တိုကျိုကနေ GALA Yuzawa ကို သွားရောက်ဖို့အတွက် JR Joetsu Shinkansen (上越新幹線) ကို အသုံးပြုရပါမယ်။ တိုကျိုဘူတာ (Tokyo Station) သို့မဟုတ် အူအဲနိုဘူတာ (Ueno Station) ကနေ ထွက်တဲ့ Max Tanigawa ဒါမှမဟုတ် Toki လိုမျိုး အမြန်ရထားတွေကို စီးနင်းနိုင်ပါတယ်။

ခရီးသွားချိန်ကတော့ အမြန်ဆုံးရထားနဲ့ဆိုရင် ၇၅ မိနစ်မှ ၈၅ မိနစ် ခန့်သာ ကြာမြင့်ပါတယ်။ အခြားစကီးကွင်းများနှင့် မတူဘဲ GALA Yuzawa ရဲ့ ထူးခြားချက်ကတော့ ရထားဆိုက်ရောက်ရာ GALA Yuzawa Station ဟာ စကီးကွင်းရဲ့ အဓိက အခြေစခန်း (Cowabunga Ski Center) နဲ့ တိုက်ရိုက်ချိတ်ဆက် ထားခြင်းပဲ ဖြစ်ပါတယ်။

ဘူတာမှ ထွက်သည်နှင့် ပစ္စည်းငှားရမ်းခြင်း၊ လက်မှတ်ဝယ်ယူခြင်းနှင့် စကီးစီးရန်အတွက် အပေါ်တောင်သို့ တက်ရောက်ရမည့် ဂွန်ဒိုလာ (Gondola) နေရာသို့ ချက်ချင်းရောက်ရှိနိုင်တာကြောင့် နေ့ချင်းပြန်ခရီးအတွက် အချိန်ကုန်သက်သာစေပြီး အလွန်အဆင်ပြေပါတယ်။

၂။ 🗓️ ဖွင့်လှစ်သည့် ရာသီနှင့် အချိန်

GALA Yuzawa Snow Resort ကို ပုံမှန်အားဖြင့် ဒီဇင်ဘာလလယ် (ဥပမာ- ဒီဇင်ဘာ ၁၃ ရက်) ခန့်မှစ၍ မေလအစောပိုင်း (ဥပမာ- မေ ၆ ရက်) အထိ ဖွင့်လှစ်လေ့ရှိပါတယ်။ ပုံမှန်ကာလ (ဒီဇင်ဘာလလယ်မှ ဧပြီလအစောပိုင်း) တွင် စကီးကွင်းများကို နံနက် ၈:၀၀ နာရီ မှ ညနေ ၄:၃၀ နာရီ ခန့်အထိ ဖွင့်လှစ်လေ့ရှိပါတယ်။

စကီးစင်တာ (Cowabunga) ကတော့ ခရီးသွားများ အဝတ်အစားလဲလှယ်ခြင်းနှင့် ရထားစီးရန် အဆင်ပြေစေရန်အတွက် နံနက် ၇:၀၀ နာရီ ဝန်းကျင်မှ စတင်ဖွင့်လှစ်တတ်ပါတယ်။ ဧပြီလလယ်မှ မေလအစောပိုင်းအထိ နွေဦးရာသီ (Spring Period) အတွင်းမှာတော့ ဖွင့်ချိန် နာရီနှင့် ဈေးနှုန်းများ အနည်းငယ် ပြောင်းလဲနိုင်ပါတယ်။

၃။ 💰 ဈေးနှုန်းများ (Lift Ticket နှင့် ပစ္စည်းငှားရမ်းခ)

စကီးကွင်းအတွင်းရှိ Lift များ (ဂွန်ဒိုလာနှင့် Chairlift) အားလုံး စီးနင်းခွင့်ပေးသော လက်မှတ် (Lift Ticket) ကို ဝယ်ယူရန် လိုအပ်ပါတယ်။ လူကြီးတစ်ဦး အတွက် တစ်ရက်လက်မှတ် စျေးနှုန်းဟာ ခန့်မှန်းခြေအားဖြင့် ¥ 7,300 ယန်း ဝန်းကျင် ကျသင့်ပြီး၊ မူလတန်းကျောင်းသား များအတွက်တော့ ¥ 3,000 ယန်း ဝန်းကျင်ခန့် ကျသင့်ပါတယ်။

အချိန်အကန့်အသတ်နဲ့ စီးနင်းလိုသူများအတွက် ၄ နာရီလက်မှတ် ကိုလည်း ရောင်းချပေးပြီး လူကြီးအတွက် ¥ 6,500 ယန်း ခန့်၊ မူလတန်းကျောင်းသားအတွက် ¥ 2,400 ယန်း ခန့် ကျသင့်ပါတယ်။

စကီး၊ စနိုးဘုတ်၊ ဘွတ်ဖိနပ်နှင့် တုတ်များ အပါအဝင် ပစ္စည်းအစုံ (Rental Set) ငှားရမ်းခမှာ လူကြီးတစ်ဦးအတွက် တစ်ရက်လျှင် ¥ 5,000 မှ ¥ 6,000 ယန်း ဝန်းကျင်ရှိပါတယ်။ စကီးစီးရန်အတွက် လိုအပ်သည့် အဝတ်အစားအစုံ (Wear Set) ငှားရမ်းခကတော့ တစ်ရက်ကို ¥ 3,500 မှ ¥ 4,500 ယန်း ဝန်းကျင် ရှိပါတယ်။ အကယ်၍ Lift Ticket၊ ပစ္စည်းနှင့် အဝတ်အစားအားလုံးကို ပေါင်းစပ်ငှားရမ်းပါက စုစုပေါင်း ¥ 8,500 မှ ¥ 10,000 ယန်း ဝန်းကျင်ခန့် ကျသင့်နိုင်ပါတယ်။

GALA Yuzawa Snow Resort ဟာ တိုကျိုကနေ အလွယ်တကူ သွားရောက်နိုင်ပြီး၊ နှင်းပမာဏကောင်းမွန်တဲ့ စကီးကွင်းတစ်ခု ဖြစ်တဲ့အတွက် ဒီနှစ်ဆောင်းရာသီအတွက် သွားသင့်တဲ့ နေရာတစ်ခုဖြစ်ပါတယ်…



Photos from Takumi Japanese Langauge Center's post 30/11/2024

𝐒𝐡𝐢𝐳𝐮𝐨𝐤𝐚 💙🗻

ရှီဇူအိုကာစီရင်စု (静岡県၊ 𝐒𝐡𝐢𝐳𝐮𝐨𝐤𝐚-𝐤𝐞𝐧) သည် အကြောင်းများစွာကြောင့် ဂျပန်နိုင်ငံ၏ အလည်အပတ်အများဆုံး စီရင်စုများထဲမှ တစ်ခုဖြစ်ပါတယ်။

ဂျပန်နိုင်ငံ၏ အမြင့်ဆုံးတောင်နှင့် နိုင်ငံ၏ အထင်ကရ သင်္ကေတများထဲမှ တစ်ခုဖြစ်တဲ့ ဖူဂျီတောင်ဟာဆိုရင် စီရင်စု၏ မြောက်ပိုင်းနယ်စပ်မှာ တည်ရှိပါတယ်။ပြီးတော့ 𝐅𝐮𝐣𝐢-𝐬𝐚𝐧 𝐇𝐨𝐧𝐠𝐮 𝐒𝐞𝐧𝐠𝐞𝐧 𝐓𝐚𝐢𝐬𝐡𝐚 𝐒𝐡𝐫𝐢𝐧𝐞၊ 𝐒𝐡𝐢𝐫𝐚𝐢𝐭𝐨 𝐅𝐚𝐥𝐥𝐬 နှင့် လှပတဲ့ 𝐌𝐢𝐡𝐨 𝐧𝐨 𝐌𝐚𝐭𝐬𝐮𝐛𝐚𝐫𝐚 တို့လည်းရှိပါတယ်။ ရှုခင်းလှတဲ့ 𝐈𝐳𝐮 ကျွန်းဆွယ်နှင့် 𝐀𝐭𝐚𝐦𝐢 တို့ဟာလည်း ၎င်းတို့၏ ရေပူစမ်းများကြောင့် ကျော်ကြားပြီး တောင်ပိုင်း 𝐒𝐡𝐢𝐳𝐮𝐨𝐤𝐚 သည်လည်း လှပသောကမ်းခြေများရှိပြီးတော့ အားကစားလုပ်ဖို့အကောင်းဆုံးဖြစ်ပါတယ်။ စျေးဝယ်ထွက်ချင်ရင် 𝐆𝐨𝐭𝐞𝐦𝐛𝐚 𝐏𝐫𝐞𝐦𝐢𝐮𝐦 𝐎𝐮𝐭𝐥𝐞𝐭𝐬 မှာ စတိုးဆိုင်ပေါင်း 𝟐𝟎𝟎 ကျော် ပါဝင်ပါတယ်။

ဂျပန်နိုင်ငံ၏ အကောင်းဆုံး ပင်လယ်စာအချို့ကိုလည်း တွေ့နိုင်တာကြောင့် 𝐒𝐡𝐢𝐳𝐮𝐨𝐤𝐚 တွင် အစားအစာကောင်းများ ပြတ်လပ်မှုမရှိ ပေါများပါတယ်။




03/06/2024

ဘာကြောင့် ဂျပန်နိုင်ငံဟာ ဖွံဖြိုးတိုးတက်ရသလဲ နားထောင်ကြည့်ပါ

06/04/2024

ကြက်တူရွေးလောက်ပြောနိုင်မှ ဂျပန်လာခဲ့ပါ
😅😅

11/02/2024

အ​​ခြေအနေတွေက အရင်ထက်ပိုဆိုးလာနိုင်ခြေတွေရှိနေပါတယ်။

ဂျပန်လာဖို့ စဥ်းစားနေရမယ့် အချိန်မဟုတ်တော့ပါ
သွားဖို့စဥ်းစားနေတဲ့လူတစ်ယောက်ဆိုရင် ချက်ချင်း
လုပ်စရာရှိတာ ထလုပရပါတော့မယ်။

အကောင်းဆုံးက ဒီအချိန်မှာ ပြည်ပနိုင်ငံတစိခုခုကို
ထွက်နိုင်ဖို့ပါပဲ ဂျပန်မှရယ်မဟုတ်ပါ။ထိုင်း၊မလေး၊စင်ကာပူ၊ဒူဘိုင်းတွေကတော့ အမြန်ဆုံးရောက်နိုင်ပါတယ်။

ပတ်စပို့ လုပ်တဲ့ရုံးကလဲ အခြေအနေပေါမူတည်ပြီး ဘယ်တော့ ပိတ်မလဲ မသေချာတဲ့အခြေအနေမို့
ဖြစ်နိုင်ရင် Passport တွေအမြန်ဆုံးလုပ်ထားကြပါ။
နောက်ပိုင်းမှာ ပိတ်လာနိုင်ခြေများတာကြောင့်ပါ။

ဂျပနိကို အမြန်ဆုံးရောက်နိုင်တဲ့နည်းလမ်းကတော့ မရှိ
ပေမယ့် လူငယ်တွေအတွက် Student Visa က
အမြန်ဆုံးရောက်နိုင်မယ့် နည်းလမ်းလေးလို့တော့မြင်မိပါတယ်။

Training Visa ကလဲ ပျောက်တော့မှာမလို့
Tokuteigino Visa နဲ့ သွားမယ်ဆိုရင် အနညိးဆုံး အချိန် (1)နှစ်ခွဲကတော့ရင်းရပါလိမ့်မယ်။အလုပ်သင်Visa နဲ့ရသေးတယ်ဆိုရင် ဘာအလုပ်ဖြစ်ဖြစ်ဝင်ဗျူးထားကြပါ

ဒီကြားထဲမှာ နိုင်ငံရေးကိုအသုံးချပြီး၊အခွင့်ကောင်းယူနိုင်တဲ့ မသမာတဲ့ အယောင်ဆောင် အေဂျင်စီ၊သင်တနိးကျောင်းတွေလဲ
အများကြီးထွက်ပေါလာနိုင်တာမို့ ခုကတည်းက မှန်ကန်တဲ့အေဂျင်စီ၊သင်တန်းကျောင်းတွေကို အသိမိတ်ဆွေ တွေဆီမှတဆင့်သေသေချာချာ စုံစမ်းထားဖို့လိုပါမယ်။

စေတနာမေတ္တာဖြင့်🙏🙏🙏
Takumi Japanese Langauge Center

29/01/2024

🇯🇵ဂျပန်နိုင်ငံရှိဒေသများနှင့်မြို့အမည်များ💯
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

မြန်မာမှာ တိုင်းနှင့်ပြည်နယ် ၁၄ခုရှိသလို
 ဂျပန်မှာလည်း 「1都 1道 2府 43県 」ဆိုပြီး
都道府県 とどうふけん မြိ ု့၊ ဒေသ၊ စီရင်စု၊ခရိုင်ဆိုပြီးမြို့ကြီး(၄၇) မြို့ရှိပါတယ်။
都 と မြို့၊အချက်အချာအကျဆုံးမြိ ု့၁မြို့
道 どう အရပ်ဒေသ ၁ခု
府 ふ စီရင်စု ၂ခု
県 けん ခရိုင် ၄၃ခု
ဆိုပြီးခွဲထားပါတယ်။စုစုပေါင်း၄၇ မြို့ရှိပါတယ်။

1都 1と ဆိုတာက 東京都 とうきょうと Tokyo အချက်အချာအကျဆုံးမြိ ု့၁ခုဘဲရှိတာကိုပြောတာပါ။
1道 1どう က 北海道 ほっかいどう Hokkaidou ဒေသကိုပြောတာပါ ၊
2府 2ふ က 大阪府おおさかふOosaka & 京都府きょうとふKyotoစီရင်စုကိုဆိုလိုခြင်းဖြစ်ပြီး
43県 43けん က တော့ ခရိုင်၄၃ခရိုင်ကိုပြောတာဖြစ်ပါတယ်။

"都道府県名Prefectures"မြို့ကြီး၊ဒေသ၊စီရင်စု၊ခရိုင်အမည်များနှင့်ထိုဒေသခရိုင်ရှိမြိ ု့တော်များအမည် ကိုယှဉ်တွဲဖော်ပြပေးထားပါတယ်။
ဥပမာ Hokkaidou ဒေသရဲ့မြို့တော်က Sapporoပါ။

1 北海道(ほっかいどう) Hokkaidou ဒေသ
札幌(さっぽろ) Sapporo မြို့

2 青森県(あおもり) Aomori ခရိုင်
青森(あおもり) Aomori မြို့

3 岩手県(いわて) Iwate ခရိုင်
盛岡(もりおか) Moriokaမြို့

4 宮城県(みやぎ) Miyagi ခရိုင်
仙台(せんだい) Sendai မြို့

5 秋田県(あきた) Akita ခရိုင်
秋田(あきた) Akita မြို့

6 山形県(やまがた) Yamagata ခရိုင်
山形(やまがた) Yamagata မြို့

7 福島県(ふくしま) Fukushima ခရိုင်
福島(ふくしま) Fukushima မြို့

8 茨城県(いばらき) Ibaraki ခရိုင်
水戸(みと) Mito မြို့

9 栃木県(とちぎ) Tochigi ခရိုင်
宇都宮(うつのみや) Utsunomiya မြို့

10 群馬県(ぐんま) Gunma ခရိုင်
前橋(まえばし) Maebashi မြို့

11 埼玉県(さいたま) Saitama ခရိုင်
さいたま Saitama မြို့

12 千葉県(ちば) Chiba ခရိုင်
千葉(ちば) Chiba မြို့

13 東京都(とうきょう) Toukyou မြို့တော်
東京(とうきょう) Toukyou မြို့

14 神奈川県(かながわ) Kanagawa ခရိုင်
横浜(よこはま) Yokohama မြို့

15 新潟県(にいがた) Niigata ခရိုင်
新潟(にいがた) Niigata မြို့

16 富山県(とやま) Toyama ခရိုင်
富山(とやま) Toyama မြို့

17 石川県(いしかわ) Ishikawa ခရိုင်
金沢(かなざわ) Kanazawa မြို့

18 福井県(ふくい) Fukui ခရိုင်
福井(ふくい) Fukui မြို့

19 山梨県(やまなし) Yamanashi ခရိုင်
甲府(こうふ) Koufuမြို့

20 長野県(ながの) Nagano ခရိုင်
長野(ながの) Nagano မြို့

21 岐阜県(ぎふ) Gifu ခရိုင်
岐阜(ぎふ) Gifu မြို့

22 静岡県(しずおか) Shizuoka ခရိုင်
静岡(しずおか) Shizuoka မြို့

23 愛知県(あいち) Aichi ခရိုင်
名古屋(なごや) Nagoya မြို့

24 三重県(みえ) Mie ခရိုင်
津(つ) Tsu မြို့

25 滋賀県(しが) Shiga ခရိုင်
大津(おおつ) Ootsu မြို့

26 京都府(きょうと) Kyouto စီရင်စု
京都 (きょうと) Kyouto မြို့

27 大阪府(おおさか) Oosaka စီရင်စု
大阪(おおさか) Oosaka မြို့

28 兵庫県(ひょうご) Hyougo ခရိုင်
神戸(こうべ) Koube မြို့

29 奈良県(なら) Nara ခရိုင်
奈良(なら) Nara မြို့

30 和歌山県(わかやま) Wakayama ခရိုင်
和歌山(わかやま) Wakayama မြို့

31 鳥取県(とっとり) Tottori ခရိုင်
鳥取(とっとり) Tottori မြို့

32 島根県(しまね) Shimane ခရိုင်
松江(まつえ) Matsue မြို့

33 岡山県(おかやま) Okayama ခရိုင်
岡山(おかやま) Okayama မြို့

34 広島県(ひろしま) Hiroshima ခရိုင်
広島(ひろしま) Shiroshima မြို့

35 山口県(やまぐち) Yamaguchi ခရိုင်
山口(やまぐち) Yamaguchi မြို့

36 徳島県(とくしま) Tokushima ခရိုင်
徳島(とくしま) Tokushima မြို့

37 香川県(かがわ) Kagawa ခရိုင်
高松(たかまつ) Takamatsu မြို့

38 愛媛県(えひめ) Ehime ခရိုင်
松山(まつやま) Matsuyama မြို့

39 高知県(こうち) Kouchi ခရိုင်
高知(こうち) Kouchi မြို့

40 福岡県(ふくおか) Fukuoka ခရိုင်
福岡(ふくおか) Fukuoka မြို့

41 佐賀県(さが) Saga ခရိုင်
佐賀(さが) Saga မြို့

42 長崎県(ながさき) Nagasaki ခရိုင်
長崎(ながさき) Nagasaki မြို့

43 熊本県(くまもと) Kumamoto ခရိုင်
熊本(くまもと) Kumamoto မြို့

44 大分県(おおいた) Ooita ခရိုင်
大分(おおいた) Ooita မြို့

45 宮崎県(みやざき) Miyazaki ခရိုင်
宮崎(みやざき) Miyazaki မြို့

46 鹿児島県(かごしま) Kagoshima ခရိုင်
鹿児島(かごしま) Kagoshima မြို့

47 沖縄県(おきなわ) Okinawa ခရိုင်
那覇(なは) Naha မြို့

試験結果発表 | 日本語能力試験 JLPT 21/01/2024

ဒီည22-1-2024
JLPT အောင်စာရင်း
ထွက်ပါမယ်
🇯🇵ဂျပန်ဘက်
ဒီည၁၂ကစပြီး
ကြည့်လို့ရပါမယ်။

My JLPT ကနေ ကြည့်ပါ။

https://my.jees-jlpt.jp/user/VCPGCLGN010.php

အောင်စာရင်းကြည်ြဖို့အတွက်
ID . Password လိုအပ်ပါတယ်

မြန်မာကဆို မနက်ဖြန် 22-1-2024
မနက် 7:30 မှ ကြည့်လို့ရပါမယ်။

အောက်ပါလင့်မှဝင်ကြည့်လို့ရပါမယ်။
https://www.jlpt.jp/guideline/results_online.html

ဖြေထားသူအားလုံးအောင်မြင်ပါစေ🙏

試験結果発表 | 日本語能力試験 JLPT 国際交流基金と財団法人日本国際教育支援協会が運営する日本語能力試験・公式サイトです。日本語能力試験は、日本国内および海外において、日本語を母語としない人を対象として日本語の能力を測定し、認定することを...

04/01/2024

မျက်လံုးချင်းစကားပြောနေပြီ
တကယ်တော့ ဒီသီချင်းမူရင်းက ဂျပန်သီချင်းလေးပါ

02/01/2024

ANAလေယဉ် တစင်းလုံး ပြာကျသွား
‼️လေဆိပ်အဆင်းဂျပန်ကာကွယ်ရေးတပ်လေယေဉ်နဲ့တိုက်မိ
ခရီးသည်၃၇၉ဦး အားလုံးကယ်တင်နိုင်ခဲ့တယ်လို့ဆိုပါတယ်
🎍🙏နှစ်သစ်မှာ ဒီလောက်နဲ့ကျိမ်းကြေပါစေ😢🙏‼️

01/01/2024

နှစ်သစ်မှာ ဂျပန်ကတော့ငလျင်နဲ့ကြိုဆိုလိုက်ပီ

အခုဂျပန်စံတော်ချိန် ၁၆နာရီ၁၀မိနစ်မှာ ishikawa ခရိုင်မှာပြင်းအားအဆင့် ၇ရှိတဲ့ငလျင်လှုပ်သွားတယ်။

Photos from Takumi Japanese Langauge Center's post 14/12/2023

လှလိုက်တဲ့ရွက်ဝါတွေ ပေါတဲ့ ဂျပန်မြေ

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Address

Yangon