Bee Edu

Bee Edu Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Bee Edu, Education, Yangon.

ငှက်ကလေးတွေကို အင်္ဂလိပ်လို လေ့လာကြည့်ကြမယ်.....🦚🐦🐦‍⬛
10/02/2025

ငှက်ကလေးတွေကို
အင်္ဂလိပ်လို
လေ့လာကြည့်ကြမယ်.....🦚🐦🐦‍⬛



📍တရုတ်ပြည် အပ်ရောင်းသွား📍မြန်မာစကားပုံ တစ်ခုရှိပါတယ်''တရုတ်ပြည် အပ်ရောင်းသွား သလို'' တဲ့။တိုက်ရိုက် ဘာသာပြန်ရရင်တော့👉 Go...
16/10/2023

📍တရုတ်ပြည် အပ်ရောင်းသွား📍

မြန်မာစကားပုံ တစ်ခုရှိပါတယ်
''တရုတ်ပြည် အပ်ရောင်းသွား သလို'' တဲ့။

တိုက်ရိုက် ဘာသာပြန်ရရင်တော့

👉 Going to China to sell needles.
📍 တရုတ်ပြည်ကို အပ်သွားရောင်းခြင်း။

(တရုတ်ပြည်မှာ အပ်တွေ ပေါသောနေတာမို့ အပ်သွားရောင်းရင် ဘယ်သူမှ ဝယ်မှာ မဟုတ်ဘူးလေ။ ကိုယ့်ကိုတောင် သူတို့က ပြန်ရောင်းလိုက်လိမ့်မယ်😆)

ဒီလိုပဲ
အင်္ဂလိပ်လို စကားပုံလည်း ရှိပါတယ်နော်....

🔥Carrying coals to Newcastle.
💥နယူးကာဆယ်သို့ ကျောက်မီးသွေးတွေ သယ်သွားခြင်း တဲ့။

နယူးကာဆယ်က ကျောက်မီးသွေး အလွန်ပေါတဲ့ဒေသပါ။ ဒါကြောင့် အဲ့ဒီကို ကျောက်မီးသွေး သယ်သွားတာဟာ အချည်းနှီး၊ အလုပ်ရှုပ်တယ် လို့
ပြောချင်တာပါ။

မြန်မာတွေကတော့
''တရုတ်ပြည်မှာ အပ်သွားရောင်းသလို''
ဆိုပြီး ပြောလေ့ရှိကြပါတယ်

ဆိုလိုရင်း အဓိပ္ပာယ်ကတော့ အတူတူပါပဲ.....😍





🔥 I Hate Exams 🔥👉 အကြောင်းအရာတစ်ခုကို ယေဘုယျခြုံပြီး ပြောချင်တဲ့အခါမှာ the ကို မသုံးပါဘူး။ 👉တိတိကျကျ ပြောချင်တဲ့အခါ the ...
13/10/2023

🔥 I Hate Exams 🔥

👉 အကြောင်းအရာတစ်ခုကို ယေဘုယျခြုံပြီး ပြောချင်တဲ့အခါမှာ the ကို မသုံးပါဘူး။

👉တိတိကျကျ ပြောချင်တဲ့အခါ the ကို သုံးလေ့ရှိပါတယ်။

ဥပမာ။ ။

1️⃣
🌻 Flowers are beautiful.
🌹 ပန်းတွေက လှတယ်။
❌ (the flowers)

( ပန်းတွေ အကုန်လုံးကို ခြုံပြောတာမို့လို့ the မသုံးရပါဘူး)

🌻 I love this garden. The flowers are beautiful.
🌹 ကျွန်တော် ဒီဥယျာဉ်လေးကို သဘောကျတယ်။ ပန်းတွေက လှတယ်လေ။
✅ (the flowers)

(ဒီစာကြောင်းမှာ the flowers ဆိုတာ အဲ့ဒီ ဥယျာဉ်ထဲမှာရှိတဲ့ ပန်းတွေကိုပဲ ဆိုလိုတာပါ၊ အဲ့ဒါကြောင့် တိတိကျကျ ပြောချင်တာမို့ the သုံးရပါတယ်)

2️⃣
🌨 I don't like cold weather.
☁ ကျွန်တော် အေးတဲ့ ရာသီဥတုကို မကြိုက်ဘူး။
❌ (the cold weather)

(အေးတဲ့ ရာသီဥတုအခြေအနေ မှန်သမျှကို ခြုံပြီး ပြောတာမို့ the မသုံး)

🌦 The weather isn't very good today.
☔ ဒီနေ့ မိုးလေဝသ သိပ်မကောင်းဘူး။
✅ (the weather)

(ဒီစာကြောင်းမှာ the weather ဆိုတာ
the weather today ဆိုပြီး တိတိကျကျ ပြောချင်တာပါ။ ဒီနေ့ မိုးလေဝသ မကောင်းပေမယ့် မနက်ဖြန် ကောင်းချင်ကောင်းနိုင်ပါသေးတယ်)

3️⃣
🐟 We don't eat fish.
🐠 ကျွန်တော်တို့ ငါး မစားဘူး။
❌ (the fish)

(ဘာငါးဖြစ်ဖြစ် စားကို မစားတာမို့လို့ the မထည့်ရပါဘူး)

🍱 We had a great meal last night. The fish was excellent.
🍛 မနေ့ညက ကျွန်တော်တို့ အတော်စားလို့ မြိန်လိုက်တာဗျာ။ ငါးဟင်းကလည်း ကောင်းချက်ကတော့ ထောင်းချက်ထားသလိုပဲ။
✅ (the fish)

(ဒီနေရာမှာ the fish က မနေ့ညက စားခဲ့တဲ့ ငါးကိုပြောတာပါ။ ငါးဟင်းတွေ အများကြီး ရှိတဲ့အထဲကမှ မနေ့ညက စားခဲ့တဲ့ ငါးဟင်းကို တိတိကျကျ ပြောချင်တာမို့ the ထည့်ရပါတယ်)

4️⃣
📄 I hate exams.
📋 ကျွန်တော် စာမေးပွဲတွေကို မုန်းတယ်။
❌ (the exams)

(ဘယ်စာမေးမွဲရယ်လို့ အတိအကျ ပြောတာမဟုတ်ပါဘူး။ လောကမှာ ရှိရှိသမျှ စာမေးပွဲတွေ အကုန်လုံးကို general ခြုံပြီးပြောတာပါ) 😬

💻 I believe that my friends will fail the exam next year.
📝 လာမယ့်နှစ်စာမေးပွဲကို ကျွန်တော့်ဘော်ဒါတွေ ကျမယ်ဆိုတာ ကျွန်တော်ယုံကြည်တယ်။
✅ the exam

(စာမေးပွဲတွေထဲကမှ နောက်နှစ်စာမေးပွဲဆိုပြီး သူငယ်ချင်းတွေရှုံးမယ့်အချိန်ကို ကာလအားဖြင့် ပိုတိကျအောင်ပြောချင်တာကြောင့်
the ထည့်ရတာပါ)







ကင်း (၃) ကင်း ______________ကင်း (၃) ကင်းထဲမှာ💥 ဘယ်ကင်းအကိုက်ခံဖူးလဲ💥 ဘယ်ကင်းကို အကြောက်ဆုံးလဲ
11/10/2023

ကင်း (၃) ကင်း
______________

ကင်း (၃) ကင်းထဲမှာ

💥 ဘယ်ကင်းအကိုက်ခံဖူးလဲ

💥 ဘယ်ကင်းကို အကြောက်ဆုံးလဲ




ကျွဲပါး စောင်းတီး_________________👉 ဒီကောင့်ကို ပြောရတာလဲကွာ ကျွဲပါးစောင်းတီး ပဲ...👉 မင်းရော ဘာထူးလဲ နွားပလာတာကျွေးနေရသလ...
10/10/2023

ကျွဲပါး စောင်းတီး
_________________

👉 ဒီကောင့်ကို ပြောရတာလဲကွာ
ကျွဲပါးစောင်းတီး ပဲ...

👉 မင်းရော ဘာထူးလဲ
နွားပလာတာကျွေးနေရသလိုပဲ...

စသည်ဖြင့် ပြောတာ ကြာဖူးကြမှာပါ

တကယ်တော့ ကျွဲတစ်ကောင်နားကို စောင်းတစ်လက်ပိုက်ပြီး သွားတီးနေတာကို ပြောချင်တာ မဟုတ်သလို နွားတစ်ကောင်ကိုလည်း တကယ်ပလာတာသွားကျွေးနေတာမျိုး မဟုတ်ဘူးဆိုတာ အားလုံးက သိပြီးသားပါ။

✅ ကိုယ်ပြောချင်တဲ့ အဓိပ္ပာယ်ကို လွယ်လွယ်နဲ့ သဘောမပေါက်တဲ့အခါ၊ နားမလည်တဲ့အခါ၊

✅ ကိုယ်က တန်ဖိုးရှိတဲ့(အရေးကြီးတဲ့) အရာကို ပြောပြနေချိန်မှာ တစ်ဖက်လူက တန်ဖိုးမထား၊ စိတ်မဝင်စားတဲ့အခါ

အဲ့လို အခြေအနေမျိုးတွေမှာ သုံးလေ့ရှိ၊ ပြောလေ့ရှိတဲ့စကားပါ။

အင်္ဂလိပ်လို တိုက်ရိုက် ဘာသာပြန်ရရင်တော့ -

🌲 Playing a harp before a buffalo.
🌻 ကျွဲတစ်ကောင်နားမှာ စောင်းတီးခြင်း။

ဒါပေမယ့် အဲ့လိုတိုက်ရိုက်ရေးရင် အင်္ဂလိပ်တွေက ဆိုလိုရင်းကို ချက်ချင်းနားလည်မှာ မဟုတ်ပါဘူး။ စကားပုံတွေက ဘာသာစကား တစ်ခုနဲ့ တစ်ခု အတိအကျ ထပ်တူကျမနေလို့ပါ။ အင်္ဂလိပ်လို အနီးစပ်ဆုံး စကားပုံကတော့

🌲 Cast pearls before swine.

သူ့ရဲ့ အဓိပ္ပာယ်ကို Cambridge Dictionary မှာ ဒီလိုဖွင့်ထားပါတယ်။

👉-To offer something valuable or good to someone who does not know its value.

အဓိပ္ပာယ်ကတော့
မြန်မာလိုဆိုရင်

🐃 ကျွဲပါးစောင်းတီး
🐂 နွားပလာတာကျွေး

အတူတူပါပဲ....




♥L o v e♥ဒီတစ်ခါ တော့အချစ်အကြောင်း နည်းနည်း ပြောကြမယ်....💛 Love is blind.🌻 အချစ်မှာ မျက်စိမရှိဘူး။ 💛 Love at first sight...
09/10/2023

♥L o v e♥

ဒီတစ်ခါ တော့
အချစ်အကြောင်း နည်းနည်း ပြောကြမယ်....

💛 Love is blind.
🌻 အချစ်မှာ မျက်စိမရှိဘူး။

💛 Love at first sight
🌻 မြင်မြင်ချင်း အချစ်။

💛 All is fair in love and war.
🌻 အချစ်နဲ့ စစ်မှာ မတရားတာ မရှိ။

💛 Love conquers all.
🌻 အချစ်က အရာအရာကို ပြီးပြည့်စုံစေတယ်။

💛 Love makes the world go round.
🌻 အချစ်က ကမ္ဘာကြီးကို လည်ပတ်စေတယ်။

💛 apple of one's eye
🌻 အသည်းကြော်ပဲလှော်လေး

💛 old flame
🌻 အဆက်ဟောင်း (အချစ်ဟောင်း)

💛 Time heals all wounds.
🌻 ဒဏ်ရာတွေကို အချိန်က ကုစားသွားမှာပါ။

💔 သူ ပြန်မလာတော့ပါဘူး 💔




am / is / are_____________ဒီတစ်ခါ Verb to be ဂိုဏ်းဝင်တွေဖြစ်တဲ့ am, is, are အကြောင်း ပြောပြမယ် am, is, are ရဲ့ နောက်မှာ...
09/10/2023

am / is / are
_____________

ဒီတစ်ခါ Verb to be ဂိုဏ်းဝင်တွေဖြစ်တဲ့ am, is, are အကြောင်း ပြောပြမယ်

am, is, are ရဲ့ နောက်မှာ လိုက်တွဲလို့ရတာ များသောအားဖြင့် (၃) ကောင် ရှိတယ် ။ အဲ့ကောင်တွေက -

💥 noun - နာမ်
💥 adjective - နာမဝိသေသန
💥 preposition - ဝိဘတ်

am, is, are ရဲ့ရှေ့ Subject နေရာမှာ
တွဲလို့ရတာတွေက -

1️⃣ am

am က တော်တော် သစ္စာရှိတယ်။ Subject နေရာမှာ I ကိုပဲ အမြဲနေရာပေးထားတာ။ တစ်ယောက်ဆိုတစ်ယောက်၊ ပိတောက်ဆိုပိတောက်ပဲ။ တခြား ဘယ်စကားလုံးနဲ့မှ မတွဲဘူး။

ဘယ်တော့ဖြစ်ဖြစ် I am, I'm ဆိုပြီး မခွဲမခွါ အမြဲသာ တွေ့နေရတာပဲ။ ကြည့်ပါလား...

⭐ I am a thief.
🌻 ကျွန်တော်က သူခိုးတစ်ယောက်ပါ။

⭐ I am in the dark.
🌻 ကျွန်တော် အမှောင်ထဲမှာ။

⭐ I'm afraid of dog.
🌻 ကျွန်တော် ခွေးကြောက်တတ်ပါတယ်။

ဒါနဲ့ ပြောဦးမယ် (ရှူး....တိုးတိုး..... )
am က သစ္စာရှိသလောက် I ကကျတော့ မျက်နှာများတယ်နော်။
(သူ့အကြောင်း နောက်မှ ပြောပြဦးမယ်)

2️⃣ is

is က Subject အနည်းနဲ့ပဲ တွဲတာ။
တစ်ပြိုင်တည်း အများကြီးနဲ့ မတွဲဘူး တစ်ယောက်ပြီးမှ တစ်ယောက်။ တစ်ပင်လဲမှ တစ်ပင်ထူတာ။
subject အများဆို is က လှည့်ကို မကြည့်တာ။ အနည်းပဲ သဘောကျ။

⭐ Wint War is a celebrity.
🌻 ဝင့်ဝါက ဆယ်လီ တစ်ယောက်ပါ။

⭐ She is so popular.
🌻 သူမဟာ အလွန်ကျော်ကြားလှပါတယ်။

⭐ The dog is in the manger.
🌻 ခွေးက နွားစာခွက်ထဲမှာ။

3️⃣ are

ဒီကောင်ကျတော့ Subject ကို များတာမှတွဲတာ။ နည်းရင် စိတ်မဝင်စားဘူး၊ မတွဲဘူး။ အဲ့ဒါကြောင့် -

⭐The streetlights are bright.
🌻လမ်းမီးတွေက လင်းထိန်နေတာပဲ။

⭐ They are night-watchmen.
🌻 သူတို့က ညစောင့်တွေ။

⭐ A lot of people are in the club.
🌻 လူတွေအများကြီး ကလပ်ထဲမှာ ရှိတယ်။

အဲ့တော့

S + am/is/are + Noun
S + am/is/are + Adj
S + am/is/are + Preposition

ဒီ Structure လေးတွေသုံးပြီး ကိုယ်ပိုင် ဝါကျလေးတွေ ပွားကြည့်လို့ရပြီနော်...

/is/are


ဒီတစ်ခါတော့ feeling နဲ့ ပတ်သက်တဲ့ Adjective (နာမဝိသေသန) လေးတွေ လေ့လာကြည့်ရအောင် …..အင်္ဂလိပ်လို အဓိပ္ပါယ်ဖွင့်ဆိုချက်ကို...
07/10/2023

ဒီတစ်ခါတော့ feeling နဲ့ ပတ်သက်တဲ့ Adjective (နာမဝိသေသန) လေးတွေ လေ့လာကြည့်ရအောင် …..
အင်္ဂလိပ်လို အဓိပ္ပါယ်ဖွင့်ဆိုချက်ကို အရင်လေ့လာကြမယ် 💁‍♂️

🌻amazed – very surprised

🌻motivated – very keen to do something

🌻confused – unable to think clearly or to understand something

🌻depressed – unhappy and without hope

🌻determined – working to achieve a goal even if it is difficult

🌻exhausted – extremely tired

🌻fascinated – extremely interested

🌻frustrated – feeling annoyed or less confident

🌻impatient – getting angry easily

🌻impressed – causing someone to admire or respect

အောက်က ပုံလေးတွေထဲမှာ မြန်မာလို အဓိပ္ပါယ်နဲ့တွဲပြီး ထပ်လေ့လာလို့ရပါပြီ ….





အတိတ်ရိုးရိုး၊ ရိုးရိုးအတိတ်-----------------------------------------အတိတ်ကို အတိတ်မှာ မထားခဲ့ပါနဲ့။ အတိတ်အကြောင်းတွေကို...
07/10/2023

အတိတ်ရိုးရိုး၊ ရိုးရိုးအတိတ်
-----------------------------------------

အတိတ်ကို အတိတ်မှာ မထားခဲ့ပါနဲ့။ အတိတ်အကြောင်းတွေကို ပြန်ပြောကြည့်ရအောင် .....

အင်္ဂလိပ်စာမှာ အတိတ်ကိုပြောချင်ရင် Verb ပြောင်းရပါတယ်။

မြန်မာလို

''မနေ့က ကျွန်တော် ကျောင်းသွားတယ်'' ဆိုတဲ့ စာကြောင်းကို

🌼 I go to school yesterday. ❌
🌼 I went to school yesterday. ✅

ပထမ စာကြောင်းမှာ (go) က မှားပါတယ်။ (yesterday) ဆိုတာ အတိတ်ကိုပြတာဖြစ်တဲ့အတွက် V2 (Past Simple) ပြောင်းရမှာပါ။ အဲ့တော့ (go) က (went) ဖြစ်သွားရပါတယ်။

မြန်မာလိုကတော့
🌻 မနေ့က ကျွန်တော် ကျောင်းသွားခဲ့တယ်။ ✅
🌻 မနေ့က ကျွန်တော် ကျောင်းသွားတယ်။ ✅

ဝါကျ နှစ်ခုလုံးက မှန်ပါတယ်။ ဆိုလိုရင်းကိုလည်း ချက်ချင်းသိနိုင်တယ်။ ''မနေ့က'' လို့ ပြောလိုက်တာနဲ့ အတိတ်ဆိုတာ ချက်ချင်း နားလည်ပြီးသား မဟုတ်လား။

အင်္ဂလိပ်ဘာသာစကားမှာကျတော့ (yesterday) ပါရုံနဲ့ အပြည့်အဝ မမှန်သေးဘဲ Verb ကို ညှိပေးရတာမျိုး။ အဲ့ဒါကြောင့် (go) က (went) ဖြစ်သွားတာပါ။

နမူနာလေးတွေ လေ့လာကြည့်ကြမယ်နော်

🌼 She ate three coconuts yesterday.
🌻 သူမ မနေ့က အုန်းသီး (၃) လုံး စားခဲ့တယ်။

🌼 He gave the teacher a lovely rose.
🌻 သူက ဆရာမကို ချစ်စရာကောင်းတဲ့ နှင်းဆီပန်းတစ်ပွင့် ပေးခဲ့တယ်။

🌼 We saw monkeys and donkeys when we visited a zoo.
🌻 ကျွန်တော်တို့ တိရစ္ဆာန်ရုံသွားလည်တုန်းက မျောက်တွေနဲ့ မြည်းတွေ တွေ့ခဲ့တယ်။
(သွားလည်တုန်းက တွေ့ခဲ့တာ၊ အခုမတွေ့တော့ဘူး၊ အတိတ်မှာ တွေ့ခဲ့တာ)

🌼 I wrote an email to Mark Zuckerberg this morning.
🌻 ကျွန်တော် မနက်က မာ့ခ်ဇူကာဘက် ဆီကို
အီးမေးတစ်စောင် ရေးခဲ့တယ်။

🌼 Myanmar was a developed country in 1960s.
🌻၁၉၆၀ နှစ်တွေမှာ မြန်မာဟာ ဖွံ့ဖြိုးတိုးတက်သောနိုင်ငံတစ်နိုင်ငံ ဖြစ်ခဲ့တယ်။
(အခု မဟုတ်တော့ဘူး ဆိုတဲ့သဘော၊ အတိတ်မှာ ကျန်ခဲ့ပြီ)

🌼 I killed an elephant last night.
🌻 ငါ မနေ့ညက ဆင်တစ်ကောင် သတ်ခဲ့တယ်။ 😱

ဒါကတော့
"အတိတ်ရိုးရိုး" အကြောင်းပေါ့။ အတိတ်ရိုးရိုး
ပြီးရင် ''အတိတ်ဆန်းဆန်း" လာဦးမယ်....😎





မြန်မာလို သိထားတဲ့ အကောင်လေးတွေကို အင်္ဂလိပ်လို ဘယ်လိုခေါ်လဲ လေ့လာကြည့်ရအောင်နော်.....
04/10/2023

မြန်မာလို သိထားတဲ့ အကောင်လေးတွေကို အင်္ဂလိပ်လို ဘယ်လိုခေါ်လဲ လေ့လာကြည့်ရအောင်နော်.....





Address

Yangon

Website

Alerts

Be the first to know and let us send you an email when Bee Edu posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Bee Edu:

Shortcuts

Share

Category