Ultimate Techno Engineering

Ultimate Techno Engineering

Share

Multi-Brand Air Compressor Solution

Photos from Ultimate Techno Engineering's post 24/12/2025

ကျွန်တော်တို့ TU စတက်တုန်းက Compressed Air အကြောင်းကို ဂဃနဏသင်ပေးခဲ့တဲ့ သင်ရိုးမရှိခဲ့ပါဘူး။Trend ဖြစ်နေတာက M& E နယ်ပယ်ပါပဲ။ကျောင်းပြီးတော့ အကြောင်းအမျိုးမျိုးနဲ့ M&E Field ကို ပယ်ခွာပြီး Compressed Air လောကကို ၂၀၁၇မှာပဲ မြန်မာပြည်ရဲ့ Market Share အများဆုံးရထားခဲ့တဲ့ Company တခုကို အလုပ်ဝင်ခဲ့ရင်း နဲ့ This is my right Field ဆိုတာ တဖြည်းဖြည်း သဘောပေါက်လာပြီး ငါ ဒီလောကမှာပဲကျင်လည်တော့မယ်ဆိုတဲ့အထိ ဆုံးဖြတ်ချက်ခိုင်မာစွာချခဲ့လိုက်တယ်။Overseas ကိုထွက်တော့လည်း သူငယ်ချင်းတွေက M&E ကိုယ်တစ်ယောက်ပဲ Compressor သမားဖြစ်နေခဲ့တယ်။ဘာပဲဖြစ်ဖြစ် ကြုံလာတဲ့ လောကဓံအဆိုးအကောင်းကို ကြံ့ကြံ့ခံရပ်တည်ရင်း အခုတော့ Ultimate Techno Engineering ဆိုတဲ့ Companyလေးကို အစပျိုးခဲ့နိုင်ပြီ။သင်ဆရာ မြင်ဆရာ ကြားဆရာများကို ထာဝရဦးညွတ်နေမြဲပါခင်ဗျာ။

Photos from Ultimate Techno Engineering's post 22/10/2025

Piston type air compressor (5Units) နဲ့ Air Dryer တစ်လုံးကို Overhaulလုပ်ဖို့ Surveyသွားကြည့်☺️☺️☺️

23/12/2020

What is compressed air?
တိုးတက်ခေတ်မှီလာသော လူသုံးကုန်ပစ္စည်းများထုတ်လုပ်ရေးများတွင်လည်းကောင်း စားသောက်ကုန်လုပ်ငန်းများမှာသော်လည်ကောင်း ဆောက်လုပ်ရေးလုပ်ငန်းများမှအစ စက်ရုံအလုပ်ရုံများမှာ Compressed Air ရဲ့အရေးပါအရာရောက်မှု့က တစထက်တစတိုးတက်များပြားလာပါတယ်။
လူသားများကိုအခြေပြု၍ ထုတ်ကုန်များ ထုတ်လုပ်လာသောခေတ်ကို ကျော်လွန်ကာ Pneumatic machines များကို အသုံးပြုကာ ထုတ်လုပ်စရိတ်လျှော့ချခြင်းနဲ့အတူ Compressed Air ရဲ့ လိုအပ်ချက်မှာလည်း ကျွဲကူးရေပါဆိုသလို လိုအပ်ချက်ကြီးမားလာတာ မျက်မှောက်ခေတ် ကုန်ထုတ်စက်ရုံ၊ကားပြင်အလုပ်ရုံ၊အထည်ချုပ်၊စားသောက်ကုန်ထုတ်လုပ်ရေး စသည်တို့မှာ လေ့လာကြည့်ရင် မြင်နိုင်မှာပါ။
ဆိုတော့...Compressed Air ဆိုတာ ဘာလဲ? ဆိုတာ အကျဉ်းချုံးပြောရရင် Compressor +Air Receiver +Air Dryer ဆိုတဲ့ အတွဲအစပ်မှသည် သန့်စင်ခြောက်သွေ့တဲ့လေကို ထုတ်လုပ်ပေးခြင်းသည်က Compressed Air ရဲ့ Source of Energyပါပဲ။တိုးတက်ခေတ်မှီလာတဲ့ နည်းပညာအရွေ့နဲ့အတူ Compressor များသည်လည်း Piston type မှသည် Screw typeဆိုသည်အထိ နည်းပညာတိုးတက်မြင့်မားလာသလို ကိုယ်လိုချင်တဲ့ Pressure & Air Flow ကိုသိရုံမျှနဲ့ ကိုယ်ဘာကို ရွေးချယ်ရမလဲဆိုတဲ့ ပုစ္ဆာအတွက်လည်း ခေါင်းခဲစရာမလိုပဲ...ကိုယ်လိုချင်တာ Pressure သီးသန့်ဆို Piston type တွေကို ဉီးစားပေးရွေးချယ်နိုင်သလိုပဲ...Air flow requirement လိုအပ်တဲ့ Pneumatic machines တွေအတွက်ဆို Screw Type တွေကို ရွေးချယ်နိုင်တယ်ဆိုတဲ့ Options တွေလည်း ရှိပါတယ်။
တဆက်တည်းမှာပဲ Compressed Air Industry ကို စိတ်ဝင်စား၍ ဆွေးနွေးလိုသည်ဖြစ်စေ ကိုယ်လုပ်ကိုင်နေတဲ့ စက်ရုံမှာ လိုအပ်တဲ့ Technnical Problems များနဲ့ပက်သက်ကာ သိလို၍ဖြစ်စေ ကျွန်တော်တို့ရဲ့ UTE Page မှာ လာရောက်ဆက်သွယ်နှီးနှောတိုင်ပင်နိုင်ပါတယ်ခင်ဗျာ...ကိုယ်သိသမျှဘောင်အတွင်းကနေ Freelance Advisor အနေနဲ့ကူညီပေးနိုင်ပါတယ် မိတ်ဆွေတို့ခင်ဗျား။ ။
ကျွန်တော်တို့၏ UTE Page လေးကိုလည်း Like & Share လေးများပြုလုပ်ပေးခြင်းဖြင့် ကူညီပေးနိုင်ရင်ဖြင့် ကူညီပေးနိုင်ပါတယ်ခင်ဗျာ 😍😍😍

04/07/2020

How to take care your air compressor? ?

Screw Air Compressor တခုကို Take Care ဘယ်လိုလုပ်မလဲဆိုတာနဲ့ပက်သက်ပြီး ကျွန်တော်တို့UTE Groupကိုယ်တိုင်ကြုံခဲ့ရတဲ့အတွေ့အကြုံတွေနဲ့ ပမာပြု၍တတ်သလောက်ရှဲပါရစေခင်ဗျာ။
အဓိကအရေးကြီးတာက ကိုယ်ကိုင်တွယ်ရမည့်စက်ရဲ့ Operation Flow ကို အရင်သိရပါမည်။အများအားဖြင့် Oil cooled screw air compressor နှင့် Water cooled air compressor ဟူ၍ နှစ်မျိုးရှိပါသည်။Water cooled screw air compressor ကတော့ Maintenance Cost နည်းပြီး စျေးပိုကြီးပါတယ်။အဓိကကတော့ သူရဲ့အအေးခံအရင်းအမြစ် Industrial waterကို စစ်ပေးဖို့လိုမှာဖြစ်ပြီး ကျန်တဲ့အရာတွေကတော့ Electrical error ဖြစ်တာကလွှဲလို့ Mechanical Side က အပြစ်မရှိသလောက်ရှားလှပါတယ်။Oil cooled screw air compressor ကတော့ လူသုံးပိုများပြီး Mechanical ရော Electrical မှာပါ local မှာ အပျက်များလှပါတယ်။ဘာကြောင့်လဲဆိုတော့ လုပ်ငန်းရှင်တော်တော်များများက စက်တွေကို ဂရုတစိုက်မရှိလှပဲ သုံးမရမှ Service Team တွေထံပုံအပ်တတ်ကြလို့ပါပဲ...ဆိုတော့ အကြံပေးချင်သည်မှာ ကိုယ်ဝယ်ယူခဲ့တဲ့ စက်ကို ဘယ်လိုထိန်းသိမ်းရမယ်...ဘယ်လိုစောင့်ရှောက်ရမယ်ဆိုတာ ကိုယ်ဝယ်ယူခဲ့သည့် Company က Service Teamထံမှ မေးမြန်းစုံစမ်း၍ Operator တွေကို သေချာလေ့ကျင့်ပေးထားရင် UTE Groupကနေ ထောက်ပြ ခဲ့တဲ့ အထက်ပါကိစ္စတွေကို ရှောင်ကွင်းနိုင်မှာပဲ ဖြစ်ပါတယ်။နောက်ပြီး Service Team က ညွန်းကြားအကြံပြုတဲ့ Technical suggestions တွေကို သေချာလေးလိုက်နာပေးစေချင်ပါတယ်။အထူးသဖြင့် ကိုယ့်ထားသိုမည့် စက်ရဲ့ အခန်းက Ventilation ကောင်းဖို့လိုမည်ဖြစ်ပြီး နောင် Future Maintenance အတွက်ပါရည်ရွယ်၍ အခန်းကို တတ်နိုင်သမျှ စီစဉ်ပေးရမှာဖြစ်ပါတယ်။ဘယ်လိုမှ Ventilation အတွက် အဆင်မပြေတဲ့ အခန်းဆိုရင်တော့ Duct ပုံးတွေနဲ့ လုပ်ပေးရပါ့မယ် မဟုတ်ရင် သင့်၏စက်ဟာ Temperature Errorနဲ့ပဲရပ်နေပြီး ထိုင်ကြည့်နေရမှာပါပဲ။
အဆုံးသတ်အားဖြင့် အကြံပြုချင်သည်က ကိုယ်နိုင်ငံက လုပ်ငန်းရှင်တွေအနေနဲ့ စက်တောင်စျေးကြီးပေးဝယ်ထားရကာပြီးမှ နောက်ဆက်တွဲ ဆောင်ရန်ရှောင်ရန်အကြံပြုချက်တွေကိုတော့ သေချာလေးလုပ်ပေးနိုင်ဖို့ လိုအပ်မှာဖြစ်ပါတယ်။UTE Group အနေနဲ့ local မှါသာရခဲ့သောအတွေ့အကြုံများသာမက တိုင်းတပါးမှာပါ ရခဲ့သော Experiences တွေကို ယှဉ်ပြီး အကြံပြုခြင်းဖြစ်ပါသည်။အရာရာအဆင်ပြေချောမွေ့ကြပါစေ....


YOU CAN ALSO FIND OUR UTE GROUP ON FACEBOOK,LinkedIn AND GOOGLE EASILY.

03/07/2020

30/06/2020

Air Compressor လို့ဆိုလိုက်တာနဲ့ Repair & Service သာမက Compressed Air Installationပါ သိမှ အဆင်ပြေမှာမို့ ဒီလောကထဲကျင်လည်ခဲ့သမျှ အတွေ့အကြုံတွေကိုပဲ ဝေမျှလိုက်ပါရစေ။
အခြေခံအားဖြင့် ကိုယ်အသုံးပြုမည့်စက်သည် Screw Air Compressor ဆိုပါက ထပ်ဆောင်းမဖြစ်မနေလိုလာမည်က Air Receiver Tank နှင့် Air Dryerတို့ပါပဲ။Air Receiver Tankအကြောင်းကို အကြမ်းဖျင်းပြောရလျင် လေစုအိုးပါပဲ...ဒီအပြင့် Compressor က ထွက်လာတဲ့လေမှာပါလာသည့် ရေခိုးရေငေွ့တွေကို အောက်မှာအထိုင်ကျစေပြီး Manual Drain ကနေတဆင့် အပြင်ကိုစွန့်ပစ်နိုင်ပါသည်။Air Receiver Tank ၏ Main Function သည်လေသိုလှောင်ဖို့ဖြစ်သည်သာဖြစ်၍ Compressed Air မှာပါလာတဲ့ Vapour တွေကို ကုန်စင်အောင် စစ်ထုတ်နိုင်စွမ်းက မတတ်သာချေ...ဆိုတော့ လေနှင့်အတူပါလာတဲ့ ရေခိုးရေငွေ့တွေကို စုပ်ယူပြီး ခြောက်သွေ့ပြီး သန့်ရှင်းတဲ့လေကို ရရှိစေဖို့အတွက်ကတော့ Air Dryer လိုအပ်လာပါပြီ။စာရေးသူတို့ တိုင်းပြည်မှာတော့ Refrigerated Air Dryer ကို အသုံးများကြပြီး စလုံးလိုတိုင်းပြည်မှာတော့ Dessicant Air Dryerကို ပိုသုံးကြတာ တွေ့ရပါတယ်။အဓိက ဘယ်အမျိုးအစားကိုသုံးသုံး လုပ်ဆောင်ပုံရည်ရွယ်ချက်ကတော့ အတူတူပါပဲ။Compressed Air Installation ရဲ့ အဓိကအရေးကြီးတဲ့ Design ကတော့ Air Compressor +Air Receiver Tank+Air Dryer ဆိုတဲ့ Sequence ပါပဲ...ဒါမှမှန်ကန်သော လုပ်ဆောင်ချက်ကို ရမှာပဲဖြစ်ပါတယ်။နောက်ထပ်အရေးကြီးတာက ကိုယ်သုံးမယ့် Compressed Air Line အတွက်ပိုက်ဆိုဒ်သည် Air Compressor Outletအထွက်မှာရှိတဲ့ဆိုဒ်ထက် ပိုသေးနေလို့မရပါ...အဘယ်ကြောင့်ဆိုသော Pressure Drop ရှိလာမည်ဖြစ်သောကြောင့်ဖြစ်ပါသည်။Compressed Air Pipe ကိုတော့ GI Pipe တွေအသုံးများကြပြီး Stainless Steel Pipe ကိုတော့အသုံးပြုကြပေမယ့် အတော်နည်းတာတွေ့ရပါတယ်။
အထက်ပါအကြောင်းအရာများသည် Compressed air installation နဲ့ပက်သက်ပြီး အကျဉ်ချုံးဖော်ပြချက်ဖြစ်ပါသည်။နောင်တွင်မှ အသေးစိတ်ရေးနိုင်ဖို့ကြိုးစားပြီး သိသလောက်မျှဝေပေးဖို့လည်း ရှိကြောင်းတင်ပြရင်း ဤတွင်နိတ္ထိတန်ပါရစေ။ ။

You can also find our group on Facebook,LinkedIn & Google easily if you're interested to check out...

27/06/2020

Air Filter (or) Intake Filter ကို ပုံမှန်မထိန်းသိမ်းရင် ဘာဖြစ်နိုင်မလဲ?

စက်တခုရဲ့ လည်ပတ်မှု့ Cycle တခုကို ငယ်ငယ်ကတည်းက သင်ယူခဲ့ရတဲ့ Inlet+Compression+Power+Exhaust (ICPE)ဆိုတာလေးက အမြဲစွဲနေအောင် Basic Concept ကို မှတ်သားခဲ့ရဖူးပါတယ်။ဒီတော့ စက်များသည် လူတို့ရဲ့အသက်ရှင်ဖြစ်တည်မှု့အတိုင်း ပထမအဆင့်အရေးကြီးသည်မှာ Intake Stage(ရှုသွင်းမှု့)ပင်ဖြစ်သည်။Screw Air Compressor မှာဖြစ်စေ Piston Air Compressor မှာဖြစ်စေ Intake Filter ညစ်ပက်လာပြီဆိုရင် နောက်ဆက်တွဲဆိုကျိုးတွေက မနည်းမနောပါပဲ...Outside Air ကို သေချာမစစ်နိုင်ပဲ အသက်ရှုအောင့်သည်လူမမာတစ်ဉီးပမာ စက်ရဲ့ဝန်အား ပုံမှန်ထက်ပိုဆွဲလာရခြင်း(Overload),စက်ကပိုရုန်းရလေ Air Compressor Oil Lubricant ရဲ့ Viscosity ကျကာ ရေရှည်ဆက်သွားရင် စက်ရဲ့အဓိကအစိတ်အပိုင်းဖြစ်တဲ့ Air End ကိုပါ ထိခိုက်နိုင်သည်အထိ Impact ကြီးမားစေနိုင်ပါသည်။ဒါက Mechanical Side ကဖြစ်လာမည့်အကျိုးဆက်တွေမျှသာပဲဖြစ်ပါတယ်...Electrical Side ဘက်ကနေပြန်ကြည့်ရပြန်ရင်လည်း စက်သည်ပုံမှန်ရုန်းနိုင်သည့်ပမာဏထက်ပိုရုန်းလာရရင် ပထမဆုံး Overload Relay တွေပိုရုန်းလာရမယ်...ဒီထက်အဆင့်ကျော်လာရင်တော့ Motor ကြွသွားသည်အထိ ပေးဆပ်နိုင်ရပါသည်။ဆိုတော့ကား Air
Compressor အသုံးပြုသူလူကြီးမင်းများကို အကြံပြုလိုသည်က စက်ရဲ့ Maintenance ကို အချိန်ပေး၍ လုပ်ဆောင်ပါ...အနည်းဆုံး Air Compressor Parts တွေများထဲမှ Service Hours အလိုက်လှဲလှယ်ပေးရတဲ့ Oil lubricant,Oil Filter,Air/Oil Separator နှင့် Intake Filterတို့ကို ပုံမှန်ထိန်းသိမ်းဆောင်ရွက်ဖို့အထူးလိုမည်ဖြစ်ပါကြောင်း အသိပေးအကျိုးဆောင်အပ်ပါသည်ခင်ဗျာ။

Everybody could find our UTE group on Facebook,LinkedIn and Google easily😊

25/06/2020

Screw air compressor operation diagram

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Website

Address

Yangon

Opening Hours

09:00 - 17:00