Oriental Studies Students Association - Dagon University

Oriental Studies Students Association - Dagon University

Share

ဒဂုံတက္ကသိုလ်အရှေ့တိုင်းပညာဌာန ကျောင်းသား /သူ များကိုယ်စားပြု ဖွဲ့စည်းထားခြင်း

Photos from Dagon University Interim Council's post 22/12/2022

| General English Course သင်တန်း။

ဒဂုံတက္ကသိုလ် စီဒီအမ်ကျောင်းသားများအတွက် Informal Online Course - IOC အစီအစဥ်များမှ Program -5အနေဖြင့်

“General English Course ”သင်တန်း ကိုလှစ်မည်ဖြစ်သည်။ အဆိုပါ သင်တန်း နှင့် Informal Online Course - IOC များသည် အတန်းတင်ပညာရေး၊ သင်ရိုးပညာရေးများကို ဦးတည်ခြင်းမဟုတ်ဘဲ စီဒီအမ်ကျောင်းသားများ၏ ကိုယ်ရည်ကိုယ်သွေးနှင့် အသိပညာ တိုးတက်စေရန် အထူးရည်ရွယ်သည်။စိတ်ဝင်စားပြီး အခြေခံကနေ လေ့လာချင်သောကျောင်းသားများ သင်ကြားတက်ရောက်နိုင်မည်။

▪️ ယခုသင်တန်းမှ သင်ကြားရရှိနိုင်မည့်အရာများ
- Different aspects of tenses
- Vocabulary : Words that go together, Prepositions, Adjectives, Markets, Town and country, Describing people, clothes
- Everyday English : Polite request, Directions, Social expressions

▪️တက်ရောက်ခွင့်ရှိသူများ။
စစ်ကျွန်ပညာရေးအား သပိတ်မှောက်ထားသော ဒဂုံတက္ကသိုလ် စီဒီအမ်ကျောင်းသားများ အခမဲ့ တက်ရောက်နိုင်သည်။

သင်တန်းတက်ရောက်ခွင့် လျှောက်ထားရန်။
အောက်ပါ Google form မှတဆင့် သင်တန်းတက်ရောက်ခွင့် လျှောက်ထားရမည်ဖြစ်ပြီး တက်ရောက်ခွင့်ရသူများအား ပြန်လည်၍Email ပေးပို့သွားမည်ဖြစ်သည်။

▪️သင်တန်းကာလနှင့် အချိန်။
သင်တန်းသည် ၁ လ ခွဲကြာမြင့်မည်ဖြစ်ပြီး
အပတ်စဥ် အင်္ဂါနေ့နှင်ကြာသပတေးနေ့ ည​နေ (7) နာရီမှ ညနေ (8:30) အထိ တက်ရောက်ရမည်ဖြစ်သည်။

▪️သင်တန်းပေးမည့် Platform
Zoom Application ဖြင့် သင်တန်းပေးမည်ဖြစ်သည်။

▪️သင်တန်းပြီးမြောက်ခြင်း။
သင်တန်းတက်ရောက်ပြီးစီးပါက Attendance ပြည့်မီမှု၊ Test များ ဖြေဆိုနိုင်မှုပေါ်မူတည်၍ ဒဂုံတက္ကသိုလ်ယာယီအုပ်ချုပ်​ရေးကောင်စီမှ တရားဝင်အသိအမှတ်ပြုသင်တန်းပြီးစီးကြောင်းလက်မှတ်များ ပေးအပ်သွားမည်ဖြစ်သည်။

▪️သင်တန်းစတင်ဖွင့်လှစ်မည့်ရက်။
ဇန်နဝါရီလ (၁၀) ရက်နေ့၊ ၂၀၂၃ခုနှစ်။

▪️သင်တန်းတက်ရောက်ခွင့် လျှောက်ထားရန်။
အောက်ပါ Google form မှတဆင့် သင်တန်းတက်ရောက်ခွင့် လျှောက်ထားရမည်ဖြစ်ပြီး တက်ရောက်ခွင့်ရသူများအား ပြန်လည်၍ E mail ပို့ထားမည်ဖြစ်သည်။

https://docs.google.com/forms/d/1k7pQA8O_d0F8q3G8fyOtqDUA7iiNTC1wewfEF_1ZmtI/edit?usp=drivesdk

▪️တက်ရောက်ခွင့်လျှောက်ထားရန် နောက်ဆုံးရက်။
သင်တန်းတက်ရောက်ခွင့် လျှောက်ထားမည့်သူများသည်
ဒီဇင်ဘာလ (၂၉) ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထားရမည်ဖြစ်သည်။
သင်တန်းသားဦးရေ (၇၀)သာလက်ခံသွားမည်ဖြစ်သည်။
အသေးစိတ်ထပ်မံသိရှိလိုပါက Page Chat Box တွင် ဆက်သွယ်မေးမြန်းနိုင်ပါသည်။

Informal Online Course အစီအစဥ်များ။
ဒဂုံတက္ကသိုလ်ယာယီအုပ်ချုပ်ရေးကောင်စီ။

Photos from Oriental Studies Students Association - Dagon University's post 19/11/2022

အရှေ့တိုင်းပညာ ပထမနှစ် လောက်ကောင်စာရင်းများ
ယခင် 2019 တွင် First sem သာဖြေရတဲ့သူတွေကို
ပြန်လည်စိစစ်ပြီး CDM ပြုလုပ်မှုကို သီးခြားမှတ်တမ်းယူဖော်ပြပေးပေါ့မယ်

Photos from Oriental Studies Students Association - Dagon University's post 18/11/2022

အရှေ့တိုင်းပညာ ဒုတိယနှစ်နှင့် တတိယနှစ်လောက်ကောင်စာရင်းကြေငြာချက်နှင့်အတူ DU-OSSA အနေနဲ့ CDM ကျောင်းသား/သူများနှင့်အတူ ဆက်လက်ရပ်တည်နေကြောင်းနှင့် လက်ရှိကျောင်းတတ်နေကြတဲ့ ကျောင်းသား/သူတွေအနေနဲ့လည်း အာမခံချက်မရှိတဲ့ တရားမဝင်ပညာရေးစနစ်အတွက် အချိန်ကုန်ခံမနေပဲ CDM လုပ်ကြဖို့ တိုက်တွန်းအပ်ပါတယ်

ယခင် 2019 တွင် First sem သာဖြေရတဲ့သူတွေကို
ပြန်လည်စိစစ်ပြီး CDM ပြုလုပ်မှုကို သီးခြားမှတ်တမ်းယူဖော်ပြပေးပေါ့မယ်

Photos from Myanmar Nway-Oo University - မြန်မာ့နွေဦးတက္ကသိုလ်'s post 23/10/2022
23/10/2022

Myanmar Nway-Oo University- မြန်မာ့နွေဦးတက္ကသိုလ် (MNOU)တွင် ဖွင့်လှစ်မည့် Formal Courses ပုံမှန်သင်တန်း၏ ဘာသာရပ်များနှင့် ကျောင်းအပ်လက်ခံမည့်ကာလများ

Photos from Dagon University Interim Council's post 24/06/2022

ဒဂုံတက္ကသိုလ် စီဒီအမ်ကျောင်းသားများအတွက် Informal Online Course - IOC အစီအစဥ်များမှ ပထမဦးဆုံး Program 1 အနေဖြင့် "Daily Spoken English and Pronunciation" သင်တန်း ကို ဒဂုံတက္ကသိုလ်ယာယီအုပ်ချုပ်ရေးကောင်စီမှ စတင်ဖွင့်လှစ်။

07/11/2021

◾စစ်ကောင်စီလက်ဝေခံ ပါမောက္ခချုပ်ဦးဆောင်သော တက္ကသိုလ်အုပ်ချုပ်ရေးအဖွဲ့အား ဖျက်သိမ်းပြီးဖြစ်၍ ယခုကျောင်းအပ်နေကြခြင်းများသည် တရားမဝင်လုပ်ငန်းစဥ်များသာဖြစ်။

အကြမ်းဖက်စစ်ကောင်စီ၏ လက်ဝေခံ၊ စစ်ကောင်စီက ခန့်အပ်ထားသည့် ဒဂုံတက္ကသိုလ်ပါမောက္ခချုပ်အဖြစ်တာဝန်ထမ်းဆောင်နေသော ဒေါက်တာသာထွန်းမောင်နှင့် ၄င်းဦးဆောင်သော ကျောင်းအုပ်ချုပ်ရေးအဖွဲ့အား တာဝန်မှရပ်ဆိုင်း၍ ဖျက်သိမ်းကြောင်းအား ဧပြီလ (၂၇) ရက်နေ့တွင် တရားဝင် ဒဂုံတက္ကသိုလ်ယာယီအုပ်ချုပ်ရေးကောင်စီမှ ကြေညာခဲ့သည်။

ထို့ကြောင့် ဒဂုံတက္ကသိုလ်တွင်ဆောင်ရွက်ခဲ့သော၊ ဆောင်ရွက်လျက်ရှိသော စာသင်ကြားခြင်းများ၊ စာမေးပွဲဖြေဆိုခြင်းများ၊ ကျောင်းအပ်နှံခြင်းများ၊ ထောက်ခံစာထုတ်ခြင်းများ စသည့်လုပ်ငန်းစဥ်များအားလုံးသည် တရားမဝင်ဆောင်ရွက်နေသော လုပ်ငန်းစဥ်များသာဖြစ်ကြောင်း ကျောင်းသား၊ ကျောင်းသူများအား သတိပေးတင်ပြအပ်သည်။ ယခုဆောင်ရွက်လျက်ရှိသော အဝေးသင်ကျောင်းအပ်နေမှုများသည်လည်း တရားမဝင်လုပ်ငန်းစဥ်များတွင် အကျုံးဝင်ပြီး ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းအပ်နေမှုများ ဆက်လက်မပြုလုပ်ရန် အလေးအနက်တိုက်တွန်းအပ်သည်။ တော်လှန်ရေးအလွန်ကာလတွင် စစ်ကောင်စီ၏လက်ဝေခံ တရားမဝင်တက္ကသိုလ်အုပ်ချုပ်ရေးအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့သော ကျောင်းသား၊ ကျောင်းသူများအနေဖြင့် တရားမဝင်ဆောင်ရွက်ခဲ့သော ကိစ္စရပ်များအတွက် တာဝန်ခံရမည်ဖြစ်ကြောင်း အလေးအနက် အသိပေးတင်ပြအပ်ပါသည်။

ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ

27/08/2021

❙ ဒဂုံတက္ကသိုလ်ယာယီအုပ်ချုပ်ရေးကောင်စီ ၏ထုတ်ပြန်ကြေညာချက်

ကြေညာချက်အမှတ် (၃/၂၀၂၁)
ရက်စွဲ ။ ။ ဩဂုတ် ၂၇ ၊ ၂၀၂၁

18/08/2021

ဆရာမကြီး ရဲ့မိသားစုနှင့်ထပ်တူဝမ်းနည်းရပါကြောင်း

အထူးဝမ်းနည်းကျေကွဲရပါသည်။အထက်/အောက် မြန်မာပြည် အရှေ့တိုင်းပညာဌာနကန်တော့ခံ ဆရာမကြီး ဒေါ်အုန်းမြင့် (ပါမောက္ခ၊ဌာနမှုး၊ငြိမ်း)သည်၁၈.၈.၂၀၂၁ နံနက်၅နာရီတွင် ဘဝတပါးသို့ရောက်ရှိကြောင်းကြားသိရပါသည်။ကျေးဇူးရှင်ဆရာမကြီးမြင့်မြတ်သောဘုံဘဝမှာရောက်ရှိနိုင်ပါစေ😢

Photos from Oriental Studies Students Association - Dagon University's post 17/08/2021

၆ပတ်​ ပညာရေးတက်ရောက်ခဲ့သည့်လောက်​ကောင်စာရင်းများ

ခုံအမှတ်၁မဟာအရ -၃သည် အနောက်ပိုင်းတက္ကသိုလ်မှ ဖြစ်ပြီးစတုတ္ထနှစ်​အောင်စာရင်း တွင်ပါသော အမည်နှင့်ခုံနံပါတ်များသည်လည်း အခြားတက္ကသိုလ်များ မှ ဖြစ်နိုင်ပါသည်။

30/07/2021

◾တတိယနှစ် ၊ နောက်ဆုံးနှစ်ကျောင်းသား/သူများအတွက် NUG ရဲ့ Personal Development Training

Personal Development Training- ကိုယ်ရည်ကိုယ်သွေး မြှင့်တင်ခြင်း သင်တန်းကို လုပ်ငန်းခွင်ဝင်ရန် ပြင်ဆင်နေသော တက္ကသိုလ်ကျောင်းသား၊ကျောင်းသူများအတွက် ရည်ရွယ်ခြင်းဖြစ်၍ တတိယနှစ်၊ နောက်ဆုံးနှစ်ကျောင်းသားများတက်ရောက် လျှောက်ထားနိုင်ပါသည်။

သင်တန်းကာလ - တပတ်တရက်ဖြင့် (၈) ပတ်

စာရင်းပေးသွင်းရမည့်လင့်
https://docs.google.com/forms/d/e/1FAIpQLSecbno4qeREWX28naHMW5pUOE9M0QzIVjTy28Nt9Nszdh4Q5g/viewform

**Course To Attend မှာ Personal Development Training ကို ရွေးပေးရန်ဖြစ်သည်။**

Unity School by Unity Corner Team နှင့်ပူးပေါင်းကာ ဦးစွာ ဖွင့်လှစ်သင်ကြား ပို့ချသွားမည်ဖြစ်ပါသည်။

Photos from Dagon University Interim Council's post 23/07/2021

Applied GPS Course

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Address

East Dagon
Yangon
11451