Study with Molly

Study with Molly Molly ဒီ page လေးမှာ Japanese & English နဲ့ပတ်သက်တဲ့ knowled

Hello guys this is Molly ✨💜 ဒီနေ့ပြောချင်တဲ့ topic လေးက‌တော့ဘာသာစကားအသစ်ကိုစတင်လေ့လာမယ့်သူတွေအတွက်နည်းလမ်းကောင်းလေးတွေကိ...
23/01/2021

Hello guys this is Molly ✨💜
ဒီနေ့ပြောချင်တဲ့ topic လေးက‌တော့ဘာသာစကားအသစ်ကိုစတင်လေ့လာမယ့်သူတွေအတွက်နည်းလမ်းကောင်းလေးတွေကိုဝေမျှပေးမှာဖြစ်ပါတယ် ။

(1) Research
ပြောချင်တာကတော့ကိုယ်ဘယ်ဘာသာစကားကိုကိုယ်ကစိတ်၀င်စားမှုရှိလဲဆိုတာကိုယ်တိုင်ရှာဖွေပါနော် ။ ဘာလို့လဲဆိုတော့ကိုယ်ဝါသနာမပါတဲ့ဘာသာစကားကိုစလုပ်မိတယ်ဆိုရင်အချိန်လည်းအရမ်းကုန်သလိုလေ့လာရတာမှာလည်းပျော်စရာမကောင်းပါဘူး‌ ။ အဲ့ဒါကြောင့်ကိုယ်တကယ်ဝါသနာပါတာ or ကိုယ့် professional career နဲ့သက်ဆိုင်တဲ့ဘာသာစကားမျိုးကိုလေ့လာတာပိုကောင်းတယ် ။ အဓိကကတော့ကိုယ်လေ့လာနေတဲ့အချိန်မှာပျော်လားစိတ်ပါ၀င်စားမှုရှိလားဆိုတာကိုယ့်ကိုကိုပြန်မေးပါနော် ။ ✨

(2) ‌Learning
ကိုယ်ဘာသာစကားတစ်ခုကိုလေ့လာပီဆိုရင်အဲ့ဘာသာစကားနဲ့ပက်သတ်တဲ့အရာမှန်သမျှကိုလေ့လာနိုင်ရပါမယ် ။ ဥပမာ အဲ့နိုင်ငံရဲ့ culture ကိုလေ့လာတာမျိုး သူတို့ရဲ့ lifestyle တို့ အဲ့လိုလေ့လာတာကကိုယ်စာလုပ်တဲ့နေရာမှာလည်းတကယ်အကျိုးရှိပီးသူတို့နိုင်ငံနဲ့ပတ်သက်တဲ့ knowledge ‌လည်းကြွယ်၀စေပါတယ် ။ ✨

(3) Set your own study goal
ဒါကအရေးကြီးပါတယ် ။ ကိုယ်ကဘာသာစကားအသစ်တခုကိုစတင်လေ့လာရမယ်ဆိုတော့အဲ့အတွက်ကိုနေ့စဉ်လုပ်ဖို့အတွက် target တစ်ခုထားရပါမယ်နော် ။
ဥပမာ ကိုယ်က Japan စာလေ့လာနေတယ်ဆိုပါတော့
ဒီနေ့ကို Hiragana သေချာရအောင်လေ့ကျင့်မယ်အဲ့လိုလေးပေါ့ နောက်နေ့ကိုဘာလေ့ကျင့်မယ်ဆိုပီးလုပ်သင့်ပါတယ်နော် ။ အဲ့လိုလုပ်ခြင်းကသင့်အတွက်စာလေ့လာတဲ့နေရာမှာအထောက်အကူဖြစ်စေပါတယ် ။ ✨

(4) Self study / Attending class
တချို့လူတွေကတော့ self study နဲ့လေ့လာကြပါတယ် ။ တချို့ကတော့သင်တန်းတွေတတ်ကြပါတယ် ။
Self study အတွက်ပြောချင်တာကတော့ Self study လုပ်မယ်ဆိုရင်ကိုယ့်အတွက်အထောက်အကူဖြစ်စေမယ့် reference books တွေ website တွေ youtube link တွေ application တွေကိုသေချာသိထားဖို့တော့လိုပါတယ်နော် ကိုယ့်ရဲ့ senior တွေဆီကလည်းအကြံဉာဏ်တွေတောင်းယူပါနော် ။ သင်တန်းတက်မယ့်သူတွေကတော့ review ကောင်းတဲ့သင်တန်းတွေကိုရွေးတတ်ဖို့အကြံပေးပါရစေနော် ။ ✨

(5) Entertainment
ဒါကတော့သင်ဘာသာစကားကိုလေ့လာတဲ့နေရာမှာအရမ်းအကျိုးရှိစေမှာပါ ။ ဥပမာ English စာကိုစာကြီးပဲလေ့လာရတာပျင်းလာပီဆိုရင် Netflix ကြည့်တာတို့ Tedtalks သွားနားထောင်လိုက်တာတို့ သီချင်းလေးတွေနားထောင်တာတို့လုပ်လို့ရပါတယ် ။ ဘာအကျိုးရှိလဲဆိုရင်တော့ listening skill သိသိသာသာတိုးတက်လာမှာကိုတွေ့ရပါမယ်နော် သီချင်းနားထောင်တယ်ဆိုရင်လည်း lyrics တွေကြောင့် new vocabulary တွေလည်းသိလာမယ်အဲ့လိုပေါ့ ။ တခုပြောချင်တာရှိပါတယ်ဘာလဲဆိုတော့ tv series တို့ netflix တို့ကြည့်မယ်ဆိုရင် subtitles စာတန်းထိုး ကိုဖျောက်ပီးတော့ကြည့်ပေးပါအဲ့လိုကြည့်ခြင်းအားဖြင့်သင့်ရဲ့ focus က subtitles ကိုမရောက်ဘဲနဲ့သူတို့ရဲ့ accents တွေ listening ပိုင်းကို focus ဖြစ်သွားတော့ပိုအကျိုးရှိပါတယ် ။
ကိုယ်ကအဆင်မပြေဘူးဆိုလည်းရပါတယ်နော် ။ ✨

(6) Community / partner
ကိုယ်လေ့လာနေတဲ့ဘာသာစကားနဲ့ပတ်သက်ပီးတော့ကိုယ့်ရဲ့ community တစ်ခုထားပါ ။ ဥပမာ ကိုယ်နဲ့ဘာသာတူ‌လေ့လာတဲ့သူတွေနဲ့ group ဖွဲ့ပီးစကားပြောတာမျိုး စာအတူတူလုပ်ကြတာမျိုးပေါ့ ။ အဲ့လိုလုပ်တာက community ကောင်းလာပီးတော့စာလုပ်ရတာလည်းပိုပျော်ဖို့ကောင်းပါတယ်နော် ။ ✨

(7) Talk yourself
ကိုယ်သင်နေတဲ့ဘာသာစကားနဲ့ပတ်သက်တဲ့ daily conversation တွေကိုနေ့တိုင်းအိမ်မှာကိုယ့်ကိုကိုပြန်ပြောပါ မဟုတ်လည်းမှန်ကြည့်ပီးပြောပါနော် ။
ကိုယ့်အနီးအနားမှာရှိတဲ့အရာတွေကိုကိုယ်လေ့လာနေတဲ့ဘာသာစကားနဲ့ပြောကြည့်ပါ ။ speaking skill လည်းတိုးတက်စေသလိုစကား‌ပြောတာအသားကျသွားပါမယ် ။ ✨

(8) Don't afraid to make mistake
အမှားလုပ်ဖို့အတွက်ကိုမကြောက်ပါနဲ့နော် ။ ကိုယ်စလေ့လာနေတဲ့ဘာသာစကားဖြစ်တဲ့အတွက်စကားပြောရင်တို့မှာအမှားလုပ်မိမှာမျိုးကိုကြောက်တတ်ကြတယ်ပေါ့နော် ။ ဘာမှကြောက်စရာမလိုဘူးနော် ။ အမှားများများလုပ်လေကိုယ်ကအမှားကနေအမှန်ကိုပြန်ပြင်နိုင်ပီးတော့ပိုအကျိုးရှိမှာပါနော် ။ ကြိုက်သလောက်မှားလို့ရပါတယ် ။ ✨

(9) Don't stop your learning keep moving
ကိုယ်လေ့လာမယ်လို့ဆုံးဖြတ်ထားတဲ့အရာတစ်ခုကိုလမ်းတစ်၀က်မှာရပ်ပစ်တာမျိုးလုံး၀မလုပ်ပါနဲ့နော်အချိန်လည်းကုန်ပါတယ် ။ အဲ့ဒါကြောင့်စလေ့လာမယ်ဆိုရင်သေချာစဉ်းစားပီးမှရွေးချယ်ပါ ။ အဆုံးအထိလုပ်နိုင်ရပါမယ် ။ မဟုတ်ရင်အချိန်ကုန်ငွေကုန်လူပင်ပန်းပါတယ်နော် ။ ✨

(10) Time
အရေးကြီးဆုံးပါပဲနော်ဘာသာစကားလေ့လာကတာဖြစ်တဲ့အတွက်အချိန်ပေးနိုင်ဖို့လုံး၀လိုအပ်ပါတယ်နော် ။ တစ်နေ့ကိုအနည်းဆုံးတော့ 30 minutes ပေးနိုင်ဖို့လိုအပ်ပါတယ် ။ အချိန်များများပေးနိုင်ရင်တော့အကောင်းဆုံးပဲပေါ့နော် ။ ✨

💜
Share your friends 💜

Hello Guys .. This is Molly 🤩 Japan စာကိုအခုမှစတင်လေ့လာသင်ယူမယ့်သူတွေအတွက်ပညာဒါနအနေနဲ့ 100% free class ပါရှင့် ။ ဒါဆိုရင...
11/01/2021

Hello Guys .. This is Molly 🤩
Japan စာကိုအခုမှစတင်လေ့လာသင်ယူမယ့်သူတွေအတွက်ပညာဒါနအနေနဲ့ 100% free class ပါရှင့် ။
ဒါဆိုရင် 100% free class ကို join ချင်တယ်ဆိုရင်

✓✓ Page လေးကို like & follow လုပ်ပေးပါ 💜
✓✓ အခု post လေးကို friend 2 ယောက်ကို tag ပီး
တော့ public နဲ့ share ပေးပါနော် 💜
✓✓ share ထားတာလေးကို screenshot ရိုက်ပီးတော့
အခု post ရဲ့အောက်မှာ comment ပေးခဲ့ပါနော် 💜

Basic class မှာသင်ကြားပေးမှာကတော့
(1) Introduction of Japanese
(2) Romaji
(3) Hiragana ဖတ်နည်း
(4) Hiragana ရေးနည်း
(5) Katakana ဖတ်နည်း
(6) Katakana ရေးနည်း
(7) Explanation of table
(8 ) Dakuon အသံပြင်း Handakuon အသံပျော့
(9 ) Hatsuon အသံထွက်
(10 ) Chouon အသံရှည်
( 11 ) Sokuon အသံဆောင့်သံ
( 12 ) Youon [ ya yu yo ပေါင်းခြင်း ]
( 13 ) နံပါတ်ရေတွက်ပုံ ၊ ပိုက်ဆံရေတွက်ပုံ
( 14 ) အချိန်ရေတွက်ပုံ
( 15 ) နေ့ရက်လနှစ်ခေါ်ဝေါပုံ
( 16 ) နေ့စဉ်သုံးစကားပြောများ

Private group နဲ့ video clips လေးတွေတင်ပီးတော့သင်ကြားပေးမှာဖြစ်ပါတယ်ရှင် ။
စာမရမှာတော့မပူပါနဲ့နော်စာလုပ်မလုပ်ကိုပြန်စစ်မှာဖြစ်တဲ့အတွက်စာကိုတော့သေချာလုပ်ရပါမယ်နော် 😛 ။
တစ်ခုတောင်းဆိုချင်ပါတယ်နော်ပညာဒါနဖြစ်တဲ့အတွက်အမှန်တကယ်လေ့လာသင်ယူမယ်ဆိုမှသာ join စေချင်ပါတယ်နော် ။
Molly လည်းသင်ပေးရကျိုးနပ်အောင်ပါနော် 🥰 ။

ဒါလေးတွေလုပ်ပီးတာနဲ့ private group ကိုထည့်ပေးပါမယ်နော် ။
💜

Address

Yangon

Telephone

+959969139818

Website

Alerts

Be the first to know and let us send you an email when Study with Molly posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Study with Molly:

Shortcuts

Share