EduWorldwide Academic Services

EduWorldwide Academic Services Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from EduWorldwide Academic Services, Educational consultant, Maynigone, Yangon.

🔐 2026 November Intake အတွက် စတင်ကျောင်းလျှောက်နိုင်ပြီဖြစ်တဲ့ ထိုင်းနိုင်ငံရဲ့ ထိပ်တန်းတက္ကသိုလ် 4 ခု July နဲ့ August I...
12/08/2026

🔐 2026 November Intake အတွက် စတင်ကျောင်းလျှောက်နိုင်ပြီဖြစ်တဲ့
ထိုင်းနိုင်ငံရဲ့ ထိပ်တန်းတက္ကသိုလ် 4 ခု

July နဲ့ August Intake တွေကို မမီလိုက်တဲ့ကလေးများအတွက် ထိုင်းနိုင်ငံရဲ့ အောက်ပါနာမည်ကြီး ထိပ်တန်းတက္ကသိုလ်တွေမှာ 2026 November Intake ကို ကျောင်းအပ်စတင်လက်ခံနေပြီနော်။

🏢 𝐀𝐬𝐬𝐮𝐦𝐩𝐭𝐢𝐨𝐧 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 (𝐀𝐁𝐀𝐂)

𝐀𝐬𝐬𝐮𝐦𝐩𝐭𝐢𝐨𝐧 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 (𝐀𝐁𝐀𝐂) ကတော့ (၁၉၆၉) ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ ထိုင်းနိုင်ငံရဲ့ ပထမဆုံးသော နိုင်ငံတကာတက္ကသိုလ်ဖြစ်ပြီး နိုင်ငံတကာအဆင့်မီ သင်ရိုးညွှန်းတမ်းတွေ၊ ဥရောပစတိုင် ခမ်းနားထည်ဝါစွာတည်ဆောက်ထားတဲ့ ကျောင်းဝင်းကြီးနဲ့အတူ Business, Engineering, Communication Arts, Technology, Architecture ဘာသာရပ်တွေမှာ နာမည်ကျော်ကြားပါတယ်။ လက်ရှိ 𝐀𝐬𝐬𝐮𝐦𝐩𝐭𝐢𝐨𝐧 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 မှာတော့ မြန်မာကျောင်းသားများအပါအဝင် ကမ္ဘာတစ်ဝှမ်းက နိုင်ငံပေါင်း ၈၀ ကျော်မှ ကျောင်းသားများ တက်ရောက်သင်ကြားလျက်ရှိပါတယ်။

𝐀𝐬𝐬𝐮𝐦𝐩𝐭𝐢𝐨𝐧 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 (𝐀𝐁𝐀𝐂) မှာ November Intake အမီ
တက်ရောက်နိုင်မယ့် Programs တွေကတော့

▪️ Business Administration
▪️ Accounting
▪️ Business of Economics
▪️ Business English
▪️ Music Entrepreneurship
▪️ Creative Commercial Communications
▪️ Architecture
▪️ Interior Architecture
▪️ Interior Design
▪️ Product Design
▪️ Electrical and Computer Engineering
▪️ Mechatronics Engineering and Artificial Intelligence
▪️ Aeronautic Engineering - Commercial Pilot
▪️ Aeronautic Engineering - Aircraft Maintenance
▪️ Computer Science
▪️ Information Technology
▪️ Food Technology
▪️ Nursing Science
▪️ Law

🏢 𝐊𝐚𝐬𝐞𝐦 𝐁𝐮𝐧𝐝𝐢𝐭 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 (𝐊𝐁𝐔)

ကျောင်းစရိတ်သက်သာပြီး နေထိုင်စရိတ်သက်သာတဲ့ ကျောင်းအဆောင်များရှိတဲ့ Budget Friendly & Quality Education University အဖြစ် မြန်မာကျောင်းသားတွေကြားနာမည်ကြီးတဲ့ 𝐊𝐚𝐬𝐞𝐦 𝐁𝐮𝐧𝐝𝐢𝐭 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲

ကတော့ (၁၉၈၇) ခုနှစ်မှာ တည်ထောင်ခဲ့တဲ့ ထိပ်တန်းတက္ကသိုလ်ဖြစ်ပြီး နိုင်ငံတကာစံညွှန်းမီ အဆင့်မြင့် Facilities တွေနဲ့ ကျောင်းသားတွေရဲ့ Career လမ်းကြောင်းအတွက် အကောင်းဆုံးပြင်ဆင်ပေးနေတဲ့ တက္ကသိုလ်ဖြစ်တာမို့ လူကြိုက်များလှပါတယ်။ ဒါအပြင် ယခု November Intake ဟာဆိုရင် 𝐊𝐚𝐬𝐞𝐦 𝐁𝐮𝐧𝐝𝐢𝐭 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 ရဲ့ 2026 ခုနှစ်အတွက် နောက်ဆုံးကျောင်းအပ်လက်ခံတဲ့ Intake လည်းဖြစ်ပါတယ်။

𝐊𝐚𝐬𝐞𝐦 𝐁𝐮𝐧𝐝𝐢𝐭 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 (𝐊𝐁𝐔) မှာ November Intake အမီ တက်ရောက်နိုင်မယ့် Programs တွေကတော့

▪️ Hotel and Restaurant Management
▪️ Aviation Industry Management
▪️ Civil Engineering
▪️ English for Communication
▪️ Digital Technology Innovation
▪️ Business Administration

🏢 𝐑𝐚𝐟𝐟𝐥𝐞𝐬 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐂𝐨𝐥𝐥𝐞𝐠𝐞 (𝐎𝐜𝐭𝐨𝐛𝐞𝐫 𝐈𝐧𝐭𝐚𝐤𝐞)

𝐑𝐚𝐟𝐟𝐥𝐞𝐬 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐂𝐨𝐥𝐥𝐞𝐠𝐞 ကတော့ Design (Interior, Fashion, Graphic) နဲ့ Business ကို ဝါသနာပါတဲ့သူတွေအတွက် အကောင်းဆုံး ရွေးချယ်မှုဖြစ်ပြီး စာတွေ့ထက် လက်တွေ့ Project တွေနဲ့ Portfolio ကောင်းကောင်းရအောင် သေချာလေ့ကျင့်ပေးတဲ့ နိုင်ငံတကာ ကောလိပ်ဖြစ်တာမို့ ကိုယ်က ဒီနယ်ပယ်တွေမှာ
အခြေချဖို့ရည်ရွယ်ထားတယ်ဆိုရင် သေချာပေါက်ရွေးချယ်သင့်တဲ့ကျောင်းဖြစ်ပါတယ်။

𝐑𝐚𝐟𝐟𝐥𝐞𝐬 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐂𝐨𝐥𝐥𝐞𝐠𝐞 (October Intake) မှာ တက်ရောက်နိုင်မယ့် Programs တွေကတော့

▪️ Fashion Design
▪️ Interior Design
▪️ Graphic Design
▪️ Business Administration

🏢 ၄။ 𝐒𝐭𝐚𝐦𝐟𝐨𝐫𝐝 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲

ကိုယ်က က် နိုင်ငံပေါင်းစုံက ကျောင်းသားတွေနဲ့ အဖိုးတန်တဲ့ Networking တစ်ခုတည်ဆောက်ချင်တယ်၊ အတူတူပညာသင်ရမယ့် International Community တစ်ခုလိုချင်တယ်ဆိုရင်တော့ 𝐒𝐭𝐚𝐦𝐟𝐨𝐫𝐝 က ထိပ်ဆုံးကရှိနေပါတယ်။ 𝐒𝐭𝐚𝐦𝐟𝐨𝐫𝐝 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 မှာ ၃ နှစ် (သို့) ၃ နှစ်ခွဲနဲ့ ဘွဲ့ရနိုင်တဲ့ Fast-track အစီအစဉ်တွေရှိတဲ့အပြင် Industry-driven သင်ရိုးညွှန်းတမ်းတွေနဲ့အတူ ကျောင်းသားတွေကို လုပ်ငန်းခွင်အဆင်သင့်ဝင်နိုင်အောင် ပျိုးထောင်ပေးနေတဲ့ ထိပ်တန်းတက္ကသိုလ်တစ်ခုလည်း ဖြစ်ပါတယ်။

𝐒𝐭𝐚𝐦𝐟𝐨𝐫𝐝 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 မှာ November Intake အမီ တက်ရောက်နိုင်မယ့် Programs တွေကတော့

▪️ Business Administration
▪️ Information Technology
▪️ Communication Arts
▪️ International Relations
အခုပြောပြသွားတဲ့ တက္ကသိုလ် ၃ ခုနဲ့ ကောလိပ် ၁ ခုကတော့ လာမယ့် 2026 November Intake အတွက် စတင်လျှောက်ထားလို့ရပြီဖြစ်တဲ့ ကျောင်းတွေဖြစ်ပြီး ကျောင်းလျှောက်ဖို့အတွက်

📌 GED/IGCSE (or) High School Diploma
📌 IELTS/TOEFL or equivalent
📌 Passport (အနည်းဆုံး ၆ လ သက်တမ်း ရှိရပါမည်) တို့လိုပါမယ်ရှင်။

ဒီ ၃ မျိုးရှိပြီးပြီဆိုတာနဲ့ EduWorldWide မှာ အခမဲ့လာရောက်ဆွေးနွေးပြီး
တိုက်ရိုက်လျှောက်ထားနိုင်ပါပြီနော်။

EduWorldWide မှာ ဒီလို အဆင်မြင့် International Universities များစွာအတွက်

✅Free Consultation လုပ်ပေးတာကစလို့
✅ လိုအပ်သော စာရွက်စာတမ်းများ ကူညီပြင်ဆင်ပေးခြင်း (Proofreading, Personal statement, Statement of Purpose, Portfolio)
✅ Academic Record များ Notary ပြန်ပေးခြင်း
✅ Scholarship Counselling
✅𝐒𝐭𝐮𝐝𝐞𝐧𝐭 𝐕𝐢𝐬𝐚 𝐀𝐩𝐩𝐥𝐢𝐜𝐚𝐭𝐢𝐨𝐧 𝐩𝐫𝐨𝐜𝐞𝐬𝐬
✅ ကျောင်းအပ်ပေးခြင်း (Application Process အစအဆုံးကို တာဝန်ယူဆောင်ရွက်ပေးခြင်း)
✅ Air-Ticket Services
✅ ထိုင်းနိုင်ငံမှာ ကျောင်းတက်ရင်း နေထိုင်ရန် နေရာထိုင်ခင်း ရှာဖွေစီစဉ်ပေးခြင်း ( Accommodation Services) တွေထိ One Stop Service ဖြင့် ဆောင်ရွက်ပေးလျက်ရှိပါတယ်။

ကုန်ကျစရိတ်နဲ့ အသေးစိတ်အကြောင်းအရာတွေကို စုံစမ်းချင်တယ်ဆိုရင်တော့

📌Page Messenger (သို့) ဖုန်းနံပါတ် - 𝟎𝟗𝟒𝟎𝟓𝟑𝟑𝟕𝟕𝟔𝟔 နဲ့
📌လိပ်စာ - စံရိပ်ငြိမ်ဂမုန်းပွင့် (၅)လွှာ၊ အင်းစိန်လမ်းမ၊ (လှည်းတန်းအနီး) ၊ ရန်ကုန်မြို့သို့ လာရောက်ဆက်သွယ်စုံစမ်းနိုင်ပါတယ်။


12/08/2026

အကောင်းဆုံး University ရယ်လို့ မရှိပါဘူးနော်… သင့်အတွက် အသင့်တော်ဆုံး University ကိုပဲ ရွေးချယ်ရမှာပါ 🇹🇭✨

ထိုင်းနိုင်ငံမှာ ကျောင်းတက်ဖို့စဉ်းစားနေကြတဲ့သူတွေအနေနဲ့ ဘယ် Uni ကို ရွေးချယ်ရမလည်းဆိုပြီး တွေဝေနေရင် ဒီ Post လေးကို save ထားလိုက်ပါရှင့် 📌

07/08/2026

Dream University for Design Students 🇹🇭✨

ကိုယ်က ဘန်ကောက်မြို့ထဲမှာ Design Programs တွေကို သင်ယူလေ့လာချင်တယ် 👇
👗 Fashion Design
🧩 Graphic Design
🏢 Interior Design
🎮 Video Game Design
📱Multimedia Design

Design နဲ့ ပတ်သက်တဲ့ စီးပွါးရေးအမြင်တွေကိုလည်း ပိုမိုချဲ့ထွင်ချင်တယ်ဆိုရင်တော့ Raffles International College ရဲ့ October 2026 Intake ကို လျှောက်ထားသင့်နေပါပြီရှင့် 📌

Admission Deadline အနေနဲ့ September 19 ရက်နေ့အထိသာ လျှောက်လို့ရမှာ ဖြစ်ပါတယ်။ လိုအပ်အပ်တဲ့ စာရွက်စာတမ်းအနေနဲ့ကတော့
👉 အထက်တန်းအောင်လက်မှတ်
👉 အထက်တန်း အမှတ်စာရင်း
👉 Passport
တို့ပဲ ဖြစ်ပါတယ်။

ကျောင်းလျှောက်ဖို့ စိတ်ဝင်စားတယ်ဆိုရင်တော့ EduWorldWide ကို အချိန်မရွေး ဆက်သွယ်လိုက်ပါရှင့် ✨

👉 ကျောင်းအစအဆုံး လျှောက်ခြင်း
👉 ကျောင်းလခသွင်းခြင်း
👉 Visa လျှောက်ပေးခြင်း
👉 တိုက်ခန်းရှာပေးခြင်း
👉 လေဆိပ်မှာ ကြိုပေးခြင်း
👉 ဘတ်လဲပေးခြင်း
ဒီလိုမျိုး One-stop service ကိုလည်း တစ်နေရာတည်းမှာပဲ ရနေပြီဖြစ်လို့ ယုံကြည်စွာအပ်နှံလို့ ရပါတယ်ရှင့် ✨

📌ထိုင်းမှာကျောင်းသွားတက်တော့မယ်ဆိုရင် မဖြစ်မနေ ဖတ်ရှုသင့်တဲ့ Thailand Lifestyle Guideထိုင်းနိုင်ငံမှာကျောင်းသွားတက်တော့မ...
07/08/2026

📌ထိုင်းမှာကျောင်းသွားတက်တော့မယ်ဆိုရင်
မဖြစ်မနေ ဖတ်ရှုသင့်တဲ့ Thailand Lifestyle Guide

ထိုင်းနိုင်ငံမှာကျောင်းသွားတက်တော့မယ့် ကလေးများအနေနဲ့ Thailand Lifestyle မှာ လွယ်ကူလျင်မြန်စွာ အသားကျနိုင်ဖို့ဆိုရင် ဒီအချက်လေးတွေကို သိထားဖို့ လိုပါတယ်နော်။

1️⃣ကုန်ကျစရိတ်

ထိုင်းမှာ ကျောင်းတက်မယ့် ကျောင်းသားတစ်ယောက်အတွက် မဖြစ်မနေကုန်ကျမယ့်
အဓိကစရိတ်တွေကတော့ အိမ်လခ၊ စားစရိတ်၊ အင်တာနက်ဖိုးနဲ့ အထွေထွေ ကုန်ကျစရိတ်တွေပဲ ဖြစ်ပါတယ်။
မြို့တော်ဖြစ်တဲ့ Bangkok မှာဆိုရင်တော့ နေထိုင်စရိတ်မြင့်မားတာမို့ တစ်လကို ခန့်မှန်းခြေ USD 300 မှ USD 600 ဝန်းကျင်ကုန်ကျနိုင်ပြိး Outside Bangkok မှာဆိုရင်တော့ တစ်လကို USD 200 မှ USD 400 ဝန်းကျင်သာ ကုန်ကျနိုင်မှာဖြစ်ပါတယ်။ မိမိရဲ့ Monthly Budget အပေါ် မူတည်ပြီး စနစ်တကျ ခွဲဝေသုံးစွဲတတ်ဖို့ အရေးကြီးပါတယ်။

2️⃣သွားလာရေး

ဘန်ကောက်မှာ ကားပိတ်တဲ့ဒဏ်ကနေ ကင်းဝေးပြီး Budget လည်းသက်သာစေဖို့ BTS (မိုးပျံရထား) နဲ့ MRT (မြေအောက်ရထား) တွေကို သွားလာရေးအတွက် အသုံးပြုလေ့ရှိပါတယ်။ သက်ဆိုင်ရာ Student Pass တွေ၊ Rabbit Card တွေ လုပ်ထားမယ်ဆိုရင်တော့ ပိုပြီးတောင် သက်သာမှာပါ။ Grab ဒါမှမဟုတ် Taxi တွေလည်းရှိပေမယ့် ဈေးများတာမို့ ရေရှည်မှာ ကုန်ကျစရိတ်ထောင်းပါတယ်နော်။

3️⃣ညဈေးနဲ့ လမ်းဘေးစာများ

စာလုပ်လို့ ပင်ပန်းတဲ့အခါ စိတ်အပန်းဖြေနိုင်ဖို့ Jodd Fairs, Chatuchak လို နာမည်ကြီး ညဈေးတွေလည်း ရှိပါတယ်။ Street Food တွေဟာဆိုရင်လည်း ဈေးနှုန်းသက်သာပြီး အရသာရှိတဲ့အတွက် ကျောင်းသားတွေ အများဆုံးလည်ပတ်လေ့ရှိတဲ့ နေရာဆိုရင်လည်း မမှားပါဘူး။ တစ်ခုရှိတာက ကျန်းမာရေး မထိခိုက်စေဖို့အတွက် သန့်ရှင်းမှုရှိတဲ့ ဆိုင်မျိုးတွေကို ရွေးချယ်စားသောက်ဖို့နဲ့ ကိုယ်နဲ့ တည့်/မတည့်တဲ့ ပါဝင်ပစ္စည်းတွေကို သတိပြုဖို့တော့ လိုအပ်ပါတယ်။

4️⃣ယဉ်ကျေးမှု

အခြားနိုင်ငံတွေလိုပဲ ထိုင်းနိုင်ငံမှာလည်း ရိုးရာယဉ်ကျေးမှုနဲ့ ဆောင်ရန် ရှောင်ရန်လေးတွေရှိပါတယ်။ အထူးသဖြင့် အခုမှရောက်မယ့်ကလေးများအနေနဲ့ Culture Shock မဖြစ်စေဖို့ ထိုင်းလူမျိုးတွေရဲ့ ယဉ်ကျေးမှုကို ကြိုတင်လေ့လာထားသင့်ပါတယ်နော်။ ထိုင်းနိုင်ငံမှာ ဘုရင်စနစ်နဲ့ ဘာသာရေးကို အလွန်ရိုသေကြပါတယ်။ လူကြီးသူမကို ရိုသေတာ၊ တစ်ပါးသူရဲ့ ခေါင်းကို မကိုင်တာ၊ ခြေထောက်နဲ့ မညွှန်ပြတာတွေက မဖြစ်မနေစောင့်ထိန်းရမယ့် အခြေခံကျင့်ဝတ်ဖြစ်ပြီး ဘုရားကျောင်းကန်သွားရင် ပေါင်တို၊ စကတ်တို ဝတ်ဆင်တာတွေလည်း မလုပ်သင့်ပါဘူး။

5️⃣Essential Mobile Apps များ

ထိုင်းနိုင်ငံမှာ နေ့စဉ်ဘဝ ပိုမိုလွယ်ကူချောမွေ့စေဖို့ ဖုန်းထဲမှာ မဖြစ်မနေ ရှိထားသင့်တဲ့ App တွေ ရှိပါတယ်။
အဓိကအားဖြင့်တော့ ဆက်သွယ်ရေးအတွက် LINE , သွားလာရေးနဲ့ အစားအသောက်မှာဖို့အတွက် Grab, Bolt, Foodpanda, Lineman, အွန်လိုင်းမှ ဈေးဝယ်ဖို့အတွက် Shopee, Lazada တို့ဖြစ်ပါတယ်။

6️⃣ငွေပေးချေမှု စနစ်

ထိုင်းနိုင်ငံဟာ Cashless Society ကို တွင်ကျယ်စွာကျင့်သုံးနေပါပြီ။ လမ်းဘေး ဈေးသည်ကအစ ကုန်တိုက်ကြီးတွေအထိ QR Code ပြပြီး ဖုန်းနဲ့ Scan ဖတ် ငွေချေတာကို အသုံးပြုနေပြီဖြစ်ပါတယ်။ ဒါကြောင့် ကျောင်းရောက်တာနဲ့ Student Letter ယူပြီး Kasikorn (KBank), SCB သို့မဟုတ် Bangkok Bank လို ဘဏ်တွေမှာ Bank Account တစ်ခု အမြန်ဆုံး ဖွင့်ထားဖို့ လိုအပ်ပါတယ်။

7️⃣ ရာသီဥတုနှင့် အဝတ်အစား

ထိုင်းနိုင်ငံရဲ့ ရာသီဥတုက မြန်မာနိုင်ငံလိုပဲ ပူအိုက်စိုစွတ်ပေမယ့် တက္ကသိုလ် စာသင်ခန်းတွေ၊ ကွန်ဒိုတွေ၊ BTS ရထားတွေနဲ့ ဈေးဝယ်စင်တာတွေထဲမှာ Air-con အရမ်းအေးပါတယ်။ ဒါကြောင့် အပြင်သွားရင် ပေါ့ပေါ့ပါးပါး ဝတ်ဆင်ဖို့ လိုအပ်ပေမယ့် ကျောင်းသွားတဲ့အခါ Jacket သို့မဟုတ် Cardigan တစ်ထည်လောက် အမြဲဆောင်ထားသင့်ပါတယ်။

8️⃣ ဆေးဝါးနှင့် ကျန်းမာရေး

ထိုင်းမှာ နေမကောင်းဖြစ်တဲ့အခါ ဆေးခန်းသွားရင် ကုန်ကျစရိတ် များပါတယ်။ သာမန်ဖျားနာ၊ ခေါင်းကိုက်၊ ဗိုက်နာတာတွေအတွက် Boots, Watsons လို ဆေးဆိုင်ကြီးတွေ ဒါမှမဟုတ် ရပ်ကွက်ထဲက Pharmacy တွေမှာ အလွယ်တကူ ဆေးဝယ်လို့ ရပါတယ်။

9️⃣အချိန်ပိုင်းအလုပ်ကန့်သတ်ချက်

ထိုင်းနိုင်ငံမှာ ED Visa နဲ့ နေထိုင်သူတွေဟာ တရားဝင် Part-time Job လုပ်ခွင့် မရှိပါဘူး။ Work Permit မရှိဘဲ အလုပ်လုပ်တာ စစ်ဆေးတွေ့ရှိရင် ပြည်နှင်ဒဏ်ပေးခံရတဲ့အထိ ပြစ်ဒဏ်ကြီးမားတာမို့ ကိုယ့်ရဲ့ ပညာရေးကို မထိခိုက်စေဖို့ အထူးသတိပြု ရှောင်ကြဉ်ရပါမယ်။

EduWorldWide Academic Services မှာ

✅ Study Abroad နဲ့ပတ်သက်ပြီး free Consultation လုပ်ပေးတာကစလို့
✅ လိုအပ်သော စာရွက်စာတမ်းများ ကူညီပြင်ဆင်ပေးခြင်း (Proofreading, Personal statement, Statement of Purpose, Portfolio)
✅ Academic Record များ Notary ပြန်ပေးခြင်း
✅ Scholarship Counselling
✅ ကျောင်းအပ်ပေးခြင်း (Application Process အစအဆုံးကို တာဝန်ယူဆောင်ရွက်ပေးခြင်း)
✅ Air-Ticket Services
✅ Student Visa Process
✅ ထိုင်းနိုင်ငံမှာ ကျောင်းတက်ရင်း နေထိုင်ရန် နေရာထိုင်ခင်း ရှာဖွေစီစဉ်ပေးခြင်း ( Accommodation Services) အထိ တစ်နေရာတည်းမှာ One Stop Service ဖြင့် ဝန်ဆောင်မှုပေးနေပါတယ်။ ✨

📌လိပ်စာ - အမှတ် ၃၃, သီရိမင်္ဂလာလမ်း၊ ၈ ရပ်ကွက်၊ ကမာရွတ်မြိုနယ်၊ ရန်ကုန်မြို
ဖုန်းနံပါတ် - 𝟎𝟗𝟒𝟎𝟓𝟑𝟑𝟕𝟕𝟔𝟔

🎓ကိုယ့်ရဲ့ Scholarship လမ်းကြောင်းအတွက် ဘယ် English Test က အသင့်တော်ဆုံးလဲ။ ❓Scholarship လျှောက်ဖို့ ဆုံးဖြတ်လိုက်ပြီဆို...
06/08/2026

🎓ကိုယ့်ရဲ့ Scholarship လမ်းကြောင်းအတွက် ဘယ် English Test က အသင့်တော်ဆုံးလဲ။ ❓

Scholarship လျှောက်ဖို့ ဆုံးဖြတ်လိုက်ပြီဆိုတာနဲ့ မဖြစ်မနေပြင်ဆင်ရမယ့်အထဲ ကိုယ့်ရဲ့ အင်္ဂလိပ်စာကျွမ်းကျင်မှုကိုစစ်ဆေးတဲ့ English Proficiency Test က ထိပ်ဆုံးကပါပါတယ်။

ဒါပေမဲ့ English Proficiency Test မှာမှ IELTS, TOEFL, Duolingo, PTE ဆိုပြီး Test တွေ အမျိုးမျိုးထပ်ရှိနေသေးတော့ ကျောင်းသားများအနေနဲ့ ဘယ် Test ကို ရွေးချယ်ရမှန်းမသိ လမ်းပျောက်သွားတတ်ပါတယ်။

တကယ်တော့ Test 4 ခုလုံးက နိုင်ငံတကာအသိအမှတ်ပြု အဆင့်မြင့် English Test တွေဖြစ်တဲ့အပြင် ကမ္ဘာတစ်ဝှမ်းက တက္ကသိုလ်များစွာကလက်ခံတာဖြစ်လို့ ဘယ်ဟာပိုကောင်းတယ်ဆိုတာထက် ကိုယ်လျှောက်မယ့်လမ်းကြောင်းအတွက် ဘယ်ဟာက အသင့်တော်ဆုံးဖြစ်မလဲဆိုတာကိုသာ စဉ်းစားဆုံးဖြတ်ရမှာပါနော်။

💁‍♀️ ဒါကြောင့် ဒီနေ့မှာတော့ ကိုယ့်ရဲ့ Scholarship လမ်းကြောင်းအတွက်
အသင့်တော်ဆုံး English Test ကို ရွေးချယ်နိုင်စေဖို့ Test တစ်ခုချင်းစီရဲ့ အားသာချက်လေးတွေကို မျှဝေပေးလိုက်ပါတယ်။

✨ IELTS (International English Language Testing System)

အားလုံးသိပြီးသားဖြစ်တဲ့ IELTS ကတော့ Test အားလုံးထဲမှာ ကမ္ဘာတစ်ဝန်း အသိအမှတ်ပြုမှု အများဆုံး ရရှိထားတဲ့ စာမေးပွဲဖြစ်ပြီး UK, Australia, Europe နဲ့ နာမည်ကြီးအာရှနိုင်ငံတွေရဲ့ Scholarship အခွင့်အလမ်းတွေကို Target သူတွေအတွက် အသင့်တော်ဆုံးစာမေးပွဲဖြစ်ပါတယ်။ နာမည်ကြီး Scholarship အများစုဟာ IELTS ကို စံသတ်မှတ်ချက် တစ်ခုအနေနဲ့ တောင်းဆိုလေ့ရှိပြီး Speaking Test ကိုလည်း Face-to-face စစ်ဆေးပါတယ်။

✨ TOEFL (Test of English as a Foreign Language)

IELTS ပြီးနောက် ဒုတိယရွေးချယ်မှုအများဆုံးဖြစ်တဲ့ TOEFL ကတော့ US နဲ့ Canada က တက္ကသိုလ်တွေကို အဓိကထား လျှောက်ချင်သူတွေ၊ Fulbright လို Scholarship မျိုးလျှောက်မယ့်သူတွေ အတွက် အထူးသင့်တော်ပါတယ်။ တစ်ခြား Test တွေထက် Academic ပိုင်းကို ပိုမို နက်နက်ရှိုင်းရှိုင်း စစ်ဆေးပြီး US တက္ကသိုလ်အားလုံးနီးပါဟာ IELTS ထက် TOEFL ကို ပိုပြီး သဘောကျ လက်ခံလေ့ရှိပါတယ်။

✨ Duolingo English Test (DET)

နည်းပညာတော်-လှန်ရေးလို့ ဆိုစမှတ်ရှိကြတဲ့ Duolingo ကတော့ နောက်အကျဆုံးပေါ်ပေါက်ခဲ့တဲ့ စာမေးပွဲဖြစ်ပေမယ့် ဘတ်ဂျက်သက်သာပြီး Online ကနေ ဖြေဆိုနိုင်တာဖြစ်လို့ ကုန်ကျစရိတ် သက်သာချင်သူတွေ၊ အိမ်ကနေ Online ဖြေဆိုချင်သူတွေနဲ့ Results ကို အမြန်ဆုံးရချင်သူတွေအတွက် သင့်တော်ပါတယ်။ IELTS , TOEFL တို့လောက် strong မဖြစ်ပေမယ့် အစိုးရကပေးတဲ့ Major Scholarships တွေလောက်ကလွဲရင် အခြားတက္ကသိုလ်တော်တော်များများက လက်ခံကြပါတယ်။ DET ကိုရွေးမယ်ဆိုရင်တော့ လျှောက်မယ့်ကျောင်းက လက်ခံ/မခံ အရင်သေချာစစ်ဆေးဖို့ အကြံပြုပါတယ်။

✨ PTE Academic (Pearson Test of English)
PTE ကတော့ Australia နဲ့ New Zealand ကို အဓိက သွားချင်သူတွေအတွက်သင့်တော်ပြီး Speaking ကိုလည်း ကွန်ပျူတာနဲ့ဖြေရမှာဖြစ်လို့ လူနဲ့ဖြေဖို့ အားမသန်သူများအတွက် အထူးအခွင့်အရေးတစ်ခုပါပဲ။ ဒါအပြင် အမှတ်ပေးစနစ်ကလည်း AI ကို အခြေခံထားလို့ သမာသမတ်အကျဆုံးဖြစ်ပြီး Results လည်း မြန်မြန်ထွက်ပါတယ်ရှင်။

Bonus အနေနဲ့ ဘယ် Test ကိုပဲရွေးဖို့ ဆုံးဖြတ်၊ ဆုံးဖြတ် စာစမလုပ်ခင် ဒီအချက် ၃ ချက်ကို အရင်ပြန်ဆန်းစစ်ပါ။

📍၁။ ကိုယ့်ရဲ့ Target Country/University က ဘယ် Test ကို တောင်းဆိုလဲ?

📍၂။ ကိုယ်လျှောက်မယ့် Scholarship ရဲ့ Official Website မှာ ဘယ် Test တွေကို လက်ခံတယ်လို့ တရားဝင် ကြေညာထားလဲ?

📍၃။ ကိုယ်က ကွန်ပျူတာနဲ့ ဖြေရတာ အားသန်တာလား၊ စာရွက်နဲ့ ဖြေရတာ အားသန်တာလား?

ဒီအချက်တွေကို သေချာဆန်းစစ်ပြီးမှသာ ကိုယ်နဲ့ အကိုက်ညီဆုံးဖြစ်မယ့် Test ကို ရွေးချယ်ပြင်ဆင်ဖို့ တိုက်တွန်းပါတယ်နော်။

တကယ်လို့ ကိုယ်က Scholarship လျှောက်ချင်လို့ပဲဖြစ်ဖြစ်၊ မေဂျာနဲ့ပတ်သက်ပြီး တိုင်ပင်ချင်တာပဲဖြစ်ဖြစ် အသေးစိတ် စုံစမ်းချင်တယ်ဆိုရင်တော့ EduWorldWide မှာ
ကျွမ်းကျင်တဲ့ Consultant တွေနဲ့အတူ အခမဲ့ Guideline Consultation Session များ စီစဉ်ပေးထားပါတယ်နော်။

EduWorldWide Academic Services ကနေ ရရှိနိုင်မယ့် ဝန်ဆောင်မှုတွေကတော့

✅ Study Abroad နဲ့ပတ်သက်ပြီး free Consultation
✅ လိုအပ်သော စာရွက်စာတမ်းများ ကူညီပြင်ဆင်ပေးခြင်း (Proofreading, Personal statement, Statement of Purpose, Portfolio)
✅ Academic Record များ Notary ပြန်ပေးခြင်း
✅ Scholarship Counselling
✅ ကျောင်းအပ်ပေးခြင်း (Application Process အစအဆုံးကို တာဝန်ယူဆောင်ရွက်ပေးခြင်း)
✅ Air-Ticket Services
✅ Student Visa Process
✅ ထိုင်းနိုင်ငံမှာ ကျောင်းတက်ရင်း နေထိုင်ရန် နေရာထိုင်ခင်း ရှာဖွေစီစဉ်ပေးခြင်း ( Accommodation Services) တို့ကို တစ်နေရာတည်းမှာ စုံလင်စွာဖြင့် ဝန်ဆောင်မှုပေးနေပါတယ် ✨

📌လိပ်စာ - 🏫 စံရိပ်ငြိမ်ဂမုန်းပွင့် (၅)လွှာ၊ အင်းစိန်လမ်းမ၊ (လှည်းတန်းအနီး) ၊ ရန်ကုန်မြို့။
ဖုန်းနံပါတ် - 𝟎𝟗𝟒𝟎𝟓𝟑𝟑𝟕𝟕𝟔𝟔


🇹🇭 ထိုင်းမှာ ကျောင်းသွားတက်တဲ့ကျောင်းသားတွေ အများဆုံးလုပ်လေ့ရှိတဲ့ Common Mistakes 8 ခု မကြာခင်မှာပဲ ထိုင်းနိုင်ငံကို St...
04/08/2026

🇹🇭 ထိုင်းမှာ ကျောင်းသွားတက်တဲ့ကျောင်းသားတွေ အများဆုံးလုပ်လေ့ရှိတဲ့ Common Mistakes 8 ခု

မကြာခင်မှာပဲ ထိုင်းနိုင်ငံကို Study abroad သွားတော့မယ့် မောင်လေး၊ ညီမလေးများအတွက်
ရောက်ရောက်ချင်း လမ်းပျောက်မနေဘဲ ပြင်ဆင်သင့်တာတွေ ပြင်ဆင်၊ ဆင်ခြင်သင့်တာတွေ ဆင်ခြင်နိုင်အောင် ထိုင်းမှာ ကျောင်းသွားတက်တဲ့ ကျောင်းသားသစ်တွေ အများဆုံးလုပ်လေ့ရှိတဲ့ Common Mistakes လေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။

ဒီအချက်တွေကို ကြိုတင်သိရှိထားခြင်းဖြင့် မောင်လေးတို့ရဲ့ ထိုင်းနိုင်ငံမှာ ကျောင်းတက်ရတဲ့ အတွေ့အကြုံက လုံးဝ Perfect ဖြစ်မယ်လို့ မပြောနိုင်ပေမယ့် မူလကထက်အများကြီးပိုပြီး အဆင်ပြေချောမွေ့သွားမယ်လို့ အာမခံပါတယ်။ 💕

၁။ အင်္ဂလိပ်စာရရုံနဲ့ လုံလောက်ပြီလို့ ထင်မှတ်ခြင်း 📌

တက္ကသိုလ်ထဲမှာ အင်္ဂလိပ်လို သုံးလို့ရပေမယ့် အပြင်လောက (ဥပမာ - ဈေးဝယ်တာ၊ အငှားကားစီးတာ၊ လမ်းဘေးစာစားတာ) တွေမှာတော့ ထိုင်းစကား မတတ်ရင် အတော်လေး အခက်တွေ့နိုင်ပါတယ်။ ဒါကြောင့် Language Barrier အတွက် အခြေခံ ထိုင်းစကားပြောလောက်တော့ ကြိုတင်လေ့လာသွားဖို့ လိုအပ်ပါတယ်။

၂။ ယဉ်ကျေးမှုစည်းမျဉ်းများကို ပေါ့ဆခြင်း 📌

ထိုင်းနိုင်ငံမှာ ဘုရင်စနစ်နဲ့ ဘာသာရေးကို အလွန်ရိုသေကြပါတယ်။ တော်ဝင်မိသားစုကို ဝေဖန်ပြောဆိုတာမျိုး လုံးဝ (လုံးဝ) မလုပ်ရသလို လူတစ်ယောက်ရဲ့ ခေါင်းကို ကိုင်တာ၊ ခြေထောက်နဲ့ ညွှန်ပြတာ၊ ဘုရားကျောင်းကန်သွားရင် ပေါင်တို၊ စကတ်တို ဝတ်ဆင်တာတွေကလည်း ဒေသခံတွေရဲ့ အထင်အမြင်သေးမှုကို ခံရနိုင်ပါတယ်ရှင်။

၃။ သယ်ယူပို့ဆောင်ရေးတွင် ငွေပိုသုံးမိခြင်း📌

ထိုင်းရောက်စမှာ နေရာမကျွမ်းသေးတဲ့အတွက် Grab ဒါမှမဟုတ် Taxi တွေကိုပဲ အလွယ်တကူ ခေါ်စီးတတ်ကြပါတယ်။ ဒီအတိုင်းပဲ ဆက်သွားမယ်ဆိုရင်တော့ ရေရှည်မှာ ငွေကုန်ပေါက်တစ်ခု ဖြစ်လာပါမယ်နော်။ ဘန်ကောက်မှာ သွားလာဖို့အတွက် ကားပိတ်တဲ့ဒဏ်ကနေ ကင်းဝေးစေမယ့် BTS (မိုးပျံရထား) နဲ့ MRT (မြေအောက်ရထား) တွေရှိပြီး သက်ဆိုင်ရာ Student Pass တွေ၊ Rabbit Card တွေ လုပ်ထားမယ်ဆိုရင် ကျောင်းသားတွေအနေနဲ့ သွားလာရေးစရိတ်ကို သိသိသာသာလျှော့ချနိုင်မှာပါ။
ဘယ်လိုင်းက မြေအောက်သွားတယ်၊ ဘယ်လိုင်းက မိုးပျံသွားတယ် ဆိုတာကိုတော့ ကွဲကွဲပြားပြားသိထားဖို့ လိုပါမယ်။

၄။ ဗီဇာနှင့် သတင်းပို့ရမည့်ရက်များကို မေ့လျော့ခြင်း 📌

ထိုင်းနိုင်ငံမှာ Education Visa (ED Visa) နဲ့ နေထိုင်တဲ့ ကျောင်းသားတိုင်းဟာ ရက် ၉၀ တစ်ခါ Immigration ကို မဖြစ်မနေ Report လုပ်ရပါတယ်။ ဒီရက်ကို မေ့သွားတာဖြစ်ဖြစ်၊ Visa သက်တမ်းကုန်သွား သတိမထားမိလို့ဖြစ်ဖြစ် ကျောင်းသားအများစုဟာ Overstay Fine ဆောင်ရတာ Blacklist သွင်းခံရတာတွေ မကြာခဏကြုံလေ့ရှိပါတယ်။

၅။ ပစ္စည်းများ အများကြီး သယ်ဆောင်သွားခြင်း 📌

တော်တော်များများက စရိတ်သက်သာချင်ဇောနဲ့ မြန်မာနိုင်ငံမှာကတည်းက လိုအပ်မယ်ထင်တဲ့ ပစ္စည်းတွေ၊ အဝတ်အစားတွေ အများကြီးကို သယ်သွား ဝယ်သွားတတ်ပါတယ်။ တကယ်တမ်း ထိုင်းမှာက အသုံးအဆောင် တော်တော်များများကို ဈေးသက်သက်သာသာနဲ့ အလွယ်တကူ ဝယ်လို့ရတာမို့ Overweight ဖိုးပေးရတာပဲ အဖတ်တင်တတ်ပါတယ်နော်။

၆။ Plagiarism ကို ပေါ့ပေါ့ဆဆ သဘောထားခြင်း 📌

နိုင်ငံတကာ တက္ကသိုလ်တွေမှာ Assignment လုပ်တဲ့အခါ အင်တာနက်ကနေ တိုက်ရိုက်ကူးချတာ၊ AI ကို ရေးခိုင်းတာ၊ သူငယ်ချင်းစာကို ကူးတာမျိုးတွေကို တင်းတင်းကျပ်ကျပ် စစ်ဆေးလေ့ရှိပါတယ်။ ထိုင်းနိုင်ငံရဲ့ တက္ကသိုလ်တွေဆိုတာလည်း နိုင်ငံတကာအဆင့်မီ တက္ကသိုလ်တွေဖြစ်လို့ ကိုယ်တွေဆီကလိုထင်ပြီး ပေါ့ပေါ့ဆဆ လုပ်မိရင် စာမေးပွဲကျတာကနေ ကျောင်းထုတ်ခံရတဲ့အထိ ပြဿနာကြီးနိုင်ပါတယ်။

၇။ ကျောင်း Orientation များကို Skip ခြင်း 📌

ကျောင်းစဖွင့်တဲ့ ပထမပတ်မှာ လုပ်လေ့ရှိတဲ့ Orientation တွေကို Skip လုပ်တာကလည်း တော်တော်များများလုပ်လေ့ရှိတဲ့ အမှားတစ်ခုပါ။ ဒီပွဲတွေမှာ ကျောင်းရဲ့ စည်းမျဉ်းတွေ၊ လိုအပ်တဲ့ အကူအညီတောင်းရမယ့် နေရာတွေ၊ Facilities အသုံးပြုနည်းတွေနဲ့ သူငယ်ချင်းသစ်တွေ စတင်ရှာဖွေဖို့ အကောင်းဆုံး အခွင့်အရေးဖြစ်တာမို့ လုံးဝလက်မလွှတ်သင့်ပါဘူး။

၈။ Comfort Zone ထဲမှာပဲ နေထိုင်ခြင်း📌

နောက်ဆုံးအနေနဲ့ကတော့ ကိုယ့်နိုင်ငံကနေလာတဲ့ သူငယ်ချင်းတွေနဲ့ပဲ အမြဲတမ်း အတူတူသွား၊ အတူတူစား
လုပ်တာပါ။ ဒီလိုလုပ်တာက သက်သာရာရတယ်ဆိုပေမယ့် တစ်ဖက်မှာလည်း နိုင်ငံတကာ ကျောင်းသားဖြစ်ရတဲ့ Benefit ကို အလဟဿဖြုန်းတီးနေတာဖြစ်ပါတယ်။ ထိုင်းသူငယ်ချင်းတွေ၊ တခြားနိုင်ငံက ကျောင်းသားတွေနဲ့ မိတ်ဆွေဖွဲ့ဖို့မကြိုးစားဘူးဆိုရင် အဖိုးတန်တဲ့ Networking တွေကို လက်လွှတ်ဆုံးရှုံးရနိုင်ပါတယ်။

EduWorldWide Academic Services မှာ

✅ Study Abroad နဲ့ပတ်သက်ပြီး free Consultation လုပ်ပေးတာကစလို့
✅ လိုအပ်သော စာရွက်စာတမ်းများ ကူညီပြင်ဆင်ပေးခြင်း (Proofreading, Personal statement, Statement of Purpose, Portfolio)
✅ Academic Record များ Notary ပြန်ပေးခြင်း
✅ Scholarship Counselling
✅ ကျောင်းအပ်ပေးခြင်း (Application Process အစအဆုံးကို တာဝန်ယူဆောင်ရွက်ပေးခြင်း)
✅ Air-Ticket Services
✅ Student Visa Process
✅ ထိုင်းနိုင်ငံမှာ ကျောင်းတက်ရင်း နေထိုင်ရန် နေရာထိုင်ခင်း ရှာဖွေစီစဉ်ပေးခြင်း ( Accommodation Services) အထိ တစ်နေရာတည်းမှာ One Stop Service ဖြင့် ဝန်ဆောင်မှုပေးနေပါတယ်။ ✨

📌လိပ်စာ - စံရိပ်ငြိမ်ဂမုန်းပွင့် (၅)လွှာ၊ အင်းစိန်လမ်းမ၊ (လှည်းတန်းအနီး) ၊ ရန်ကုန်မြို့သို့ လာရောက်ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

ဖုန်းနံပါတ် - 𝟎𝟗𝟒𝟎𝟓𝟑𝟑𝟕𝟕𝟔𝟔

02/08/2026

Bangkok University PEC September 2026 Intake

No IELTS Required ❎

Only 9000THB ✅

17 Application Deadline: 1 to 30 August 2026

Bangkok University မှာ အထက်တန်း အောင်လက်မှတ် တစ်ခုတည်းနဲ့ ဝင်ခွင့်ရနိုင်မယ့် အခွင့်အရေးကြီးကို လက်မ လွှတ်လိုက်ကြနဲ့နော်





👨‍🎓 ကိုယ်လျှောက်လှမ်းချင်တဲ့ Career နဲ့ ကိုက်ညီတဲ့ Major ကို ဘယ်လိုရွေးချယ်ကြမလဲ? Major ရွေးချယ်တယ်ဆိုတာ ၄ နှစ်တာတက္ကသို...
01/08/2026

👨‍🎓 ကိုယ်လျှောက်လှမ်းချင်တဲ့ Career နဲ့ ကိုက်ညီတဲ့ Major ကို ဘယ်လိုရွေးချယ်ကြမလဲ?

Major ရွေးချယ်တယ်ဆိုတာ ၄ နှစ်တာတက္ကသိုလ်တက်ဖို့ ဘာသာရပ်တစ်ခုကို ရွေးချယ်လိုက်ရုံ သက်သက်မဟုတ်ပါဘူး။ ကိုယ့်ရဲ့ အချိန်၊ ငွေကြေးနဲ့ ခွန်အားတွေအားလုံးကို အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံလိုက်တာဖြစ်ပါတယ်။

ဒါကြောင့် သူများတက်လို့ လိုက်တက်တာ၊နာမည်ကြီးလို့တက်တာ အမှတ်မီလို့ တက်တာဆိုတဲ့ အကြောင်းပြချက်မျိုးနဲ့ ရွေးချယ်တာထက် အနာဂတ်မှာ ကိုယ်လျှောက်လှမ်းချင်တဲ့ Career Path အတွက် ဘယ်လို Major မျိုးက အထောက်အကူဖြစ်စေနိုင်လဲဆိုတဲ့အချက်နဲ့ စဉ်းစားရွေးချယ်တာက အသင့်တော်ဆုံးနည်းလမ်းပါပဲ။ ✨

ဒီတစ်ခါမှာတော့ လူငယ်တွေ အများဆုံးစိတ်ဝင်စားကြတဲ့ Career တွေနဲ့ အဲဒီ Career တွေအတွက် ရွေးချယ်သင့်တဲ့ Major တွေကို မျှဝေပေးလိုက်ပါတယ်။

💁ကိုယ်က စီးပွားရေးနဲ့ စီမံခန့်ခွဲမှုနယ်ပယ်ကို စိတ်ဝင်စားသူတစ်ယောက်ဆိုရင်

စီးပွားရေးလုပ်ငန်းတွေရဲ့ လည်ပတ်ပုံ၊ လူတွေကို Manage လုပ်ရတာနဲ့ အခြားစီးပွားရေးအခန်းကဏ္ဍတွေကို
စိတ်ဝင်စားတယ်ဆိုရင်တော့ Business Administration (BBA) သို့မဟုတ် Business Management Major တွေကို ရွေးချယ်သင့်ပါတယ်။

ဒီ Major တွေနဲ့ သက်ဆိုင်တဲ့ အသက်မွေးဝမ်းကျောင်းတွေကတော့

✅Marketing Executive / Manager
✅Business Owner / Entrepreneur
✅Brand Manager
✅Human Resources (HR) Manager

💁အကယ်လို့ ကိုယ်က နည်းပညာနဲ့ ကွန်ပျူတာနယ်ပယ်ကို ဝါသနာပါတယ်ဆိုရင်တော့

ခေတ်နဲ့အညီ လျင်လျင်မြန်မြန် တိုးတက်နေတဲ့ နည်းပညာလောကမှာ Software Engineer, Developer
,Data Analyst တစ်ယောက်အဖြစ်ရပ်တည်ပြီး အသစ် အသစ်တွေကို ဖန်တီးချင်တယ်ဆိုရင်တော့
Computer Science (CS) သို့မဟုတ် Information Technology (IT) Major တွေကို ရွေးချယ်သင့်ပါတယ်။

ဒီ Major တွေနဲ့ သက်ဆိုင်တဲ့ အသက်မွေးဝမ်းကျောင်းတွေကတော့

✅Software Engineer / Developer
✅Data Analyst / Data Scientist
✅Cybersecurity Specialist
✅AI & Machine Learning Engineer

💁ကိုယ်က Communication & Creative Field ကို ဝါသနာပါတယ်ဆိုရင်

Media and Communications, Public Relations (PR) နဲ့ English Language Major တွေက အသင့်တော်ဆုံး ဖြစ်ပါလိမ့်မယ်။

ဒီ Major တွေနဲ့ သက်ဆိုင်တဲ့ အသက်မွေးဝမ်းကျောင်းတွေကတော့

✅Public Relations (PR) Specialist
✅Content Writer / Creator
✅Journalist / Reporter
✅Digital Marketer

💁Engineering နဲ့ Problem Solving လုပ်ရတာကို ကြိုက်နှစ်သက်တယ်ဆိုရင်

လက်တွေ့ကျကျ တွေးခေါ်တတ်ပြီး အဆောက်အအုံတွေ၊ စက်ပစ္စည်းတွေအကြောင်း စူးစမ်းလေ့လာချင်တယ်ဆိုရင်တော့ Engineering (Civil, Mechanical, Electrical စသဖြင့်) မေဂျာများကို ရွေးချယ်နိုင်ပါတယ်။

ဒီ Major တွေနဲ့ သက်ဆိုင်တဲ့ အသက်မွေးဝမ်းကျောင်းတွေကတော့

✅Civil Engineer
✅Mechanical Engineer
✅Project Manager

💁‍♀️ လူရွေးမှားရင် နောက်တစ်ယောက်ပြန်ရွေးလို့ရပေမယ့် Major အရွေးမှားရင်တော့ အချိန်နဲ့ ခွန်အားတွေအားလုံး အလဟဿဖြစ်မယ့်အပြင် ကိုယ့်ရဲ့ အနာဂတ် Career Path တစ်ခုလုံးကို ထိခိုက်နိုင်တာမို့ သေချာလေး အလေးအနက်ဆုံးဖြတ်ဖို့ တိုက်တွန်းလိုက်ပါရစေ။

အကယ်လို့ အကြံဉာဏ်ကောင်းတွေ လိုအပ်နေတယ်ဆိုရင်တော့ EduWorldWide မှာ Major ရွေးချယ်တဲ့အပိုင်းတွေတင်သာမကဘဲ Study Abroad Process တစ်ခုလုံးအတွက် အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။

EduWorldWide Academic Services ကနေ ရရှိနိုင်မယ့် ဝန်ဆောင်မှုတွေကတော့

✅ Study Abroad နဲ့ပတ်သက်ပြီး free Consultation
✅ လိုအပ်သော စာရွက်စာတမ်းများ ကူညီပြင်ဆင်ပေးခြင်း (Proofreading, Personal statement, Statement of Purpose, Portfolio)
✅ Academic Record များ Notary ပြန်ပေးခြင်း
✅ Scholarship Counselling
✅ ကျောင်းအပ်ပေးခြင်း (Application Process အစအဆုံးကို တာဝန်ယူဆောင်ရွက်ပေးခြင်း)
✅ Air-Ticket Services
✅ Student Visa Process
✅ ထိုင်းနိုင်ငံမှာ ကျောင်းတက်ရင်း နေထိုင်ရန် နေရာထိုင်ခင်း ရှာဖွေစီစဉ်ပေးခြင်း ( Accommodation Services) တို့ကို တစ်နေရာတည်းမှာ စုံလင်စွာဖြင့် ဝန်ဆောင်မှုပေးနေပါတယ် ✨

📌လိပ်စာ - စံရိပ်ငြိမ်ဂမုန်းပွင့် (၅)လွှာ၊ အင်းစိန်လမ်းမ၊ (လှည်းတန်းအနီး) ၊ ရန်ကုန်မြို့သို့ လာရောက်ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

ဖုန်းနံပါတ် - 𝟎𝟗𝟒𝟎𝟓𝟑𝟑𝟕𝟕𝟔𝟔


🏢❓ Edu Worldwide က ဘယ် Universities တွေကို အခမဲ့ကျောင်းလျှောက်ပေးနေလဲ။ နိုင်ငံခြားမှာ ကျောင်းသွားတက်ဖို့ ပြင်ဆင်နေတဲ့ကလေ...
30/07/2026

🏢❓ Edu Worldwide က ဘယ် Universities တွေကို အခမဲ့ကျောင်းလျှောက်ပေးနေလဲ။

နိုင်ငံခြားမှာ ကျောင်းသွားတက်ဖို့ ပြင်ဆင်နေတဲ့ကလေးတို့အတွက် Edu Worldwide ကနေ Official Partnership အဖြစ်လက်တွဲထားပြီး FOC ချိတ်ဆက်လျှောက်ထားပေးနေတဲ့ ထိပ်တန်း International Universities တွေကို ဖော်ပြပေးလိုက်ပါတယ်ရှင်။

2023 ခုနှစ်ကတည်းက မြန်မာကျောင်းသား၊ ကျောင်းသူများ ကမ္ဘာ့အဆင့်မီ Quality Education ကိုရယူနိုင်ဖို့ နိုင်ငံတကာရှိ အဆင့်မြင့် Universities ကြီးများစွာနဲ့ ချိတ်ဆက်ဆောင်ရွက်ပေးနေတဲ့
Edu Worldwide ဟာဆိုရင် …

ထိုင်းနိုင်ငံရှိ

🇹🇭University of Thai Chamber of Commerce (UTCC)
🇹🇭Stamford University
🇹🇭Siam University
🇹🇭Assumption University
🇹🇭Siam @ Global Academy
🇹🇭Bangkok University
🇹🇭Raffles University
🇹🇭Kirk University
🇹🇭Rangsit University
🇹🇭Dusit Thani College
🇹🇭Kasem Bundit University
🇹🇭Asian Institute of Hospitality Management (AIHM)
🇹🇭Kasem Bundit University (KBU)
🇹🇭Dhurakij Pundit University (DPU)

စင်ကာပူနိုင်ငံရှိ

🇸🇬 MDIS Singapore တို့ကို FOC ချိတ်ဆက်လျှောက်ထားပေးနေပါတယ်ရှင့်။

ဒီလို အဆင်မြင့် International Universities များစွာအတွက်

✅Free Consultation လုပ်ပေးတာကစလို့
✅ လိုအပ်သော စာရွက်စာတမ်းများ ကူညီပြင်ဆင်ပေးခြင်း (Proofreading, Personal statement, Statement of Purpose, Portfolio)
✅ Academic Record များ Notary ပြန်ပေးခြင်း
✅ Scholarship Counselling
✅𝐒𝐭𝐮𝐝𝐞𝐧𝐭 𝐕𝐢𝐬𝐚 𝐀𝐩𝐩𝐥𝐢𝐜𝐚𝐭𝐢𝐨𝐧 𝐩𝐫𝐨𝐜𝐞𝐬𝐬
✅ ကျောင်းအပ်ပေးခြင်း (Application Process အစအဆုံးကို တာဝန်ယူဆောင်ရွက်ပေးခြင်း)
✅ Air-Ticket Services
✅ ထိုင်းနိုင်ငံမှာ ကျောင်းတက်ရင်း နေထိုင်ရန် နေရာထိုင်ခင်း ရှာဖွေစီစဉ်ပေးခြင်း ( Accommodation Services) တွေထိ Edu Worldwide မှ One Stop Service ဖြင့် ဆောင်ရွက်ပေးလျက်ရှိပါတယ်။

ကုန်ကျစရိတ်နဲ့ အသေးစိတ်အကြောင်းအရာတွေကို စုံစမ်းချင်တယ်ဆိုရင်တော့

📌Page Messenger (သို့) ဖုန်းနံပါတ် - 𝟎𝟗𝟒𝟎𝟓𝟑𝟑𝟕𝟕𝟔𝟔 နဲ့
📌လိပ်စာ - စံရိပ်ငြိမ်ဂမုန်းပွင့် (၅)လွှာ၊ အင်းစိန်လမ်းမ၊ (လှည်းတန်းအနီး) ၊ ရန်ကုန်မြို့သို့ လာရောက်ဆက်သွယ်စုံစမ်းနိုင်ပါတယ်။


🚨 English Test Score မရှိလည်း Bangkok University ရဲ့ အနီးဆုံး Intake မှာ ကျောင်းတက်လို့ရပြီ။ English Proficiency Test Re...
29/07/2026

🚨 English Test Score မရှိလည်း Bangkok University ရဲ့ အနီးဆုံး Intake မှာ ကျောင်းတက်လို့ရပြီ။

English Proficiency Test Ready မပြင်ဆင်ထားမိလို့
Bangkok University ရဲ့ အနီးဆုံး Intake ကို လက်လွှတ်ခံတော့မှာလား❓❓

📢 English Test Score မရှိလည်း Bangkok University မှာ
ကျောင်လျှောက်နိုင်မယ့် နည်းလမ်းရှိပါသေးတယ်နော်။

ပုံမှန်အားဖြင့် English Proficiency အတွက် IELTS, Duolingo, TOEFL တို့ကို တောင်းလေ့ရှိပေမယ့် အကြောင်းအမျိုးမျိုးကြောင့် Ready မပြင်ဆင်လိုက်နိုင်သူများအတွက်လည်း မနစ်နာရလေအောင် ဘတ် ၉၀၀၀ ပေးသွင်းပြီး ၂ လတက်ရောက်နိုင်မယ့် PEC English Course လေးတွေကို BU ဘက်မှ စီစဉ်ပေးထားပါတယ်။

✨ဒါကြောင့် ကိုယ်က English Test Score အချိန်မီမပြင်ဆင်ထားရင်တောင် လာမယ့် PEC September Intake အတန်းလေးကို Join ပြီး Bangkok University ရဲ့ အနီးဆုံး Intake ကို တက်ရောက်နိုင်မှာဖြစ်ပါတယ်။

ရွေးချယ်တက်ရောက်နိုင်မယ့် Program တွေကတော့

▪️Marketing
▪️Business Administration (BBA)
▪️Entrepreneurship (can 2+2 transfer to SwizerLand)
▪️Business English
▪️Creative Communication Design
▪️Media and Communication
▪️Innovative Media Production
▪️Film, Series, and Global Contents Production & Business
▪️Culinary Arts and Design
▪️International Tourism and Hospitality Management
▪️AI Engineering & Entrepreneurship
▪️Computer Science စတဲ့ Programs တွေကို လျှောက်ထားနိုင်မှာပဲဖြစ်ပါတယ်။

ကျောင်းလျှောက်ဖို့ ဘာတွေလိုအပ်မလဲ?

📌 အထက်တန်းအောင်လက်မှတ်/ အမှတ်စာရင်း
📌 English Proficiency Test (IELTS, Duolingo, TOEFL)
📌 Passport (အနည်းဆုံး ၆ လ သက်တမ်း ရှိရပါမည်)

ကလေးတို့ဘက်က ဒီစာရွက်စာတမ်း ၃ ခုပဲ ပြင်ဆင်ဖို့လိုပါမယ်။ လိုအပ်တဲ့ စာရွက်စာတမ်းတွေ ပြင်ဆင်ပြီးပြီဆိုတာနဲ့ ကိုယ်လျှောက်ချင်တဲ့ Program ကို EduWorldWide မှတစ်ဆင့် အခမဲ့လာရောက်ဆွေးနွေးပြီး လျှောက်ထားနိုင်ပါပြီနော်။

Eduworldwide Academic Services မှာ
Study Abroad နဲ့ပတ်သက်ပြီး free Consultation လုပ်ပေးတာကစလို့

✅ လိုအပ်သော စာရွက်စာတမ်းများ ကူညီပြင်ဆင်ပေးခြင်း (Proofreading, Personal statement, Statement of Purpose, Portfolio)
✅ Academic Record များ Notary ပြန်ပေးခြင်း
✅ Scholarship Counselling
✅𝐒𝐭𝐮𝐝𝐞𝐧𝐭 𝐕𝐢𝐬𝐚 𝐀𝐩𝐩𝐥𝐢𝐜𝐚𝐭𝐢𝐨𝐧 𝐩𝐫𝐨𝐜𝐞𝐬𝐬
✅ ကျောင်းအပ်ပေးခြင်း (Application Process အစအဆုံးကို တာဝန်ယူဆောင်ရွက်ပေးခြင်း)
✅ Air-Ticket Services
✅ ထိုင်းနိုင်ငံမှာ ကျောင်းတက်ရင်း နေထိုင်ရန် နေရာထိုင်ခင်း ရှာဖွေစီစဉ်ပေးခြင်း ( Accommodation Services) တိုကို တစ်နေရာတည်းမှာ ဝန်ဆောင်မှုပေးနေတဲ့အပြင် ထိုင်း၊ စင်ကာပူအပါအဝင် ကမ္ဘာတဝှမ်းက အဆင့်မြင့်တက္ကသိုလ်ကြီးများစွာနဲ့လည်း Partnership အဖြစ် လက်တွဲချိတ်ဆက်ထားပါတယ်။

📌လိပ်စာ - စံရိပ်ငြိမ်ဂမုန်းပွင့် (၅)လွှာ၊ အင်းစိန်လမ်းမ၊ (လှည်းတန်းအနီး) ၊ ရန်ကုန်မြို့။
ဖုန်းနံပါတ် - 𝟎𝟗𝟒𝟎𝟓𝟑𝟑𝟕𝟕𝟔𝟔


Address

Maynigone
Yangon
11111

Telephone

+959405337766

Website

Alerts

Be the first to know and let us send you an email when EduWorldwide Academic Services posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to EduWorldwide Academic Services:

Shortcuts

Share