Japan News for Myanmar

Japan News for Myanmar ミャンマー人は日本ニュースが知れるように

ပန်းချီလည်း ဝါသနာပါတယ် ။ ဂျပန်စာလည်း လေ့လာချင်တယ်ဆိုရင်တော့ တစ်ချက်ခုတ် နှစ်ချက်ပြတ်မယ့် Youtube Channel တစ်ခုကို ညွှန်း...
27/07/2024

ပန်းချီလည်း ဝါသနာပါတယ် ။ ဂျပန်စာလည်း လေ့လာချင်တယ်ဆိုရင်တော့ တစ်ချက်ခုတ် နှစ်ချက်ပြတ်မယ့် Youtube Channel တစ်ခုကို ညွှန်းပေးချင်ပါတယ် ။

Watercolor by Shibasaki ဆိုတဲ့ Channel လေးပဲဖြစ်ပါတယ် ။

ဂျပန်လို Subtitle လည်းထိုးပေးထားတာမို့ ဂျပန်စာလေ့လာနေတဲ့သူတွေအတွက် အဆင်ပြေစေမှာပါ ။

27/07/2024

ဒီ Page ကို မ Run ဖြစ်တာ 2 နှစ်ကျော်ရှိသွားပါပြီ ။ ဒီနေ့ကစပြီး ဂျပန်စာလေ့လာချင်ပေမယ့် ငွေကြေးအခက်အခဲရှိလို့ မလေ့လာဖြစ်သူများအတွက် ပညာဒါန သင်ခန်းစာများ ၊ Budget နည်းနည်းနဲ့လေ့လာနိုင်မယ့် JLPT Exam ဝင်ဖြေနိုင်မယ့်အထိ သင်ကြားပေးထားတဲ့ Level စုံ Vedio Class များကိုလည်း ဖွင့်လှစ်နိုင်အောင် ကြိုးစားသွားပါမယ် ။
約束をします。

N5 Minna no Nihongo Grammar ကိုလေ့လာချင်ရင်တော့ Comment မှာ ချပေးထားတဲ့ Telegram Link ကို join ပါ ။

13/09/2021

ANN News

တရုတ်နိုင်ငံတွင် မြစ်ရဲ့ပြောင်းပြန်စီးဆင်းမှုကို ကြည့်ဖို့လာတဲ့ ခရီးသွားတွေ တစ်ယောက်ပြီးတစ်ယောက်မျောပါသွားကြပါတယ် ။

အရှေ့တရုတ်ပင်လယ်ကိုမျက်နှာမူထားတဲ့ တရုတ်နိုင်ငံ Xinjiang ပြည်နယ် Hangzhou ဖြစ်ပါတယ် ။

နှစ်စဥ် ဒီအချိန်ကတော့ ပင်လယ်ရေတွေ ပြောင်းပြန်စီးဆင်းတာကို သိတဲ့အတွက် ဒီနှစ်လည်း ခရီးသွားအများအပြားနဲ့ ဒေသခံတွေဟာ မြစ်ကမ်းတစ်လျှောက်ကမြင်ကွင်းကို စုဝေးကြည့်ခဲ့ကြပါတယ် ။

ရေလှိုင်းကြီးဟာ တာတမံကိုကျော်ပြီး စီးဝင်လာတာဟာ မျှော်မှန်းထားတဲ့ဘောင်အတွင်းထဲမှာဖြစ်ပေမယ့် ဒီနှစ်ကတော့ တိုင်ဖွန်းမုန်တိုင်းကြောင့် လှိုင်းဟာ ပိုမိုမြင့်တက်လာတာကြောင့် လူများစွာ မျောပါသွားခဲ့ပါတယ် ။

ဂျပန်မှ ခရီးသွားများစွာ လာရောက်လည်ပတ်ကြတဲ့ နာမည်ကြီးနေရာတစ်ခုဖြစ်ပါတယ် ။ နှစ်စဉ်အသေအပျောက်များ ဆက်တိုက်ရှိနေပါတယ် ။

11/09/2021

ANN News

ဂျပန်အစိုးရက ကယ်ထုတ်ဖို့ရည်ရွယ်ထားတဲ့
အာဖဂန်လူမျိုးတွေထဲက ၁၀ ဦးဟာ အိမ်နီးချင်း
ပါကစ္စတန်နိုင်ငံသို့ ၎င်းတို့ကိုယ်တိုင် ထွက်ခွာခဲ့ကြောင်း သိရပါတယ် ။

မကြာမီ ဂျပန်နိုင်ငံသို့ ထွက်ခွာမယ့်အလားအလာရှိပါတယ် ။ ဂျပန်အစိုးရအရာရှိများရဲ့အဆိုအရ ကယ်ထုတ်ခဲ့တာကတော့ JICA (ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ) ရဲ့ ဝန်ထမ်းအနေနဲ့အလုပ်လုပ်ခဲ့တဲ့ ၂ ယောက်နဲ့ သူတို့ မိသားစုဝင်များ ၊ စုစုပေါင်း အာဖဂန်လူမျိုး ၁၀ ဦး ဖြစ်ပါတယ် ။

လူ ၁၀ ဦးဟာ ကုန်းလမ်းကိုသုံး၍ အိမ်နီးချင်း ပါကစ္စတန်နိုင်ငံရဲ့မြို့တော် Islamabad သို့ ကိုယ်တိုင် ရွှေ့ပြောင်းခဲ့တယ်လို့ ဆိုပါတယ် ။ မကြာမီ Islamabad လေဆိပ်ကနေ ထွက်ခွာပြီး ၊ ၁၂ ရက်နေ့မှ ၁၃ ရက်နေ့အထိ ဂျပန်ကို ဆိုက်ရောက်မယ့်အလားအလာရှိပါတယ် ။

ဂျပန်အစိုးရဟာ ဒေသမှာကျန်ရှိတဲ့ လူ ၅၀၀ ကို ဘေးကင်းရာသို့ ကယ်ထုတ်ရန်ရည်ရွယ်၍ နိုင်ငံအာဏာကို ချုပ်ကိုင်ထားတဲ့ အစ္စလာမ္မစ်အင်အားစု တာလီဘန်နဲ့ ညှိနှိုင်းသွားဖို့ စီစဉ်ထားပါတယ် ။

29/08/2021

ANN News

အစ္စလာမ်မစ်စစ်သွေးကြွ တာလီဘန်အဖွဲ့ က ထိန်းချုပ်ထားတဲ့ အာဖဂန်နစ္စတန်ရှိ ဂျပန်သံရုံးတွင်အလုပ်လုပ်နေသော လုံခြုံရေးဝန်ထမ်းက ANN ရဲ့ အင်တာဗျူးတွင် ဖြေကြားခဲ့ပါတယ် ။

ဘေးလွတ်ရာသို့မရွှေ့ပြောင်းနိုင်ပဲ ကျန်ရစ်ခဲ့တာကြောင့် အန္တရာယ်ရှိနိုင်ပါတယ်လို့ သူကပြောခဲ့ပါတယ် ။
ーーーーーーーーーーーーーーーーーーーー

Q : အခု မင်းအခြေအနေကဘယ်လိုလဲ ?

A : အပြင်မှာအခြေအနေကဆိုးရွားလွန်းလို့ ငါအိမ်မှာနေဖို့ကလွဲလို့ ဘာမှရွေးစရာမရှိဘူး ။

ငါ ဂျပန်တွေ ၊ နိုင်ငံခြားသားတွေနဲ့ အလုပ်လုပ်နေတာကို တာလီဘန်တွေသိသွားရင် ငါတို့ရဲ့အသက်အန္တရာယ်စိုးရိမ်ရတယ် ။

ーーーーーーーーーーーーーーーーーーーー

အာဖဂန်နစ္စတန်က ဒီအမျိုးသားဟာ 2003 ခုနှစ်ကတည်းက 18 နှစ်ကြာ ဂျပန်သံရုံးရဲ့ လုံခြုံရေးဖြစ်လာခဲ့တာပါ ။

တာလီဘန်တွေက ကဘူးလ်မြို့ကိုသိမ်းပိုက်လိုက်တဲ့ ယခုလ 15 ရက်နေ့က လုံခြုံရေးဝန်ထမ်းတွေကို ဂျပန်သံရုံးဝန်ထမ်းတွေနဲ့အတူ ပြည်ပသို့ မကယ်ထုတ်နိုင်ကြောင်း ပြောကြားခဲ့ပါတယ် ။

ーーーーーーーーーーーーーーーーーーーー

A : ငါ့တာဝန်ကို မဆုံးဖြတ်နိုင်တဲ့အတွက် တိုကျိုနဲ့စကားပြောမှာပါ လို့ ဂျပန်သံရုံးတာဝန်ခံက ပြောခဲ့တယ် ။

တကယ့်ကို စိတ်အညစ်ကြီးညစ်ရပြီးတော့ အလုပ်လည်းမရှိဘူး ။ နိုင်ငံခြားသားတွေအားလုံး အာဖဂန်နစ္စတန်ကနေ ထွက်ခွာသွားပြီ ။

ーーーーーーーーーーーーーーーーーーーー

ဂျပန်သံရုံးရှိလုံခြုံရေးဝန်ထမ်း 22 ဦးဟာ ဂျပန်နိုင်ငံသို့ကယ်ထုတ်ပေးရန်တောင်းဆိုပြီး သံရုံးသို့အသနားခံစာတင်ခဲ့ပေမယ့် အဖြေမရရှိသေးပါ ။

28/08/2021

ANN News

တရုတ်နိုင်ငံတွင် လေဆင်နှာမောင်းဟာ လူနေအိမ်များကို တိုက်ခတ်သွားပြီး ၊ အိမ်ခြေ ၅၀ ပျက်စီး၍ တစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ် ။

တရုတ်နိုင်ငံအရှေ့မြောက်ပိုင်း Liaoning ပြည်နယ်မှာ ၂၅ ရက်နေ့ကရိုက်ကူးထားတဲ့ ဗီဒီယိုဖြစ်ပါတယ် ။ လေဆင်နှာမောင်းဟာ အပျက်အစီးအစအနများကို လိပ်ယူကာ လူနေအိမ်များဆီသို့ရွေ့လာခဲ့ပါတယ် ။ သစ်ပင်များလဲကျခဲ့ပြီး အိမ်များစွာရှိပြတင်းပေါက်များပျက်စီးခဲ့ပါတယ် ။

တရုတ်မီဒီယာများအဆိုအရ ဒီလေဆင်နှာမောင်းကြောင့် အိမ်ခြေ ၅၀ ပျက်စီးခဲ့ပြီး ၊ တစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ် ။

တရုတ်နိုင်ငံတွင်နှစ်စဉ်ပျမ်းမျှ လေဆင်နှာမောင်း ၈၅ ကြိမ်ဖြစ်ပွားလေ့ရှိပြီး နေရာအသီးသီး၌ပျက်စီးမှုများဆက်တိုက်ဖြစ်ပေါ်လျက်ရှိကာ အစိုးရက ၂၀၂၅ မတိုင်ခင် လေဆင်နှာမောင်းဒေတာဘေ့စ် နှင့် ရေဒါကွန်ယက်ကို တည်ဆောက်ရန်စီစဉ်လျက်ရှိပါတယ် ။

28/08/2021

ANN News

အသုံးပြုရန်ရွှေ့ဆိုင်းခဲ့တဲ့ ကိုရိုနာကာကွယ်ဆေးကိုထိုးနှံပြီးနောက် လူနှစ်ဦး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ် ။

ကျန်းမာရေး၊ အလုပ်သမားနှင့်လူမှုဖူလုံရေး၀န်ကြီးဌာနရဲ့အဆိုအရ သေဆုံးခဲ့သူနှစ်ဦးမှာ အသက် ၃၈ နှင့် ၃၀ နှစ်အမျိုးသားများဖြစ်ပါတယ် ။

နိုင်ငံခြားဖြစ်ပစ္စည်းများ​ဖြင့်ရောနှောထားတဲ့အသုတ်နဲ့ တစ်ချိန်တည်း စက်ရုံတစ်ခုတည်းမှာ ထုတ်လုပ်ခဲ့တဲ့အချက်ကြောင့် အသုံးပြုရန်ရွှေ့ဆိုင်းခဲ့တဲ့ အသုတ်ကို ကာကွယ်ဆေးထိုးနှံခဲ့တာဖြစ်ပါတယ် ။

နှစ်ဦးလုံး ရောဂါအခံမရှိပဲ သေဆုံးသွားရတဲ့အကြောင်းရင်းကို မသိရသေးပါ ။

ကျန်းမာရေး၊ အလုပ်သမားနှင့်လူမှုဖူလုံရေး၀န်ကြီးဌာနမှအထူးအဖွဲ့တစ်ဖွဲ့က လူနှစ်ဦးသေဆုံးသွားတာက မတော်တဆ ဖြစ်သွားတာဖြစ်နိုင်ပြီး ယခုအချိန်တွင် ကာကွယ်ဆေးထိုးခြင်းနဲ့ဆက်နွယ်မှုကို မရှင်းလင်းသေးတဲ့အပြင် ပြဿနာရှိတဲ့အသုတ်ကို ထိုးနှံပြီးနောက် သံသယဖြစ်ဖွယ်ဘေးထွက်ဆိုးကျိုးများနဲ့ပတ်သက်တဲ့ အချက်အလက်များကိုစုဆောင်းရန် ကြိုးပမ်းလျက်ရှိပါတယ် ။

28/08/2021

ANN News

တိုကျိုမြို့မြေအောက်ဘူတာရုံတစ်ခုမှာ အမျိုးသားတစ်ဦး ဆာလ်ဖျူရစ်အက်စစ်နဲ့ပက်ခံရတဲ့ဖြစ်ရပ်တွင် အလိုရှိနေသောသံသယရှိသူအမျိုးသားကို
အိုကီနာဝါစီရင်စုမှာ ဖမ်းမိခဲ့ပါတယ်။

ဒဏ်ရာရစေမှုသံသယဖြင့်အဖမ်းခံရတာကတော့ ရှိဇူအိုကာ မြို့မှ Hanamori Hirotaka ဖြစ်ပါတယ် ။ တရားခံ Hanamori ဟာ 24 ရက်နေ့က ရုံးဝန်ထမ်းအမျိုးသားတစ်ဦးကို ဆာလ်ဖျူရစ်အက်စစ်နဲ့ပက်ပြီး
မျက်နှာကို ၆ လကြာမှ အလုံးစုံပျောက်ကင်းမယ့်
မီး​လောင်ဒဏ်ရာရစေမှုဖြင့်သံသယရှိခံထားရပါတယ် ။

အမှုဖြစ်ပြီးနောက် ထိုနေ့အတွင်းပဲ ကျည်ဆံရထားဖြင့်သူ့အိမ်ကိုပြန်သွားပြီး နောက်နေ့တွင် ကျောပိုးအိတ်လွယ်၍ ရှီဇူအိုကာ ဘူတာကနေ ထွက်ပြေးသွားခဲ့ပါတယ် ။

တရားခံ Hanamori ဟာ လုပ်ကြံခံရသူအမျိုးသားနဲ့ အိုကီနာဝါမြို့ရှိ တက္ကသိုလ်တစ်ခုတည်းမှာတက်ခဲ့ပြီး တူညီတဲ့နယ်ပယ်မှာပဲ Senior နဲ့ Junior ပတ်သက်မှုဖြစ်ခဲ့တယ်လို့ သိရပါတယ် ။

27/08/2021

ANN News

ခိုးမှု နှင့် စီးပွားရေးနှောင့်ယှက်မှုတို့ဖြင့်စွပ်စွဲခံထားရတာကတော့ Hezumaryu လို့လည်းလူသိများတဲ့ တရားခံ Harada Masahiro ဖြစ်ပါတယ် ။

စီရင်ချက်အရ တရားခံ Harada ဟာ ယမန်နှစ်မေလက Aichi စီရင်စု၊ Okazaki မြို့ရှိ စူပါမားကတ်တစ်ခုတွင် ငွေမရှင်းမီ ငါးအသားများခိုးစားခြင်းအပြင် အိုစာကာမြို့ရှိ အထည်ဆိုင်တစ်ဆိုင်မှာ ဝယ်ခဲ့တဲ့ ရှပ်အင်္ကျီ ဟာ အမှတ်တံဆိပ်အတုဖြစ်၍ ပြန်လဲပေးဖို့တောင်းဆိုခဲ့ပြီး စီးပွားရေးနှောင့်ယှက်မှုများလုပ်ခဲ့ပါတယ် ။

ဒီနေ့ စီရင်ချက်မှာ နာဂိုယာခရိုင်တရားရုံးရဲ့ Okazaki ဌာနခွဲက " Vedio ကြည့်ရှုနှုန်းတက်ဖို့ဆိုတဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ ရာဇဝတ်မှု " အဖြစ် တရားခံ Harada ကိုအလုပ်နဲ့ထောင်ဒဏ် ၁ နှစ် ၆ လ၊ ဆိုင်းငံ့ထောင်ဒဏ် ၄ နှစ်ချမှတ်ခဲ့ပါတယ် ။

27/08/2021

ANN News

စားသောက်ကုန်ဆုံးရှုံးမှုကိုလျှော့ချရန် ပိုလျှံနေတဲ့
ပေါင်မုန့်တွေကို ပြန်လည်သုံးစွဲခဲ့ပါတယ် ။

တစ်နေ့လျှင် ပေါင်မုန့် အလုံး ၁ သောင်းရောင်းရတဲ့ ဂျပန်နိုင်ငံရဲ့ အကြီးဆုံးမုန့်ဆိုင်တည်ရှိတဲ့ Yokohama Takashimaya ရဲ့ မြေအောက်ထပ်မှာတော့ ပိုလျှံနေတဲ့ပေါင်မုန့်တွေကို ယမကာ လုပ်ဖို့ ကြိုးပမ်းလျက်ရှိပါတယ် ။

ပေါင်မုန့်ကို ဖြတ်ပြီး အခြောက်ခံ၍ ကြေအောင်လုပ်ပြီး ဂျုံနဲ့အတူ အပူပေးပါတယ် ။ အချဥ်ဖောက်ပြီး ၁ လလောက်မှာ ယမကာကိုရရှိပါတယ် ။ ဂျပန်ရဲ့ စားသောက်ကုန် ဆုံးရှုံးမှုမှာ နှစ်စဥ် တန်ချိန် ၆ သန်းခန့် မြင့်တက်လျက်ရှိပါတယ် ။

27/08/2021

ANN News

မသန်စွမ်းသူများအားကစားပြိုင်ပွဲမှဂျပန်ကိုယ်စား​ပြု လက်ရွေးစင်ကစားသမားတစ်ဦးဟာ ကိုယ်တိုင်မောင်းဘတ်စ်ကားနှင့်တိုက်မိပြီး ဒဏ်ရာရရှိခဲ့ပါတယ် ။

မနေ့ကမွန်းလွဲ ၂ နာရီခန့်က မသန်စွမ်းအိုလံပစ်ရဲ့ ကစားသမားကျေးရွာမှာ ကိုယ်တိုင်မောင်းဘတ်စ်ကားဟာ ညာကွေ့စဥ် လူကူးမျဥ်းကြားကိုဖြတ်ကူးခဲ့တဲ့ ဂျူဒိုလက်ရွေးစင် အမြင်အာရုံချို့တဲ့နေသောကစားသမား Kitazono Aramitsu နဲ့ တိုက်မိခဲ့ပါတယ် ။

ကစားသမား Kitazono ဟာ လဲကျသွားပြီး ဦးခေါင်းနဲ့ ခြေထောက် ၂ ဖက်မှာ ရရှိခဲ့သော ပွန်းပဲ့ဒဏ်ရာများဟာ၂ ပတ်ကြာမှ အကုန်ပျောက်ကင်းမှာဖြစ်ပါတယ် ။

သက်ဆိုင်ရာလူတွေရဲ့အဆိုအရ ဘတ်စ်ကားပေါ်မှာ အော်ပရေတာ ၂ ဦး စီးနင်းလိုက်ပါလာခဲ့တယ်လို့ဆိုပါတယ် ။

ကစားသမား Kitazono က ဘတ်စ်ကားကို သတိထားနေတယ်လို့ထင်ခဲ့လို့ အရေးပေါ်ရပ်တဲ့ခလုတ်ကိုနှိပ်ဖို့နောက်ကျသွားခဲ့တာလို့ဆိုပါတယ် ။

ကစားသမား Kitazono ဟာ မနက်ဖြန် ပြိုင်ရမယ့်ပွဲစဉ်ရှိပေမယ့် ပြိုင်နိုင်မှာလားဆိုတာ ဆရာဝန်ရဲ့ ဆုံးဖြတ်ချက်ပေါ်မူတည်တယ်လို့ ဆိုပါတယ် ။

27/08/2021

ANN News

ငွေပမာဏများစွာ အခွန်ရှောင်မှုကြောင့် နာမည်ကျော်တရုတ်မင်းသမီးတစ်ဦးကို ဒဏ်ငွေ ယန်း ၅ ဘီလီယံ ကောက်ခံခဲ့ပါတယ် ။

ရှန်ဟိုင်းအခွန်အာဏာပိုင်များက ၂၇ ရက်နေ့က တရုတ်မင်းသမီး Zheng Shuang အား
ဒဏ်ငွေယွမ်သန်း ၃၀၀ ( ဂျပန်ယန်းဖြင့် ၅ ဘီလီယံခန့် )ပေးဆောင်ရန်အမိန့်ချခဲ့ပါတယ် ။

နာမည်ကျော်တရုတ်ဒရမ်မာ "Chinese Ghost Story" အတွက် သရုပ်ဆောင်ကြေး ယန်း ၂.၇ ဘီလီယံခန့်ကို Zheng ကိုယ်တိုင်ပိုင်ဆိုင်​သောကုမ္ပဏီတစ်ခုအတွက် ရင်းနှီးမြုပ်နှံမှုအမည်ဖြင့် လက်ခံခြင်းအစရှိသောလှည့်ကွက်ဖြင့်ယန်းသန်း ၇၀၀ ခန့်ကိုအခွန်ရှောင်ခဲ့တယ်လို့ အတည်ပြုခဲ့ပါတယ် ။

ထို့ကြောင့် အရင်က ပါဝင်သရုပ်ဆောင်ထားတာများအပါအဝင် Zheng ရဲ့ ဇာတ်ကားအားလုံးထုတ်လွှင့်ခြင်းကို တားမြစ်ခဲ့တယ်လို့ဆိုပါတယ် ။

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Japan News for Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share