24/03/2026
ဒီတစ်ပတ်မှာ Year 4 & 5 လေး အတန်းမှာ သင်ဖြစ်ခဲ့တာလေးကတော့ “ How to Write A Biography “ ပါ.. History တွေထဲက နံမည်ကြီးသူတွေထဲက ကိုယ်နှစ်သက်ရာ ပုဂ္ဂိုလ်ရဲ့ အထုပ္ပတ္တိကိုရေးရမှာဖြစ်ပါတယ်။ ဒီ Writing ကိုစာမေးပွဲမှာတော့ ထည့်မေးလေ့မရှိပါဘူး.. ဒါပေမဲ့ ဘာလို့သင်လဲဆို O level / A level ဖြေပီးလို့ University သွားတဲ့အခါ Assignment / Research တွေကိုယ်တိုင်ရေးတဲ့အခါ မကြောက်တော့ပဲ ငယ်ငယ်ထဲက ရေးနေကြရင်းနှီးနေအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပါ။ လက်ရှိမှာဆိုရင်တော့ ကျောင်းကပေးတဲ့ Project တွေမှာ ဘယ်လို ကျစ်ကျစ်လစ်လစ်နဲ့တင်ပြမလဲဆိုတာကို အထောက်အကူပြုအောင်ပါ။
ဒီTopicမှာ သင်ရမဲ့အရာတွေ ၊ မှတ်သားစရာတွေအများကြီးပါ။ နှစ်ပတ်- သုံးပတ်လောက်အချိန်ယူသင်ရမှာဖြစ်ပါတယ်.. ဒီတစ်ပတ်မှာတော့ အစပိုင်းလောက်ပဲ သွားနိုင်ခဲ့ပါသေးတယ်။
ပထမဆုံး autobiography vs biography ကွဲပြားပုံကိုအရင်ရှင်းပြပါတယ်..
ပီးရင် Biography ရေးနည်းဆိုတာက လူတစ်ယောက်ရဲ့ ဘဝဖြစ်စဉ်ကိုရေးရတာဖြစ်တဲ့အတွက် ကိုယ့်ရဲ့ ခံစားချက်တွေတို့၊ စိတ်ကူးယဉ်အတွေးတွေတို့ ထည့်မရေးရတဲ့အကြောင်းကို ရှင်းပြရှင်းနဲ့ Fiction / Non- Fiction ရေးနည်းတွေ ဘယ်လိုကွဲတယ်ဆိုတာကို highlight လုပ်ခဲ့ပါတယ်။
အဲ့အတွက် ကိုယ်ရေးမဲ့ပုဂ္ဂိုလ်အကြောင်းကို Google မှာရှာဖတ်ခိုင်းပီး Notes- taking ကို ဘယ်လိုလုပ်ရမယ်ဆိုတာ သင်ပေးဖြစ်ခဲ့ပါတယ်။ ဘာလို့ဆို Google ထဲမှာသူ့အကြောင်းရေးထားသမျှကို လိုက်ဖတ်ဖို့ဆိုတာ အချိန်လဲမရှိနိုင်သလို ၊ တွေ့သမျှအကြောင်းအရာတွေကိုလဲ ကိုယ်ရဲ့စာထဲမှာ ထည့်ရေးရင် ဗြောက်သေက်ဖြစ်သွားနိုင်တဲ့အကြောင်း သတိပေးခဲ့ပီး အကယ်၍ ဆရာမက Assignment ကို တစ်ပတ်အတွင်းထပ်ပါလို့ ခိုင်းထားခဲ့ရင် တစ်ပတ်လုံးမှာ တစ်ခြားစာတွေမလုပ်တော့ပဲ ဒါကိုပဲ ထိုင်လုပ်နေမှာလားလို့ မိုးပွင့်က ကလေးတွေကို မေးခွန်းထုတ်ခဲ့ပီး ဒီပြသနာကို ဘယ်လိုရှင်းကြမလဲလို့ ဆွေးနွေးပေးခဲ့ပါတယ်..
ဒါကြောင့် information ရှာတဲ့အခါ ရှိသမျှကို လိုက်ဖတ်မနေပဲ ကိုယ်သည် သူ့ရဲ့ ဘယ်အပိုင်းပဲရှာမယ်ဆိုတဲ့ Frame/ ဦးတည်ချက်ချပီးမှသာ Notes Taking ကိုလုပ်သင့်ကြောင်းနဲ့ ပေးထားတဲ့အချိန်အတွင်း information ရှာတတ်အောင် Time Management ကိုသင်ပေးဖြစ်ခဲ့ပါတယ်။
နောက်ဆက်တွဲအနေနဲ့ Credit ပေးနည်းကို သင်ပေးခဲ့ပါတယ်.. သူတို့ရှာဖတ်ပီး biography အဖြစ် ပြန်ရေးတဲ့အရာတွေက ကလေးတွေရဲ့ ကိုယ်ပိုင်အတွေး၊ ဖန်တီးထားတာမဟုတ်တဲ့အတွက် ဒီအချက်အလက်သည် ဘယ် Website / ဘယ်စာအုပ်ထဲကနေ ထုတ်နှုတ်ကိုးကားထားတယ်ဆိုတာဖော်ပြဖို့ အရေးကြီးကြောင်းပြောခဲ့ပါတယ်.. မူရင်းရေးသူကို credit မပေးရင် ဒါဟာ စာခိုးချတယ်ဆိုပီး university မှာဆိုရင် စာမေးပွဲအကျပေးကြောင်း သတိထားရမဲ့အချက်တွေကို ထည့်ပြောပေးခဲ့ပါတယ်။
ကိုယ်ရေးမဲ့ အချက်တွေရလာပီးတဲ့အခါ အဲ့အကြောင်းအရာတွေက်ို Paragraph ခွဲနည်းသင်ပေးပါတယ်။ ဘယ်အပိုဒ်ကို အရင်ရေးပီး ဘယ်
အကြောင်းရာက နောက်မှ လာသင့်တယ်ဆိုတဲ့ Logical Order ကိုသင်ပေးပါတယ်။
e.g
* Early Life
* Major achievement
* Impact on society
* Education လို့ အကြောင်းအရာခွဲမယ်ဆိုရင် ဘယ်အပိုဒ်က အရင်လာသင့်လဲပေါ့… Early life သည်မွေးခါစမို့ ဒါကိုအရင်ရေးရမယ်.. ပီးရင် Major achievement မအောင်မြင်ခင် စာသင်/ကျောင်းတက်ရမှာမို့ “ Education “ ဆိုတဲ့အပိုဒ်သည် ဒုတိယလာရမှာဖြစ်တယ်ဆိုတာမျိုးပေါ့နော်။
နောက်တစ်ပတ်မှာ ကျန်အကြောင်းရာတွေဆက်သင်ပေးမှာဖြစ်ပါတယ်ရှင့်🙏
Best wishes,
Ms. မိုးပွင့်
22/12/2025
ဒီတစ်ပတ်မှာ ကလေးတွေကို charity ကိုအကြောင်းပြုပီးတော့ Pamphlet / Brochure ရေးနည်းလေးတွေကိုသင်ပေးဖြစ်ပါတယ်…
ဒီတစ်ခါမှာ တစ်ယောက်ချင်းစီရေးတာထက် Team Work လေးလဲဖြစ်အောင် နှစ်ယောက်တစ်တွဲနဲ့ Gp Work လေးလုပ်ခိုင်းခဲ့ပါတယ်။
ဒါကတော့ Year 5&6 တို့ရဲ့ Writing Piece လေးပါ။
30/11/2025
ဒီတစ်ပတ်သင်ပေးဖြစ်တာတော့ Topic Sentence & Supporting Details Writing ပါ..
စာပိုဒ်တစ်ခုရဲ့အစမှာ Topic Sentence ဆိုတာပါရပါတယ်.. သူက လက်ရှိရေးမဲ့ Main Idea of the Paragraph ပါ။ သူက အသက်ပေါ့နော်။
ပီးရင်သူ့နောက်မှာ အဲ့main idea ကပြောထားတာကိုမှန်ကြောင်းထောက်ပံ့ပေးမဲ့ Evidence တွေ၊ ရှင်းလင်းချက်တွေနဲ့ Mian Idea ကပြောသွားတဲ့အရာတွေကို အသေးစိတ်ရှင်းလင်းပြတဲ့ Supporting Sentences က သုံးလေးကြောင်း ရေးရပါတယ်…
ကိုယ့်မှာရှိသမျှအတွေးတွေကို ကြုံသလိုချမရေးပဲ အဲ့လို Structure ကျကျရေးခြင်းဖြင့် ကိုယ့်ရဲ့အရေးအသားဟာ Format ကျစေပါတယ်.. စာဖတ်သူကိုလဲစွဲဆောင်နေနိုင်သလို Examiner ဆီကလဲ အမှတ်များများရစေတဲ့ Techniques တစ်ခုလဲဖြစ်ပါတယ်ရှင့်။ တစ်ခါတစ်ခါ စာတွေသာအများကြီးရေးထားတယ် အမှတ်မရပါလားဆိုတာ ဒီလိုWell- Formated မဖြစ်လို့ပါ..
BAA မှာတက်တဲ့ကျောင်းသား/ သူတိုင်းကတော့ တစ်
ပတ်ကိုတစ်ပုဒ်ရေးနေကြဖြစ်တာကြောင့် သက်သက်ကြီးကို Train စရာမလိုပဲ သူတို့က အသားကျနေပါပီရှင့်။
23/11/2025
“ My Favorite Film’s Review “
21/09/2025
Presentation အတွက် Information တွေရဖို့ စာတွေလိုက်ဖတ်ပီး ကိုယ့်own words ဖြစ်လာဖို့ Paraphrasing လုပ်နည်းရယ်၊ Usful Techniques တွေသင်ပေးဖြစ်ပါတယ်။
04/07/2025
Informal Writing သင်အပီးမှာ Formal Writing စသင်ပါပီ။ မင်္ဂလာဖိတ်စာရေးနည်းကလဲ Formal Writing ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ အဲ့အတွက် ကလေးတွေကို ဒီတစ်ခါ Wedding Invitation Card Writing သင်ပေးဖြစ်ခဲ့ပါတယ်။
မင်္ဂလာဖိတ်စာရဲ့ မရှိမဖြစ်ပါရမဲ့ Wording ဖြစ်တဲ့ - “ Request the honour of your presence “ဆိုတဲ့ Vocabulary ကို အဓိက အနေနဲ့ သူတို့ကို လှသလိုသုံးစေခဲ့ပါတယ်။
ပီးရင် မြန်မာနဲ့မတူတဲ့ English culture တစ်ခုကိုမိတ်ဆက်ပေးခဲ့ပါတယ်။ မင်္ဂလာ ဖိတ်စာမှာ အဖေအမေနံမည်ထည့်ရင် မိဘက Wedding ပွဲကို Host လုပ်တာဖြစ်ပီး ၊ မပါရင် ကိုယ့်စရိတ်နဲ့ကိုယ်ဆောင်တာကို Knowledge အနေနဲ့ ပြောပြပေးခဲ့ပါတယ်။
ကလေးတွေ Create လုပ်ထားတဲ့ Wedding Invitation Card လှလှလေးတွေ ကြည့်ပေးကြပါဦးရှင့်။
28/06/2025
ဒီတစ်ခေါက်သင်ဖြစ်တဲ့ အကြောင်းအရာကတော့ စာနှစ်စောင်အသွားအပြန်ရေးရတဲ့ Topic ဖြစ်ပါတယ်။
ပထမစာက-
သူတို့ဘာတွေလုပ်ဖြစ်နေတယ်..
ဘယ်တွေသွားလည်ခဲ့တယ်…
ဘယ်ဆိုင်တွေမှာ သွားစားဖြစ်တယ်…
စသည်ဖြင့် တစ်ဖက်လူကို သတင်းပေးရတာပါ။
နောက်တစ်စောင်က-
တစ်ဖက်ကလူ ပို့လာတဲ့အခြေအနေ အကြောင်းအရာကို မူတည်ပီး ကောင်းရင်ကောင်းတယ်.. မကောင်းရင်မကောင်းဘူး.. စသည်ဖြင့် Comment ပေးပီးတော့ ကိုယ်သိချင်တဲ့အကြောင်းအရာကို ပြန်လည်မေးမြန်းရတာဖြစ်ပါတယ်။
အဲ့တော့ ဒုတိယစာမှာက ကိုယ်စိတ်ကူးရှိရာကိုရေးရတာမဟုတ်ပဲ တစ်ဖက်ကလူရဲ့ စာအသွားအလာကို ဘောင်ထဲကနေ ပြန်ဖြေ၊ ပြန်မေး၊ ပြန်ရေး လုပ်ရတာမို့ လွယ်မယောင်နဲ့ ခက်ပါတယိ။
ဒီသင်ခန်းစာကတော့ Informal Writing ရဲ့ နောက်ဆုံးသင်ခန်းစာမို့ မြင့်ပါတယ်။ ကလေးတွေအကုန်လုံး အကောင်းဆုံး ရေးပြသွားတဲ့အတွက် သင်ပေးတဲ့ဆရာမ ရှူထောင့်ကကြည့်မယ်ဆို စိတ်ကျေနပ်မှုလဲ ရခဲ့ပါတယ်။ 🙏🙏🙏
#
15/06/2025
ဒီတစ်ပတ်ရဲ့ တနင်္ဂနွေဟာ Father’s Day ဖြစ်တဲ့အတွက် ကလေးတွေကနေ သူတို့ဖေဖေကို လက်ဆောင်အဖြစ်ပေးနိုင်အောင် Postcard Writing ရေးနည်းသင်ပေးဖြစ်ခဲ့ပါတယ်။
ဒါကတော့ Pre intermediate Writing Class ( London) က သားငယ်၊ သမီးငယ်တို့ရဲ့ အရေးအသားပါ။
15/06/2025
ယနေ့ကျရောက်တဲ့ Father's Day ကို ဂုဏ်ပြုသောအားဖြင့် Advanced Writing Class ( Pepsi ) မှ သားငယ်၊ သမီးငယ်များက သူတို့ရဲ့ ဖခင်ကိုယ်စီတို့ကို ချစ်ခြင်းများစွာဖြင့်အခုလိုရေးသားထားပါတယ်။
09/06/2025
“ My House “ ဆိုတဲ့ Essay ကို Year 4& 5 လေးတွေ ရေးထားကြပုံလေး..
Words Count ကို 250-300 သတ်မှတ်ထားပေမဲ့ တစ်ချို့ဆို အရမ်းကြိုးစားကြတာပဲ။ ဒီတစ်ခေါက်မှာဆို 400-800 ထိ ရေးကြတဲ့ ကလေးသုံးယောက်တောင်ပါတယ်။
Well- done!
Kira , Julie and Shwe Su.👏
31/05/2025
ယခုတစ်လမှာ အသက် 7-8နှစ် သားတို့သမီးတို့အတန်းမှာ Recipe Writing ( Instructional Writing ) ကိုသင်ပေးနေပါတယ်။
သူရဲ့pattern ဟာ Time Order Words (သို့) Sequencing Words တွေဖြစ်တဲ့ - First, Secnd, Third, Fourth, Next , Then , After that , Finally တို့ကို အသုံးပြု ရေးရတာဖြစ်ပါတယ်ရှင့်။
ဒီစာလုံးတွေကို Order of Events နဲ့ Steps in a Process Writing တွေမှာ အသုံးပြုပါတယ်။
ကျေးဇူးတင်လျက်
Miss Moe Pwint