19/03/2026
“German Vocabulary ကို ထိရောက်စွာ လေ့လာနိုင်မည့် နည်းလမ်းကောင်းများ”
German Level တိုးတက်လိုသူများအတွက် စကားလုံးများကို ရေရှည်မှတ်မိစေမည့် နည်းလမ်း (၈) ချက်ကို ဖော်ပြပေးလိုက်ပါတယ်။
၁။ Context နှင့်တွဲ၍ လေ့လာပါ (စာကြောင်းဖွဲ့ကျက်ပါ)
စကားလုံးတစ်လုံးချင်းစီကို အဓိပ္ပာယ်သက်သက်ပဲ မကျက်ပါနဲ့။ စာကြောင်းတစ်ခုလုံးအနေနဲ့ မှတ်သားမှသာ ထိုစကားလုံးကို ဘယ်လိုအသုံးချရမယ်ကို သိရှိနိုင်မှာပါ
ဥပမာ
• ❌ fordern = တောင်းဆိုသည် ,အစား
• ✅ „Die Firma fordert mehr Geld.“
၂။ စကားလုံးအသစ်တစ်ခုကို အမြဲစွဲမြဲနေစေရန်
1. ဖတ်ပါ (Read): စာလုံးပေါင်းကို ကြည့်ပါ။
2. ရွတ်ပါ (Speak): အသံထွက်ကို ကျယ်ကျယ်ပြောပါ။
3. ရေးပါ (Write): လက်နဲ့ကိုယ်တိုင် ချရေးပါ။
၃။ Spaced Repetition စနစ်ကို အသုံးချပါ
ဦးနှောက်က မမေ့ခင် အချိန်ကိုက် ပြန်လည်လေ့ကျင့်ပေးခြင်းက အထိရောက်ဆုံးပါပဲ
ဥပမာ
• Anki / Quizlet: Flashcards များဖြင့် လေ့ကျင့်ရန်
• Duolingo: အခြေခံအမြန်ရစေရန်
၄။ Noun (နာမ်) များကို Article နှင့်တွဲ၍ အမြဲလေ့လာပါ
German ဘာသာစကားမှာ Gender က အရမ်းအရေးကြီးပါတယ်။ Grammar (Akkusativ/Dativ) တွေမှာ မှန်ကန်ဖို့ဆိုရင် Article ကို စကတည်းက တွဲကျက်ရပါမယ်
• der Tisch (စားပွဲ) ၊ die Familie (မိသားစု) ၊ das Kind (ကလေး)
၅။ စကားလုံးများကို အုပ်စုလိုက် လေ့လာပါ
ဦးနှောက်က ဆက်စပ်မှုရှိတာတွေကို ပိုမှတ်မိပါတယ်။ ခေါင်းစဉ်တစ်ခုအောက်မှာ စုပြီးလေ့လာပါ။
• ဥပမာ (အိမ်): das Wohnzimmer (ဧည့်ခန်း), die Küche (မီးဖိုချောင်), das Schlafzimmer (အိပ်ခန်း)
၆။ ပုံရိပ်ယှဉ်တွဲခြင်း (Visualization)
စကားလုံးတစ်လုံးကို မြင်ရင် မိခင်ဘာသာစကားနဲ့ ဘာသာပြန်မနေဘဲ စိတ်ထဲမှာ ပုံရိပ် (Image) တစ်ခု ဖန်တီးလိုက်ပါ။
• der Rasen ကို မြင်လျှင် စိမ်းလန်းနေသော မြက်ခင်းပြင်ကြီးကို တန်းမြင်ယောင်ကြည့်ပါ။
၇။ နေ့စဉ် ပုံမှန် လေ့ကျင့်ပါ
တစ်ပတ်မှ တစ်ကြိမ် နာရီပေါင်းများစွာ လေ့လာခြင်းထက် နေ့တိုင်း ၁၀-၁၅ မိနစ် ပုံမှန်လေ့လာခြင်းက ပိုထိရောက်ပါတယ်
• Morning Routine: စကားလုံးသစ် (၁၀) လုံး လေ့လာပါ။
• Night Routine: သင်ယူခဲ့သမျှကို ပြန်လည် Review လုပ်ပါ။
၈။ ကိုယ်တိုင် စာတိုလေးများ ရေးကြည့်ပါ
လေ့လာထားတဲ့ Vocabulary တွေကို သုံးပြီး နေ့စဉ်မှတ်တမ်း (သို့) အကြောင်းအရာတစ်ခုခုကို ၅ ကြောင်းခန့် ရေးကြည့်ပါ။
• ဥပမာ: "Ich war gestern zu Hause. Ich habe im Garten den Rasen gesehen."