17/08/2026
Business တစ်ခုရဲ့ အောင်မြင်မှု၊ ကျရှုံးမှုကို ဆုံးဖြတ်ပေးတဲ့ အရာတွေထဲမှာ Decision Making က အရေးကြီးဆုံး အချက်တစ်ခုဖြစ်ပါတယ်။
နေ့စဉ် လုပ်ငန်းလည်ပတ်မှုအတွင်းမှာ Leaders တွေ၊ Managers တွေက ဆုံးဖြတ်ချက်ပေါင်းများစွာ ကိုချမှတ်နေကြရပါတယ်။
- Product အသစ် မိတ်ဆက်သင့်သလား?
- Sales Team ကို တိုးချဲ့သင့်သလား?
- Marketing Budget ကို တိုးသင့်သလား?
- Branch အသစ် ဖွင့်သင့်သလား?
- Customer Promotion Campaign ကို ဆက်လုပ်သင့်သလား?
ဒီလို ဆုံးဖြတ်ချက်တွေဟာ Business ရဲ့ အနာဂတ်ကို တိုက်ရိုက် သက်ရောက်စေပါတယ်။ ဒါပေမယ့် မေးစရာ တစ်ခုရှိပါတယ်။ ဒီဆုံးဖြတ်ချက်တွေကို ဘာကို အခြေခံပြီး ချမှတ်နေတာလဲ?
- အတွေ့အကြုံကို အခြေခံပြီးလား?
- ခံစားချက်ကို အခြေခံပြီးလား?
- ဒါမှမဟုတ် Data ကို အခြေခံပြီးလား?
Data-Driven Decision Making ဆိုတာ ဆုံးဖြတ်ချက်တစ်ခုကို ကိုယ်ပိုင်အမြင်၊ Assumption သို့မဟုတ် Gut Feeling အပေါ်သာ မူတည်ပြီး မချမှတ်ဘဲ Data၊ Facts နှင့် Evidence များကို အခြေခံပြီး ချမှတ် ခြင်းကို ဆိုလိုပါတယ်။ ဒီနေရာမှာ လူအများစု နားလည်မှုလွဲတတ်တဲ့ အချက်တစ်ခု ရှိပါတယ်။
Data-Driven Decision Making ဆိုတာ Data က ပြောသမျှကို မျက်စိမှိတ် လိုက်နာခြင်းမဟုတ်ပါဘူး။ Data ဟာ ဆုံးဖြတ်ချက်ချဖို့ အထောက်အကူပေးတဲ့ Input တစ်ခုသာ ဖြစ်ပါတယ်။ အကောင်းဆုံး ဆုံးဖြတ်ချက်တွေဟာ Data, Experience, Business Context ပေါင်းစပ်မှုကနေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
📖 “လုပ်ငန်းဦးဆောင်သူများအတွက် 𝗗𝗮𝘁𝗮 အသုံးချမှု လမ်းညွှန်” စာအုပ်မှ ကောက်နှုတ်ဖော်ပြထားခြင်း ဖြစ်ပါတယ်။
💰 စာအုပ်တန်ဖိုး - 17,000 ကျပ်
📚 စာမျက်နှာ - ၁၈၆
📦 မှာယူမည့် မြို့နယ်အလိုက် Delivery Charges များ သီးခြား ကျသင့်ပါမည်။
စာအုပ်မှာယူလိုသူများအနေဖြင့် Comment Box တွင် "𝗗𝗮𝘁𝗮" ဟု ရေးသားပေးပါ။ Admin Team မှ ဆက်သွယ်ပြီး မှာယူမှုအတွက် ဆက်လက်ဆောင်ရွက်ပေးသွားပါမည်။
ကျေးဇူးတင်ရှိပါသည်။
Wai Lin - Learn Business Intelligence