Treasure - English Education

Treasure - English Education

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Treasure - English Education, Education, Yangon.

English Class များကို Beginner Level မှစ၍
ထိရောက်စွာလေ့လာနိုင်သောသင်တန်းများကို ကလေး၊လူကြီး မည်သူမဆိုတက်ရောက်နိုင်ရန်ဖွင့်ထားပါတယ်ရှင်။ 👩‍🏫
English Course Booksများကို စျေးသင့်စွာဝယ်ယူနိုင်ပါပြီရှင် 📖

19/05/2026

So / Such ဘယ်လို ခွဲရမလဲ

1. So + adjective / adverb
(adjective = နာမဝိသေသန, adverb = ကြိယာဝိသေသန)
Pattern
➡️ so + adj / adv
Examples
She is so beautiful.
He runs so fast.
The movie was so interesting.
👉 “so” နောက်မှာ adjective ဒါမှမဟုတ် adverb တိုက်ရိုက်လာတယ်။

2. Such + noun
(noun = နာမ်)
Pattern
➡️ such + noun
➡️ such + a/an + adjective + singular noun
Examples
They are such kind people.
It was such a good book.
She is such a smart girl.
👉 “such” နောက်မှာ noun ပါရမယ်။
လွယ်လွယ်မှတ်နည်း 🌟
✅ adjective/adverb ကို အလေးပေး → SO
so beautiful
so difficult
so slowly
✅ noun ကို အလေးပေး → SUCH
such a beautiful girl
such good weather
such delicious food
Compare
❌ He is such tall.
(မှား ❌ because “tall” = adjective only)
✅ He is so tall.
❌ It was so good movie.
(မှား ❌ because “movie” = noun ပါနေတယ်)
✅ It was such a good movie.

Tr Zinthu 🍀

One on one class အတွက် ဆရာမနဲ့အတန်းချိန်ညှိယူနိုင်ပါပြီ။

Beginner to Upper-Intermediate level အထိ သင်ယူနိုင်ပါပြီ။

Zoom App ရှိရုံနဲ့ မည်သည့်နိုင်ငံကမဆို လေ့လာသင်ယူနိုင်ပါပြီ။

တကယ်ကြိုးစားမည့်သူများ တကယ်တိုးတက်ပါမည်။

အခုပဲ English skill ကို အခက်အခဲမဖြစ်ရအောင် chatbox မှာ မိမိ level လေးပို့ထားပေးပါ။

゚viralシfypシ゚

Photos from Treasure - English Education's post 18/05/2026

စာဖတ်ကြရအောင် 💟💟💟

゚viralシfypシ゚

17/05/2026

English လေ့လာသူတွေအတွက် ပေါ့ပေါ့ပါးပါးကြည့်လို့ကောင်းတဲ့ funny movies / series တွေဆိုရင် ဒီဟာတွေ recommend လုပ်ချင်ပါတယ် 👇

❤️Home Alone ❤️

စကားပြောမြန်မလွန်းဘူး✅

comedy + daily conversation တွေများတယ်✅

subtitles နဲ့ကြည့်ရင် အရမ်းအဆင်ပြေ✅

❤️The Intern❤️

pronunciation ရှင်းတယ်✅

office English, daily life English လေ့လာလို့ကောင်း✅

calm comedy type✅

❤️Yes Day❤️

family comedy✅

easy vocab တွေများတယ်✅

listening practice အတွက်ကောင်း✅

❤️Jumanji: Welcome to the Jungle
funny scene တွေအများကြီး❤️

modern spoken English တွေကြားရမယ်✅

❤️Mean Girls❤️

young people slang တွေသင်လို့ကောင်း✅

American casual English အများကြီးပါတယ်✅

Series ကြည့်ချင်ရင် 🎬🎬

Friends 🖤
English learners တွေအကြား legendary
daily conversation အရမ်းအသုံးဝင်
joke တွေကြောင့် မပျင်းဘူး

Brooklyn Nine-Nine🖤
funny police comedy
short episodes ဖြစ်လို့ လေ့လာရလွယ်

Modern Family🖤
family conversation English တွေကောင်း
accent မျိုးစုံကြားရတယ်

✍️✍️✍️✍️✍️
ကြည့်တဲ့အချိန်မှာ ဒီနည်းလေးနဲ့လေ့လာရင် ပိုတိုးတက်တယ် 👇

English subtitle ဖွင့်ကြည့် 🖤

ကြိုက်တဲ့ sentence တွေ pause လုပ်ပြီး repeat ပြော🖤

slang / expression အသစ်တွေ note ထုတ်🖤

episode တစ်ခုကို ၂ ခါလောက်ကြည့်🖤

English Movies တွေကြည့်မယ်ဆို ဒီ channel လေး join ထားပါ

https://t.me/+9kN5qtaOJWw4NTU1

゚viralシfypシ゚

15/05/2026

ဇာတ်လမ်းထဲက အင်္ဂလိပ်စာ 🎬🎬
“Swapped” ကို အများအားဖြင့် verb “swap” (လဲလှယ်/ အစားထိုး) ရဲ့ past tense / past participle အနေနဲ့ သုံးပါတယ်။

Meaning
swap = exchange / change with each other
Myanmar meaning
လဲလိုက်တယ်
အပြောင်းအလဲလုပ်လိုက်တယ်
တစ်ယောက်နဲ့တစ်ယောက် အစားထိုးလဲလှယ်လိုက်တယ်

Grammar Usage
1. swap + object + with + object
တစ်ခုနဲ့တစ်ခု လဲတာ
I swapped my seat with my friend.
→ ကျွန်တော့်နေရာကို သူငယ်ချင်းနဲ့ လဲလိုက်တယ်။
They swapped phone numbers.
→ သူတို့ ဖုန်းနံပါတ်ချင်း လဲလှယ်ခဲ့တယ်။

2. be swapped
Passive voice အနေနဲ့ “အစားထိုးခံရတယ် / လဲခံရတယ်”
The bags were swapped by mistake.
→ အိတ်တွေ မှားပြီး လဲသွားတယ်။

3. swapped out
အဟောင်းတစ်ခုကို ဖယ်ပြီး အသစ်အစားထိုးတာ
He swapped out the battery.
→ သူ battery ကို အသစ်နဲ့ လဲလိုက်တယ်။

Trend / Daily English Examples
We accidentally swapped drinks.
→ မတော်တဆ သောက်စရာချင်းလဲသွားတယ်။

She swapped her old phone for an iPhone.
→ သူမ phone အဟောင်းကို iPhone နဲ့ လဲလိုက်တယ်။

I would never swap my peace for temporary love.
→ ယာယီအချစ်အတွက် ကိုယ့်စိတ်ငြိမ်းချမ်းမှုကို ဘယ်တော့မှ မလဲဘူး။

Related Words
swap = လဲလှယ်သည်
swapped = လဲခဲ့သည်
swapping = လဲနေခြင်း

Exercises လေးတွေ အတူတူလုပ်ကြည့်ရအောင်နော်

✍️✍️✍️✍️✍️✍️

Swap / Swapped Multiple Choice Exercises
I swapped my bag __ my sister’s bag.
(a) with
(b) for
(c) at
We accidentally __ phones after class.
(a) swapping
(b) swapped
(c) swap
She swapped her old laptop __ a new one.
(a) with
(b) for
(c) by
Their drinks were __ by mistake.
(a) swap
(b) swapping
(c) swapped
He __ seats with his friend yesterday.
(a) swapped
(b) swaps
(c) swapping
I would never swap my peace __ temporary attention.
(a) with
(b) for
(c) from
They __ numbers before leaving the party.
(a) swapped
(b) swap
(c) swapping
The batteries were swapped __ new ones.
(a) for
(b) with
(c) at
My cousin and I swapped __ during the game.
(a) places
(b) place
(c) placing
She swapped __ the old sofa for a smaller one.
(a) over
(b) out
(c) up

🍀 You can check the answers tomorrow. 🍀

Keep in touch for learning more
Telegram 🩷🩷
https://t.me/+9kN5qtaOJWw4NTU1

TikTok 🩷🩷
https://www.tiktok.com/?_r=1&_t=ZS-94PFQl7ckfF

Youtube 🩷🩷
https://youtube.com/.zinthu7681?si=s65Dv_75k6aclzp_

IG 🩷🩷
https://www.instagram.com/zinthuhlaing12345?utm_source=qr&igsh=YXJvbXFqYWZpMDdu

English books 🩷🩷
https://t.me/+qze5WhlcXR5iNmVl

15/05/2026

ဇာတ်လမ်းအကျဉ်း 💟
ဒီဇာတ်လမ်းက Ollie (ဖျံနဲ့တူတဲ့သတ္တဝါလေး) နဲ့ Ivy (ငှက်မလေး) တို့ သူငယ်ချင်းနှစ်ယောက်အကြောင်းပါ။ သူတို့နှစ်ယောက်ဟာ မှော်အသီးတစ်ခုကြောင့် ခန္ဓာကိုယ်ချင်း မှားပြီး ပြောင်းသွားကြပါတယ်။

ငှက်မလေးက ဖျံဖြစ်သွားပြီး၊ ဖျံလေးက ငှက်ဖြစ်သွားတဲ့အခါ သူတို့ဘဝမှာ ဘယ်လိုအခက်အခဲတွေ ကြုံရမလဲ၊ မူလအတိုင်းပြန်ဖြစ်အောင် ဘယ်လိုကြိုးစားကြမလဲဆိုတာကို ရယ်ရယ်မောမောနဲ့ ရိုက်ကူးထားတာပါ။

ဘာကြောင့် ကြည့်သင့်တာလဲ?
ရုပ်ပုံလေးတွေ အရမ်းလှတယ်: Animation က အရောင်အသွေးစိုပြီး ကလေးတွေရော လူကြီးတွေရော မျက်စိပသာဒ ဖြစ်စေပါတယ်။

သင်ခန်းစာရတယ်: တစ်ဖက်လူရဲ့ နေရာမှာ ဝင်ခံစားကြည့်မှ သူတို့ရဲ့ အခက်အခဲကို နားလည်နိုင်မယ်ဆိုတဲ့ "ကိုယ်ချင်းစာတရား" ကို သင်ပေးပါတယ်။

မိသားစုနဲ့ ကြည့်ဖို့ကောင်းတယ်: ဇာတ်လမ်းက အရမ်းကြီး ရှုပ်ထွေးမနေဘဲ ပေါ့ပေါ့ပါးပါးနဲ့ ရယ်ရတာကြောင့် အားလပ်ရက်မှာ အတူတူကြည့်ဖို့ အကောင်းဆုံးပါပဲ။

အနှစ်ချုပ်
ဒီကားလေးက ကြည့်နေရင်းနဲ့ စိတ်အပန်းပြေစေမယ့် ကားကောင်းလေးတစ်ခုပါ။ ဇာတ်လမ်းက ရိုးပေမဲ့ ပေးချင်တဲ့ အဓိပ္ပာယ်ကတော့ တော်တော်လေး ကောင်းပါတယ်။

မှတ်ချက်: Join my new Channel where you can study movies and do worksheets. ဒီ Channel လေးမှာလည်း ရုပ်ရှင်တွေကြည့်ရင်း အင်္ဂလိပ်စာ လေ့လာလို့ရအောင် worksheets လေးတွေ တင်ပေးနေပါတယ်ရှင်။

https://t.me/+9kN5qtaOJWw4NTU1

Review by Tr.Zinthu

မနက်ဖြန် ဒီဇာတ်လမ်းလေးထဲက English Dialogue အချို့ကို English Learners များအတွက်တင်ပေးမယ်နော်။

Keep in touch with me !

Photos from Treasure - English Education's post 13/05/2026

မသိမဖြစ် "spelling rules" လေး‌တွေ‌ လေ့လာကြရအောင်

13/05/2026

“တချို့ toxic people တွေကို ဘဝထဲက ထုတ်ဖို့
တစ်ခါတစ်လေ ငွေရင်းရတယ်၊
တစ်ခါတစ်လေ အချိန်ရင်းရတယ်။
ဒါပေမယ့် စိတ်ငြိမ်းချမ်းမှုကို ပြန်ရနိုင်တာကတော့
အဲ့ဒီ cost တွေအားလုံးထက် တန်ဖိုးရှိတယ်။”
In English:
“Sometimes, removing toxic people from your life costs money.
Sometimes, it costs time.
But the peace you gain in return is worth far more than the price you paid.”

゚viralシfypシ゚

10/05/2026

"Very bad" 👉 "terrible"
"Very important" 👉 "crucial"
"Very short" 👉 "brief"

ကယ် Video လေးကို အဆုံးအထိလေ့လာသွားပြီး
English speaking ကို smart ကျကျ ပြောကြရအောင်

゚viralシfypシ゚

08/05/2026

စာအုပ်ကံထူးရှင်များ

Kyi lae lae Soe
Swae Ouu
Wai Wai Aung

နောက်လဲ အခုလို အမြဲလှူနိုင်ပါစေ၊ အခုလို လှူနိုင်တာလည်း ကျွန်မဆီမှာ ယုံကြည်စွာ ကျောင်းလာတက်တဲ့ သင်တန်းသားတွေရဲ့ သင်တန်းကြေးတွေပါပါတယ်။ သာဓုသာဓုသာဓု။

🙏🙏🙏

ဒီစာအုပ်လေး လှူပါမယ်

ကံထူးရှင် ၃ ယောက်ရွေးချယ်ပါမယ်။
❗May 3rd ❗မှာ ရွေးချယ်မှာပါ။

ကံစမ်းလိုသူများ စာအုပ်လေးကို ကံထူးခဲ့ရင် ဘယ်လိုလေ့လာသွားမှာပဲ မန့်ပေးပါ။
Treasure - English Education
ကို follow လုပ်ထားပါနော်
Screenshot လေးမန့်ထားသူများ၊ comment မန့်သူများမှ ရွေးချယ်ပါမယ်

အားလုံးပဲ Good Luck 🍀

06/05/2026

Famous and infamous 👀👀
Famous နဲ့ Infamous ဟာ အဓိပ္ပာယ် အနီးစပ်ဆုံးတူပေမယ့် သူတို့ပေးတဲ့ (Vibe) ကတော့ လုံးဝ ဆန့်ကျင်ဘက်ဖြစ်ပါတယ်။

နားလည်လွယ်အောင် ပြောရရင် Famous က လူကောင်း၊ Infamous က လူဆိုး လို့ မှတ်သားနိုင်ပါတယ်။

၁။ Famous (ကျော်ကြားသော)
လူအများက ကိုယ့်ကို ကောင်းတဲ့အချက်၊ တော်တဲ့အချက် တွေကြောင့် သိကြတာပါ။ ချီးကျူးစရာ ကောင်းတဲ့ အလုပ်တစ်ခုခုကြောင့် နာမည်ကြီးတာမျိုး ဖြစ်ပါတယ်။
သဘောတရား: Positive (အပြုသဘော) ဆောင်ပါတယ်။
ဥပမာ: အောင်မြင်တဲ့ မင်းသား၊ တော်တဲ့ ဆရာဝန်၊ နာမည်ကြီး အစားအစာ။
Example Sentences:
Bagan is famous for its beautiful ancient temples. (ပုဂံဟာ လှပတဲ့ ရှေးဟောင်းဘုရားပုထိုးတွေကြောင့် ကျော်ကြားပါတယ်။)
She became famous after winning the singing competition. (သီချင်းဆိုပြိုင်ပွဲမှာ အနိုင်ရပြီးနောက် သူမ နာမည်ကြီးလာခဲ့တယ်။)

၂။ Infamous (နာမည်ပျက်ဖြင့် ကျော်ကြားသော)
လူအများက ကိုယ့်ကို သိတာတော့ သိတယ်၊ ဒါပေမဲ့ မကောင်းတဲ့အချက်၊ ဆိုးဝါးတဲ့အချက် တွေကြောင့် သိကြတာပါ။ "နာမည်ကြီး" တာထက် "နာမည်ကျော်" (သို့) "နာမည်ပျက်ရှိတာ" မျိုး ဖြစ်ပါတယ်။
သဘောတရား: Negative (အပျက်သဘော) ဆောင်ပါတယ်။
ဥပမာ: နာမည်ကြီး လူသတ်သမား၊ လူလိမ်၊ စည်းကမ်းဖောက်ဖျက်သူ။
Example Sentences:
The city is infamous for its heavy traffic jams. (ဒီမြို့က ယာဉ်ကြောပိတ်ဆို့မှု အရမ်းဆိုးဝါးတာကြောင့် နာမည်ကျော်ပါတယ်။)
He is infamous for telling lies to his friends. (သူက သူငယ်ချင်းတွေကို လိမ်ညာတတ်တာကြောင့် နာမည်ပျက်နဲ့ ကျော်ကြားသူ ဖြစ်ပါတယ်။)

တစ်ခါတစ်လေ Infamous ကို "ဆိုးရွားလွန်းလို့ မေ့မရနိုင်တဲ့" အခြေအနေမျိုးမှာလည်း သုံးတတ်ပါတယ်။ ဥပမာ- သမိုင်းမှာ အလွန်ဆိုးဝါးတဲ့ နေ့ရက်မျိုးကို "An infamous day" လို့ ခေါ်ဆိုနိုင်ပါတယ်။

Practice the exercises with me ✍️✍️

Spider-Man is a __ superhero who saves people in New York City.
(စပိုက်ဒါမင်းဟာ နယူးယောက်မြို့မှာ လူတွေကို ကယ်တင်ပေးတဲ့ ကျော်ကြားတဲ့ စူပါဟီးရိုးတစ်ယောက်ပါ။)

That road is __ for frequent car accidents.
(ဒီလမ်းဟာ ကားတိုက်မှုတွေ ခဏခဏဖြစ်တာကြောင့် နာမည်ဆိုးနဲ့ ကျော်ကြားပါတယ်။)

The Joker is one of the most __ villains in movie history.
(ဂျိုကာဟာ ရုပ်ရှင်သမိုင်းမှာ အဆိုးဝါးဆုံးအချက်တွေနဲ့ နာမည်ကြီးတဲ့ ဗီလိန်တစ်ယောက်ပါ။)

Thailand is __ for its delicious street food.
(ထိုင်းနိုင်ငံဟာ အရသာရှိတဲ့ လမ်းဘေးစာတွေကြောင့် ကျော်ကြားပါတယ်။)

The student became __ for cheating during the final exam.
(အဲဒီကျောင်းသားဟာ နောက်ဆုံးပိတ်စာမေးပွဲမှာ ခိုးချခဲ့လို့ နာမည်ပျက် သွားခဲ့တယ်။)

Day 1 Grammar ✨✨
The differences between...

Sharing by Zinthu 🍀

゚viralシfypシ゚

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

https://line.me/ti/p/FrusAKCYK3, https://www.tiktok.com/

Address


Yangon