Digimetric AI Lab

Digimetric AI Lab

Share

💥 လုပ်ငန်းခွင်အတွက် အသုံးချနိုင်မယ့် Digital Marketing & AI နည်းပညာရပ်များအား Digimetric AI Lab မှာ လေ့လာသင်ယူလိုက်ပါ…

07/05/2026

💥 Practical AI for Digital Business

Photos from Digimetric AI Lab's post 06/05/2026

🧠 “ Practical AI for Digital Business “ ဆိုတဲ့ လုပ်ငန်းခွင် အသုံးချ Pre recording AI Course ကို May လအစမှာ မိတ်ဆက်ဖို့ရည်ရွယ်ထားပေမယ့် ထင်ထားတာထက် နည်းနည်းလေးနောက်ကျပါဦးမယ်ခင်ဗျာ
Chat GPT Image 2.0 model update ဖြစ်သွားတဲ့အတွက် Course ထဲမှာ Tutorial Update ကို record ပြန်လုပ်နေရတာလည်းပါသလို တချို့သော Module တွေမှာ Slide ပါ အကြောင်းအရာထက် ပိုပြီး အကိုးအကားတွေ ပြောစရာတွေ sharing လုပ်စရာတွေ များလာတာကြောင့် recording ကို ထပ်ခါတလဲလဲ ပြန်လုပ်နေရတာတွေလည်းရှိပါတယ်။
ဖြည့်စွက်ချက်အနေနဲ့ပြောရရင်တော့ Technical Knowledge ရှိထားသူရော မရှိထားသူရော၊ AI ကို အခုမှ “ စ “ ရေ “ စ “ စပြီးထိတွေ့လေ့လာမယ့်သူတိုင်းပါ အဆင်ပြေအောင် သေချာလေး ပြင်ဆင်ပြီး record လုပ်ပေးထားပါတယ်။ Theory တွေ Formula တွေ စာတွေ့တွေဆိုတာထက် ကျွန်တော်ကိုယ်တိုင် လုပ်ငန်းခွင်မှာရော ကိုယ်ပိုင်လုပ်ငန်းမှာပါ အသုံးချနေတဲ့ လက်တွေ project တွေကို အသားပေးပြီး step by step ရှင်းပြ တင်ဆက်ပေးထားပါတယ်။

ဒီ Course ကနေ ဘာတွေ ရနိုင်မလဲဆိုတာ အကြမ်းဖျင်းရှင်းပြပေးပါမယ်။

✅ AI ရဲ့ အခြေခံသဘောတရားတွေနဲ့ သူ့ရဲ့ နယ်ပယ်အလိုက် မျိုးဆက်တွေရဲ့ ကွဲပြားမှုနဲ့ အလုပ်လုပ်ပုံတွေကို နားလည်သွားမယ်

✅ AI ကို အသုံးချတဲ့အခါမှာ သူ့ရဲ့ အသက်ဖြစ်တဲ့ “ Prompt Engineering “ ကို ကောင်းစွာသဘောပေါက်ပြီး AI ကို မိမိလိုချင်တဲ့ Result တွေကို Output ကောင်းကောင်းထွက်လာအောင် ညွှန်ကြားတတ်သွားမယ်

✅ AI Tools အမျိုးအစားပေါင်းများစွာထဲကမှ လုပ်ငန်းခွင်မှာ မိမိရဲ့ Daily Workflow နဲ့အတူ Team / Organization တစ်ခုလုံးပါ အသုံးတည့်မယ့် လုပ်ငန်းခွင်သုံး AI Resources တွေအများကြီး လေ့လာရမှာဖြစ်ပါတယ်

✅ Digital Marketing နယ်ပယ်ရဲ့ အပိုင်းကဏ္ဍတစ်ခုဖြစ်တဲ့ Content Creation ပိုင်းအတွက် Hook / Content Writing & Copywriting စတာတွေကို အခြေခံသဘောတရားကနေစပြီး ဘယ်အခြေအနေမှာ ဘာအတွက် သုံးရမယ်၊ AI ကို အသုံးချပြီး ကြော်ငြာ Content တစ်ပုဒ်ကို ဘယ်လိုရေးမလဲဆိုတာမှသည် Content Calendar တစ်ခုလုံးဖန်တီးနိုင်သည်အထိ လေ့လာရပါမယ်

✅ လုပ်ငန်းသုံး Social Media Design တွေ ဖန်တီးနိုင်ဖို့ Idea Generate လုပ်တာကနေစပြီး Canva နဲ့ AI ကို ပေါင်းစပ်၍ Design တစ်ခုပြီးမြောက်သည်အထိ Canva ရဲ့ အခြေခံသဘောတရားတွေနဲ့အတူ AI Image Generation တွေအတွက် Image Model များအား Comparison လုပ်၍ Social Media Design ဖန်တီးမှုကို Step by Step လေ့လာရမှာဖြစ်ပါတယ်။ ဒါတွေအပြင် အလားတူ AI Video Content တွေ ဖန်တီးနည်းတွေကိုပါ ထပ်မံလေ့လာရမှာဖြစ်ပါတယ်

💥 Pre recording course ဖြစ်ပြီး Telegram Group ကနေ လေ့လာရမှာဖြစ်ပါတယ်။
Course Fees ကိုတော့ ( 200,000 MMK ) သတ်မှတ်ထားပြီး Myanmar Font အလှ (၁၅၀)ကျော်ပါဝင်တဲ့ Canva Pro (1) Year Account ကို လက်ဆောင်ထည့်ပေးသွားမှာဖြစ်ပါတယ်။

📌 Recording မဟုတ်ဘဲ တိုက်ရိုက် Live အနေနဲ့ Online Teaching အနေနဲ့ လေ့လာလိုပါက အချိန်ညှိပြီး ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ။

Photos from Digimetric AI Lab's post 04/05/2026

📌 အရင်တုန်းက ပုံတွေထုတ်ဖို့အတွက် Google Labs ကနေမှ တစ်ဆင့်ဝင်သုံးခဲ့ရတဲ့ Whisk နဲ့ ImageFX ဟာဆိုရင် ယခုအခါမှာ သက်သက်စီရှိနေတော့မှာမဟုတ်ဘဲ Google Flow မှာ အကုန်ပေါင်းသွားပြီပဲဖြစ်ပါတယ်

01/05/2026

🛠️ အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့အလုပ်သမားနေ့

👷 ယနေ့ မေလ (၁) ရက်နေ့ တွင်ကျရောက်သည့် အလုပ်သမားနေ့မှသည် အလုပ်သမားများအားလုံး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာစွာဖြင့် ဘေးအန္တရာယ်များကင်းဝေးစွာ လုပ်ငန်းတာဝန်များ ထမ်းဆောင်နိုင်ကြပါစေကြောင်း 𝗗𝗶𝗴𝗶𝗺𝗲𝘁𝗿𝗶𝗰 𝗧𝗲𝗮𝗺 မှဆုမွန်ကောင်းတောင်းရင်း " အလုပ်သမားနေ့ " အား ကြိုဆိုဂုဏ်ပြုလိုက်ရပါတယ်။


#အလုပ်သမားနေ့

Photos from Digimetric AI Lab's post 24/04/2026

Chat GPT Image2.0

24/04/2026

🚀 Philip Kotler ၏ Marketing 7.0 ခေတ်သို့ ခြေလှမ်းခြင်း
ဉာဏ်ရည်တု (AI) နှင့် လူသားတို့၏ စွမ်းဆောင်ရည်ကို အမြင့်ဆုံးပေါင်းစပ်လိုက်ပါ!

🎯 စီးပွားရေးလောကနဲ့ ဈေးကွက်ရှာဖွေရေး (Marketing) နယ်ပယ်ဟာ မျက်စိတစ်မှိတ်အတွင်းမှာပဲ အံ့မခန်း ပြောင်းလဲတိုးတက်နေပါတယ်။ ကုန်ပစ္စည်းကိုသာ အဓိကထားခဲ့တဲ့ Marketing 1.0 ခေတ်ကနေစတင်ခဲ့တဲ့ ခရီးစဉ်ဟာ ယခုအခါမှာတော့ AI နည်းပညာတွေ လွှမ်းမိုးလာတဲ့ Marketing 7.0 (Cognitive Marketing) ခေတ်ကို အရှိန်အဟုန်ပြင်းစွာ ရောက်ရှိလာခဲ့ပါပြီ။ ခေတ်နောက်မကျကျန်ရစ်ဖို့နဲ့ ပြိုင်ဘက်တွေထက် ခြေတစ်လှမ်းသာနေဖို့ဆိုရင် ဒီအဆင့်ဆင့် ပြောင်းလဲလာမှုတွေကို နားလည်ပြီး ကိုယ့်လုပ်ငန်းမှာ လက်တွေ့အသုံးချနိုင်ဖို့ အလွန်အရေးကြီးပါတယ်။

Marketing 7.0 ကို သေချာနားလည်နိုင်ဖို့ အရင်ဆုံး ဖြတ်သန်းခဲ့ရတဲ့ ခေတ်အဆက်ဆက်ရဲ့ အဓိကပြောင်းလဲမှု (Evolution) တွေကို အကျဉ်းချုံး လေ့လာကြည့်ရအောင် -

🏭 Marketing 1.0 (Product-Centric)
ထုတ်ကုန်ဗဟိုပြုခြင်း - "ပစ္စည်းကောင်းရင် ရောင်းရမယ်" ဆိုတဲ့ အယူအဆနဲ့ ကုန်ပစ္စည်း အရည်အသွေးနဲ့ ထုတ်လုပ်မှုစရိတ်ကိုသာ အဓိကထားခဲ့တဲ့ခေတ်

👥 Marketing 2.0 (Customer-Centric)
သုံးစွဲသူဗဟိုပြုခြင်း - ပြိုင်ဆိုင်မှုတွေ များလာတဲ့အခါ Customer တွေရဲ့ လိုအပ်ချက်၊ ဆန္ဒတွေကို လေ့လာပြီး "သူတို့ဘာလိုချင်လဲ" ဆိုတာကို အဓိက ဖြည့်ဆည်းပေးလာတဲ့ခေတ်

❤️ Marketing 3.0 (Human-Centric)
လူသားဗဟိုပြုခြင်း - ဝယ်ယူသူတွေကို သာမန် Customer လို့မမြင်တော့ဘဲ သူတို့ရဲ့ စိတ်ခံစားမှု၊ တန်ဖိုးထားမှု၊ သဘာဝပတ်ဝန်းကျင်နဲ့ လူမှုအကျိုးပြုမှုတွေကိုပါ အလေးထား ချဉ်းကပ်လာတဲ့ခေတ်

📱 Marketing 4.0 (Digital & Omnichannel)
ဒစ်ဂျစ်တယ်ဗဟိုပြုခြင်း - အင်တာနက်နဲ့ Social Media တွေ ခေတ်စားလာတဲ့အခါ Online နဲ့ Offline လမ်းကြောင်းတွေကို ပေါင်းစပ်ပြီး Customer တွေဆီ ရောက်အောင် သွားလာတဲ့ခေတ်

🤖 Marketing 5.0 (Technology for Humanity) နည်းပညာ-လူသား ဟန်ချက်ညီခြင်း - ခေတ်မီနည်းပညာ (Automation, IoT, AI အစပိုင်း) တွေကို အသုံးပြုပြီး လူသားတွေရဲ့ စွမ်းဆောင်ရည်နဲ့ Customer Experience ကို ပိုမိုလွယ်ကူမြန်ဆန်အောင် မြှင့်တင်ပေးတဲ့ခေတ်

📊 Marketing 6.0 (Data-Driven Hyper-Personalization)
အလုံးစုံ ချိတ်ဆက်ထားသော ဒေတာဗဟိုပြုခြင်း - Data တွေကို အခြေခံပြီး သုံးစွဲသူ တစ်ဦးချင်းစီရဲ့ အကြိုက်ကို သိရှိကာ စိတ်ကြိုက်ဝန်ဆောင်မှု (Personalization) တွေ အတိအကျ ဖန်တီးပေးတဲ့ခေတ်

🧠 Marketing 7.0
ဉာဏ်ရည်တုခေတ်၏ ဉာဏ်ရည်ဆိုင်ရာ အသုံးချမှု (Cognitive Marketing)
ယနေ့ခေတ်မှာတော့ Marketing 6.0 ကနေ တစ်ဆင့်တက်ပြီး ဉာဏ်ရည်တု (AI) ကို အဓိက မောင်းနှင်အားအဖြစ် အသုံးပြုလာကြပါပြီ။ Marketing 7.0 ဆိုတာ AI ရဲ့ စွမ်းရည်နဲ့ လူသားတို့ရဲ့ တီထွင်ဖန်တီးနိုင်စွမ်း (Creativity) တို့ကို အချိုးကျကျ ပေါင်းစပ်ပြီး အထိရောက်ဆုံး ဆုံးဖြတ်ချက်တွေ ချမှတ်တာပဲ ဖြစ်ပါတယ်။

Marketing 7.0 မှာ AI ကို ဘယ်လိုအသုံးချနေကြပြီလဲ?
☑️ AI Content Creation & Automation
ကြော်ငြာစာသားတွေ၊ ရုပ်ထွက်ဒီဇိုင်းတွေ၊ ဗီဒီယိုတွေကို Generative AI Tools တွေ အသုံးပြုပြီး အချိန်တိုအတွင်း အရည်အသွေးမြင့်မားစွာ အလိုအလျောက် ဖန်တီးလာနိုင်ခြင်း

☑️ Predictive Analytics (ကြိုတင်ခန့်မှန်းခြင်း)
Customer တွေရဲ့ ရှာဖွေမှုတွေ၊ ဝယ်ယူမှု Data တွေကို AI က ခွဲခြမ်းစိတ်ဖြာပြီး နောက်ထပ် ဘာဝယ်နိုင်လဲ၊ ဘယ်လို Campaign မျိုးက အလုပ်ဖြစ်မလဲ ဆိုတာကို ကြိုတင်ခန့်မှန်းပေးနိုင်ခြင်း

☑️ Real-Time Optimization
မိမိတို့ Run ထားတဲ့ Ads တွေ၊ Marketing Campaign တွေကို လူက အချိန်ပြည့်စောင့်ကြည့်စရာမလိုဘဲ AI မှ အကောင်းဆုံး ရလဒ်ထွက်အောင် အချိန်နဲ့တစ်ပြေးညီ ချိန်ညှိပေးနိုင်ခြင်း

Marketing 7.0 ခေတ်မှာ AI ကို သာမန် Tool တစ်ခုအနေနဲ့မဟုတ်ဘဲ မိမိလုပ်ငန်းရဲ့ မဟာဗျူဟာမြောက် လက်နက်တစ်ခုအနေနဲ့ ကျွမ်းကျင်စွာ အသုံးချနိုင်မှသာ ပြိုင်ဘက်တွေထက် ရှေ့တစ်လှမ်း ရောက်နေမှာပါ။
AI Prompt Engineering ကစလို့ လုပ်ငန်းခွင်သုံး AI Tools တွေကို လက်တွေ့ (Practical) ဘယ်လို ပေါင်းစပ်အသုံးချရမလဲ ဆိုတာကို သေချာနားလည်ချင်တယ်ဆိုရင်တော့ Digimetric AI Lab မှ အထူးပြု ဖွင့်လှစ်ထားတဲ့ 🚀 𝐏𝐫𝐚𝐜𝐭𝐢𝐜𝐚𝐥 𝐀𝐈 𝐟𝐨𝐫 𝐃𝐢𝐠𝐢𝐭𝐚𝐥 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 ဆိုတဲ့ Short Course မှာ လာရောက်လေ့လာဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

Photos from Digimetric AI Lab's post 24/04/2026

Chat GPT 2.0
Prompt Testing

Photos from Digimetric AI Lab's post 23/04/2026

💥 AI Image Generation Model (4)ခုအား Prompt တစ်ခုတည်းအသုံးပြုပြီး Output Quality လေးတွေကို နှိုင်းယှဉ်ပြပေးထားပါတယ်။

Photos from Digimetric AI Lab's post 22/04/2026

💥 အသစ်ထွက်ရှိလာတဲ့ 💬 Chat GPT Image Model 2.0

Photos from Digimetric AI Lab's post 22/04/2026

💬 Chat GPT Image 2 𝑽𝑺 🍌 Gemini Nano Banana 2

22/04/2026

Canva Down!
⚠️ Server Error

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Website

Address

Yangon