31/12/2025
2025 Review & New Year Resolution ..
ကျွန်တော်ဟာ နှစ်တစ်နှစ် ကုန်သွားတဲ့အခါမှာ အမြဲတမ်း ကိုယ့်ကိုကိုယ် ပြန်လည်စစ်ဆေးတတ်တဲ့ အလေ့ထလေးရှိပါတယ် ..
သေချာတာ အသက်တစ်နှစ်တော့ ကြီးသွားခဲ့ပြီ..
ဒီအတွက် ဘာတွေပေးဆပ်လိုက်ရပြီး ဘာတွေ ပြန်ရခဲ့သလဲ..🤔
👉တိုင်တာရမှာကတော့ ကုသိုလ်၊ ပညာ၊ ဥစ္စာ တစ်ခုခုတော့ အမြဲ အရင်နှစ်ထက် တိုးတက်မှုရှိနေဖို့တော့လိုပါမယ်..
2025 မှာ ဘာတွေ ကောင်းကောင်းလုပ်နိုင်ခဲ့သလဲ❓
💪အပြင်လုပ်ငန်း (၄)ခုအတွက် HR Project (၄) ခုလုပ်နိုင်ခဲ့တယ်..
💪လက်ရှိမှာတော့ Project အကြီးကြီးတစ်ခုအနေနဲ့ Digital Learning Setup ချတာ လုပ်ပေးနေပါတယ်..
💪လုပ်ငန်းတွေမှာ Corporate Training (၈) ခုလည်းပေးနိုင်ခဲ့သလို
💪တခြားသော ခေါင်းစဉ်တွေနဲ့ collaboration လာလုပ်တဲ့ လုပ်ငန်းတွေလည်းရှိပါတယ် ..
💪Public sharing လုပ်ပေးနိုင်မယ့် Host by CMH အစီစဉ်လည်း အကောင်ထည်ဖော်နိုင်ခဲ့တယ်..
☝️နောက်ပြီး ကိုယ့်ကိုကိုယ် Commitment ပေးထားတာ တစ်ခုရှိတယ်..
အဲဒါ ဘာလဲဆိုရင် တစ်နှစ်တခါ စာအုပ် အသစ်တစ်အုပ် ထွက်နိုင်ရမယ်ဆိုတာပဲ..
📌အရင်နှစ်ကတော့ HR လောကရဲ့ ပထမဆုံး မြန်မာလို ရေးသားထားသော HR သင်ရိုးစာအုပ် ထုတ်နိုင်ခဲ့တယ်..🤗
https://www.facebook.com/share/p/1UqnPEp81H/?mibextid=wwXIfr
📌ဒီနှစ် 2025 မှာတော့ KPI Setup (မြန်မာလို) စာအုပ်ကို ထုတ်ဝေနိုင်ခဲ့ပါပြီ ..🤗
https://www.facebook.com/share/1Myorj4Cje/?mibextid=wwXIfr
ထူးထူးခြားခြားဘာရှိလဲ ❓
ဆရာချစ်ဆိုတဲ့ နာမည်တစ်လုံးအတွက် portfolio website တစ်ခုတည်ထောင်လိုက်နိုင်တာပဲ ..
➡️www.chitminhein.com
ဘယ်သူတွေ ဘာတွေ ဝေဖန်ကြလဲ❗
တချို့တွေက ဆရာချစ်က အလုပ်တွေကို လိုက်ပြီး HR Consultation လုပ်ဖို့ လိုက်တာလားတဲ့ ..
အဲလို ပြန်ကြားကတော့ ရယ်ချင်မိတာ အမှန်ပဲ၊ No ပါလို့ ..😁
လုပ်ငန်းတွေကပဲ သူတို့လိုချင်တာ လာညှိကြတာပါ .. 🤗
✨2026 Plan ကကော
👉ကိုင်ထားတဲ့ မပြီးပြတ်သေးတဲ့ Project တွေ လက်စသတ်မယ် ..
👉2026 မှာ HR Project အတွက် စကားပြောထားတဲ့ လုပ်ငန်းတွေရှိမယ်..
👉Corporate Training တွေရှိမယ်..
👉ကိုယ်ပိုင် သင်ရိုးတွေနဲ့ သင်တန်းတွေရှိမယ် ..
☝️နောက်နှစ်အတွက် Personal Development Plan တစ်ခုလည်းထွက်ပြီဆိုတော့
အဲဒီအတိုင်း ဆက်လက် အကောင်ထည်ဖော်ပြသွားပါမယ် ..
☝️တကယ်တော့ အလုပ်မှာ အောင်မြင်ဖို့ဆိုတာ ဘ၀မှာ အဆင်ပြေနေမှ ရပါမယ် ..
(ဒီလို အလုပ်တွေ အားသွန်ခွန်စိုက် လုပ်နိုင်တာ အိမ်က ချစ်ဇနီးလေးကြောင့်လည်းပါပါတယ်)🥰
☝️Personal Development to Professional Development ဆီသို့ပေါ့နော် ..
☝️2026 အတွက် ရွေးထားတဲ့ စာသားလေးကတော့
“မျက်ကွယ်ပြုလို့မရလောက်အောင် ထူးချွန်ပြလိုက်ပါ” တဲ့ ..
ဒီ review လေးက ကိုယ့်ကိုကိုယ် Self-Motivation ပေးတာဖြစ်လို့ အကြွားပို့စ် မဟုတ်ရပါ ..😊
ဒီနှစ်ထက် နောက်နှစ်မှာ မိတ်ဆွေတို့အားလုံး
အစစအရာရာ အဆင်ပြေချောမွေ့ကြပါစေ ..🙏
✨✨Happy New Year✨✨
#2025