20/04/2026
"သူငယ်ချင်းတွေက N4 တောင် ရနေပြီ၊ ငါကတော့ အခုမှ အခြေခံစရတုန်း..." ဆိုပြီး အားငယ်နေတဲ့သူတွေ ရှိလား? 🙋♂️🙋♀️
တကယ်တော့ အခုမှစတာက နောက်ကျတာမဟုတ်ပါဘူး၊ မစဘဲ ရပ်နေတာကမှ နောက်ကျတာပါ။ အမြန်လိုပြီး အပေါ်ယံပဲ သင်တာမျိုးမဟုတ်ဘဲ၊ အခြေခံကစပြီး အပိုင်ကိုင်ချင်သူတွေအတွက် JKT ရဲ့ Basic N5+N4 Package Class လာပြီနော်!
🗓 ၂၂ ရက်နေ့မှာ အတန်းစပါမယ်!
ဒီအတန်းကို တက်ရုံနဲ့ ဘာတွေရမလဲဆိုတော့...
✅ JLPT Dec 2026 Target: လာမယ့် ၁၂ လပိုင်း စာမေးပွဲမှာ N4 အောင်လက်မှတ်ကို တစ်ခါတည်းနဲ့ အမိအရ ယူနိုင်အောင် အပြတ်သင်ပေးမှာပါ။
✅ အခြေခံခိုင်ခိုင်မာမာ: Grammar, Kanji, Listening တွေကို Level မြင့်တဲ့အထိ အသုံးတည့်အောင် စနစ်တကျ လေ့ကျင့်ပေးမှာပါ။
✅ ယဉ်ကျေးမှုဗဟုသုတ: စာအုပ်ထဲကစာတွေအပြင် ဂျပန်ရဲ့ နေထိုင်မှုပုံစံတွေကို Senseiက ဝေမျှပေးသွားဦးမှာပါ။
"နောက်ကျနေပြီ" ဆိုတဲ့ အတွေးကို ဖြတ်ထုတ်ပြီး အခုပဲ JKT နဲ့အတူ ရှေ့ဆက်လိုက်ရအောင်။ ဒီနှစ်ကုန်မှာ N4 အောင်လက်မှတ်ကို ကြိုးစားကြမယ်။"💪🇯🇵
လူဦးရေ ကန့်သတ်ထားလို့ အမြန်လေးတော့ စာရင်းလာပေးထားဦးနော်။
📍 JKT Japanese Language Center
(မြေနီကုန်း City Mart ဘေး၊ Oriental House အပေါ်ထပ်)
📞 09-253054178, 09-770411708
#ဂျပန်စာသင်တန်း #အခြေခံမှစတင်၍ #၁၂လပိုင်းစာမေးပွဲအမီ
20/04/2026
JKT ကျောင်းသားများအတွက် ဘီပို့ကာကွယ်ဆေးထိုးမည့်နေ့ အသိပေးချက်
24.4.2026 (သောကြာနေ့) 🕐 နေ့လည် 1:00 နာရီတွင်
ဘီပိုး (Hepatitis B) ကာကွယ်ဆေး လာရောက် ထိုးနှံပေးသွားမည် ဖြစ်ပါသည်။
ကာကွယ်ဆေး မထိုးရသေးသော ကျောင်းသား/သူများ နှင့်
ဒုတိယ၊ တတိယအကြိမ် ဆက်လက်ထိုးနှံရန် လိုအပ်သော ကျောင်းသား/သူများအားလုံး
အမည်စာရင်း ကြိုတင်ပေးထားနိုင်ပါသည်။
📌 အမည်စာရင်း ပေးရန် –
• Page Messenger
• သက်ဆိုင်ရာ Group များ
⚠️ အထူးသတိပြုရန်
ဒုတိယ၊ တတိယအကြိမ် ထိုးနှံရမည့်သူများအနေဖြင့်
သတ်မှတ်ထားသော အချိန်တွင် မလာရောက်နိုင်ပါက
အစမှ ပြန်လည်ထိုးနှံရနိုင်ပါသဖြင့်
မပျက်မကွက် လာရောက်ထိုးနှံကြပါရန် တိုက်တွန်းအပ်ပါသည်။
💉 #ဘီပိုးကာကွယ်ဆေး ထိုးမည့်နေရာ
JKT Digital Institute
အမှတ် (၃၆/၃၈)၊ အခန်း (၁၀၄)
Grand Myay Nu Condo
မြေနုလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့
(မဟာမြိုင်မှတ်တိုင်အနီး)
ကျန်းမာရေးကို ဦးစားပေးပြီး
လိုအပ်သည့် ကာကွယ်ဆေးများကို အချိန်မီ ထိုးနှံကြပါစို့ 💚
19/04/2026
🌸🇯🇵 သင်္ကြန်နောက်ဆုံး အမှတ်တရနေ့တစ်နေ့ 🇯🇵🌸
(၁၆)ရက်နေ့၊ သင်္ကြန်ပွဲတော်ရဲ့ နောက်ဆုံးနေ့အမှတ်တရလေးမှာ JKT Japanese Language Center မှ ဂျပန်နိုင်ငံသို့ ကျောင်းသွားတက်မယ့် ကျောင်းသားကျောင်းသူများကို လေဆိပ်အထိ လိုက်လံပို့ဆောင်ပေးခဲ့ပါတယ် ✈️💙
ဒီတစ်ကြိမ်မှာတော့—
📍 Sapporo မြို့သို့ – ၃၄ ယောက်
📍 Himeji မြို့သို့ – ၄ ယောက်
📍 Saitama မြို့သို့ – ၁၂ ယောက် (ဒုတိယ အသုတ်)
စုစုပေါင်း ကျောင်းသားကျောင်းသူ အယောက် (၅၀) ကို အောင်မြင်စွာ ပို့ဆောင်ပေးနိုင်ခဲ့တာဟာ JKT အတွက် အလွန်ဂုဏ်ယူစရာကောင်းတဲ့ အချိန်လေးတစ်ခုဖြစ်ပါတယ် 🎉
ကျောင်းသားကျောင်းသူတစ်ယောက်ချင်းစီရဲ့ အိပ်မက်တွေ၊ ရည်မှန်းချက်တွေကို အကောင်အထည်ဖော်နိုင်တော့မယ့်အချိန်ဖြစ်တာကြောင့် ဝမ်းသာမှု၊ စိတ်လှုပ်ရှားမှု၊ မျှော်လင့်ချက်တွေ အပြည့်နဲ့ သွားကြတာကို မြင်တွေ့ရတာကလည်း မေ့မရတဲ့အတွေ့အကြုံတစ်ခုပါပဲ 🥹✨
သင်္ကြန်လို အထူးအခါသမယနေ့မှာတောင် ကိုယ့်ရဲ့အနာဂတ်အတွက် ရဲရဲဝံ့ဝံ့ ရွေးချယ်ပြီး ခရီးသစ်ကို စတင်လိုက်တဲ့ ကျောင်းသားကျောင်းသူတွေကို အထူးချီးကျူးဂုဏ်ပြုချင်ပါတယ် 👏🌟
မိဘများအနေနဲ့လည်း သားသမီးတွေရဲ့ အနာဂတ်အတွက် ယုံကြည်စိတ်ချစွာ အပ်နှံပေးခဲ့တာကို ကျေးဇူးအထူးတင်ရှိပါတယ် 🙏💙
ကျောင်းသားကျောင်းသူတွေ ဂျပန်နိုင်ငံမှာ
📚 ပညာရေးပိုင်းမှာ အောင်မြင်မှုများ ရရှိပါစေ
🏡 နေထိုင်မှုဘဝမှာ အဆင်ပြေချောမွေ့ပါစေ
💼 အလုပ်အကိုင်အခွင့်အလမ်းတွေကောင်းမွန်စွာ ရရှိပါစေ
🤝 လူမှုဘဝ၊ အတွေ့အကြုံတွေမှာလည်း တိုးတက်ကြီးပွားပါစေ
ဆိုပြီး JKT Team မှစိတ်ရင်းမှန်နဲ့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် 🌸🇯🇵
အောင်မြင်မှုတွေနဲ့ ကိုယ့်ရဲ့အိပ်မက်တွေကို ပိုပြီးကြီးမားစေဖို့ ဆက်လက်ကြိုးစားနိုင်ကြပါစေရှင် ✨
🌟 “အိပ်မက်တွေကို လက်တွေ့ဖြစ်အောင် လမ်းညွှန်ပေးနေမယ့် JKT Japanese Language Center” 🌟
17/04/2026
✨🌸 令和時代の မြန်မာနှစ်သစ်ဆုတောင်း 🎉🙏
နှစ်သစ်မှာ စိတ်ရောကိုယ်ပါ ကျန်းမာရွှင်လန်းပြီး တက်ကြွလှုပ်ရှားနိုင်ကြပါစေလို့ JKT Japanese Language Center မှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်🌸
မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ နှစ်ဆန်းတစ်ရက်နေ့ကစပြီး ကံကောင်းခြင်းတွေ ဝင်ရောက်လာပြီး စီးပွားရေး၊ ပညာရေး၊ မိသားစုရေးရာ အစစအရာရာ တိုးတက်အောင်မြင်ပါစေ🌸
ယခုနှစ်သစ်မှာ စိတ်ကူးထားတဲ့ ရည်မှန်းချက်တွေ အားလုံးကို အောင်မြင်အောင် ကြိုးစားနိုင်ကြပါစေနော်🌸
JKT အနေနဲ့လည်း ကျောင်းသား၊ ကျောင်းသူများအတွက် ပိုမိုကောင်းမွန်တဲ့ ပညာရေးပတ်ဝန်းကျင်ကို ဖန်တီးပေးဖို့ အမြဲကြိုးစားနေပါတယ်🌸
နှစ်သစ်မှာ အားလုံးပဲ ပျော်ရွှင်ချမ်းမြေ့ကြပါစေ🌸
#နှစ်သစ်ဆုတောင်း #အောင်မြင်မှုဆုမွန်ကောင်း
11/04/2026
🎌 ဂျပန်စာကို အခုမှ စတင်လေ့လာမယ့်သူတွေအတွက် အကောင်းဆုံးကတော့ N4 Level အထိ ပြီးမြောက်အောင် လေ့လာထားခြင်းပါပဲ။ ပညာရေးနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ အများကြီးရှိတာမို့ အခုပဲ စတင်လိုက်ပါ။ 🌟
JKT Japanese Language Center ရဲ့ သင်ကြားမှုပုံစံကတော့...
✅ Grammar, Kanji, Listening စတာတွေကို အခြေခံကနေ စနစ်တကျ သင်ကြားပေးခြင်း။
✅ Kanji Test, Grammar Test များဖြင့် မိမိအရည်အချင်းကို အမြဲဆန်းစစ်နိုင်ခြင်း။
✅ သင်ခန်းစာအဆုံးမှာ Old Questions များဖြင့် Exam အတွေ့အကြုံ ကြိုတင်ရယူနိုင်ခြင်း။
ဂျပန်မြေကို အမြန်ဆုံး ခြေချနိုင်ဖို့ JKT က အစအဆုံး တာဝန်ယူ သင်ကြားပေးသွားမှာပါ။ အတန်းမပြည့်ခင် အမြန်ဆုံး အပ်နှံထားလိုက်ပါနော်။ 💁♀️
သင်တန်းအပ်နှံလိုပါက Page Messenger မှတစ်ဆင့်ဖြစ်စေ၊ အောက်ပါလိပ်စာအတိုင်း လူကိုယ်တိုင်ဖြစ်စေ လာရောက်အပ်နှံနိုင်ပါပြီ။
🏢 သင်တန်းလိပ်စာ:
အမှတ် ၈၆ဘီ၊ ၃လွှာ၊ ရှင်စောပုလမ်းမကြီး၊
(မြေနီကုန်း City Mart ကားပါကင်ဘေးကပ်လျက်၊ Oriental House Restaurant အပေါ်ထပ်)
မြေနီကုန်း၊ စမ်းချောင်းမြို့နယ်။
🚌 YBS: မြေနီကုန်းမှတ်တိုင်တွင် ဆင်းရန်။
📞 အသေးစိတ်စုံစမ်းရန်:
09-253054178, 09-770411708
10/04/2026
မြန်မာတို့ရဲ့ နှစ်သစ်ကူး သင်္ကြန်ကာလကို ရောက်ရှိတော့မှာဖြစ်လို့ 11.4.2026 (စနေနေ့) မှ 19.4.2026 (တနင်္ဂနွေနေ့) အထိ JKT ရဲ့ သင်္ကြန်ရုံးပိတ်ရက်လေးအဖြစ် သတ်မှတ်ထားပါတယ်။ 📍
ရုံးပိတ်ရက်ကာလအတွင်း သင်တန်းစုံစမ်းမေးမြန်းမှုများကို Page Messenger မှတစ်ဆင့် ဆက်သွယ်ထားနိုင်ပြီး ရုံးပြန်ဖွင့်ရက်မှာ အမြန်ဆုံး ပြန်လည်ဖြေကြားပေးသွားပါ့မယ်ရှင်။
မကြာခင်မှာ ကျရောက်တော့မယ့် မြန်မာ့ရိုးရာ အတာသင်္ကြန်အခါသမယမှာ JKT ရဲ့ ကျောင်းသား/သူများနဲ့တကွ မြန်မာပြည်သူပြည်သားအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေလို့ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။ 🙏🌟
သင်္ကြန်ရေအေးအေးလေးနဲ့အတူ အတိတ်က အညစ်အကြေးတွေ၊ စိတ်ညစ်စရာတွေ အားလုံး ဆေးကြောသန့်စင်သွားပြီး... နှစ်သစ်မှာ အိမ်မက်သစ်တွေ၊ အခွင့်အလမ်းသစ်တွေနဲ့အတူ ဂျပန်နိုင်ငံကို သွားမယ့် ခရီးလမ်းလေး အဆင်ပြေချောမွေ့ပါစေ။ 🇯🇵✨
အားလုံးပဲ ဘေးကင်းပျော်ရွှင်စရာ သင်္ကြန်ပိတ်ရက်လေး ဖြစ်ပါစေနော်! 🥰💦
08/04/2026
❄️ 𝐒𝐚𝐩𝐩𝐨𝐫𝐨 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 (𝐒𝐈𝐔) ဆိုတာ ဘာလဲ?
ဒီတက္ကသိုလ်ဟာ ဂျပန်နိုင်ငံမြောက်ပိုင်းရဲ့ အချက်အခြာကျတဲ့ Sapporo မြို့မှာ တည်ရှိပြီး "နိုင်ငံတကာအမြင်ရှိတဲ့ လူသားအရင်းအမြစ်များ မွေးထုတ်ပေးရန်" ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ခေတ်မီဘာသာရပ်တွေကို သင်ကြားပေးနေတဲ့ ကျောင်းတစ်ခု ဖြစ်ပါတယ်။
🎓 စိတ်ဝင်စားဖို့ကောင်းတဲ့ မေဂျာ (Major) များ
အထူးသဖြင့် ခရီးသွားလုပ်ငန်းနဲ့ စီးပွားရေးပိုင်းမှာ နာမည်ကြီးပြီး လက်တွေ့နယ်ပယ်နဲ့ ဆက်စပ်တဲ့ ဘာသာရပ်တွေကို သင်ယူနိုင်ပါတယ်။
⏩ 𝐅𝐚𝐜𝐮𝐥𝐭𝐲 𝐨𝐟 𝐓𝐨𝐮𝐫𝐢𝐬𝐦: Hotel Management, Airline နဲ့ ခရီးသွားလုပ်ငန်းနယ်ပယ်မှာ ကျွမ်းကျင်သူဖြစ်ချင်သူတွေအတွက် အကောင်းဆုံးပါ။
⏩ 𝐅𝐚𝐜𝐮𝐥𝐭𝐲 𝐨𝐟 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬: အားကစားနဲ့ စီးပွားရေးကို တွဲဖက်လေ့လာနိုင်တဲ့ Sports Business အပါအဝင် ခေတ်မီစီးပွားရေးပညာရပ်တွေကို သင်ကြားပေးပါတယ်။
⏩ 𝐅𝐚𝐜𝐮𝐥𝐭𝐲 𝐨𝐟 𝐇𝐮𝐦𝐚𝐧𝐢𝐭𝐢𝐞𝐬: ဂျပန်စာ၊ ယဉ်ကျေးမှုနဲ့ စိတ်ပညာပိုင်းဆိုင်ရာတွေကို အသေးစိတ် လေ့လာနိုင်ပါတယ်။
✨ ဘာကြောင့် SIU ကို ရွေးချယ်သင့်သလဲ?
💥 နိုင်ငံတကာကျောင်းသားများအတွက် ပံ့ပိုးမှု: နိုင်ငံခြားသားကျောင်းသားတွေ ဂျပန်မှာ အဆင်ပြေပြေ နေထိုင်နိုင်ဖို့နဲ့ အလုပ်အကိုင်ရရှိဖို့အတွက် Career Center ကနေ အနီးကပ် ကူညီပေးပါတယ်။
💥ပညာသင်ဆု (𝐒𝐜𝐡𝐨𝐥𝐚𝐫𝐬𝐡𝐢𝐩𝐬): အရည်အချင်းပြည့်မီတဲ့ ကျောင်းသားတွေအတွက် ကျောင်းလခ လျှော့ပေါ့ခွင့် (Tuition Reduction) နဲ့ တစ်ခြားသော ပညာသင်ဆု အခွင့်အလမ်းတွေ ရှိပါတယ်။
💥သာယာလှပတဲ့ ပတ်ဝန်းကျင်: Sapporo မြို့ဟာ နေထိုင်စရိတ် သက်သာပြီး ဆောင်းရာသီမှာ နှင်းပွဲတော် (Snow Festival) တွေနဲ့ အရမ်းလှပတဲ့အတွက် ကျောင်းသားဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းနိုင်မှာပါ။
📢 SIU ကို 𝟐𝟎𝟐𝟔 𝐎𝐜𝐭𝐨𝐛𝐞𝐫 𝐈𝐧𝐭𝐚𝐤𝐞 အတွက် JKT မှာ စတင်လျှောက်ထားနိုင်ပါပြီ
N2 အောင်လက်မှတ်ရှိသူ (Or) N3အောင်လက်မှတ်ရှိပြီး N2လေ့လာနေသူတိုင်း Hokkaido ရဲ့ တက္ကသိုလ်တစ်ခုဖြစ်တဲ့ Sapporo International University (SIU) မှာ ပညာသင်ကြားခွင့်ရရှိဖို့၊ ဂျပန်နိုင်ငံမှာ ဘွဲ့ဒီဂရီတစ်ခုကို စနစ်တကျ ရယူပြီး အလုပ်အကိုင် အခွင့်အလမ်းကောင်းတွေ ပိုင်ဆိုင်နိုင်ဖို့အတွက် အခုပဲ JKT သို့ ဆက်သွယ် စုံစမ်းလိုက်ပါနော်! ❤️📚
📍 JKT Japanese Language Center
📞 09-456699672, 09-770411708
07/04/2026
It's Quiz Time !
Minasan အတွက် Quiz လေး ပြန်လာပါပြီဗျို့
'A B C D ' ထဲက ဘယ်ဟာလေးက အဖြေမှန် ဖြစ်မလဲ ဆိုတာ 🤔
Comment မှာ ဖြေသွားပေးဦးနော် 💬
07/04/2026
မနက်ဖြန်လာမယ့်သူတွေ၊ ကျောင်းသားဟောင်းတွေလည်း နာမည်စာရင်းပေးလို့ရပါတယ်။ အားလုံးတူတူ ပြန်ဆုံချင်ပါတယ်နော် 🙆♀️❣️
သင်္ကြန်အငွေ့အသက်လေးတွေနဲ့အတူ JKT Japanese Language Center က ကျောင်းသားဟောင်းတွေနဲ့ ကျောင်းသားသစ်တွေ ဆုံဆည်းကြမယ့် ပွဲလေးရှိပါတယ်ရှင်။💦💦
🗓 ရက်စွဲ - ၈.၄.၂၀၂၆၊ မနက် ၁၀ နာရီ
📍 နေရာ - အမှတ် (၃၆/၃၈)၊ အခန်း (၂၀၃)၊ Grand Myay Nu Condo၊ မြေနုလမ်း၊ စမ်းချောင်း (မဟာမြိုင်မှတ်တိုင်)။
စတုဒီသာ ကျွေးမွေးလှူဒါန်းခြင်းနဲ့အတူ ပျော်စရာအစီအစဉ်တွေ အများကြီး ပြင်ဆင်ထားလို့ သူငယ်ချင်းတွေအကုန်လုံး လာခဲ့ကြဖို့ ဖိတ်ခေါ်ပါတယ်။ ညီကိုမောင်နှမတွေလို ပြန်ဆုံကြရအောင်နော်! ❤️