21/02/2026
Photo Essay Challenge🧩
CESer တို့ရေ ကျောင်းစာတွေကြိုးစားနေရတော့ ပင်ပန်းနေကြပြီလားဗျ။ ဒါဆိုရင် ကျွန်တော်တို့အားလုံး ပျော်ရွှင်စွာလေး အတူတကွပါဝင်လုပ်ဆောင်ရမယ့် Photo Essay Challenge လေး ပြန်လည်ရောက်ရှိလာပါပြီ။
ဒီအစီအစဉ်လေးကိုတော့ မိမိတို့ရဲ့ သင်တန်းတန်းခွဲအလိုက်ပါဝင်လုပ်ဆောင်ရမှာဖြစ်ပြီး၊ အတန်းတစ်တန်းကို ဓါတ်ပုံ (၄) ပုံမှ (၂၀) အထိပါဝင်သော Photo Essay တစ်ပုဒ်ဖြင့် ပါဝင်ယှဉ်ပြိုင်နိုင်မှာဖြစ်သလို၊ အောက်ပါ အချက်အလက်များကိုပါ ထည့်သွင်းစဉ်းပေးရမှာ ဖြစ်ပါတယ်။
Essay Title📘
မိမိတို့ story ကိုအနှစ်ချုပ်ဖော်ပြနိုင်မည့် ခေါင်းစဉ်ဖြစ်ရပါမည်။
Content for Each photo🖼
ဓါတ်ပုံ တစ်ပုံချင်းစီ၏ အဓိပ္ပါယ်အားလွှမ်းခြုံဖော်ပြနိုင်မည့် အကြောင်းအရာစာသားပါဝင်ရမည်။
အောက်က အကြောင်းအရာတွေကို အခြေခံပြီး မိမိတို့ရဲ့ Story တစ်ခုကိုစဉ်းစားနိုင်ပါတယ်။ သို့ပေမယ့် မိမိတို့ရဲ့ Photo Essay က အခြားသူတစ်ဦး (သို) အဖွဲ့ကို ထိခိုက်နစ်နာစေမယ့် အကြောင်းအရာမျိုး မဖြစ်ရပါဘူး။
ရိုက်ကူးရာတွင်🖼
- သင်တန်းကျောင်း/စာသင်ခန်းအတွင်းမှာ မြင်တွေ့လေ့ရှိသော (သို့မဟုတ်) မှတ်မှတ်ရရရှိခဲ့သော အမှတ်တရအကြောင်းအရာတစ်ခု/အခြေအနေတစ်ခုဖြစ်စေ၊မိမိတိုရဲ့ နေ့စဉ်ဘဝမှာ ကြုံတွေ့နေရသော ဟာသအလွဲလေးတွေဖြစ်စေ၊ တခြားသောအကြောင်းအရာများကို ကိုယ်စွမ်းရှိသလိုရိုက်ကူးဖော်ပြနိုင်ပါတယ်။
အသေးစိတ်အချက်အလက်များကိုတော့ မကြာမှီအချိန်တွင် Page မှတစ်ဆင့်ထပ်မံဖော်ပြပေးမှာမို့
စောင့်ကြည့်ပေးကြပါအုံးနော်၊၊🤹
Last submission date : 8/Mar/2026