31/12/2025
2025 မှာ စိတ်ရောလူရော ပိုကျန်းမာလာခဲ့တာ
စဉ်ဆက်မပျက် စိတ်ပညာတွေလေ့လာတယ် Fitness ကိုရူးသွပ်တဲ့အတွက် သင်တန်းတွေတက် ကိုယ့်ကိုကိုယ် Transformation ဖြစ်အောင်လုပ်တယ်။
Gym ကစားတာ အပျော်လို့ထင်နေတဲ့သူတွေ Trainer ဖြစ်လာမှာမဟုတ်ပါဘူးလို့ တွေးထားတဲ့သူတွေအရှေ့မှာ ရဲရဲရွေးချယ်ပြပြီး Trainer ဖြစ်အောင် စလုပ်ပြနိုင်ခဲ့တယ်။ ဒီကာလအတွင်း လုပ်နိုင်ခဲ့တာတွေကတော့💪💪💪 2024 မှာ ဦးဇင်ဘုရားဆီမှာ Buddhist Psychology တက်ရင်းကနေ ဦးဇင်းဘုရား Ven .Nandacara အရှင်နန္ဒစာရကမ်းလှမ်းမှုနဲ့ Mental Fitness ဆိုတဲ့ Podcast လေး ဒီနှစ်မှာလုပ်ဖြစ်ခဲ့တယ်။Prana healing Myanmar က ပါပါးဆရာ Ashwin Kumar တို့ရဲ့မိသားစု၀င်တစ်ယောက်ဖြစ်ရင်းကနေ အဆက်သွယ် ကောင်းတွေရခဲ့တယ်။ ဆရာသမားကောင်းတွေ လူကောင်းတွေကိုယ့်ဘ၀မှာ ပိုဆုံတွေ့ခဲ့ရတယ်။ 2025 May လမှာ ရှင်သန်ရတာအရမ်းခက်ခဲနေတဲ့အချိန် Piennia Sari ဆရာလေး ကျေးဇူးနဲ့ မေတ္တာနဲ့ Hypnosis Session က စလုပ်ခွင့်ရခဲ့တယ်။ ဆရာလေး အဆက်သွယ်နဲ့ Inner Child Healing Journey ကို စတင်လျှောက်ဖို့ အရမ်းတော်သော Healer အမ Wai Wai နဲ့တွေ့ဆုံခွင့်ရပြီး ဒီနှစ်အတွင်းမှာ အမက လိုအပ်တဲ့သူတွေကိုမေတ္တာနဲ့ဒါနပြု Heal ပေးဖို့ သူရည်ရွယ်ထားတဲ့ထဲမှာ ကိုယ်ပါ၀င်ခွင့်ရခဲ့တယ်။ ဟိုးငယ်စဉ်ကလေးဘ၀ကနေ ရလာတဲ့ စိတ်ဒဏ်တွေ ကနေ အသက်၃၀ကျော်ထိ ဒဏ်ရာမှန်သမျှ RS နဲ့ပတ်သက်တဲ့စိတ်ဒဏ်ရာ၊ အလုပ်နဲ့ပတ်သက်တဲ့စိတ်ဒဏ်ရာ၊ မိသားစု၊ ငွေကြေး၊ မိတ်ဆွေတွေကနေရခဲ့တဲ့ စိတ်ဒဏ်ရာမှန်သမျှ အမက စိတ်ရှည်ရှည်နဲ့ Healing Journey ကိုတူတူလျှောက်ပေးခဲ့ပါတယ်။
ဆက်မလျောက်နိုင်တော့ဘူးအမလို့ပြောပေမယ့် Healing Journey တလျောက်လုံး အဘွား ဆရာလေးနဲ့ မဝေ အနားကနေတူတူလျှောက်ပေးခဲ့ပါတယ်။
သူများတွေ Hypnosis ဆိုတာ အရမ်းဈေးကြီးတယ် ဆိုတာသိခဲ့ပေမယ့် ကိုယ်နဲ့တွေ့တဲ့ဆရာသမားတိုင်းဆီက မေတ္တာစစ်နဲ့ ညိုအဆင်ပြေမှ ပေးပါဆိုပြီး Hypnosis Session တွေကို ကူညီပေးတဲ့ အမ Aye Thandar Myint Myint Kyi ကိုယ့်အမတွေနဲ့ဆုံခဲ့ရတယ်။ ပြိုလဲချိန် ကူညီပေးခဲ့တဲ့ မမ Su Su။
အဲ့ကနေ Basic Hypnosis ပညာကို ဆရာ
Soe lin Htun ဆီကနေ မေတ္တာကြေးနဲ့ တက်ခွင့်
ရခဲ့ပါသေးတယ်။ ရှေ့နှစ်တွေမှာလဲ Counselling Corner ကနေ Counselling ကို ဆရာမ အေးမြတ်မွန်က အချိန်ကာလ ဆခုစာအထိ Healing Journey ကိုတူတူလျှောက်ပေးခဲ့ပါတယ်။ ညိုရခဲ့တဲ့ပညာတွေ တွေ့ခဲ့တဲ့ဆရာသမားကောင်းတွေဟာ တကယ် တန်ဖိုးရှိတဲ့အရာတွေကို ၀င်ငွေမရှိ အလုပ်မရှိပေမယ့် ညိုမှာရဖို့ကံပါလို့မေတ္တာနဲ့သာရခဲ့ပါတယ်။ ညိုလူကဲခတ်အရမ်းတော် တာပဲ လူတယောက်စကားတခွန်းပြောတာနဲ့ ဘာဆိုတာ တန်းသိတာနော် ဆိုရင် ညိုလေ့လာခဲ့တဲ့ပညာတွေနဲ့ ကိုယ် နဲ့ကိုယ်ချိတ်ဆက်နိုင်ဖို့ ကိုယ့်အပုတ်တွေ ကိုယ်လက်ခံ ပြီး Healing Journey အရင် လျှောက်ခဲ့လို့ပါ။ ကိုယ့်အကြောင်းကိုသိတဲ့သူဟာ လူတွေအကြောင်းပိုသိတယ်။ စိတ်မကျန်းမာခဲ့တဲ့ ၆နှစ်တာ ကာလအတွင်းမှာ စိတ်ကုသမှုခံယူဖူးတဲ့ ညိုကနေ စိတ်ရော ကိုယ်ရော ကျန်းမာသန်မာပြီး Fit ဖြစ်လာဖို့ အချိန်ပေးကုစားခဲ့ရပါတယ်။ Meditation,ကမဠာန်း၊ Modern စိတ်ပညာ၊ ဗုဒ္ဓစိတ်ပညာ၊Counselling၊
Inner Child Healing Journey၊ Hypnosis ဒါတွေအကုန်နဲ့ Heal ခဲရပါတယ်။ ကံကောင်းတာက အကုန် မေတ္တာနဲ့သာရခဲ့တာပါ။ ကိုယ်တိုင်ပြောင်းလဲပြီး ကိုယ့်လိုပဲ ပြောင်းလဲဖို့ လိုအပ်တဲ့အမျိုးသမီးတွေကို စိတ်ရော၊ လူရော ကျန်းမာကြံခိုင်းဖို့ လမ်းပြကူညီသွားပါမယ်။ အမျိုးသမီးတိုင်း ကျန်းမာ၊လှပ၊သန်မာ ဖို့ အခွင့်အရေးရှိပါတယ်၊ ကိုယ့်ကိုကိုယ် ပြောင်းလဲဖို့ ခြေတလှမ်းပဲစကြည့်ပါ ဆက်လုပ်နိုင်ပါလိမ့်မယ်။
ပညာသင်ကြားလမ်းပြပေးခဲ့ကြသော သင်ဆရာ၊မြင်ဆရာ၊ကြားဆရာ တို့ ကျေးဇူးတင်ဂါရ၀ပြုပါတယ် စိတ်ရင်းနဲ့အမြဲ နှလုံးသားထဲကလေ မေတ္တာပို့ပါတယ်🙏🙏🙏
ညို🤎
29/12/2025
နောက်ထပ်မှတ်တိုင်လေးတစ်ခု 💪💪💪
ကိုယ့်အတွက်ရော အများအတွက်ပါ လှပတဲ့
တင်ပါးလေးအဖြစ်ပြောင်းလဲနိုင်ဖို့အတွက် 🍑🍑
ကြိုးစားမှုလေးပါ။ နောက်ထပ်လဲ ပို Grow Up ဖြစ်ဖို့ ဆက်လက်သင်ယူပြီးပြန်လည်အသုံးချသွားမည်🥰
26/12/2025
Gym Look လေးနဲ့
ကိုယ့်ကိုကိုယ် ပိုချစ်
ပိုလှအောင်နေ ပိုကြိုးစားရင်း
ဒီ Body ထိဖြစ်လာပြီ
Keep Going for my body goal 💪💪💪
အမျိုးသမီးတိုင်းကျန်းမာလှပ သန်မာဖို့
အခွင့်ရေးရှိတယ်
Certified Personal Trainer Nyo
🤎
23/12/2025
B***y အကြောင်းသိပ်နားမလည် သင်တန်းမတက်ခင်ထိ 2နှစ်ခွဲအတွင်း လုပ်လာနိုင်တဲ့ တင်ပါးလေး🍑
Certified B***y Pro Specialists ဖြစ်ပီဆိုတော့ ဒီထပ် ကိုယ့်ကိုကိုယ် ပြောင်းလဲပြီး အများကိုပြောင်းလဲပေးမယ်💪💪💪
16/12/2025
Fitness ထဲစရောက်တာ သေချာတွက်ကြည့်ရင်
2နှစ်နဲ့ 4လ၊ ဉပုဒ်လ နှစ်လ နားဖူးတယ် ဆော့တာ
တလမပျက်2နှစ်နှစ်လ။PT မယူဖူးဘူး ၀င်ငွေမရှိ အလုပ်မရှိတဲ့အခြေနေလေးမှာ ရပ်ကွက် Gym လေးမှာ အသဲကွဲလို့ သိမ်ငယ်ရတဲ့ RS ကနေရုန်းထွက်ဖို့စပြီး ဝိတ်ချရင်း 1နှစ်အတွင်း ပေါင် 30ချနိုင်ခဲ့တော့ ယုံကြည်မှုရှိလာတယ်။ ကိုယ့်ရဲ့ မလှတဲ့ Triangle Body Shape အပေါ်ကြီးပြီး အောက်ပိုင်းရှူးနေတဲ့ Genetic အရပါလာတဲ့ shape စားချင်တာမှန်သမျှ မြိုသိပ်ခဲ့ရတယ် နေ့တိုင်းအမေချက်တဲ့ဆီပြန်ဟင်းတွေမစားဖို့ ရှောင်ရတဲ့ဒုက္ခ၊ နေ့တိုင်း Nutrition တွေ ထိန်း၊ အချိုအအီတွေရှောင်နိုင်ဖို့နေ့စဉ်ထိန်းခဲ့ရတယ်။
ဒီကြားထဲ Fitness ထဲရောက်အောင်လမ်းပြပေးသလိုနဲ့ PT မယူနိုင်တဲ့အခြေနေမှာ ကိုယ့်ကိုဒီလမ်းမှာ
လုပ်ပါ ဆက်သွားပါလို့တွန်းပို့မယ့်သူတစ်ယောက်မှ
မရှိခဲ့ဘူး။ ဒီအခြေနေကိုအစဆုံးသိတဲ့ သူတစ်ယောက်ရဲ့ဘယ်လိုနေဘယ်လိုထိုင်ကအစ သေချာဂရုစိုက်ပေးတဲ့ သူငယ်ချင်း Trainer တစ်ယောက်ရဲ့ အနီးကပ်လှည့်စားခြင်း ခံခဲ့ရသေးတယ်။ လမ်းပြမယ့်သူတစ်ယောက်မှမရှိတဲ့အခြေနေမှာ သူက လမ်းပြတယ် ဘယ်လို plan တွေနဲ့ ကစားပါအမြဲပြောပြတယ်။
သူ့ကိုယုံကြည်မိရာမှ Ethics မရှိတဲ့ Trainer တစ်ယောက်က ချစ်သူလိုဂရုစိုက်ပြပြီး ရက်ရက်စက်စက်အသဲကွဲခြင်း လှည်စားခြင်းကို လုပ်သွားသေးတယ်။
ငါကနင့်ကိုဂရုပဲစိုက်တာ ချစ်ခဲ့တာမဟုတ်ဖူးဆိုပြီး
လမ်းတစ်၀က်မှာတင် စုံလုံးကန်းလမ်းပျောက်ခဲ့ရသေးတယ်။အဲ့လောကဓံတွေကပဲ Trainer ဖြစ်ဖို့ တွန်းပိုခဲ့တယ်ထင်ပါတယ်။ အမြဲ ငါဘာလုပ်နိုင်သေးလဲ ငါပြောင်းလဲဖို့ ဘယ်လိုဆရာသမားတွေကိုချဉ်းကပ်ရမလဲ ဘာတွေလေ့လာရမလဲအမြဲ တွေးတောတယ်
လုပ်တော့လုပ်နေတယ် အားမရသလိုဖြစ်လာလို့ သင်တန်းထပ်တက်တယ် အလုပ်ရှာတယ်။ အလုပ်ရတော့ သင်ထားတဲ့ပညာနဲ့လူတွေကို လှည့်စားခြင်းကင်းမဲ့စွာ လမ်းပြပေးနိုင်တဲ့ Eithic ရှိတဲ့ Trainer တစ်ယောက်ဖြစ်ဖို့ရည်ရွယ်ခဲ့တယ်။ ကိုယ့်အဖေကိုယ်တိုင်ကိုက နင်ကအလုပ်မြဲမယ့်သူမှမဟုတ်တာ ဆိုပြီးအထင်သေးစွာပြောခြင်းခံခဲ့ရတယ်။
သူပြောလဲမမှားပါဘူး အရင်ဘာအလုပ်လုပ်ခဲ့ မရူးသွပ်တဲ့အတွက်ရေရှည်သူများအလုပ်ကိုခေါင်းငုံ့ခံမလုပ်နိုင်ခဲ့ဘူးလေ။ ဒီ Fitness ကိုရူးသွပ်သွားတဲ့ အတွက် ဘာဖြစ်ဖြစ်ခေါင်းငုံ့ခံပြီး လိုချင်တဲ့ပန်းတိုင်ရောက်အောင်သွားဖို့ပဲဆုံးဖြတ်ချက်ချခဲ့တယ်။
ပထမဆုံးအလုပ်မှာတင် လေးစားခြင်း၊နေရာပေးခြင်း၊
လုပ်ခွင့်ပေးခြင်းကိုစရရှိလာခဲ့တယ်။ client တွေက တီချယ် အခု body ကို ကြိုက်တာလားထပ်မချတော့ဘူးလားမေးရင် စိတ်မဆိုးဘူး သူတို့အမြင်မှာကိုယ်က ၀နေသေးတယ် Fat % တွေရှိနေသေးတယ်။ ကိုယ်ဆော့ချိန်သေအောင်ကစားနေတာတွေ ကိုယ်စားသောက်တဲ့ပုံစံနဲ့ အရင်က Body ကိုပြောပြတော့မှ အော်တီချယ်ဒီလောက်လုပ်နိုင်ခဲ့တာပါလားလို့ ချီးကျူးကြတယ် ဘာဖြစ်ဖြစ် ဒီ body နဲ့ သင်တန်းပြီးချင်း အလုပ်တန်းရတာအတွက်ရော ကိုယ့်ကိုကိုယ် ထပ်ပြောင်းလဲဖို့ ၀မ်းစာဖြည့်ခွင့်ရတာရော အားလုံးအတွက်တကယ်ကျေးဇူးတင်တယ် ဆက်သွားပြီး ကိုယ့်သမိုင်းကို ထပ်ချပြပါဦးမယ်
ညို🤎
08/12/2025
My First Experience Trainer Job 💪💪💪
ဆော့လဲဆော့ရ ကိုယ်တတ်ကျွမ်းတဲ့အရာနဲ့
ပြန်အကျိုးပြုခွင့်ရ ဘ၀ရဲ့အကျေနပ်ရဆုံး
အချိန်တွေပဲ🥰🥰🥰
30/11/2025
City International Fitness Academy (CIFA)
Finally I got it 💪💪💪
ကိုယ့်အတွက် Right ဖြစ်တယ်လို့ အမှန်တကယ် ခံစားရတဲ့သင်တန်း Right ဖြစ်တဲ့ဆရာသမားတွေနဲ့ သင်ကြားခွင့်ရပြီး အရည်းချင်းပြည့်၀သော သင်တန်းသားတွေကို မွေးထုတ်ပေးနိုင်တဲ့ CIFA 🤎
Commitment ပေးနိုင်တာကတော့
ဆရာတို့အသိမှတ်ပြုပြီး ရလာတဲ့တန်ဖိုးရှိတဲ့လက်မှတ်လေးကို လက်တွေ့ဘ၀မှာ တကယ်လိုအပ်နေသူတွေအတွက် အကျိုးပြုပြီး
Quality Trainer ဖြစ်အောင် ကြိုးစားသွားပါမယ်