21/10/2024
Language Nest
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Language Nest, Education Website, .
21/10/2024
09/02/2023
Say vs tell
Say နဲ့ tell လို့ပြောတာနဲ့ သူတို့ဟာ irregular verbs တွေဖြစ်တယ်ဆိုတာရယ် သူတို့ရဲ့ past tense "said နဲ့ told" ကိုပါသိထားသင့်ပါတယ်!
Both are irregular verbs.Their past tense are said and told.
🖇Say: to express something using words.
say /said ကိုသုံးရင် ဘယ်သူ့ကိုပြောတယ်ဆိုတာမလိုပါဘူး။
🖇Tell: to give information to a person.
tell/told ကိုသုံးရင်တော့ ဘယ်သူ့ကိုပြောတယ်ဆိုတာလိုပါတယ်။
For example 📝
▪️I said that their new house is beautiful.
▪️I told them that their new house is beautiful.
▪️Did he say how it happened?
▪️Did he tell you how it happened?
▪️I said that I would meet him onSunday.
▪️I told him that I would meet him on Sunday.
ဒီလောက်ဆိုရင်တော့ say နဲ့ tell ရဲ့ ကွဲပြားမှု့ကိုနားလည်မယ်လို့ထင်ပါတယ်။
Thank you and happy learning !!!
06/02/2023
What is formal and informal language ?
ဒီတစ်ခါမှာတော့ formal and informal language ဆိုတာလေးကိုအကျဉ်းချုပ်ပြောပြသွားမှာပါ။
📌 Formal language
▪️Use when writing for professional or academic purposes like university assignments or job application.
▪️Use when talking to elderly or person who are higher than you in ranking such as your teacher, professor or your boss.
▪️Formal languageကိုတော့ ကိုယ့်ထက်အသက်ကြီးတဲ့သူတွေ ၊ ဆရာဆရာမတွေ ၊ပါမောက္ခ ဒါမှမဟုတ် ကိုယ့်အထက်အရာရှိတွေနဲ့ပြောဆိုတဲ့နေရာ တွေမှာသုံးကြပါတယ်။
🔹️အလုပ်နဲ့ပတ်သတ်တဲ့နေရာတွေ
ဥပမာ-အလုပ်လျှောက်လွှာ၊
-လုပ်ငန်းတွင်းပို့တဲ့စာတွေ
-အလုပ်နဲ့သက်ဆိုင်တဲ့emailတွေ
🔹️ပညာရေးနဲ့သက်ဆိုင်တဲ့နေရာတွေ
ဥပမာ -တက္ကသိုလ်စာစဉ်(university assigment)
- တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာ
- eassay
စတာတွေရေးတဲ့အခါတွေမှာအသုံးပြုပါတယ်။
Formal language မှာ contraction တွေမသုံးပါဘူး - l'll လို့မသုံးဘဲ I will လို့သုံးပါတယ် ။
📌 Informal language
▪️Casual and spontaneous ရင်းရင်းနှီးနှီး၊ ပေါ့ပေါ့ပါးပါး ချက်ချင်းတုန့်ပြန် ပြောဆိုခြင်းကိုဆိုလိုပါတယ်။
▪️Use with friends or family both in writing and in conversation.ကိုယ့်မိသားစုဝင်၊သူငယ်ချင်း၊လုပ်ဖော်ကိုင်ဘက်၊ အသိမိတ်ဆွေတွေ့နဲ့ စကားပြောတာရော၊စာရေးတာနှစ်ခုစလုံးမှာအသုံးပြုပါတယ်။
Thank you and happy learning !!!
05/02/2023
Do you know the meaning of these three adverbs frequently used with PRESENT PERFECT in English?
26/01/2023
11/01/2023
🍀Yes, it does !
ဘာသာစကားတစ်ခုကိုလေ့လာတဲ့နေရာမှာ ကိုယ်လေ့လာနေတဲ့ဘာသာစကားပြောတဲ့ရုပ်ရှင်တွေကြည့်ခြင်းဟာလဲ စကားပြောလေ့လာသူတွေအတွက် အရမ်းအကျိုးရှိတဲ့နည်းလမ်းတစ်ခုပါဘဲ။ ရုပ်ရှင်ကြည့်ခြင်းအားဖြင့် language နဲ့ ရင်းနှီးကျွမ်းဝင်စေသလို ကိုယ်လေ့လာတဲ့ဘာသာစကားရဲ့culture ၊ အဲ့ဘာသာစကားအသုံးပြုတဲ့နိုင်ငံရဲ့ culture တွေကိုလည်းနားလည်သိရှိလာစေပါတယ်။
🇺🇲ပုံထဲက ရုပ်ရှင်ငါးကားကတော့အမေရိကန် ကားတွေပါ။ နာမည်ကြီးတဲ့ကားတွေမို့ တော်တော်များများကြည့်ဖူးကြမှာပါ။ မကြည့်ရသေးရင်လဲကြည့်ကြည့်ဖိုတိုက်တွန်းပါတယ် ချစ်စရာလေးတွေပါ။
🐞Theye are according to my preference.
My favourite is the 4th, can't help, I'm a fan of Noah😁.
07/01/2023
Borrow vs Lend
📎Borrow - ငှားယူသည်
to take something from someone and give it back later.
တစ်စုံတစ်ခုကို ငှားယူပြီး နောက်ပြန်ပေးမည် ဆိုတဲ့သဘောပါ။
📌 I need to return the books I borrowed from the library.
📎Lend - ငှားရမ်းသည်
give something to someone for a short time, expecting that you will get it back later.
တစ်ခုခုကို ပြန်ရမယ့်မျော်လင့်ချက်နဲ့အချိန်တိုတစ်ခုထိ ငှားပေးမယ်ဆိုတဲ့သဘောပါ။
📌The library will lend you five books for two weeks.
ဒီစကားလုံး၂ခုက မြန်မာလိုရှင်းရင် နဲနဲရှုပ်သွားတတ်ပါတယ်။ သူတို့ရဲ့ အင်္ဂလိပ်လိုရှင်းထားတာဖတ်ရင်း နားလည်မယ်လို့ယူစပါတယ်။
Thank you !
Happy learning 🥰
07/01/2023
🌏 How to call the continents and it's regions !
အခုတစ်ခါမှာတော့ learners တော်တော်များများအားနည်းတဲ့ ကမ္ဘာ့တိုက်ကြီးတွေနဲ့ သူတို့ရဲ့ နေရာတွေကိုဘယ်လိုခေါ်သလဲ ဆိုတာကို infographic လေးကြည့်ပြီးလေ့လာလိုက်ကြနော်!
📢 အချက်အလတ်တွေကအတိအကျတွေတော့မဟုတ်ပါဘူး အသုံးများတဲ့ အခေါ်အဝေါ်တွေကိုပါအောင်ထည့်ထားပေးရုံပါ။ ဖော်ပြထားတဲ့အခေါ်အဝေါ်တွေကခရီးသွားခြင်းအကြောင်းအရာတွေပြောတဲ့နေရာတွေမှာအသုံးဝင်ပါတယ်။
🚄 I'm travelling through Central Europe now. ငါအခု ဥရောပအလယ်ပိုင်းကိုခရီးသွားနေတယ်။
✈️ I've been meaning to travel to Middle East and Africa. ငါအရှေ့အလယ်ပိုင်းနဲ့အာဖရိက ကို ခရီးသွားဖို့ရည်ရွယ်နေခဲ့တာ။
🌏 Me and my best friend backpacked South East Asia for two months after we finished College. ငါနဲ့ငါ့အချစ်ဆုံးသူငယ်ချင်းနဲ့ကောလိပ်ပြီးပြီးချင်း အရှေ့တောင်အာရှကို နှစ်လကြာ ခရီးထွတ်ခဲ့တယ်။
အားလုံးလဲအခုရှင်းပြထားတာလေးတွေနဲ့ infographic က အခေါ်အဝေါ်လေးတွေကိုတွဲပြီးလေ့လာသုံးနှုန်းနိုင်မယ်လို့ထင်ပါတယ် 😊
thank you and happy learning !
06/01/2023
MAKE or DO !
Make ရော Do ရော က မြန်မာလိုဆို ပြုသည်၊လုပ်သည် ဆိုတဲ့အဓိပ္ပါယ်ရှိပါတယ်။
🐞ဒါပေမယ့် အသုံးပြုတဲ့နေရာနဲ့အခြေအနေတွေတော့ မတူပါဘူး❗️
✔️Make is typically used when we talk about creating something.
တစ်ခုခုဖန်တီးပြုလုပ်တဲ့နေရာမျိုးမှာသုံးပါတယ်
📌 For example, I will make dinner for you tonight.
-------------------------------‐--------------------------------
✔️Do is generally used for activities.
Do ကိုယေဘူယျအားဖြင့် လူတွေရဲ့ လှုပ်ရှားမှု့များအတွက် အသုံးပြုပါတယ်။
📌 For example, I do my homework after dinner.
MAKE Do
• Make dinner/ lunch • Do the dishes
• Make friends • Do housework
• Make an appointment • Do the laundry
• Make a plan • Do business
• Make a noise • Do your homework
💥နောက်ထပ်အသုံးတွေကိုတော့ မိမိဘာသာထပ်မံလေ့လာဖို့တိုက်တွန်းပါတယ်နော်။
Happy learning 😊