English by Htat Eaindra Oo

English by Htat Eaindra Oo Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from English by Htat Eaindra Oo, Education Website, Yangon., Yangon..

ပညာမျက်စိ အမြင်ရှိကကိစ္စကြီးငယ် ဆောက်သဖွယ်လျှင်ကျဥ်းကျယ်ထွင်းဖောက်ဖြတ်တောက်လိုရာ..ပြီးနိုင်စွာ၏....။
03/06/2025

ပညာမျက်စိ အမြင်ရှိက
ကိစ္စကြီးငယ် ဆောက်သဖွယ်လျှင်
ကျဥ်းကျယ်ထွင်းဖောက်
ဖြတ်တောက်လိုရာ..
ပြီးနိုင်စွာ၏....။

မိရိုးဖလာ...ရှေးထုံးလည်းမပယ်စျေးသုံးလည်း မကြွယ်နဲ့ တဲ့အတွက်ရှိမှ လူဖြစ်သတဲ့...။အမှတ်ရှိမှ လူမွှေးလူယောင်ပြောင်သတဲ့။ရှေးလ...
03/06/2025

မိရိုးဖလာ...

ရှေးထုံးလည်းမပယ်
စျေးသုံးလည်း မကြွယ်နဲ့ တဲ့

အတွက်ရှိမှ လူဖြစ်သတဲ့...။
အမှတ်ရှိမှ လူမွှေးလူယောင်ပြောင်သတဲ့။

ရှေးလူကြီးတွေပြောဆိုဆုံးမခဲ့ကြတာမှတ်သားရပါတယ်။

မိမိနေ့စဥ်ဘယ်လောက်ဝင်ငွေရှိတယ်..
ဘယ်လောက်ထွက်ငွေရှိတယ်
မိမိလုပ်ငန်းမှာ အရင်းဘယ်လောက်ရှိတယ်
အမြတ်ဘယ်လောက်ကျန်တယ်
နေ့စဥ်စာရင်းအမြဲရှိရပါမယ်...
ဒါမှ ဘယ်နေရာမှာပိုသုံးမိတယ်
ဘယ်အရာကိုမလိုအပ်ဘဲသုံးမိတယ်ဆိုတာကို
ကိုယ့်ကိုကိုယ်ဆင်ခြင်မိပါမယ်။

တွက်ချက်သုံးစွဲခြင်းဖြင့် ဝင်ငွေထွက်ငွေမျှတအောင် လုပ်ဖို့လိုပါတယ်။
စာရင်းပြုစုတတ်ဖို့လိုပါတယ်။

ငွေကိုလူကခိုင်းတတ်မှ
လူကငွေရဲ့နောက်ကိုမလိုက်ရမှာပါ။

ငွေကိုမစီမံမခန့်ခွဲတတ်သူတွေဟာ
ငွေရဲ့ကျေးကျွန်ဖြစ်ရမှာဧကန်ပါဘဲ။

လူဆိုးနှင့်လူကောင်းကိုခွဲ ခြား ဆက်ဆံပါသူများကောင်းကောင်းမကောင်းကောင်းကိုယ့်ဘက်ကကောင်းနေဖို့လိုတယ်ဆိုတာမှန်တယ်ဒါပေမဲ့ လူဆ...
03/06/2025

လူဆိုးနှင့်လူကောင်းကိုခွဲ ခြား ဆက်ဆံပါ

သူများကောင်းကောင်းမကောင်းကောင်း
ကိုယ့်ဘက်ကကောင်းနေဖို့လိုတယ်ဆိုတာမှန်တယ်

ဒါပေမဲ့ လူဆိုးနဲ့ လူကောင်းကို တသတ်မှတ်ထဲ.အခွင့်အရေးပေးပြီးဆက်ဆံတာဟာ
နောက်ဆုံးမှာရလာဒ်မကောင်းပါ။

မကောင်းမြင်စိတ်များသူ
ပျင်းရိ၍ရေသာခိုတတ်သူ
မိမိအကျိုးအတွက်သူတစ်ပါးအပေါ် အမြတ်ထုတ်တတ်သူတို့ကို

အကောင်းမြင်တတ်သူ
အလုပ်ကြိုးစားသူ
သူတစ်ပါးအကျိုးရော မိမိအကျိုးကိုပါဆောင်တန်သူနှင့် တွဲထား၍ မရနိုင်ပါ။

အလုပ်တစ်ခုထဲမှာ
အိမ်တစ်အိမ်ထဲမှာ
ဒီလူနှစ်ယောက်အတူတူနေရင်
လူကောင်းရဲ့ဘဝက လူဆိုးလူယုတ်ရဲ့အမြတ်ထုတ်မှုကြောင့် မည်မျှပင်ရှောင်တိမ်းတတ်စေကာမူ

လူဆိုးနှင့်လူကောင်းကို ကောင်းစွာခွဲခြားတတ်ကြပါစေရှင့်

အကောင်းဆုံးအတွက်မျှော်လင့်ပါ...အဆိုးဆုံးအတွက်လည်း ပြင်ဆင်ပါ..။အကောင်းလောကဒဏ်​ကြောင့်ဘဝမြင့်မားနေချိန်မှာ ပျော်ရွှင်ကျေနပ...
03/06/2025

အကောင်းဆုံးအတွက်မျှော်လင့်ပါ...
အဆိုးဆုံးအတွက်လည်း ပြင်ဆင်ပါ..။

အကောင်းလောကဒဏ်​ကြောင့်ဘဝမြင့်မားနေချိန်မှာ ပျော်ရွှင်ကျေနပ်နေတတ်သလို
အဆိုး လောကဒဏ်ကြောင့်နိမ့်ကျသွားတဲ့အခါမှာလည်း တုန်လှုပ်မှုမရှိဘဲ ရင်ဆိုင်နိုင်အောင်ကြိုးစားပါ။.

Peaceful mind is the best present for your lovers...🥰
03/06/2025

Peaceful mind is the best present for your lovers...🥰

အားလုံး စိတ်ချမ်းသာကိုယ်ကျန်းမာရှိတဲ့နေ့လေးဖြစ်ပါစေရှင်🧡💖ကျွန်မဟာMyanmar Management International College ကနေ Master Tra...
03/06/2025

အားလုံး စိတ်ချမ်းသာကိုယ်ကျန်းမာရှိတဲ့နေ့လေးဖြစ်ပါစေရှင်🧡💖

ကျွန်မဟာMyanmar Management International College ကနေ Master Trainer For Profeesional Course ကိုလေ့လာသင်ယူတတ်မြောက်ခဲ့ပြီးဖြစ်ပါတယ်။

ဒီ Course မှာ သင်ကြားရတာတွေကတော့

🔺Global Management Education Landscape and Educational Supply Chain Concepts

🔺Qualities of Effective Management Tainers

🔺Training Needs Analysis and Designing Training Contents

🔺Delivering Effective Training and Using Online & Offline Resources for Trainers

🔺Training plan Development and Training Cycle

🔺Evaluating Training Effectiveness and Longterm Planning

🔺Managing Face-to-Face & Virtual Classroom

🔺Ethics /Professionalism /Codes of Conduct and Continuous Professional Development for Trainers.

🎓ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုပညာရပ်နဲ့ ပညာရေးဆိုင်ရာစီမံခန့်ခွဲမှုအရွေ့တွေအတွက် လိုလားချက်တွေအတွက် အခြေခံအသိအမြင်တွေ...✍

🎓Managementပညာရပ်ကိုထိထိရောက်ရောက်သင်ကြားနိုင်တဲ့ trainer တစ်ယောက်မှာရှိရမဲ့အရည်အသွေးတွေ...🏅

🎓ဒီပညာရပ်ကိုပြန်လည်သင်ကြားပို့ချပေးဖို့ရာလလေ့ကျင့်ရေးလိုအပ်ချက်တွေနဲ့သဘောထားအတွေးအမြင်တွေ🎖

🎓Trainer တစ်ယောက်အနေနဲ့ထိရောက်တဲ့သင်ကြားပို့ချမှုအတွက်online/offlineမှ ပညာရေးသတင်းရင်းမြစ်တွေကိုဘယ်လိုဆက်စပ်အသုံးချရမယ်ဆိုတဲ့ concept တွေ...🥇🥈🥉

🎓လေ့ကျင့်ရေးအစီအစဥ်ဖွံ့ဖြိုးတိုးတတ်မှုနဲ့ လေ့ကျင့်ရေးကွင်းဆက်ပုံစံတွေအကြောင်း...
သင်ကြားပို့ချခြင်းထိရောက်မှုနဲ့ ရေရှည်လုပ်ငန်းစဥ်အတွက်စီစဥ်ဆောင်ရွက်တတ်မှု..🤔🤝

🎓စာသင်ကြားရေးအပေါ်စီမံခန့်ခွဲတတ်မှု
စည်းမျဥ်းစည်းကမ်းနှင့်ကိုယ်ကျင့်သိက္ခာ အလုပ်အပေါ် စည်းစောင့်တတ်ခြင်း / အလုပ်ကိုတာဝန်ကျေပွန်စွာ ကျွမ်းကျင်စွာ pro ကျကျလုပ်တတ်ခြင်း နှင့်အတူ အရည်အချင်းပြည့်ဝသော ပြန်လည်သင်ကြားသူအဖြစ်ရေရှည်ရပ်တည်နိုင်ရန်မိမိ၏ personality ကို develop ဖြစ်အောင် တည်ဆောက်နိုင်စွမ်းရှိခြင်း👑⭐

စတဲ့ trainer ကောင်းတစ်ယောက်မှာရှိရမဲ့အရည်အသွေးတွေကို ဒီ course မှာလေ့လာသင်ယူခဲ့ပြီးဖြစ်ပါတယ်ရှင့်✍📚💦🥇

ဒီ award ကိုချီးမြှင့်ပေးကြတဲ့ Myanmar Management International College၏Principle Dr. Thant Pyae Tun / Co-Principle နှင့်တကွ
တာဝန်ရှိလူကြီးမင်းများ/ပွဲဖြစ်မြောက်ရေးကော်မတီဝင်များအားလုံးကို လှိုက်လှဲစွာကျေးဇူးတင်မိပါတယ်ရှင့် 🎓💖

ကျွန်မသည် ဒီကျောင်းတော်ကြီးမှာ Diploma တန်းကစလို​့ Professional Business Master Award ရသည်မှတဆင့် ...✍
ယခုလို Trainer award ရသည်အထိ အဆင့်ဆင့်
ပညာရည်တိုးမြင့်လာခဲ့တာဟာ ဒီကျောင်းတော်ကြီးရဲ့ ဆရာ/ဆရာမများ ရဲ့ သင်ပြလမ်းညွှန်ချီးမြှောက်မှုများကြောင့်ဖြစ်ပါတယ်။🎓👑

ရှေ့ကစီနီယာဆရာ/ဆရာမကိုကြည့်သောအားဖြင့်လည်း စီမံခန့်ခွဲမှုပညာရပ်ကိုပြန်လည်သင်ကြားလာလိုတဲ့ motivation ရလာပါတယ်။✍🎓👑

ဒါ့ကြောင့် Myanmar Management International College မှာ သင်ကြားပို့ချပေးတဲ့ စီမံခန့်ခွဲမှုဆိုင်ရာပညာရပ်များကို ကျွန်မအနေနဲ့ ပြန်လည်မျှဝေသင်ကြားပေးလိုပါတယ်ရှင် 🎓💖

အားလုံးပညာပြည့်ဝနှလုံးလှသူများအဖြစ်မိမိကောင်းကျိုး /သူတစ်ပါးကောင်းကျိုးကိုဆောင်ရွက်သယ်ပိုးနိုင်သူများဖြစ်ကြပါစေ💖🥈

သင်တန်းသူသင်တန်းသားတွေအတွက် Basic English Grammar နဲ့ Book for Vocabulary building system စာအုပ် ရေးသားပြုစုနေပါတယ်။Tr.H...
12/03/2025

သင်တန်းသူသင်တန်းသားတွေအတွက် Basic English Grammar နဲ့ Book for Vocabulary building system စာအုပ် ရေးသားပြုစုနေပါတယ်။

Tr.Htet ရဲ့ New Method of Approaching English Grammar Lessons နဲ့အတူတူ Basic English Grammar ကို အလွယ်ကူဆုံးနည်းလမ်းနဲ့လေ့လာလိုက်ကြပါစို့....။

Admin Team of Edu Service by Tr.Htet

Address

Yangon.
Yangon.
1922000

Website

Alerts

Be the first to know and let us send you an email when English by Htat Eaindra Oo posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to English by Htat Eaindra Oo:

Shortcuts

Share