BASIC - Japanese Language

Website

BASIC - Japanese Language ဂျပန်စာသင်တန်း ဂျပန်အလုပ်အကိုင်

22/09/2026
22/09/2026

ဂျပန်နိုင်ငံအနေနဲ့ စနစ်သစ်နဲ့ အလုပ်သမားခေါ်ယူဖို့အတွက် မြန်မာပြည်က ပြည်ပအလုပ်အကိုင်အေဂျင်စီ သုံးရာနီးပါးကို ခွင့်ပြုလိုက်တယ်လို့ ဂျပန်နိုင်ငံကထုတ်ပြန်ပါတယ်။ အလုပ်သမားစနစ်သစ်ပုံစံဆိုတာ ဘယ်လိုမျိုးပါလဲ။ စနစ်သစ်နဲ့ လုပ်သားခေါ်ယူမှုကို ဘယ်တော့စတင်မှာပါလဲ။ ပြည်ပမှာ အလုပ်လုပ်သွား‌မယ့်သူတွေနဲ့ ပတ်သက်ပြီး တင်းကျပ်တဲ့ကန့်သတ်ချက်တွေကြားမှာ ဒီလို အလုပ်သမားစေလွှတ်ခွင့်က တကယ်ရောအဆင်ပြေပါ့မလား။

Ref ; BBC Burmese

ဂျပန်နိုင်ငံက စနစ်သစ်ဖြင့် အလုပ်သမား ခေါ်ယူရန် မြန်မာအေဂျင်စီ ၂၆၀ ကျော်ကို ခွင့်ပြုဂျပန်နိုင်ငံကနေ  စနစ်အသစ်နဲ့ အလုပ်သမာ...
20/09/2026

ဂျပန်နိုင်ငံက စနစ်သစ်ဖြင့် အလုပ်သမား ခေါ်ယူရန် မြန်မာအေဂျင်စီ ၂၆၀ ကျော်ကို ခွင့်ပြု

ဂျပန်နိုင်ငံကနေ စနစ်အသစ်နဲ့ အလုပ်သမားခေါ်ယူရန်အတွက် မြန်မာ အလုပ်အကိုင်အေဂျင်စီ ၂၆၀ ကျော်ကို သဘောတူ ခွင့်ပြုလိုက်တယ်လို့ အဆိုပါ လုပ်ငန်းအသိုက်အဝန်းကနေ သိရပါတယ်။

ဂျပန်နိုင်ငံအနေနဲ့ ပုံမှန် အလုပ်သမားခေါ်ယူတာအပြင် လေ့ကျင့်မှုနဲ့ အလုပ်အကိုင် အစီအစဉ် Training and Employment System - ESD အရ နိုင်ငံခြားသားလုပ်သားခေါ်ယူတဲ့ စနစ်သစ်ကို ထပ်မံတိုးချဲ့သွားဖို့ ရှိနေတာ ဖြစ်ပါတယ်။

အဆိုပါ စနစ်သစ်နဲ့ ခေါ်ယူမဲ့ နိုင်ငံတွေထဲမှာ မြန်မာလုပ်သားတွေလည်း ပါဝင်ပြီး စေလွှတ်ဖို့ လက်ခံထားတဲ့ ပြည်ပအလုပ်အကိုင် အေဂျင်စီတွေရဲ့ စာရင်းကို ဂျပန်နိုင်ငံ အလုပ်သမားရေးရာဌာနက အခုရက်ပိုင်းအတွင်း အသိပေး ထုတ်ပြန်ခဲ့တာလို့ ခွင့်ပြုစာရင်းမှာပါဝင်တဲ့ အေဂျင်စီတခုရဲ့ ဒါရိုက်တာအဖွဲ့ဝင်တယောက်က ပြောပါတယ်။

“လက်တွဲလုပ်ဖို့ သဘောတူညီမှုရရှိတဲ့ သဘောမျိုးပါ။ ခေါ်ယူရေးနဲ့ စေလွှတ်ရေးနဲ့ ပတ်သက်လို့ကတော့ ဆက်ပြီး လေ့လာရဦးမယ်။ ချိတ်ဆက်ရမှာတွေလည်း ကျန်ပါသေးတယ်”

ESD စနစ်ဟာ အလုပ်သမားရှားပါးတဲ့ ကဏ္ဍတွေမှာ နိုင်ငံခြားသားလုပ်သားတွေကို အလုပ်အကိုင်နေရာပေးပြီး ကျွမ်းကျင်မှုလေ့ကျင့်ပေးတဲ့ နည်းလမ်းဖြစ်ကာ ၃ နှစ်အထိ နေထိုင်လုပ်ကိုင်ခွင့် ရရှိမှာဖြစ်တယ်လို့ ဂျပန်အစိုးရရဲ့ ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားပါတယ်။

အဆိုပါ စနစ်သစ်နဲ့ လုပ်သားစေလွှတ်နိုင်ဖို့အတွက် လက်ရှိပို့ဆောင်ပေးနေတဲ့ အေဂျင်စီအများစုကို ဂျပန်ဘက်က ခွင့်ပြုပေးလိုက်တာဖြစ်ပြီး လုပ်ငန်းကဏ္ဍအလိုက်ခေါ်ယူတဲ့ ခွဲတမ်းလျာထားအရေအတွက်ကိုမူ တရားဝင် အသိပေး ထုတ်ပြန်ခြင်း မရှိသေးကြောင်း အေဂျင်စီ လုပ်ငန်းရှင်တယောက်က ပြောပါတယ်။

“သူတို့ စနစ်သစ်နဲ့ လုပ်သားခေါ်ယူတာ စတင်တဲ့အချိန်ကျရင် ဒီက စေလွှတ်ရေး မူဝါဒတွေကို ပြောင်းလဲ၊ ဖြေလျှော့ပေးမယ်ဆိုရင် ပိုကောင်းတာပေါ့”

ဒီစနစ်အသစ်အတွက် ဂျပန်ဘာသာ အရည်အချင်းစစ်ဆေးမှု N5 သို့မဟုတ် JFT-Basic အောင်မြင်ထားဖို့ လိုအပ်မှာဖြစ်ပြီး စနစ်ရဲ့ အားသာချက်မှာ လုပ်သက် ၁ နှစ်ပြည့်ပါက အလုပ်ရှင် သို့မဟုတ် ကုမ္ပဏီ ပြောင်းရွှေ့လုပ်ကိုင်ခွင့် ရရှိတာနဲ့ ဂျပန်နိုင်ငံသားတွေနဲ့ တန်းတူ လုပ်ခလစာနဲ့ အကျိုးခံစားခွင့်တွေ ရရှိစေမှာ ဖြစ်ပါတယ်။

ESD စနစ်နဲ့ လုပ်သား ခေါ်ယူတာကို လာမဲ့နှစ် ဧပြီလမှစတင် လုပ်ဆောင်မှာ ဖြစ်ပေမဲ့ အခုကတည်းက ကြိုတင်ပြင်ဆင်မှုတွေကို အဆင့်ဆင့် လုပ်ဆောင်နေတာလို့ ဂျပန်အစိုးရက ထုတ်ပြန်ထားပါတယ်။

15/09/2026

မြန်မာမှာ ထုတ်ပေးနေတဲ့ နိုင်ငံကူးလက်မှတ် (Passport) ပတ်စ်ပို့အမျိုးအစား ဘယ်နှမျိုးရှိလဲ။ ပတ်စ်ပို့အရောင်တွေကို ဘယ်နှမျိုး ခွဲခြားသတ်မှတ်ထားပါသလဲ။

Ref ; BBC Burmese

Address

245 Myin Taw Thar Street. Thaketa Township. Yangon.
Yangon.

Opening Hours

Tuesday 09:00 - 20:00
Wednesday 09:00 - 20:00
Thursday 09:00 - 20:00
Friday 09:00 - 20:00
Saturday 09:00 - 20:00
Sunday 09:00 - 20:00

Alerts

Be the first to know and let us send you an email when BASIC - Japanese Language posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category