State(1) Yankin

State(1) Yankin Welcome to all who attended at B.E.H.S No (1) Yankin.

ဒေါ်ဖွားညိမ်းအသက် (၉၁) နစ်၃၀.၅.၂၀၂၆ နေ့ရက်၊ ည (၉:၃၀) မိနစ်တွင် ကွယ်လွန်သည်။
01/06/2026

ဒေါ်ဖွားညိမ်း
အသက် (၉၁) နစ်
၃၀.၅.၂၀၂၆ နေ့ရက်၊ ည (၉:၃၀) မိနစ်တွင် ကွယ်လွန်သည်။

အ.ထ.က (၁) ရန်ကင်း၏ ကန်တော့ခံဆရာမကြီး ဒေါ်ဖွားညိန်း ကွယ်လွန်ကြောင်းကြားသိရပါသည်။ ၁.၆.၂၀၂၆ နေ့ရက်တွင် သင်္ဂြိုလ် မည်ဖြစ်ကြ...
31/05/2026

အ.ထ.က (၁) ရန်ကင်း၏ ကန်တော့ခံဆရာမကြီး ဒေါ်ဖွားညိန်း ကွယ်လွန်ကြောင်းကြားသိရပါသည်။ ၁.၆.၂၀၂၆ နေ့ရက်တွင် သင်္ဂြိုလ် မည်ဖြစ်ကြောင်း
တပည့်ဟောင်းများအား ညှိုးငယ်သောစိတ်ထားဖြင့် အသိပေးအပ်ပါသည်။

“လွမ်း”လွမ်း..ရင်ထဲလှိုက်လို့ အတိတ်ကိုလွမ်း လွမ်း..ရင်ထဲရှိတဲ့ ဒီဇာတ်လမ်းနွေရာသီ ရွက်ကြွေမြေပေါ် ပြေးလွှားလို့လွင့်နေစဉ်...
03/02/2026

“လွမ်း”

လွမ်း..
ရင်ထဲလှိုက်လို့ အတိတ်ကိုလွမ်း

လွမ်း..
ရင်ထဲရှိတဲ့ ဒီဇာတ်လမ်း

နွေရာသီ ရွက်ကြွေ
မြေပေါ် ပြေးလွှားလို့
လွင့်နေစဉ်မှာ..
သူ့တယောက်ကို သတိတရနဲ့
တမ်းတလို့ လွမ်းမိတယ်လေ..

ဟိုစဉ်တစ်ချိန် နွေအခါ
သူရယ် တို့နှစ်ဦးရင်းနှီးလို့
ပညာရှာရင်းနဲ့ ကျောင်းကြီးရဲ့
အရိပ်အောက်မှာ
ချစ်ကြသူတွေအဖြစ်
ရောက်ရှိခဲ့ကြတယ်
သိပ်ချစ်သူတွေလို့
အများက သတ်မှတ်ခဲ့တယ်
ငယ်စဉ်ဟိုတစ်ချိန်က
တို့ဘဝရဲ့အတိတ်
ဒီဇာတ်အလွမ်း

လွမ်း..
ရင်ထဲလှိုက်လို့ အတိတ်ကိုလွမ်း

လွမ်း..
ရင်ထဲရှိတဲ့ ဒီဇာတ်လမ်း

ပြန်မြင်ယောင်သေးတဲ့
နွေလေရူး တိုက်ခတ်မြူးနေစဉ်မှာ
သူ့အကြောင်းကို တွေးတောရင်း
လွမ်းရတဲ့ နေ့တစ်ရက်ပါလေ

ဟိုစဉ်တစ်ချိန် နွေအခါ
သူရယ် တို့နှစ်ဦးရောက်ခဲ့တယ်
အတူတူ လျှောက်ဖူးတဲ့
လမ်းလေးရဲ့ ဘေးတစ်ဖက်မှာ
ပန်းကလေးတွေ အရင်တိုင်း
ဖူးပွင့် လျက်ပဲမို့
တို့ ရဲ့ ရင်ခွင်ထဲ
လွမ်းရတဲ့ စိတ်ကြောင့်လေ
မြင်ယောင်ကာနေဆဲ
လွမ်းရသူ အချစ်ပုံရိပ်များ

လွမ်း..
ရင်ထဲလှိုက်လို့ သိပ်ကိုလွမ်း
လွမ်း..
ရင်ထဲရှိတဲ့ ဒီဇာတ်လမ်း

လွမ်း..
ရင်ထဲလှိုက်လို့ သိပ်ကိုလွမ်း..

လွမ်း..
ရင်ထဲရှိတဲ့ ဒီဇာတ်လမ်း..

လွမ်း..
ရင်ထဲလှိုက်လို့ သိပ်ကိုလွမ်း..

လွမ်း..

တေးရေး။ ။ကိုမောင်မောင်
တေးဆို။ ။ခင်မောင်တိုး

မြန်မြန်စာမေးပွဲပြီးကျောင်းမြန်မြန်ပိတ်ဖို့ပဲအာရုံထားကြတော့တာဆရာတွေ သေချာသင်လဲအာရုံမရှိဘူး။နောက်ဆုံး စကားအဖြစ်ပြောရရင်မေ...
26/01/2026

မြန်မြန်စာမေးပွဲပြီး
ကျောင်းမြန်မြန်ပိတ်ဖို့ပဲ
အာရုံထားကြတော့တာ

ဆရာတွေ သေချာသင်လဲ
အာရုံမရှိဘူး။

နောက်ဆုံး စကားအဖြစ်ပြောရရင်
မေးခွန်းကွက်တိချပြီးပေးရင်တောင်
ကျက်ချင်မှကျက်တာ။
(စကားအဖြစ်ပြောတာနော်)

အဖြေလွှာမှာသူတို့ရေးလာတဲ့ ကပေါက်တိ
ကပေါက်ချာ အစီအငေါ်မတည့်တဲ့
ရေးမိရေးရာ ပေါက်ကရ စာတွေကို
ဆရာတွေမှာ လိုက်ဖတ်ရတာ။

သေချာပြောထားလဲ
ဖြေလာရင်အလွဲပဲ။
ဘယ်တိကျပါ့မလဲ
ဆရာတွေအားကိုပဲ မှီလိုက်နေတာ
သူတို့အားထုတ်မှုမှ မရှိကြတာ။

ကြည့်ပြီး အားမလိုအားမရတွေ
ဖြစ်လာတယ်။

သူတို့ကဘယ်လိုလဲဆိုရင်
အိမ်က မိဘက စာသင်ခိုင်းလို့
လာနေရတာ။
ကျောင်းရောက်တော့လည်း ဆရာတွေကို
လွန်ဆန်မရလို့ လိုက်နားထောင်နေရတာ။
တကယ်တော့ သူတို့ဆန္ဒမပါဘူး။

မိဘနဲ့ဆရာက သူတို့ကို အတင်းအဓမ္မတွေ
လုပ်နေတဲ့ပုံစံတွေ။

အဲ့တော့ တဖြေးဖြေး
ဘယ်လောက်သင်သင်
မတတ်ကြတဲ့ ကလေးတွေများလာတယ်။
(အားလုံးတော့မဆိုပါဘူး အချို့ကလေးတွေကျတော့လဲ မိဘ ဆရာ အရမ်းစိတ်ချမ်းသာရတယ်)

ဆရာဘယ်လောက်ပဲတော်တော်
ဆရာဘယ်လောက်ခေါ်ခေါ်
မပါလာတဲ့ကလေးတွေများလာတယ်။
ဆိုဆုံးမလို့မရတဲ့ ကလေးတွေများလာတယ်။

မဟုတ်တဲ့နေရာတွေမှာဆိုရင်
သင်စရာမလို သိပ်ကိုထူးချွန်ကြတယ်။

ဒါ့ကြောင့်လဲ ခုနောက်ပိုင်း
မဖြစ်သင့်တာတွေ
မကြား၀ံ့မနာသာတွေ
ဖြစ်လာ ကြားလာရတယ်။

#ဆရာမိုး
သတ်ပုံမူရင်းအတိုင်း

" စာသင်ခန်းထဲ.. ​လွယ်အိတ်နှစ်လုံးနဲ့ လာကြတယ်။ ''​ကျွန်မရဲ့ စာသင်ခန်းက တိတ်ဆိတ်သွားပါတယ်။ ဒါပေမယ့် ငြိမ်းချမ်းတဲ့ တိတ်ဆိတ...
24/01/2026

" စာသင်ခန်းထဲ.. ​လွယ်အိတ်နှစ်လုံးနဲ့ လာကြတယ်။ ''

​ကျွန်မရဲ့ စာသင်ခန်းက တိတ်ဆိတ်သွားပါတယ်။ ဒါပေမယ့် ငြိမ်းချမ်းတဲ့ တိတ်ဆိတ်မှုမျိုးတော့ မဟုတ်ပါဘူး။

မွန်းကြပ်နေကြတဲ့ တိတ်ဆိတ်မှုမျိုးပါ။ လူတိုင်းရဲ့ဖုံးကွယ်ထားတဲ့ အခြေအနေတွေကို သိလိုက်ရတဲ့အခါ၊ ဟန်ဆောင်မှုတွေအားလုံး ပြိုလဲသွားပြီး ဘာပြောရမှန်းမသိအောင် ဆွံ့အသွားချိန်မှာ ဖြစ်ပေါ်လာတဲ့ တိတ်ဆိတ်မှုမျိုးပါ။

​သင်္ချာချိန်ဆိုရင် အမြဲနောက်ပြောင်နေတတ်တဲ့၊ အခန်းထဲက ဟာသဉာဏ်ရှိတဲ့ 'တော်မီ' ဟာ သူ့ခုံဘေးမှာ မတ်တပ်ရပ်နေပါတယ်။

သူ့လက်တွေက တုန်ရင်နေပါတယ်။ တွန့်ကြေနေတဲ့ မှတ်စုစာရွက်လေးတစ်ရွက်ကို သူ ကိုင်ထားပါတယ်။ သူက ကျွန်မကို လှမ်းကြည့်တဲ့အခါ သူ့မျက်လုံးတွေထဲမှာ တွေ့မြင်နေကြ၊ နောက်ပြောင်ချင်တဲ့ အရိပ်အယောင်တွေ လုံးဝမရှိတော့ပါဘူး။

​"ဆရာမ 'ဘေကာ'... ဒါကို တကယ်ပဲ ဖတ်ရမှာလားဟင်..." လို့ သူက အသံတုန်တုန်လေးနဲ့ တိုးတိုးလေးမေးပါတယ်။

​"မင်း ဖတ်ချင်မှ ဖတ်ပါ တော်မီ" လို့ ကျွန်မ နူးညံ့စွာ ပြန်ဖြေလိုက်ပါတယ်။

​သူက အသက်ပြင်းပြင်းတစ်ချက်ရှူပြီး အခန်းထဲက အတန်းဖော် ၂၅ ယောက်လုံးကို ဝေ့ကြည့်လိုက်ပါတယ်။ ပြီးတော့ အပြာရောင်မှင်နဲ့ ရေးထားတဲ့ သူ့လက်ထဲက စာကို ဖတ်ပြပါတယ်။

​"ကျွန်တော့်အမေ အလုပ်ဖြုတ်ခံလိုက်ရလို့ တနင်္ဂနွေနေ့ကတည်းက၊ ကျွန်တော် ညစာမစားရတော့ဘူး။ နေ့လယ်စာ စားချိန်မှာ ဗိုက်မဆာသလိုမျိုး ဟန်ဆောင်နေရတယ်။ ဒါမှ သူတို့တွေက စားစရာ မပေးမှာလေ။ ကျွန်တော် အသနား မခံချင်ပါဘူး။ ကျွန်တော့်ဗိုက်ထဲက အောင့်အောင့်နေတာလေးကိုပဲ ရပ်သွားစေချင်တာပါ။"

​တစ်ခန်းလုံးမှာ အံ့သြတုန်လှုပ်သွားတဲ့ အသံတွေ ထွက်ပေါ်လာတယ်။

ကျွန်မဟာ လုပ်သက် နှစ် ၄၀ ရှိတဲ့ ဝါရင့်ဆရာမကြီးတစ်ယောက်ပါ။ ခေတ်တွေပြောင်းလို့ စာသင်တဲ့နည်းတွေ၊ စာမေးပွဲစနစ်တွေ ပြောင်းလဲလာတာကိုလည်း ကြုံခဲ့ဖူးတယ်။

မြေဖြူနဲ့ စာသင်ရတဲ့ခေတ်ကနေ အဆင့်မြင့်နည်းပညာတွေ သုံးတဲ့ခေတ်အထိ အတွေ့အကြုံတွေ အများကြီး ရှိခဲ့တာပေါ့။ ဒါကြောင့် ဘယ်လိုအခြေအနေမျိုးကိုမဆို ရင်ဆိုင်နိုင်ပြီ၊ အရာရာကို မြင်ဖူးပြီးပြီလို့ ကျွန်မ ထင်ခဲ့ပါတယ်။

​ဒါပေမဲ့ နိုဝင်ဘာလရဲ့ ဒီအင်္ဂါနေ့မှာ ဖြစ်ပျက်ခဲ့တာတွေကိုတော့ ကျွန်မ လုံးဝပြင်ဆင်မထားမိခဲ့ဘူး။

​ လူတိုင်းက ကြီးကြီးကျယ်ကျယ် အော်ဟစ်နေကြပေမဲ့ တစ်ယောက်စကားတစ်ယောက် နားမထောင်ကြတဲ့ ခေတ်ကြီးထဲမှာ နေထိုင်နေကြတာပါ။

အခုချိန်မှာ အမေရိကန်နိုင်ငံသားတွေဟာ နိုင်ငံရေး၊ ငွေကြေးနဲ့ နည်းပညာတွေကြောင့် တစ်ယောက်နဲ့တစ်ယောက် ကွဲပြား​ခြားနားနေကြပါတယ်။

ဒါပေမဲ့ ကျွန်မရဲ့ ၆ တန်းကျောင်းသားလေးတွေကို ကြည့်လိုက်တဲ့အခါ သူတို့ဟာ ပုံစံတစ်ခုနဲ့ အထီးကျန်နေကြတာကို တွေ့ရပါတယ်။ သူတို့ဟာ တစ်ခန်းတည်းမှာ အတူတူရှိနေကြပေမဲ့ တစ်ယောက်ထဲ အထီးကျန်နေကြပါတယ်။

​ဒါကြောင့် ကျွန်မဟာ ဒီနေ့အတွက် သင်ရမယ့် သင်ခန်းစာတွေကို ဘေးဖယ်ထားလိုက်ပါတယ်။ သမိုင်းစာအုပ်တွေကို သိမ်းခိုင်းလိုက်ပါတယ်။

​"ကဲ အားလုံး... ဒီနေ့ ငါတို့ ပြည်တွင်းစစ် အကြောင်း မသင်ဘူး။ မင်းတို့ရဲ့ ရင်ထဲမှာဖြစ်နေတဲ့ စစ်ပွဲအကြောင်းကိုပဲ သင်ကြမယ်" လို့ လွန်ခဲ့တဲ့ တစ်နာရီလောက်က ကျွန်မ ပြောခဲ့ပါတယ်။

​ကျွန်မ ကျောက်သင်ပုန်းပေါ်မှာ စကားလုံးနှစ်လုံး ရေးလိုက်တယ် - "လွယ်အိတ်" _ THE BACKPACK။

​"မင်းတို့ မနက်တိုင်း အတန်းထဲကို လေးလံတဲ့ ဒီလွယ်အိတ်တွေကို လွယ်လာကြတယ်" လို့ တံခါးနားက စုပုံထားတဲ့ အိတ်တွေကို ညွှန်ပြရင်း ကျွန်မပြောလိုက်ပါတယ်။

"အဲဒီအိတ်ထဲမှာ ​ကျောင်းစာအုပ်တွေ၊ အားကစားဝတ်စုံတွေနဲ့ လပ်တော့ပ်တွေ ပါတာပေါ့။ ပစ္စည်းတွေစုထည့်ထားတဲ့ လွယ်အိတ်​လေးပေါ့။ ကျောပေါ်က အထုတ်လေးပေါ့။ ''

" ဒါပေမယ့် တကယ်လေးတဲ့အထုတ်တွေက မင်းတို့ကျောပေါ်က သယ်လာတဲ့ အထုတ်တွေ မဟုတ်ဘူး။ မင်းတို့ ရင်ထဲက လွယ်အိတ်ထဲမှာ သယ်လာတဲ့အထုတ်တွေပဲ။ ''

​"ရင်ပတ်ထဲက လွယ်အိတ်ထဲမှာ မင်းတို့ရဲ့ အရှက်ရမှုတွေ၊ ကြောက်ရွံ့မှုတွေ၊ လျှို့ဝှက်ချက်တွေကို ထည့်ထာားတယ်။ မင်းတို့ မတ်မတ်ရပ်နေရင်တောင် မင်းတို့ရဲ့ ပခုံးတွေကို ညွှတ်ကျသွားစေတဲ့အရာတွေပေါ့။''

တကယ်တော့ မင်တို့တွေဟာ ကျောင်းကို လွယ်အိတ်နှစ်လုံးနဲ့လာကြတယ်။

​ကျွန်မ ကျောင်းသားတိုင်းကို စာရွက်အလွတ် တစ်ရွက်စီ ဝေပေးလိုက်တယ်။

​"ဒီနေ့တော့ မင်းတို့ကို ရင်ထဲက လွယ်အိတ်ထဲမှာ ထည့်ထားတဲ့ မင်းတို့ကို လေးလံစေတဲ့၊ စိတ်အတွေးတွေကို၊ ချရေးပေးပါ။ နာမည် မရေးပါနဲ့။ လိုအပ်ရင် လက်ရေးပြောင်းရေးပါ။ အမှန်တရားကိုပဲ ရေးပါ။ မင်းကို အထီးကျန်စေတဲ့အရာ၊ တခြားသူတွေက မင်းအပေါ်မှာ နားမလည်နိုင်ဘူးလို့ မင်းထင်ထားတဲ့အရာကို ချရေးလိုက်ပါ" လို့ ကျွန်မ ညွှန်ကြားလိုက်ပါတယ်။

​၅ မိနစ်လောက်အထိ ခဲတံ​တွေခြစ်​နေတဲ့အသံကလွဲလို့ ဘာအသံမှ မကြားရဘူး။ ကျွန်မ သူတို့ကို စောင့်ကြည့်နေမိတယ်။

အင်စတာဂရမ် Instagram ပေါ်မှာ အမြဲတမ်း ပြည့်စုံလွန်းနေတဲ့ "နာမည်ကြီး" ကောင်မလေးက ဘယ်သူမှမမြင်ခင် မျက်ရည်သုတ်လိုက်တာကို ကျွန်မ မြင်လိုက်ပါတယ်။

နောက်ဆုံးခုံက ခေါင်းစွပ်အင်္ကျီ ဟူဒီ ကို နေ့တိုင်းဝတ်တဲ့ ကောင်လေးကလည်း ဒေါသထွက်နေတဲ့မျက်နာနဲ့ အသည်းအသန် ရေးနေတာကို မြင်ရပါတယ်။

အားလုံး ရေးပြီးပြီလို့ ယူစရတဲ့အချိန်မှာ တတန်းလုံးကြားအောင် ကျွန်မ လေးသံကို မြှင့်လိုက်ပါတယ်။

​"ကဲ... မင်းတို့ရေးထားတဲ့ စာရွက်ကို ချေပြီး လုံးလိုက်တော့"

​သူတို့ ကျွန်မကို နားမလည်နိုင်တဲ့အကြည့်နဲ့ ကြည့်နေကြပါတယ်။

​"လုံးလိုက်ပါ။ ကျစ်ကျစ်ပါအောင် လုံးလိုက်ပါ။"

​စာရွက် ၂၆ ရွက်ကို တစ်ပြိုင်နက် လုံးလိုက်တဲ့အသံဟာ မိုးသည်းထန်စွာ ရွာချလိုက်တဲ့အသံနဲ့တောင် တူနေပါသေးတယ်။

​"ပစ်လိုက်တော့... အခန်းရဲ့ တစ်ဖက်ခြမ်းကို ရောက်အောင် အားရှိသမျှ ပစ်ထုတ်လိုက်ကြ..'' လို့ ကျွန်မ အမိန့်ပေးလိုက်ပါတယ်။

တစ်မိနစ်လောက် ရှုပ်ထွေးမှုတွေ ဖြစ်ခဲ့ပါတယ်။ စာရွက်ဘောလုံးတွေ လေထဲပျံနေ​ကြပါတယ်။ ဒါဟာ လွတ်လပ်မှုတစ်ခုပါပဲ။ တခဏတော့ သူတို့တွေဟာ၊ ကလေးတွေ ဆော့နေသလိုပါပဲ။

​"ကဲ...မင်းတို့စာရေးပြီး လုံးခြေပစ်လိုက်တဲ့၊ အလုံးတွေကို တစ်ယောက် တစ်လုံးစီ ပြန်ကောက်ကြ။ ကိုယ်ရေးပြီးပစ်လိုက်တဲ့၊ စက္ကူလုံး မဟုတ်တာကို ကောက်နော်။ ပြီးရင် ဖြန့်​ပြီးဖတ်ကြည့်။ တခြားတစ်ယောက် သယ်ပိုးနေရတဲ့ ဝန်ထုပ်ဝန်ပိုးကို ငါတို့ ဂုဏ်ပြုပေးကြရအောင်။"


ဇာတ်လမ်းအစက တော်မီ့အကြောင်းကို ပြန်ဆက်ရအောင်။

​''တော်မီ'' ဟာ ဆာလောင်မှုအကြောင်း ဖတ်ပြီးတဲ့နောက် သူ မရယ်​တော့ပါဘူး၊ နောက်ပြောင်ခြင်းလည်း မလုပ်​တော့ပါဘူး။ ကျွန်မ တစ်ခါမှ မမြင်ဖူးတဲ့ နူးညံ့တဲ့ အကြည့်မျိုးနဲ့ အခန်းထဲကို ဝေ့ကြည့်နေပါတယ်။

သူက စာရွက်ကို အမှိုက်ပုံးထဲသွားမပစ်ဘဲ ကျွန်မ စားပွဲပေါ်ကို ငှက်ကလေးတစ်ကောင်ကို ချပေးသလိုမျိုး အသာအယာလေး လာတင်ပေးပါတယ်။

​"ဘယ်သူ ဆက်ဖတ်မလဲ?"

​အမြဲတမ်း A ရပြီး B ရမှာကို ကြောက်တတ်တဲ့ ''ဆာရာ'' က မတ်တပ်ရပ်ပြီး သူ့လက်ထဲက စာရွက်ကို ဖြန့်လိုက်ပါတယ်။

​"ကျွန်မ မိဘတွေက ညတိုင်း ပိုက်ဆံအကြောင်းနဲ့ ရန်ဖြစ်နေကြတယ်။ အခုဆို အဖေက ဆိုဖာပေါ်မှာပဲ အိပ်တယ်။ မေမေ ငိုနေတာကို မကြားချင်လို့ ကျွန်မ သီချင်းကို အကျယ်ကြီး ဖွင့်ထားရတယ်။ သူတို့ ကွာရှင်းတော့မယ် ထင်တယ်။ အဲဒါ ကျွန်မကြောင့် ပိုက်ဆံတွေ အများကြီး ကုန်နေလို့လား မသိဘူး။" တဲ့။

​ပြီးတော့ အားကစားထူးချွန်တဲ့ ''မိုက်ကယ်''က သူကောက်ထားတဲ့ စာရွက်ကို ထဖတ်ပါတယ်။

​"ကျွန်တော့်မှာ follower တွေ အများကြီးရှိလို့ လူတွေက ကျွန်တော့်ကို ပျော်နေတယ် ထင်ကြတာ။ ဒါပေမဲ့ မနေ့ညက ကျွန်တော် ရေချိုးခန်းထဲမှာ တစ်နာရီလောက် ထိုင်ပြီး ဗီဒိုထဲက ဆေးကဒ်တွေကို ကြည့်နေမိပါတယ်။ ကျွန်တော်ကတော့ ရေနစ်နေသလို ခံစားရပေမဲ့ လူတွေကတော့ ကျွန်တော်ကို ရေကူးနေတယ်ထင်ပြီး ကြည့်နေကြတယ်။ ''

​တစ်ယောက်ပြီးတစ်ယောက် သူတို့ရဲ့ ဇာတ်လမ်းတွေ ထွက်ပေါ်လာပါတယ်။ အဲဒါတွေက ၁၁ နှစ်အရွယ် ကလေးတွေဆီကနေ သိရတဲ့ ခေတ်သစ်အမေရိကန်ဇာတ်လမ်းတွေပါပဲ။

​စစ်မြေပြင်ကနေ ပြန်လာတဲ့အခါ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲသွားပြီး မိသားစုကို ကြောက်လန့်စေတဲ့ အကိုဖြစ်သူအကြောင်းလည်း ပါ ပါတယ်။

သွားတွေ့ဖို့ ပိုက်ဆံမရှိလို့ ဘိုးဘွားရိပ်သာမှာ တစ်ယောက်တည်း ဆုံးပါးသွားတဲ့ အဖွားအကြောင်းလည်း ပါ ပါတယ်။

ဖိနပ်အကောင်းစား မရှိလို့ လူရာမဝင်မှာကို ကြောက်ရွံ့နေတဲ့အကြောင်း ရေးထားတဲ့ စာတွေလည်း ပါ ပါတယ်။ လှပဖို့၊ သန်မာဖို့၊ တော်ဖို့ ဆိုတဲ့ ဖိအားတွေအောက်မှာ၊ ကိုယ်မဟုတ်တဲ့ တခြားပုံစံတစ်ခု ဖြစ်အောင် နေထိုင်နေရတဲ့ အကြောင်းတွေလည်း ပါ ပါတယ်။

​စာလေးတွေကို ဖတ်ပြီးတဲ့နောက် အခန်း _၃၀၄ ရဲ့ အခြေအနေက ပြောင်းလဲသွားပါတယ်။

လူမှုရေး အုပ်စုတွေဖြစ်တဲ့ အားကစားထူးချွန်သူနဲ့ ပညာထူးချွန်သူတွေ၊ ချမ်းသာတဲ့ကလေးတွေနဲ့ နွမ်းပါးတဲ့ ကလေးတွေ ကြားမှာ ခွဲခြားထားတဲ့ မမြင်ရတဲ့နံရံတွေဟာ ပျောက်ကွယ်သွားပါတယ်။

​ဒေးဗစ်ဆိုတဲ့ ကောင်လေးက...
"ကျွန်တော်......ကျွန်တော့်ခွေးလေးကို လွမ်းတယ်။ သူက ကျွန်တော့်ရဲ့ တစ်ဦးတည်းသော သူငယ်ချင်းပါ။ အိမ်ပြောင်းတဲ့အခါ သူ့ကို ပေးပစ်လိုက်ရတယ်" ဆိုတဲ့စာကို ဖတ်လိုက်တဲ့အခါ အတန်းထဲမှာ အဆိုးဆုံးလို့ အထင်ခံရတဲ့ ကောင်လေးတောင် မျက်လုံးလေးတွေ နီရဲပြီး ခေါင်းငြိမ့်နေတာကို ကျွန်မ မြင်လိုက်ရပါတယ်။

​တစ်ခါတလေလည်း ကျွန်မတို့အားလုံး ရယ်မိကြပါသေးတယ်။ စာတစ်စောင်မှာ...

"အားကစားချိန် ပြေးနေတုန်း လေလည်မိမှာကို အရမ်းကြောက်တယ်" လို့ ရေးထားတယ်။အဲ့ဒီစာကို ဖတ်ပြတဲ့အချိန်မှာ... ရယ်မောလိုက်ရတဲ့ ခံစားချက်က ဆေးတစ်ခွက်လိုပါပဲ။ ကျွန်မတို့အားလုံး လူသားတွေပဲဆိုတာကို ပြန်အမှတ်ရစေပါတယ်။

​အချိန်ပြည့်သွားတဲ့အခါ အတန်းထဲမှာ "အောင်မြင်ထင်ရှားတဲ့သူ'' လည်း မရှိတော့ဘူး၊ "အရှုံးသမား" လည်း မရှိတော့ဘူး။ လူသားတွေပဲ ရှိတော့ပါတယ်။ လေးလံတဲ့ လွယ်အိတ်တွေကို သယ်ပိုးနေကြတဲ့ လူသားတွေပါ။

​ကျွန်မ မျက်ရည်ဝဲရင်း မတ်တပ်ရပ်လိုက်ပါတယ်။

​"ပတ်ဝန်းကျင်ကို ကြည့်လိုက်ကြပါ။ မင်းတို့ပဲ ကြောက်နေရတယ်လို့ ထင်နေတာလား? မင်းတို့ပဲ နာကျင်နေရတယ်လို့ ထင်နေတာလား? ငါတို့အားလုံးဟာ ပြင်းထန်တဲ့ ဘဝတိုက်ပွဲတွေကို၊ ကိုယ်စီတိုက်ခိုက်နေကြတာပါ။ ငါတို့ထဲက တစ်ယောက်မကျန် တိုက်နေကြရတာ။ ''

​ကျွန်မက စာရေးကိရိယာတွေထည့်တဲ့၊ ဗီဒိုထဲကနေ ဟောင်းနွမ်းနေတဲ့ အိတ်ကြီးတစ်လုံးကို ထုတ်ပြီး တံခါးဘေးက ချိတ်မှာ ချိတ်လိုက်ပါတယ်။

​" အခုကစပြီး ဒီတံခါးကနေ၊ ဝင်လာတဲ့အခါ မင်းတို့ရဲ့ စိုးရိမ်မှုတွေကို ဒီထဲကိုထည့်ထားခဲ့လို့ ရပြီ။ ဒီတစ်နာရီအတွင်းမှာတော့ တစ်ယောက်တည်း မသယ်ရဘူး။ ဒီအခန်းထဲမှာ ငါတို့ အားလုံးက၊ တစ်ယောက်ရဲ့ လွယ်အိတ်ကို၊ တစ်ယောက်က ကူသယ်ပေးကြမယ်။ ''

ခေါင်းလောင်းသံကိုကြားလိုက်ရပါတယ်။​ ပုံမှန်ဆိုရင်တော့ အပြင်ကို အလုအယက် ပြေးထွက်ကြမှာပါပဲ။ ဒါပေမဲ့ ဒီနေ့တော့ ဘယ်သူမှ အဲ့ဒီလို မလုပ်ကြပါဘူး။

​အတန်းထဲက လူပြက်လေး တော်မီက ဟူဒီ ခေါင်းစွပ်အင်္ကျီ အမြဲဝတ်တဲ့ ကောင်လေးဆီ လျှောက်သွားပါတယ်။ သူ လေးလေးနက်နက်စကားတွေ ဘာမှမပြောပါဘူး။ သူ့ကို ပုခုံးနဲ့ ထိလိုက်ပြီး....

"ဟေ့... နေ့လယ်စာစားရင် ငါ့ဝိုင်းမှာ လာထိုင်ပါလား။ ငါ့မှာ အာလူးကြော်တွေ အပိုပါသေးတယ်" လို့ပဲ ပြောလိုက်ပါတယ်။

​အဲဒီကောင်လေး ပြုံးလိုက်တယ်။ တစ်နှစ်ပတ်လုံးမှာ သူ့သွားလေးတွေ ပေါ်အောင် ပြုံးတာကို ကျွန်မ ပထမဆုံး မြင်ဖူးတာပါ။

​ကျွန်မ မကြာခင် အငြိမ်းစား ယူတော့မှာပါ။ လောကကြီးက ကျွန်မကို ပြောတယ်... ဆရာတစ်ယောက်ရဲ့ အတတ်ပညာဆိုတာ အမှတ်တွေ၊ အချက်အလက်တွေအကြောင်းတဲ့။ ကလေးတွေကို "အလုပ်သမားအင်အားစု" အတွက် အသင့် ဖြစ်အောင် ပြင်ဆင်ပေးတာတဲ့။

​ဒါပေမဲ့ တစ်ယောက်ကိုတစ်ယောက် ကြင်နာတဲ့ အကြည့်တွေနဲ့ အခန်းပြင်ကို ထွက်သွားကြတဲ့ အဲဒီကလေးတွေကို ကြည့်ရင်း၊ ကျွန်မ အမှန်တရားကို သိလိုက်ရပါတယ်။

လူအများစုက ပညာရေးဆိုတာ ကျောင်းသားရဲ့ ခေါင်းထဲကို စာတွေ၊ သမိုင်းကြောင်းတွေ၊ ဖော်မြူလာတွေကို အတင်းရိုက်သွင်းပေးတာ လို့ပဲ ထင်နေကြပါတယ်။

ပညာရေးရဲ့ တကယ့်ရည်ရွယ်ချက်က ကျောင်းသားရဲ့ စိတ်ဝင်စားမှု၊ သိချင်စိတ်နဲ့ စိတ်အားထက်သန်မှုတွေကို မီးတောက်တစ်ခုလို တောက်ပလာအောင် လှုံ့ဆော်ပေးရတာပါ။

ပြီးတော့ တစ်ခါတလေမှာ တစ်ယောက်တည်း သယ်ဖို့ လေးလံလွန်းတဲ့ သူတစ်ပါးရဲ့ စိတ်ဒုက္ခတွေကို ဝိုင်းဝန်းကူသယ်ပေးတာဟာလည်း ပညာရေးပါပဲ။

ကျွန်မတို့ဟာ ကုန်ဈေး​နှုန်း​တွေ မြင့်မားနေတာ....၊ အလုပ်အကိုင် အခွင့်အလမ်း ဆုံးရှူံးနေတာ....အဲဒါတွေကို တစ်ညတည်းနဲ့ ကောင်းအောင် လုပ်လို့မရပါဘူး။

အိမ်တိုင်းရဲ့ အခက်အခဲတွေကိုလည်း ကျွန်မတို့ လိုက်ပြီး ဖြေရှင်းမပေးနိုင်တာ အမှန်ပါပဲ။ ဒါပေမဲ့ ကျွန်မတို့ တစ်ယောက်နဲ့တစ်ယောက် ကြင်နာလို့ ရပါတယ်။ ရင်ဖွင့်ချင်တဲ့ စကားတွေကို နားထောင်ပေးလို့ ရပါတယ်။

ဒီစာကိုဖတ်နေတဲ့ ဘယ်သူမဆို၊ အသက်ဘယ်လောက်ပဲရှိရှိ ကျွန်မ ''နှလုံးသားအိမ်စာ'' (တာဝန်) တစ်ခု ပေးချင်ပါတယ်။

နောက်တစ်ခါ ဈေးရောင်းတဲ့သူပဲ​ဖြစ်​ဖြစ်၊အိမ်နီးချင်းပဲဖြစ်ဖြစ်၊ လုပ်ဖော်ကိုင်ဖက် ဒါမှမဟုတ် ကိုယ့်ရဲ့ ကလေးပဲဖြစ်ဖြစ်... သူတို့ အမှုအရာတွေရိုင်းပြနေရင်၊ တိတ်ဆိတ်နေရင်၊ ဒေါသထွက်နေပုံရရင်... တွန့်ကြေနေတဲ့ စာရွက်လေးကို သတိရပေးပါ။

​သူတို့ရဲ့ နှလုံးသားထဲက မှတ်စုစာရွက်ပေါ်မှာ ဘာတွေ ရေးထားလဲဆိုတာ ကျွန်မတို့ မသိနိုင်ပါဘူး။ ဒီနေ့ သူတို့ရင်ဘတ်လွယ်အိတ်ထဲမှာ သယ်လာတဲ့ ဘဝရဲ့ဝန်ထုပ် ဝန်ပိုးက ဘယ်လောက် လေးနေမလဲဆိုတာ ကျွန်မတို့ မသိနိုင်ဘူး။

​နူးညံ့ပေးပါ။ ကြင်နာပေးပါ။ သူတို့ကို ကူသယ်ပေးပါ။

Saya U Khin Zaw ( ဘာသာပြန် )

အထက(၁) ရန်ကင်းမှအငြိမ်းစားအလယ်တန်းပြဆရာမ - ဒေါ်ဘေဘီသန်း ရဲ့ လက်ရှိ ကျန်းမာရေးအခြေအနေကို ဆရာမရဲ့ တပည့်ဟောင်းများ သိရှိစေန...
12/01/2026

အထက(၁) ရန်ကင်းမှ
အငြိမ်းစားအလယ်တန်းပြဆရာမ -
ဒေါ်ဘေဘီသန်း ရဲ့
လက်ရှိ ကျန်းမာရေးအခြေအနေကို ဆရာမရဲ့ တပည့်ဟောင်းများ သိရှိစေနိုင်ရန် တင်ပြပေးလိုက်ပါတယ်နော်...
ပထမဆုံး ပုံက ယနေ့ ၁၂. ၁. ၂၀၂၆ ( တနင်္လာနေ့) ရိုက်ထားတာဖြစ်ပြီး ဆရာမကို ပိုမို မှတ်မိစေနိုင်ဖို့
ပုံဟောင်းလေးများလဲ ယှဉ်တွဲတင်ပေးလိုက်ပါတယ်။
ဆရာမဟာ လေဖြတ်ထားပြီး၊
ကားတိုက်လည်း ခံထားရပါတယ်။ ဆရာမကို ဆရာမရဲ့အစ်မမိသားစုက ပြုစုစောင့်ရှောက်ပေးထားပါတယ်။
- ဆရာမရဲ့ ကျန်းမာရေးအခြေအနေကို မျက်ဝါးထင်ထင်တွေ့မြင်လိုပြီး၊
ဆရာမကို ကန်တော့ဂါရဝပြုလိုတဲ့ တပည့်ဟောင်းများအတွက် ဆရာမရဲ့ နေရပ်လိပ်စာပါတင်ပေးလိုက်ပါတယ်နော်။
ဆရာမဒေါ်ဘေဘီသန်း ရောဂါဘယတွေကင်းဝေးပြီး ပြန်လည်ကျန်းမာပါစေ 🙏🙏🙏

နေရပ်လိပ်စာ- တိုက် ၂၂၀၊ အခန်း (၁) ၊ရန်ရှင်းလမ်း၊ရန်ကင်းမြို့နယ်။

12/01/2026

အထက(၁) ရန်ကင်းမှ
အငြိမ်းစားအလယ်တန်းပြဆရာမ -
ဒေါ်ဘေဘီသန်း ရဲ့
လက်ရှိ ကျန်းမာရေးအခြေအနေကို ဆရာမရဲ့ တပည့်ဟောင်းများ သိရှိစေနိုင်ရန် တင်ပြပေးလိုက်ပါတယ်နော်...
Video မှာ ယနေ့ ၁၂. ၁. ၂၀၂၆ ( တနင်္လာနေ့)
ရိုက်ထားတာ ဖြစ်ပါတယ်။
ဆရာမဟာ လေဖြတ်ထားပြီး၊
ကားတိုက်လည်း ခံထားရပါတယ်။ ဆရာမကို ဆရာမရဲ့အစ်မမိသားစုက ပြုစုစောင့်ရှောက်ပေးထားပါတယ်။
- ဆရာမရဲ့ ကျန်းမာရေးအခြေအနေကို မျက်ဝါးထင်ထင်တွေ့မြင်လိုပြီး၊
ဆရာမကို ကန်တော့ဂါရဝပြုလိုတဲ့ တပည့်ဟောင်းများအတွက် ဆရာမရဲ့ နေရပ်လိပ်စာပါတင်ပေးလိုက်ပါတယ်နော်။
ဆရာမဒေါ်ဘေဘီသန်း ရောဂါဘယတွေကင်းဝေးပြီး ပြန်လည်ကျန်းမာပါစေ 🙏🙏🙏

နေရပ်လိပ်စာ- တိုက် ၂၂၀၊ အခန်း (၁) ၊ရန်ရှင်းလမ်း၊ ရန်ကင်းမြို့နယ်။

ကိုယ့် စီနီယာတွေ ဂျူနီယာတွေ နံပါတ်စဉ် ဘယ်လောက်ပါလဲ ......Credit .. စာမလုပ်ချင်ဘူး
09/01/2026

ကိုယ့် စီနီယာတွေ ဂျူနီယာတွေ နံပါတ်စဉ် ဘယ်လောက်ပါလဲ ......
Credit .. စာမလုပ်ချင်ဘူး

ဟယ်...အရမ်းကြောက်သွားပြီ......Credit..စာမလုပ်ချင်ဘူး
05/01/2026

ဟယ်...အရမ်းကြောက်သွားပြီ......

Credit..စာမလုပ်ချင်ဘူး

31/12/2025

၂၀၂၆ ခုနှစ် ခရစ်နှစ်သစ်မှစ၍ အားလုံး ကျန်းမာချမ်းသာပြီး ဘေးဘယာ ဝေးကွာပါစေကြောင်း အထက(၁)ရန်ကင်းမိသားစုက ဆုမွန်ကောင်း တောင်းအပ်ပါတယ် 🙏🏻🙏🏻🙏🏻

Address

Yankin Road , Ward 4, Yankin Township
Yangon Division

Alerts

Be the first to know and let us send you an email when State(1) Yankin posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to State(1) Yankin:

Shortcuts

Share

Category