07/05/2023
၂၀၂၃-၂၀၂၄ ပညာသင်နှစ်
ဟိန်းကိုယ်ပိုင်အထက်တန်းကျောင်း၊ ရမည်းသင်းမြို့တွင် တာဝန်ထမ်းဆောင်ရန် ဆရာ၊ ဆရာမများခေါ်ယူခြင်း
မူလတန်းတွင် တာဝန်ထမ်းဆောင်ရန်
Language Teacher (English) တစ်ဦး
လျှောက်ထားသူသည် International Syllabus များဖြစ်သော Jolly Phonics, Oxford Phonics, YLE (Exam Preparation) – starter, mover, flyer နှင့် KET, PET, FCE အစရှိသည်တို့ကို ကျွမ်းကျင်ပိုင်နိုင်ပြီး စိတ်ရှည်စွာ သင်ကြားပေးနိုင်သူဖြစ်ရမည်။ Child Psychology ကို နားလည်သဘောပေါက်ပြီး ကလေးများကို ကိုင်တွယ်သင်ကြားနိုင်စွမ်းရှိရမည်။
အထက်တန်း (Grade 10, 11, 12) တွင်တာဝန်ထမ်းဆောင်ရန်
သင်ကြားရေးအကူ (Guide) ဆရာ - ၃ ဦး
သင်ကြားရေးအကူ (Guide) ဆရာမ - ၃ ဦး
လျှောက်ထားသူသည်
သက်ဆိုင်ရာတက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူဖြစ်ရမည်
Language Teacher လျှောက်ထားသူဆိုပါက English ဖြင့်ဘွဲ့တစ်ခုခုရရှိပြီးသူ(B.A, M.A, Ph.D., B.Ed., M.E.d.)၊ International Syllabus (English) များကိုကျွမ်းကျင်ပိုင်နိုင်စွာသင်ကြားနိုင်ကြောင်း Certificate / TKT / TESOL အစရှိသည်တို့ တစ်ခုခုရရှိပြီးသူတို့ ဖြစ်ပါက ပိုဦးစားမေးမည်။
အကျင့်စာရိတ္တကောင်းမွန်ရမည်။
ကျန်းမာရေးအထိုက်အလျောက် ကောင်းမွန်သူဖြစ်ရမည်။
သင်ကြားရေးအတွေ့အကြုံ အနည်းဆုံး ၂ နှစ်ရှိရမည်။
Study guide နေရာအတွက် လျှောက်ထားပါက အထက်တန်းဆင့်ဘာသာရပ်များတွင် အနည်းဆုံး ၂ဘာသာ တတ်ကျွမ်းရမည်။ အဆောင်နေရမည်ဖြစ်ပြီး အဆောင်မှူးတာဝန်ကိုပါတွဲဖက်ထမ်းဆောင်နိုင်ရမည်။
လစာ - ညှိနှိုင်း
လျှောက်ထားလိုပါက ယခုကျောင်း page သို့ဖြစ်စေ၊ 092173101 (viber) သို့ဖြစ်စေ မိမိကိုယ်ရေးအကျဉ်း CV form ကိုပေးပိုးလျှောက်ထားနိုင်ပါသည်။