28/02/2022
ကျန်းမာသန်စွမ်းတဲ့ ဦးနှောက်ပိုင်ရှင်လေးတွေဖြစ်ဖို့
ကလေးများအတွက် thinking club
🌱
ဘာတွေသင်ယူရမလဲ? 🤔
ဆရာမကနေ ခေါင်းစဉ်တွေသတ်မှတ်ပြီး သမားရိုးကျသင်ပေးခြင်းထက် Child-centered Approaching (ကလေးဗဟိုပြုချဥ်းကပ်) နည်းကိုအဓိကသွားပါတယ်။ English, Maths, General Knowledge ဆိုပြီးရှိပါမယ်။
English အတွက် phonics မှစ၍ စာကြောင်းရှည်ဖတ်နိုင်သည်အထိ၊ နားရည်၀ကာ ပြန်လည်ပြောနိုင်သည်အထိ သင်ယူရပါမယ်။
Maths အတွက် နေ့တဓူ၀အသုံးချနိုင်သော သင်္ချာကိုအခြေခံထားသင်ယူရပါမယ် (အချိန်၊ အကွာအဝေး၊ ပမာဏ၊ အစိတ်အပိုင်း စသဖြင့်)။
General Knowledge မှာ Science, History, Logical thinking အပြင် နိုင်ငံတကာသင်ရိုးများထဲမှထပ်ဆောင်းပြင်ပဗဟုသုတတွေပါ ပါ၀င်ပါတယ်။
ကလေးတွေစိတ်၀င်စားတဲ့သိလိုတဲ့အရာကို ဆွေးနွေးပြီး ခေါင်းစဉ်လေးတွေရွေးကြမယ်၊ အဲ့ဒီအကြောင်းအရာအတွက် ဆရာမက resources တွေပြင်ဆင်ပေးမယ်၊ သိသင့်တာတွေပြောပြမယ်၊ brain storming လုပ်ကြမယ်၊
ပြီးရင်တော့ mini project လေးတွေလုပ်ကြမယ်။
🌱
ကလေးရဲ့တတ်မြောက်မှုကို ဘယ်လိုသိနိုင်မလဲ? 👩🏽🎓👨🏼🎓
Test လေးတွေရှိမယ်။ ဒါပေမယ့် အကြောင်းအရာတစ်ခုကို ဘယ်လောက်သိသွားသလဲဆိုတာထက် ထိုအကြောင်းအရာပေါ်မူတည်ပြီးဘယ်လောက်တွေးတတ်၊ စဉ်းစားတတ်သွားသလဲ၊ ဆိုတာကို အဓိကလေ့ကျင့်ပေးသွားမှာဖြစ်ပါတယ်။ ကလေးတို့ရဲ့ပိုမိုသိလိုစိတ်ကို နှိုးဆွပေးဖို့ကို ရည်ရွယ်ပါတယ်။
🌱
ဘယ်လိုသင်မှာလဲ? 🤷🏽♀️
အွန်လိုင်းအတန်းဖြစ်တာမို့ ကလေးတွေစိတ်၀င်စားမှုရစေဖို့အလွန်အရေးကြီးပါတယ်။ ဒါကြောင့် visual, auditory အကူအညီတွေသုံးပြီးသင်ကြားပါတယ်။
tablet၊ ကွန်ပြူတာ သို့ laptop ရှိဖို့တော့လိုပါမယ်။
ဖုန်းနဲ့လည်းရပေမယ့် screen သေးရင် ကလေးအာရုံစိုက်ရအဆင်မပြေနိုင်တာမို့ပါ။
🌱
ဘယ်အရွယ်တွေတက်လို့ရမလဲ? 👥
အတန်းပညာရေးကဲ့သို့ စာရေးစာဖတ်ခြင်းကို အဓိကသင်ကြားမယ့်အတန်းမျိုးမဟုတ်ပါဘူး။ ဒါကြောင့် စာရေးစာဖတ် မတတ်သေးတဲ့ကလေးရော၊ တတ်မြောက်ပြီးကလေးများအတွက်ပါ အဆင်ပြေပါတယ်။
5-7နှစ် နဲ့ 8-10နှစ် ဆိုပြီး နှစ်တန်းရှိပါမယ်။
🌱
ဘယ်သူသင်မှာလဲ? 👩🏽🏫
ကလေးပြုစုစောင့်ရှောက်မှုတွင် ဘွဲ့လွန်ဒီပလိုမာရရှိထားပြီး နိုင်ငံခြားတွင် ကလေးစိတ်ပညာကိုအထူးပြုလေ့လာနေသော ဆရာမ မှသင်ကြားပေးသွားမှာဖြစ်ပါတယ်။
🌱
ဘယ်အချိန်တွေလဲ? 🚦
တစ်ရက် ၁နာရီခွဲဖြင့် တစ်ပတ် ၃ ရက်ဖြစ်ပါတယ်။
(မီးပျက် အင်တာနက်ပျက် အခြေအနေများအတွက် အချိန်လိုတိုးပိုလျှော့ ပြုလုပ်ပေးပါ့မယ်)
🌱
ဘယ်လောက်ယူမလဲ? 💳
တစ်လချင်း ၃သောင်းခွဲကျပ် ကျသင့်ပါမယ်။
သုံးလစာ ၁ သိန်းကျပ်ဖြစ်ပါမယ်ရှင့်။
🌱
📌 မှတ်ချက်။ ပုံမှန်သင်နေကြ ဗုဒ္ဓဟူးနေ့ free class လေးကလည်း အရင်အတိုင်းရှိပါမယ်နော်။ ကြိုက်ရာတစ်တန်းဖြစ်စေ နှစ်ခုလုံးဖြစ်စေ တက်လို့ရပါတယ်ရှင်။
မတ်လ ၃ ရက်နေ့တွင် အတန်းသစ်စပါမယ်။
တစ်တန်းမှာကလေးဦးရေအများကြီးလက်မခံနိုင်လို့ တက်ချင်တဲ့ကလေးတွေအတွက် အချိန်ညှိလို့ရအောင် page messenger ကနေဆက်သွယ်ပေးပါနော်။
❤️