19/09/2026
✨ အသုံးများသော adverb များ
✅ especially = အထူးသဖြင့်
👉 I like fruit, especially mangoes
ငါ သစ်သီးတွေကို ကြိုက်တယ်၊ အထူးသဖြင့် သရက်သီးကို ကြိုက်တယ်။
👉She loves animals, especially dogs.
သူမက တိရစ္ဆာန်တွေကို ချစ်တယ်၊ အထူးသဖြင့် ခွေးတွေကို ချစ်တယ်။
✅ actually = တကယ်တော့ / အမှန်တော့
👉 Actually, I don’t know.
တကယ်တော့၊ ငါမသိဘူး။
👉 Actually, I'm very tired.
တကယ်တော့၊ ကျွန်တော် အရမ်းပင်ပန်းနေတယ်။
✅ usually = များသောအားဖြင့်၊ ထုံးစံအတိုင်း။
👉 I usually get up at 7 a.m.
များသာအားဖြင့် ကျွန်တော် မနက်(၇)နာရီမှာ အိပ်ရာထတယ်။
👉 I don't usually eat breakfast.
ကျွန်တော် များသောအားဖြင့် မနက်စာ မစားဘူး။
✅ finally = နောက်ဆုံးတော့
👉 Finally, we found him.
နောက်ဆုံးတော့ ကျွန်တော်တို့ သူ့ကို ရှာတွေ့ခဲ့တယ်။
👉 Finally, the rain stopped.
နောက်ဆုံးတော့ မိုးတိတ်သွားပြီ။
✅ really = အမှန်စင်စစ်၊ တကယ်။
👉 I really love you.
ငါ မင်းကို တကယ်ချစ်တယ်။
👉 I really want it.
ကျွန်တော် အဲဒါကို တကယ်လိုချင်တယ်။
✅ very = အလွန် / အရမ်း
👉 She is very kind.
သူမက အရမ်းကြင်နာတယ်။
👉 She is very beautiful.
သူမက အရမ်းလှတယ်။
✅ quite = တော်တော် / အတော်လေး
👉 It’s quite expensive.
ဒါက တော်တော်ဈေးကြီးတယ်။
👉 This food is quite delicious.
ဒီအစားအစာက တော်တော်လေးအရသာရှိတယ်။
✅ pretty = တော်တော် / အတော်လေး
👉 I’m pretty tired.
ငါ တော်တော်ပင်ပန်းနေပြီ။
👉 It’s pretty cold today.
ဒီနေ့ တော်တော်အေးတယ်။
✅ almost = နီးပါး
👉 I’m almost ready.
ငါ အဆင်သင့်ဖြစ်လုနီးပြီ။
👉 It’s almost midnight.
သန်းခေါင်ယံရောက်လုနီးပြီ။
✅ already = ပြီးပြီ / ပြီးသား
👉 I have already eaten.
ငါ စားပြီးပြီ။
👉 She has already left.
သူမ ထွက်သွားပြီးပြီ။
✅ Still = အခုထိ ၊ ယခုတိုင် ၊ တုန်း
👉 I still love you.
ငါ မင်းကို အခုထိ ချစ်တုန်းပဲ။
👉 I still remember you.
ငါ မင်းကို အခုထိ မှတ်မိတုန်းပဲ။
✅ Just = အခုလေးတင် ၊ မကြာသေးခင်က
👉 I’ve just arrived.
ငါ အခုလေးတင် ရောက်လာတာ။
👉 She has just left.
သူမ အခုလေးတင် ထွက်သွားတယ်။
✅ Even = တောင် ၊ တောင်မှ
👉 Even children can understand it.
ကလေးတွေတောင် အဲဒါကို နားလည်နိုင်တယ်။
👉 He didn't even say goodbye.
သူ နှုတ်ဆက်စကားတောင် မပြောခဲ့ဘူး။
✅ Also = လည်း
👉 I also like coffee.
ငါလည်း ကော်ဖီကြိုက်တယ်။
👉 He also works here.
သူလည်း ဒီမှာ အလုပ်လုပ်တယ်။
✅ Too = အလွန်၊ အရမ်း...လွန်းသော
👉 It's too hot.
အရမ်းပူလွန်းတယ်။
👉 It's too expensive.
ဈေးကြီးလွန်းတယ်။
✅ maybe = ဖြစ်နိုင်ဖွယ်၊ ဖြစ်ကောင်းဖြစ်နိုင်စရာ
👉 Maybe it will rain.
မိုးရွာနိုင်တယ်။
👉 Maybe she is at home.
သူ အိမ်မှာရှိနေလောက်တယ်။
✅ perhaps = ဖြစ်ကောင်းဖြစ်နိုင်
👉 Perhaps it will rain today.
ဒီနေ့ မိုးရွာနိုင်တယ်။
👉 Perhaps she is busy now.
အခု သူ အလုပ်များနေလောက်တယ်။
✅ definitely = သေချာပေါက်
👉 I will definitely call you tomorrow.
မနက်ဖြန် မင်းကို သေချာပေါက် ဖုန်းခေါ်မယ်။
👉 This is definitely a good idea.
ဒါက သေချာပေါက် အကြံကောင်းတစ်ခုပါ။
✅ certainly = သေချာစွာ၊ အမှန်ပင်
👉 I certainly understand your problem.
မင်းရဲ့ ပြဿနာကို ငါ သေချာနားလည်တယ်။
👉 Certainly, I can help you.
ဟုတ်ကဲ့၊ ငါ ကူညီပေးနိုင်ပါတယ်။
✅ hopefully = မျှော်လင့်ချက်ကြီးစွာဖြင့်
👉 Hopefully, it will not rain tomorrow.
မနက်ဖြန် မိုးမရွာဘူးလို့ မျှော်လင့်ပါတယ်။
👉 Hopefully, she will come today.
ဒီနေ့ သူလာမယ်လို့ မျှော်လင့်ပါတယ်။
✅ again = ထပ်၊ ပြန်၊ နောက်ထပ်၊ နောက်တစ်ကြိမ်၊ ပြန်၍
👉 Please say it again.
ကျေးဇူးပြုပြီး အဲဒါကို ထပ်ပြောပါ။
👉 Can you explain it again?
အဲဒါကို ထပ်ရှင်းပြပေးနိုင်မလား။
✅ together = အတူတကွ၊ အတူတူ
👉 Let’s study together.
အတူတူ စာလုပ်ကြရအောင်။
👉 Can we go together?
ကျွန်တော်တို့ အတူတူ သွားလို့ရမလား။
✅ alone = တစ်ယောက်တည်း၊ အဖော်မပါဘဲ၊ ထီးတည်း။
👉 I live alone.
ကျွန်တော် တစ်ယောက်တည်း နေတယ်။
👉 She went there alone.
သူမ အဲဒီကို တစ်ယောက်တည်း သွားခဲ့တယ်။
✅ away = အဝေးတွင်၊ အဝေးသို့။
👉 Please don’t go away.
ကျေးဇူးပြုပြီး အဝေးကို မသွားပါနဲ့။
👉 My parents live far away.
ကျွန်တော့်မိဘတွေ အဝေးမှာ နေကြတယ်။
✅ inside = အတွင်း၌
👉 She’s inside the room.
သူမ အခန်းထဲမှာရှိတယ်။
👉 What’s inside the box?
သေတ္တာထဲမှာ ဘာရှိလဲ။