10/05/2026
ကျောင်းပြင်ပမူလတန်းပညာရေး NFPE ရဲ့ သမိုင်းမှာ သမိုင်းတင်ရမဲ့ ဂုဏ်ယူဖွယ်မှတ်တမ်းတစ်ခုကို ဖြစ်ထွန်းပေါ်ပေါက်စေခဲ့သူ တစ်နည်း ပညာရေးရေခံမြေခံကောင်းမှာ ရှင်သန်လာခဲ့သူကတော့…
ပြတ်တောက်သွားတဲ့ ပညာရေးလမ်းကြောင်း အစကောင်းအောင် ပြန်ဆက်ခွင့်ရခဲ့သူကတော့ ၂၀၁၄ ခုနှစ်က ဒဂုံမြို့သစ်တောင်ပိုင်း NFPE စခန်းတွင် Level 1 ၌ စတင်သင်ယူခွင့်ရခဲ့ပြီး Level 2 အောင်မြင်ခဲ့သည့် မနဒီရွှေလွှာဖြစ်ပါတယ်။
မနဒီရွှေလွှာဟာ အခြေခံပညာအတန်းအဆင့်ဆင့်ကို အခက်အခဲများကိုရင်ဆိုင်ကျော်လွှားကာ အထက (၂) ဒဂုံတောင်မှ၂၀၂၄ -၂၅ ပညာသင်နှစ်မှာ Grade 12 ကို မြန်မာစာဂုဏ်ထူးနဲ့ အောင်မြင်ခဲ့ပြီး ရန်ကင်းပညာရေးဒီဂရီကောလိပ်သို့ တက်ရောက်ခွင့်ရရှိခဲ့ပါတယ်။
ခုအခါမှာတော့ မနဒီရွှေလွှာဟာ ၂၀၂၆ - ၂၇ ပညာသင်နှစ်တွင် တက္ကသိုလ်လူရည်ချွန်အဖြစ်ရွေးချယ်ခံရခြင်းဖြင့် ကျောင်းပြင်ပမူလတန်းပညာရေး NFPE သမိုင်းမှာ သမိုင်းဝင်တဲ့ ဂုဏ်ယူဖွယ်မှတ်တမ်းတစ်ခု တင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။
နေပြည်တော်မှာကျင်းပတဲ့ ၂၀၂၆ - ၂၇ ပညာသင်နှစ် လူရည်ချွန်များ သြဝါဒခံယူပွဲမှာ မနဒီရွှေလွှာကို ပညာရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးတို့က ဂုဏ်ပြုဆုချီးမြှင့်ခဲ့ကြပါတယ်။
မြန်မာနိုင်ငံစာတတ်မြောက်ရေးအထောက်အကူပြုပင်မဌာနကလည်း NFPE ရေခံမြေခံကောင်းမှာ ရှင်သန်လာသူ မနဒီရွှေလွှာအား ထပ်ဆင့်ဂုဏ်ပြုပွဲကို ခမ်းခမ်းနားနား ကျင်းပဂုဏ်ပြုသွားမည်ဖြစ်ကြောင်းလည်း သတင်းကောင်းပါးအပ်ပါတယ်။
14/04/2026
31/12/2025
31/12/2025
25/11/2025
04/11/2025
01/11/2025
06/10/2025
09/07/2025