🏫🤩တစ်ကျောင်းလုံး လွှမ်းခြုံတဲ့ ခေါင်းဆောင်မှုစနစ်”
📌“ခေါင်းဆောင်မှု(Leadership)ဆိုတာရာထူးတစ်ခုမဟုတ်ပါဘူး”📌
🌟ခေါင်းဆောင်မှုဆိုတာ လူတစ်ယောက်ချင်းစီရဲ့
တန်ဖိုးနဲ့ အရည်အချင်းတွေကို သူတို့ကိုယ်တိုင် ပြန်မြင်လာနိုင်အောင်🌟
🌟သူတို့ကိုယ်တိုင် ယုံကြည်လာအောင် အသုံးချနိုင်လာနိုင်တဲ့စိတ်ဓာတ်ခွန်အားဖြစ်စေဖို့အထိ ရှင်းရှင်းလင်းလင်း ဖော်ထုတ်ပြသပေးနိုင်ခြင်း ကသာခေါင်းဆောင်မှု(Leadership) ဖြစ်ပါတယ်”🌟
🎯Leadership is communicating people's worth and potential so clearly that they are inspired to see it in themselves”’ Dr Stephen R.Covey
Leader in me Process (Level-3) ကိုရောက်ရှိနေခဲ့ပြီးဖြစ်တဲ့ Myanmar Private High School (Mandalay)ရဲ့ဆရာတွေရဲ့စာသင်ခန်းလေးတွေထဲကနေတစ်ဆင့် အခုဆိုရင် ကျောင်းတစ်ခုလုံး အတိုင်းအတာအထိ ခေါင်းဆောင်မှုတွေ ကျယ်ပြန့်လာခဲ့ပါပြီ။ 🎉
💖ဒါကတော့ Leader in Me (Process Level 3) ရဲ့ ရလာဒ်နဲ့အလှတရား ပဲဖြစ်ပါတယ်။
✨ Leadership is a choice, not a position✨ Skills တွေကို3နှစ်တာသင်ကြားလေ့ကျင့်ပြီးတဲ့နောက်မှာကျောင်းသားတွေဟာ ကျောင်းတွင်း ပွဲလမ်းသဘင်တွေ၊ အခမ်းအနားတွေကို ဆရာမတွေရဲ့ နောက်ကွယ်ကနေပဲ ကူညီတာမဟုတ်ဘဲ မိမိတို့ကိုယ်တိုင် Anchor (အခမ်းအနားမှူး) လုပ်ခြင်း၊ ဧည့်ခံခြင်း၊ ပွဲစဉ်တစ်ခုလုံးကို စီစဉ်ခြင်းစတဲ့ "Student-Led Leadership" ကို အပြည့်အဝ ဖော်ဆောင်လာနိုင်ကြပါတယ်။💪
🏫ကျောင်းရဲ့ စနစ်တစ်ခုလုံး (Systems) နဲ့ ကျောင်းသားတွေရဲ့ စွမ်းရည်တွေ ပေါင်းစပ်သွားပြီး၊ ကျောင်းသူ/ကျောင်းသားတိုင်းဟာ တစ်ကျောင်းလုံးဆိုင်ရာ တာဝန် (School-wide Roles) တွေကို ယုံကြည်မှုအပြည့်နဲ့ ထမ်းဆောင်နေကြတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။
✨ Leadership is a choice, not a position✨
#လူကောင်းလူတော်များကိုမွေးထုတ်ပေးရာနေရာ
Leader in Me Myanmar - Social Emotional Learning
လူကောင်းလူတော်နှင့် ခေါင်းဆောင်ကောင်းများ မွေးထုတ်ပေးရာ နေရာ။
" 🌟 မီးပြတိုက် (Lighthouse) ဆိုတာ မိမိကိုယ်တိုင် လင်းထိန်နေရုံတင်မကဘဲ
အခြားသူတွေကိုပါ လမ်းပြပေးနိုင်တဲ့ သင်္ကေတပါ ⛯"
🏆 Thamardi Private High School သမာဓိကိုယ်ပိုင်အထက်တန်းကျောင်း(မိထ္ထီလာမြို့) ကတော့ Leader in Me Processရဲ့ Social Emotion Learning Skills များကိုပို့ချကျင့်သုံးခဲ့တာတစ်ကျောင်းလုံးကဆရာများ နဲ့တကွကျောင်းသားအားလုံးတူတူ(၄)နှစ်တာခရီးကိုဖြတ်သန်းခဲ့ကြပါပြီ၊ 💪🎉
🏆ဒီအဆင့်မှာကျောင်းသား၊ကျောင်းသူများရဲ့ Leadership Skills နဲ့ Mindset တွေဟာ ကျောင်းစည်းရိုးကို ကျော်လွန်ပြီး မိသားစုနဲ့ လူမှုပတ်ဝန်းကျင်အထိပါ သက်ရောက်လို့နေပါပြီ။
🥰ဒီ Video ထဲကကလေးတွေပြောနေတာကသူတို့ဘဝထဲအထိကျင့်သုံးပြီးရရှိလာတဲ့
Leading Self( မိမိကိုယ်မိမိဦးဆောင်နိုင်ခြင်း၊ထိန်းသိမ်းနိုင်ခြင်း)
Leading Others(အများနဲ့အတူဦးဆောင်နိုင်ခြင်း၊ Social Skills တွေကိုအသုံးချနိုင်ခြင်း) ဆိုတဲ့ကိုယ့်တွေ့အကျိုးတွေဆိုတာကိုဝမ်းမြောက်စရာကြားမြင်ရတယ်ဆိုတွေကလွယ်လွယ်လေးဖြစ်လာတာမဟုတ်ပါဘူး။
❌SEL Skills ဆိုတာ စာသင်ပေးသလိုသင်ပေးရုံနဲ့လဲမပြီးပါဘူး။
❌တခြား နည်းပညာရပ်ဆိုင်ရာ Coding Lesson, Robotic Lesson တွေလိုအပြင်ကသီးသန့်သင်တန်းဆရာကလာပြီးကလေးတွေနဲ့တွေ့၊သင်ခန်းစာသင်သလိုပဲ(45)မိနစ်တစ်ချိန်စာလာ ပြီး SEL Skills တွေကိုသင်ရုံသင်ပေးလို့မရပါဘူး။ထိလဲမထိရောက်ပါဘူး။နည်းပညာဆိုင်ရာဘာသာရပ်တွေကိုသင်တဲ့သဘောတရားနဲ့မတူပါဘူး။
❌ကျောင်းကဆရာတွေကိုယ်တိုင် ဒီလို SEL Skills တွေကိုနားမလည်မကျင့်သုံးပဲနဲ့လဲဒီလိုပတ်ဝန်းကျင်ကိုဖန်တီးမပေးနိုင်ပါဘူး။
✅တစ်ကျောင်းလုံးနဲ့ပတ်ဝန်းကျင်တစ်ခုလုံးဖြစ်တဲ့ ကျောင်းအုပ်ချုပ်သူ၊ ဆရာများ၊အတန်းစုံကကျောင်းသားများအားလုံးအတူတကွလေ့လာ၊သင်ကြား၊လေ့ကျင့်၊လက်တွေ့အသုံးချကျင့်သုံးနေမှသာ Culture တစ်ခုဖြစ်လာတာပါ၊ 👨👨👧👦🏫
🤩Sustainable Leadership အဆင့်ရောက်နေတဲ့ သမာဓိကိုယ်ပိုင်အထက်တန်းကျောင်း (မိထ္ထီလာမြို့) Leader in Me School Level (5) က ကလေးတွေဟာ မိမိတို့ရပ်ရွာ အကျိုးပြုလုပ်ငန်း (Service Learning Projects) တွေကို ကိုယ်တိုင်ဖော်ဆောင်ကြပြီး၊ မိဘတွေကလည်း အိမ်မှာ 7 Habits ကို အတူတူ ကျင့်သုံးလာကြပါတယ်။👨👨👧👦
🎯ဒါဟာ Leader in Me School တွေအရေးတယူပျိုးထောင်နေတဲ့ Culture ဆိုတာပါပဲ။ ကောင်းမွန်တဲ့အကျင့်စရိုက်နဲ့အလေ့အထကောင်းတွေကိုတည်ဆောက်တဲ့အခါတစ်ဦးတစ်
ယောက်ချင်းကျင့်သုံးရုံနဲ့ထိရောက်အောင်မြင်နိုင်မှာမဟုတ်ပါဘူး။ 🎯
Culture ကောင်းတွေနဲ့တည်ဆောက်ထားတဲ့ ကျောင်းဟာလည်း အခြားကျောင်းတွေအတွက် စံပြ (Model School) တစ်ခု ဖြစ်လာပြီး ရေရှည်တည်တံ့တဲ့ ခေါင်းဆောင်မှု အလေ့အထတွေ ကျောင်းသားတိုင်းရဲ့ သွေးသားထဲအထိ စွဲမြဲသွားတဲ့ အဆင့်ရောက်မှာဖြစ်ပါတယ်။
"Education is a Journey, Not a Race🎯
school Thamardi Private High School
ကောင်းတဲ့အရာတစ်ခုကိုတည်ဆောက်တဲ့အခါဖြစ်စေ
မကောင်းတဲ့အလေ့အကျင့်တစ်ခုခုကိုပျောက်အောင်ကြိုးစားကြတဲ့အခါဖြစ်စေ
✅စနစ်ကျတဲ့ပန်းတိုင်ထားရှိရပါတယ်၊( Goal)
✅ မိမိတို့ချမှတ်ထားတဲ့လမ်းစဉ်(Roadmap) စဉ်ဆက်မပြတ်လုပ်ဆောင်ရပါတယ်၊
✅ထိုက်သင့်တဲ့အချိန်အတိုင်းအတာပေးပြီးတိုင်းတာနိုင်ရပါတယ်။ (Touchstone)
အကယ်၍များ ခက်ခဲတဲ့ Issue တခုခု၊ Condition တခုခုကို ပြောင်းလဲပေးဖို့ကအရမ်းလွယ်ကူပါတယ်၊ Result တွေကလျင်မြန်ပါတယ်ဆိုရင်တော့သတိထားပါတခုခုတော့တခုခုပဲဆိုတာ🤔
Snow Queen Private High School (Pyi Oo Lwin) က
🤩ဒီနှစ်မှာ Leader in Me Level (5)အဆင့်ကိုရောက်ရှိနေတဲ့🏆 ကျောင်းတစ်ကျောင်းဖြစ်ပါတယ်။ Level (5) ကိုရောက်နေတဲ့ကျောင်းတွေမှာ Student တွေကပဲ
✅ကျောင်းတွင်းအရေးကိစ္စတွေ၊
✅အချင်းချင်းသင်ကြားမျှဝေမှုတွေ၊
✅ သဘာဝဘေး၊ လူမှုရေးရာ အတွက်လိုအပ်တဲ့နေရာတွေကိုပံ့ပိုးတဲ့Community အတွက်လုပ်မှုတွေကိုကျောင်းသားတွေကပဲဦးဆောင်စီစဉ်ပါတယ်။
👨🏫ဆရာတွေကသူတို့ရဲ့ပံ့ပိုးသူတွေရဲ့ Roles ကနေပဲနေပေးရတဲ့အထိကျောင်းတွင်းကျောင်းပြင် (School and Community) ကိစ္စတွေကိုထိရောက်စွာဦးဆောင်နိုင်သူတွေဖြစ်ဖို့အခွင့်အရေးတွေပေးထားပါတယ်။
📌ဒီလိုစနစ်တကျဦးဆောင်တက်ဖို့ကကျောင်းသားတွေကိုဒီတိုင်းပဲလုပ်ပိုင်ခွင့်အခွင့်အရေးတွေပေးထားရုံနဲ့ထိရောက်တဲ့ဦးဆောင်မှုတွေဖြစ်မလာပါဘူး🙅♀️။
❌ကောင်းမွန်စွာစနစ်တကျမသင်ကြားလေ့ကျင့်ပေးတဲ့အခါကောင်းမွန်တဲ့လုပ်ရပ်တွေ ဖြစ်မလာတဲ့အပြင်သူတလူငါတမင်း၊ မတူကွဲပြားလို့စိတ်ဆိုးခြင်းနဲ့အဆုံးသတ်ပြီးလိုရာခရီးမရောက်ဖြစ်ပြီးပြသာနာများနဲ့ပဲပြီးသွားတက်ကြများပါတယ်❌
🎯Leader in Me School တွေကကျောင်းသားတွေကတော့ နှစ်တိုင်းမှာ 7 Habits ရဲ့ SEL Skills တွေဖြစ်တဲ့ Leading Selfမိမိကိုယ်ကိုဦးဆောင်တက်ခြင်း Leading Others အများနဲ့အတူဦးဆောင်နိုင်ခြင်းစတဲ့သဘောတရားတွေကိုထိတွေ့သင်ကြားအသုံးချကြရင်းနဲ့မှကောင်းမွန်မျှတပြည့်စုံတဲ့ခေါင်းဆောင်မှုကိုလုပ်နိုင်တဲ့လူငယ်တွေဖြစ်လာတာပါ။
🥰ဒါကြောင့်ထိရာက်မှု၊ စိတ်ဓါတ်နဲ့ ရလာဒ်တို့ကကွာခြားပါတယ်။
💪ဒါက 5 နှစ်တာတည်ဆောက်ထားခဲ့တဲ့ School Culture Journey တစ်ခုပါ
🎯"Education is a Journey, Not a Race"🎯
"ပညာရေးအဆင့်အတန်း မြင့်မားရုံရုံနဲ့တင် ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုကို အပြည့်အဝ အာမခံနိုင်ပြီလား..."🤔
နိုင်ငံတကာအဆင့်မီ ကျောင်းကြီးတွေမှာတောင် ကျောင်းသားအချင်းချင်း မသိမသာ အနိုင်ကျင့်တာတွေ၊ ဆရာနဲ့ ကျောင်းသားကြား နားလည်မှုလွဲပြီး ပဋိပက္ခဖြစ်တာတွေက မိဘတွေကို စိုးရိမ်ပူပန်မှုတွေ တိုးပွားလာစေပါတယ်။😔
👉တကယ်တော့ ဒါတွေက ဘယ်သူ့အမှားလဲလို့ လက်ညှိုးထိုးနေရုံနဲ့ မပြီးပါဘူး။ အဓိကပြဿနာကတော့ ပတ်ဝန်းကျင်တစ်ခုလုံးကို ကောင်းမွန်စေမယ့် Mindset (အတွေးအခေါ်) နဲ့ Culture (ယဉ်ကျေးမှု) တစ်ခုကို ကလေးတွေရဲ့ ရင်ထဲအထိ အမြစ်တွယ်အောင် မပျိုးထောင်ပေးနိုင်သေးလို့ပဲ ဖြစ်ပါတယ်။
😔စိတ်ပိုင်းဆိုင်ရာ ထိခိုက်လွယ်တဲ့ ဒီနေ့ခေတ်ရေစီးကြောင်းမှာ အသက်အရွယ်မရွေး၊ အလွှာမရွေး လူတိုင်းဟာ ကိုယ်စီလိုအပ်ချက်တွေနဲ့ ရုန်းကန်နေကြရတာပါ။ လူငယ်ကလည်း လူငယ်အလျောက်၊ မိဘကလည်း မိဘအလျောက်၊ ဆရာကလည်း ဆရာ့အလိုက် ဖိအားတွေကို နေ့စဉ်ရင်ဆိုင်နေကြရပါတယ်။😞
🎯ဒါတွေကို ကျော်လွှားနိုင်ဖို့ဆိုရင် မိမိရဲ့စိတ်ကို ကိုယ်တိုင်ထိန်းသိမ်းနိုင်စွမ်းနဲ့ ကောင်းမွန်စွာ တုံ့ပြန်နိုင်စွမ်းကို လေ့ကျင့်သင်ကြားပေးတဲ့ Social Emotional Learning (SEL) ကို လက်တွေ့အသုံးချဖို့ လိုအပ်ပါတယ်။
ဒါပေမဲ့... ဒီလို SEL ကို တစ်ဦးတစ်ယောက်တည်း ကျင့်သုံးနေရုံနဲ့တော့ ရေရှည်အတွက် မလုံလောက်နိုင်ပါဘူး။
🎯ဒါကြောင့်မို့လို့ "Leader in Me - The Whole Process Improvement" ကို ကျင့်သုံးနေတဲ့ Leader in Me School တွေမှာဆိုရင်တော့ ဒီလိုကောင်းမွန်တဲ့ Mindset နဲ့ Behavior တွေကို အဖိုးတန်တန်ဖိုးတစ်ခုအနေနဲ့ အတူတူကျင့်သုံး၊ အတူတူလေ့ကျင့်ပြီး အားလုံးပါဝင်တဲ့ School Culture တစ်ခုအဖြစ် ဖန်တီးပုံဖော်ပေးနေကြတာ ဖြစ်ပါတယ်။
❓ဒီလိုကျောင်းပတ်ဝန်းကျင်တစ်ခုလုံး ပါဝင်လာဖို့နဲ့ ရေရှည်မှာ စဉ်ဆက်မပြတ် တည်တံ့နေဖို့ဆိုတာ ဘယ်တုန်းကမှ မလွယ်ကူခဲ့ပါဘူး။
📌ဒါကြောင့်မို့လို့ SEL သဘောတရားတွေရဲ့ တန်ဖိုး (Value) ကို ကျောင်းအုပ်ချုပ် တည်ထောင်သူတွေကိုယ်တိုင် အပြည့်အဝ နားလည်သဘောပေါက်ဖို့ ပထမဆုံး လိုအပ်ပါတယ်။
📌ကလေးတွေရဲ့ ဘဝထဲမှာ ကြီးပြင်းလာတဲ့အထိ လက်တွေ့အသုံးချသွားရမယ့် Life Skills, Leadership Skills နဲ့ Social Skills (SEL Skills) တွေကို အမှန်တကယ် ပေးလိုက်ချင်တဲ့ ပြင်းပြတဲ့ဆန္ဒလည်း ရှိဖို့လိုပါတယ်။
📌ဒါကို အကောင်အထည်ဖော်ဖို့အတွက် နှစ်စဉ်နှစ်တိုင်း စနစ်တကျနဲ့ ဦးစားပေး လုပ်ဆောင်ရမယ့် ရည်မှန်းချက်ကြီးတွေ (Big Rocks) ကို ချမှတ်လုပ်ဆောင်ရပါတယ်။
ဒီလိုလုပ်ဆောင်တဲ့အခါ တစ်နှစ်ထက်တစ်နှစ် တိုးတက်လာတဲ့ ရလဒ်ကောင်းတွေကို ဆရာ၊ မိဘနဲ့ ကျောင်းသားအားလုံးက မျက်ဝါးထင်ထင် မြင်တွေ့လာရပါတယ်။ အကျိုးရလဒ်ကို မြင်တွေ့ရတဲ့အတွက် မိမိတို့ရဲ့ အတွေးအခေါ်နဲ့ အပြုအမူတွေကိုပါ လိုက်လျောညီထွေ ပြောင်းလဲကျင့်သုံးလာကြတဲ့ (See-Do-Get) Circle အတိုင်း အောင်မြင်စွာ လည်ပတ်နိုင်ခဲ့ကြပါတယ်။
ဒါကြောင့်မို့လို့ ဒီလိုစနစ်ကောင်းကို တည်ဆောက်ထားတဲ့ ကျောင်းတွေဟာ ဘယ်လို Challenges မျိုးတွေပဲ ကြုံရပါစေ... Leader in Me Process ကို လက်ကိုင်ထားပြီး စိတ်ကျေနပ်မှုအပြည့်နဲ့ ရှေ့ဆက် ချီတက်နေကြပြီ ဖြစ်ပါတယ်။"
ကျောင်းတစ်ကျောင်း၏ ရေရှည်အောင်မြင်မှုသည် တစ်ဦးတစ်ယောက်တည်း၏ ကြိုးစားမှုကြောင့်မဟုတ်ဘဲ ဆရာ၊ မိဘ၊ ကျောင်းသားနှင့် အုပ်ချုပ်သူအားလုံး တစ်သားတည်းဖြစ်သော ကျောင်းတွင်းယဉ်ကျေးမှု (School Culture) အဖြစ် အတူတကွ ပုံဖော်ကျင့်သုံးခြင်းအပေါ်တွင်သာ မူတည်နေပါသည်။
🌟Education is a Journey, Not a Race🌟
🌏နိုင်ငံတကာ Leader in Me School များနဲ့တန်းတူ SEL Skills များကိုမြန်မာနိုင်ငံတဝှမ်းမှ Leader in me School များက တစ်ကျောင်းလုံးအတိုင်းအတာနဲ့ကျင့်သုံးသင်ကြားလေ့ကျင့်ပေးနေတဲ့အတွက်အထူးဂုဏ်ယူမိပါတယ်....🤩🥰 Leader in me School များရဲ့ တိုးတက်ပြောင်းလဲမှုရလာဒ် Journey ရဲ့ Video လေးတွေကိုလဲလေ့လာနိုင်ဖို့မျှဝေသွားပါဦးမယ် ........
Leader in Me schools are licensed by the Leader in Me Myanmar organization.
🏆Level 5 Schools
(PyinOoLwin)
(Meiktila)
(Mawlamyine)
🏆Level 4 Schools
-ISR(Yangon)
(Mandalay)
🏆Level 3 Schools
(Mandalay)
-PyinOoLwinInternationalSchool(PyinOoLwin)
🏆 Level 2 Schools
(Taung gyi)
(Taunggyi)
A.C.E PrivateHighSchool(Kyauk Pa Taung)
(NayPyiTawInternationalSchoolofAcumen)(NaypyiTaw)
#ပညာရွှေပြည်(ဦးမိုးဒီ)ကိုယ်ပိုင်အထက်တန်းကျောင်း (ထားဝယ်)
🏆Level 1 Schools
International School (Magway)
Yadanar Private School (Bago)
# ပညာရွှေပြည်(ဦးမိုးဒီ)ကိုယ်ပိုင်အထက်တန်းကျောင်း (Kawthoung)
21/05/2026
စင်္ကာပူရဲ့ မူလတန်းနဲ့ အလည်တန်းပညာရေး။
==============================
TIE (ချီနှောင်ခြင်း) လို့ခေါ်တဲ့ စင်္ကာပူရဲ့ အစိုးရပညာရေးစနစ်ထဲက အစိတ်အပိုင်း ၁ ခုကို ပြောပြချင်လို့ပါ။
TIE ဆိုတာ Trips for International Experience ရဲ့ အတိုခေါက်ပါ။ နာမည်ကြီးတဲ့ စင်္ကာပူပညာရေးစနစ်မှာ နိုင်ငံတကာအတွေ့အကြုံဆိုတာလေးလည်း ထည့်ထားပါတယ်။ To build global awareness and cultural literacy လို့ခေါ်တဲ့ ကမ္ဘာကြီးကို သတိထားမိအောင်နဲ့ မတူညီတဲ့ ယဉ်ကျေးမှုတွေကို နားလည်သဘောပေါက်အောင်ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ မူလတန်းနဲ့ အလယ်တန်း ကျောင်းသားတွေကို မဖြစ်မနေ နိုင်ငံခြား လေ့လာရေးခရီးတွေ ထည့်သွင်းပေးထားပါတယ်။
Primary 5 (၅ တန်း) မှာ နိုင်ငံတကာခရီး ၁ ခု စီစဉ်ပေးပါတယ်။ မိဘများ မပါရပါ။ ဆရာ/ဆရာမများက ဦးဆောင်ပြီး Vietnam, Indonesia, Malaysia စသောနိုင်ငံများကို ၅ ရက်ခရီးသွားစေပါတယ်။ ဒီခရီးမှာ ၅ တန်းမှာ သင်ကြားတဲ့ Social Studies (လူမှုရေး ဘာသာရပ်) က အကြောင်းတွေနဲ့ ချိတ်ဆက်ပေးပါတယ်။
နောက်ပြီး Secondary 2 or 3 (၈/၉ တန်း) မှာ နောက် ၁ ခါ နိုင်ငံခြားခရီး သွားစေပြန်ပါတယ်။ ဒီခရီးကတော့ ပိုပြီးလေ့လာသင်ယူမှုကို ဦးစားပေးပါတယ်။ တခြားနိုင်ငံက ကျောင်းတွေ၊ စက်ရုံလုပ်ငန်းတွေကို လေ့လာစေတာပါ။
ခရီးစသွားကတည်းက Reflection ရေးဖို့ Assignment တွေပေးထားတဲ့အတွက် အပျော်သီးသန့်မဟုတ်ဘဲ သင်ယူလေ့လာမှုကို ဦးစားပေးပါတယ်။ စင်ကာပူနိုင်ငံသားတွေအတွက် အစိုးရကကုန်ကျစရိတ် အများကြီးတာဝန်ယူပေးပြီး မိဘများက အနည်းငယ်သာ ပေးစရာလိုတာပါ။ နိုင်ငံခြားသား ကျောင်းသား/သူများကတော့ ကုန်ကျစရိတ်အကုန်ပေးရတာပေါ့။
နောက်ထပ် စိတ်ဝင်စားဖို့ကောင်းတာကတော့ Primary 6 (၆ တန်း) မှာ School Camp တွေစီစဉ်ပေးပါတယ်။ ဒါကတော့ နိုင်ငံခြားမှာမဟုတ်ဘဲ စင်္ကာပူနိုင်ငံတွင်းမှာ ဖြစ်ပါတယ်။ ကျောင်းသား/သူတွေကို သူတို့ပုံမှန် AirCon ခန်းတွေထဲကနေ Tent (တဲ) ထိုးတတ်အောင် အများနဲ့ စုပြီးအိပ်တတ်အောင် သင်ကြားပေးတာပါ။
သူ့အသက်အရွယ်နဲ့သူ ရှိသင့်တဲ့ အတွေ့ကြုံနဲ့ ရသင့်တဲ့ သင်ယူလေ့လာမှုတွေကို စနစ်တကျ စီစဉ်ထားတာကို တွေ့ရပါတယ်။
ဒါတွေဟာ ပညာသင်ခရီးမှာ အရေးကြီးတဲ့ Experiential Learning တွေပါ။ ကျနော်တို့ ပြောပြောနေတဲ့ Life Skills တွေကို အတွေ့အကြုံတွေနဲ့ လက်တွေ့သင်ကြားပေးတာပါ။ နောင်တစ်ချိန်မှာ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်ကလည်း ကလေးငယ်တွေကို ဒီလိုမျိုး ကမ္ဘာ့အမြင်ကျယ်စေပြီး လက်တွေ့နယ်ပယ်မှာ ထူးချွန်ထက်မြက်စေမယ့် အခွင့်အရေးကောင်းတွေ ဖန်တီးပေးနိုင်ပါစေလို့ မျှော်လင့်မိပါတယ်။
ဒီပုံလေးကတော့ ကျောင်း၁ကျောင်းက သူတို့ကျောင်းသားတွေခရီးမထွက်ခင် စင်္ကာပူလေဆိပ်မှာ ဓါတ်ပုံရိုက်နေတာတွေ့လို့ တင်ပေးလိုက်တာပါ။
18/05/2026
💖Welcome ဆရာမိုးဒီပညာရွှေပြည်ကိုယ်ပိုင်အထက်တန်းကျောင်း(ကော့သောင်းမြို့) 🎉@ဆရာမိုးဒီပညာရေးဝန်ဆောင်မှုကုမ္ပဏီလီမိတက်မှ Leader in Me (The Whole School Improvement Process ကိုယခုလာမဲ့စာသင်နှစ်မှာလက်တွဲဖို့အတွက်ကြိုဆိုလိုက်ပါတယ်။ 🤝 🥰
👉2025-2026 စာသင်နှစ်မှာတော့ "ဆရာမိုးဒီပညာရွှေပြည်ကိုယ်ပိုင်အထက်တန်းကျောင်း (ထားဝယ်မြို့)" မှာ Leader in Me Process (Level 1) ကိုစတင်ခဲ့တာဖြစ်ပြီး (အုပ်ချုပ်သူ၊ဆရာ၊ ကျောင်းသားနဲ့ ကျောင်းပတ်ဝန်းကျင်အတွက်)ကောင်းမွန်တဲ့ရလာဒ်များကိုရရှိလာပြီးနောက်အခုနှစ် မှာတော့ ကော့သောင်းကျောင်းမှာပါထည့်သွင်းသင်ကြားဖြစ်ခဲ့တာဖြစ်ပါတယ်။ 🤩
👦🏻ယနေ့ခေတ်လူငယ်ကျောင်းသားတွေဘဝတလျောက်လုံးအသုံးချနေရမဲ့၊
အထူးအလိုအပ်ဆုံးဖြစ်တဲ့ (Social Emotional Skills) SEL Skills များကို
တစ်နှစ်ပတ်လုံးသင်ကြားလေ့ကျင့်အသုံးချသွားကြမည့် Leader in Me - Whole School Improvement Program ကိုလက်တွဲဖေါ်ဆောင်သွားဖို့ စတင်လိုက်ပါပြီ။ 🤝💪
🎯Leader in Me Process (The Whole School Improvement Process) ဆိုတာကတော့ Leadership and Training Industry မှာကမ္ဘာ့အကောင်းဆုံး World Top 20 Global Leadership Training 🏆အဖွဲ့အစည်းအဖြစ် (14) နှစ်တိုင်အောင်ရရှိထားသော FranklinCovey US ရဲ့ မူပိုင် Education Process တစ်ခုပဲဖြစ်ပါတယ်။
🏆ပညာရေးမှာထိပ်တန်းရောက်နေကြတဲ့ Worldwide နိုင်ငံပေါင်း(၅၀)ကျော်နဲ့ကျောင်းပေါင်း(၈၀၀၀)ကျော်မှာ SEL and Leadership Skills များကိုအောင်မြင်စွာသင်ကြားမှုများလုပ်ဆောင်နေသောအဖွဲအစည်းတစ်ခုဖြစ်ပါတယ်။
📌ကလေးတစ်ဦးချင်းစီမှာရှိသင့်သော SEL Skillsရဲ့အစိတ်အပိုင်း(၅)ခုဖြစ်တဲ့
✅Self Awareness
မိမိစိတ်ခံစားချက်များကိုကောင်းစွာနားလည်လာခြင်း
✅Self Management
မိမိကိုယ်ကိုဦးဆောင်ထိမ်းသိမ်းလာနိုင်ခြင်း
✅Social Awareness
ပတ်ဝန်းကျင်အားနားလည်သိမြင်အကောင်းဆိုးခွဲခြားနိုင်ခြင်း
✅ Relationship Skills
အများကိုဦးဆောင်လာနိုင်ခြင်း၊ ပူးပေါင်းဆောင်ရွက်တက်လာခြင်းတို့ကြောင့်ကောင်းမွန်သော ပတ်ဝန်းကျင်တစ်ခုကိုတည်ဆောက်နိုင်ခြင်းနှင့် သင်ယူလေ့လာနိုင်စွမ်းများ တိုးတက်လာခြင်း။
✅ Responsible Decision Making
ကြုံတွေ့လာသမျှကိစ္စရပ်များကို ကောင်းမွန်မှန်ကန်သောဆုံးဖြတ်ချက်များချတက်လာခြင်းစသည့် SEL Skills and 21st Century Skills များကို ကမ္ဘာ့နိုင်ငံအသီးသီးမှ Leader in Me School များနှင့်တန်းတူဒီနှစ်မှာ စတင်သင်ကြားလေ့ကျင့်ခွင့်ရနိုင်မှာဖြစ်ပါတယ်။ 👨🏫🏫
ဆရာမိုးဒီပညာရွှေပြည်ကိုယ်ပိုင်အထက်တန်းကျောင်း(ကော့သောင်းမြို့)နှင့် အတူပူးပေါင်းကာ လူကောင်းလူတော်နှင့်ခေါင်းဆောင်ကောင်းများကိုမွေးထုတ်ပေးသွားဖို စိတ်အားထက်သန်စွာနဲ့ ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့်မိဘများအားဝမ်းမြောက်စွာကြိုဆိုလိုက်ပါတယ်။
Welcome
We're thrilled to announce our newest partnership with #ဆရာမိုးဒီပညာရွှေပြည်ကိုယ်ပိုင်အထက်တန်းကျောင်း(ကော့သောင်းမြို့).We're incredibly excited to begin this journey, creating new opportunities and fostering educational collaboration. Together, we'll embrace the power of partnership and innovation, working hand in hand to empower students and enrich our educational community. Here's to a bright future filled with shared success and endless possibilities!
FranklinCovey is recognized as one of the top 20 companies globally in the leadership training industry. Leader in Me is one of the educational processes by FranklinCovey US.
"Leader in Me is built on the belief that everyone has the potential to lead. It's a comprehensive K-12 framework that nurtures student leadership, builds a culture of trust, and boosts academic success. This proven approach equips students, educators, and families with essential leadership and life skills, preparing them to excel.
#လူကောင်းလူတော်နှင့်ခေါင်းဆောင်ကောင်းများကိုမွေးထုတ်ပေးရာနေရာ
12/05/2026
Welcome 🎉🥰
🤩Partnership with Pwint Yadanar Private High School (Bago)
ယနေ့ခေတ်လူငယ်ကျောင်းသားတွေဘဝတလျောက်လုံးအသုံးချနေရမဲ့၊
အထူးအလိုအပ်ဆုံးဖြစ်တဲ့ (Social Emotional Skills) SEL Skills များကို
တစ်နှစ်ပတ်လုံးသင်ကြားလေ့ကျင့်အသုံးချသွားကြမည့် Leader in Me - Whole School Improvement Program ကိုလက်တွဲဖေါ်ဆောင်သွားဖို့ စတင်လိုက်ပါပြီ။ 🥰
🎯Leader in Me Process (The Whole School Improvement Process) ဆိုတာကတော့ Leadership and Training Industry မှာကမ္ဘာ့အကောင်းဆုံး 🏆 World Top 20 Global Leadership Training အဖွဲ့အစည်းအဖြစ် (14) နှစ်တိုင်အောင်ရရှိထားသော FranklinCovey US ရဲ့ မူပိုင် Education Process တစ်ခုပဲဖြစ်ပါတယ်။🏆
🌏ပညာရေးမှာထိပ်တန်းရောက်နေကြတဲ့ Worldwide နိုင်ငံပေါင်း(၅၀)ကျော်နဲ့ကျောင်းပေါင်း(၈၀၀၀)ကျော်မှာ SEL and Leadership Skills များကိုအောင်မြင်စွာသင်ကြားမှုများလုပ်ဆောင်နေသောအဖွဲအစည်းတစ်ခုဖြစ်ပါတယ်။
🎯ကလေးတစ်ဦးချင်းစီမှာရှိသင့်သော SEL Skillsရဲ့အစိတ်အပိုင်း(၅)ခုဖြစ်တဲ့
✅Self Awareness
👉မိမိစိတ်ခံစားချက်များကိုကောင်းစွာနားလည်လာခြင်း
✅ Self Management
👉 မိမိကိုယ်ကိုဦးဆောင်ထိမ်းသိမ်းလာနိုင်ခြင်း
✅ Social Awareness
👉ပတ်ဝန်းကျင်အားနားလည်သိမြင်အကောင်းဆိုးခွဲခြားနိုင်ခြင်း
✅ Relationship Skills
👉အများကိုဦးဆောင်လာနိုင်ခြင်း၊ ပူးပေါင်းဆောင်ရွက်တက်လာခြင်းတို့ကြောင့်ကောင်းမွန်သော ပတ်ဝန်းကျင်တစ်ခုကိုတည်ဆောက်နိုင်ခြင်းနှင့် သင်ယူလေ့လာနိုင်စွမ်းများ တိုးတက်လာခြင်း။
✅ Responsible Decision Making
👉ကြုံတွေ့လာသမျှကိစ္စရပ်များကို ကောင်းမွန်မှန်ကန်သောဆုံးဖြတ်ချက်များချတက်လာခြင်းစသည့် SEL Skills and 21st Century Skills များကို Pwint Yadanar မှ ကျောင်းသားများအနေနဲ့ကမ္ဘာ့နိုင်ငံအသီးသီးမှ Leader in Me School များနှင့်တန်းတူဒီနှစ်မှာ စတင်သင်ကြားလေ့ကျင့်ခွင့်ရနိုင်မှာဖြစ်ပါတယ်။
Pwint Yadanar Private High School နှင့်အတူပူးပေါင်းကာ လူကောင်းလူတော်နှင့်ခေါင်းဆောင်ကောင်းများကိုမွေးထုတ်ပေးသွားဖို စိတ်အားထက်သန်စွာနဲ့ ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့်မိဘများအားဝမ်းမြောက်စွာကြိုဆိုလိုက်ပါတယ်။
Welcome 🎉
We're thrilled to announce our newest partnership with
Pwint Yadanar Private High School (Bago) 💖🤩
😍We're incredibly excited to begin this journey, creating new opportunities and fostering educational collaboration. Together, we'll embrace the power of partnership and innovation, working hand in hand to empower students and enrich our educational community. Here's to a bright future filled with shared success and endless possibilities!💪
FranklinCovey is recognized as one of the top 20 companies globally in the leadership training industry. Leader in Me is one of the educational processes by FranklinCovey US.
"Leader in Me is built on the belief that everyone has the potential to lead. It's a comprehensive K-12 framework that nurtures student leadership, builds a culture of trust, and boosts academic success. This proven approach equips students, educators, and families with essential leadership and life skills, preparing them to excel.
Pwint Yadanar Private High School
#လူကောင်းလူတော်နှင့်ခေါင်းဆောင်ကောင်းများကိုမွေးထုတ်ပေးရာနေရာ
11/05/2026
🎯Leader in Me ရဲ့The Whole School Improvement Process က
"ကောင်းတဲ့အမူအကျင့်နဲ့အတွေးအခေါ်တွေကို"
"တချို့တလေက၊ တခါတရံ လောက်သာပြုလုပ်တာမဟုတ်ပဲ"
"အများစုက အမြဲလိုလို ကျင့်သုံးပြုလုပ်ဖြစ်နေအောင် "
ကောင်းမွန်တဲ့ Character and Mindset တွေကို
ကျင့်သုံးနေထိုင်တဲ့ ပတ်ဝန်းကျင်ရဲ့Culture တစ်ခုဖြစ်လာတဲ့အထိ
တည်ဆောက်နိုင်အောင်ကြိုးစားပေးနေတဲ့
School Process တစ်ခုပဲဖြစ်ပါတယ်☺️
💚လွယ်သလားဆိုရင်တော့မလွယ်ကူပါဘူး။
ပတ်ဝန်းကျင်တစ်ခုလုံးပါဝင်ဖို့ဆိုရင်ရေရှည်ကြိုးစားရပါတယ်။💪
🏫ကျောင်းမှသည် ဆရာများ👨🏫 ဆရာများမှသည် ကျောင်းသားများ၊👦🏻
ထိုမှတဆင့်မိဘများနဲ့မိသားစုများ👨👨👧👦 နဲ့ Community တစ်ခုလုံးပါဝင်လာဖို့
📌အချိန်ယူရပါတယ်၊
📌System and Framework ရှိရပါတယ်၊
📌Training and Coaching တွေလုပ်ရပါတယ်၊
📌MRA တိုင်းတာရပါတယ်
ဒါကြောင့် ဒီ လိုမလွယ်ကူပေမဲ့ထိရောက်တဲ့ Process ကိုအားကြိုးမာန်တက်နဲ့Leader in Me Myanmar နဲ့အတူကြိုးစားပမ်းစားလျောက် လှမ်းနိုင်ခဲ့ကြတဲ့မြန်မာနိုင်ငံအနှံ့က Leader in Me School များအားလုံးကို လေးစားစွာဖြင့်ဂုဏ်ယူမိပါတယ်။🌸❤️💪
Leader in Me School တွေဆိုတာက ကျောင်းတစ်ခုဆိုတာထက်အများကြီးပိုတဲ့ ဘဝရဲ့Value တွေကိုပေးနေတဲ့"လူကောင်းလူတော်များကိုမွေးထုတ်ပေးရာနေရာများပဲဖြစ်ပါတော့တယ်"
#လူကောင်းလူတော်များကိုမွေးထုတ်ပေးရာနေရာ
အရင်အပတ်က Work Shop ၁ ခုမှာ ပြောလိုက်မိတာလေး။
ပတ်ဝန်းကျင်ကောင်းဖြစ်ဖို့ဆိုတာ တချို့တလေက တခါတရံ ကောင်းတာလေးတွေလုပ်တာမဟုတ်ပဲ၊ အများစုက အမြဲလိုလို ပြုလုပ်နေမှသာ ဖြစ်လာမှာပါ။
Contact the school
Telephone
Website
Opening Hours
| Monday | 09:00 - 20:00 |
| Tuesday | 09:00 - 20:00 |
| Wednesday | 09:00 - 20:00 |
| Thursday | 09:00 - 20:00 |
| Friday | 09:00 - 20:00 |