08/01/2026
Starter နဲ့ Flyer စာအုပ် ထုတ်ပေးဖြစ်တာလေး။
ပုံတွေလည်း မရိုက်ဖြစ်တာကြာပြီ။ အခုမှပဲ တင်ဖြစ်တော့တယ်။
Print စာအုပ်လေးတွေနဲ့ သင်ထောက်ကူကစားစရာလေးတွေဈေးနှုန်းသက်သက်သာသာနဲ့ လက်လီလက်ကားဝယ်ယူနိုင်ပါပြီရှင်။
08/01/2026
Starter နဲ့ Flyer စာအုပ် ထုတ်ပေးဖြစ်တာလေး။
ပုံတွေလည်း မရိုက်ဖြစ်တာကြာပြီ။ အခုမှပဲ တင်ဖြစ်တော့တယ်။
English for everyone စာအုပ်လေးတွေ ထုတ်ပေးထားတာလေး။
01/01/2026
2026 မနက်စောစော ကုသိုလ်ယူ။
ဆိုင်နားတဝိုက်က လူတွေအတွက်
ကြာဆံကြော်လေးလှူဖြစ်တယ်။
နှစ်စမှာ ကုသိုလ်ကောင်းမှုနဲ့အစပြုနိုင်ခဲ့ပြီမလို့ ကိုယ့်ဆီလာမယ့် အကောင်းဆုံးတွေကိုလညိး စောင့်ကြိုနေပါပြီ။
09/12/2025
ကလေးဝတ်လေးတွေ ရောင်းမယ့် ပေ့ချ်လေးမလို့
ချစ်စရာအဝတ်အထည်လေးတွေ ကြိုက်တယ်ဆို
အမြဲမပြတ် စောင့်ကြည့်ပေးလို့ရပါပြီရှင်။
29/10/2025
ကိုယ့်ကလေးကို ကိုယ်တိုင် ကျောင်း ကြိုပို့ဖို့
ကားမောင်းသင်ချင်တဲ့ မေမေတို့အတွက်ရော
ကားမောင်းသင်ဖို့ အသက်ပြည့်ပြီးတဲ့ မိန်းကလေးတွေအတွက်ရော စိတ်ချရတဲ့ အမောင်းသင်တဲ့သူနဲ့ မိတ်ဆက်ပေးပါမယ်ရှင်။
စိတ်ရှည်ပြီး သေသေချာချာ ဂရုတစိုက်သင်ပေးပါတယ်။
လိုင်စင်ကိစ္စတွေလည်း ဆက်သွယ်လို့ရပါတယ်ရှင့်။
အချက်အပြုတ်လည်း ကျွမ်းကျင်တာမလို့ ကလေးမွေးနေ့ပွဲ / အလှူ ဘာညာအတွက်လည်း ခေါက်ဆွဲကြော် ၊ကြာဆံကြော် ၊
ငံပြာရည်ကြော်၊ ကြက်သားပလာတာ တွေမှာလို့ရသလို
မနက်စာအတွက် သူ့ဆိုင်မှာ သွားထိုင်စားလို့လည်းရပါသေးတယ်ရှင့်။
လိပ်စာလေးက ကမာရွတ် နီလာလမ်းထဲမှာပါ။
ကားမောင်းသင်မယ်ဆို 📲 095123241 ကို တိုက်ရိုက်
ဆက်သွယ်လို့ရပါတယ်ရှင်။
20/10/2025
Aldo ရဲ့ စာကြည့်စားပွဲလေး ❤️
သူ့စားပွဲမှာ သူ့လက်ရာလေးတွေနဲ့ သူ့အကြိုက် အလှဆင်ထားတာလေးပြရင်းနဲ့
Art သင်ဖို့ကို ပုံမှန်အတိုင်း အတန်းချိန်လေးတခုလို သွားချင်တာမို့ ရွေးဖြစ်ခဲ့တဲ့ သင်တန်းအကြောင်းလေး ပြောပြချင်လို့ပါ။
ကိုယ်ရယ် Aldo ဖေဖေရယ်ရဲ့အတွေးက
သင်တန်းတခုခု တက်ရင် Summer မှာ အားနေတဲ့အချိန်တက်လိုက်
ကျောင်းဖွင့်ရင် အဆက်ပြတ်သွားလိုက် မဖြစ်စေချင်ဘူး။
သူ့ အချိန်လေးနဲ့သူ အမြဲမပြတ်လေးရှိစေချင်ခဲ့တဲ့ထဲမှာ art class လေးလည်းပါတယ်။
ဒီ class လေး စ join တော့ Aldo က Tr. Harry ကို သဘောကျတယ်။ဆရာက တခါတလေ အရွှန်းဖောက်တတ်သေးတော့ သူ့အတွက် သင်ရတာပျော်စရာကောင်းနေရော။
ဒီအတန်းလေးတက်ရတာ သူ့အတွက် ပေါ့ပေါ့ပါးပါး နဲ့ ပျော်စရာကောင်းဖို့ရည်ရွယ်တာမလို့ အဲ့ရည်ရွယ်ချက် ပြည့်တယ်ပဲ ပြောရမယ်ရှင်။
ဒီလိုခြယ် ဒီလိုလုပ်ဆိုတာထပ် ကလေးကိုယ်တိုင်
သူ့ စိတ်ကူးနဲ့သူ ရေးခြယ်ခိုင်းတာမျိုး။
ပုံဆွဲအရောင်ခြယ်တာတခုထဲမဟုတ်ဘဲ Art Class နဲ့ သက်ဆိုင်တဲ့ တခြား activity လေးတွေပါ တပတ်နဲ့တပတ်
မတူတဲ့ ပုံစံလေးတွေလုပ်ရတယ်။
သင်တန်းလေးက Studio-H ပါ။
https://www.facebook.com/share/p/1CYPvfcmfT/?mibextid=wwXIfr
အတန်းချိန်လေးတွေက လူ ပြည့်တာလည်း မြန်ပါတယ်။
တချိန်ကိုလည်း လူနည်းနည်းပဲ လက်ခံတာမလို့
စိတ်ဝင်စားရင် join လို့ရကြောင်းလေး လာပြောပြတာပါရှင်။။
16/10/2025
nosy crow က စာအုပ်လေးတွေ ရှာဝယ်ချင်လို့ ဘာလေးတွေရှိမလဲ လာမေးထားတာလေးအတွက်
ကိုယ် စုဆောင်းထားမိသမျှလေး ပုံရိုက်ပြပေးလိုက်ပါတယ်ရှင်။
အဓိက Audio လေးနဲ့ တွဲပြီး ဖတ်လို့ရတဲ့စာအုပ်လေးတွေဖြစ်တဲ့အပြင် ပုံပြင်ပြောပြတဲ့အသံလေးတွေကလည်း
နားထောင်ကောင်းတာမလို့ Aldo အတွက် ဝယ်စုပေးဖြစ်ခဲ့တာလေးတွေပါ။
တကယ်တော့ ကိုယ်လက်လှမ်းမီသလောက်
စုမိတာက နည်းနည်းပဲရှိပါသေးတယ်။
တခြားစာအုပ်လေးတွေလည်း အများကြီးရှိအုံးမှာမလို့
ကြိုက်တယ်ဆို တွေ့တာနဲ့သာ ဝယ်ထားလိုက်ပါလို့ အကြံပြုပါတယ်ရှင်။
နောက်ဆုံးပုံမှာ scan ပါတာလေး နမူနာပြပေးထားပါတယ်ရှင်။
comment မှာလည်း လင့်လေး ချပေးထားပါမယ်။
ပုံပြင်လေး နားထောင်ကြည့်လို့ရပါတယ်။
❌ ဒီစာအုပ်လေးတွေက ရောင်းဖို့မဟုတ်ပါဘူးရှင့်။ နမူနာပြပေးတာပါရှင်။ 💗
16/10/2025
Quiz Time !
What is the smallest country in the world ? 🌎
15/10/2025
OPEN VERY CAREFULLY A Book With Bite !
📖 ဒီစာအုပ်က တခြားပုံပြင်စာအုပ်တွေလိုပဲ
" Once upon a time " ဆိုပြီးပဲ စ ထားပါတယ်။
ပြီးတော့မှ ရုတ်တရတ် မိကျောင်း 🐊 တကောင် ဝုန်းခနဲထွက်လာပါလေရော 🫨 ။
📖 စာရွက်တွေ တရွက်ပြီးတရွက်လှန်ဖတ်နေချိန်
မိကျောင်းက ပုံပြင်ထဲက စာလုံးတွေကို စားလေရဲ့ ။
📖 မိကျောင်းစားလိုက်တော့ ပုံပြင်ထဲက စာလုံးတွေက ပျောက်ကုန်တာပေါ့။
📖 နောက်ဆုံးကျ ဒီမိကျောင်းက စာအုပ်အပြင်ကို ဘယ်လိုထွက်သွားမလဲ ဖတ်ရင်းနဲ့ သိလာရမယ့် စာအုပ်လေးပါရှင်။
▶️ Nosy Crow က စာအုပ်လေးတွေ တွေ့ရင် ဝယ်သာထားလိုက်နော် ။
အသက် ၃ နှစ်မှ ၇/၈ နှစ်ဝန်းကျင်လေးတွေအတွက် သင့်လျော်ပါတယ်ရှင်။
▶️ Nosy Crow က စာအုပ်လေးတွေက Audio ပါ တွဲပါပြီး scan ဖတ်ရုံနဲ့ ပုံပြင်လေးကို တန်းနားထောင်လို့ရပါတယ်။ အဖုံးမှာ တွဲပါပြီးသားမလို့ Scan ဖတ်ရတာလည်း လွယ်ပါတယ်။ စာအုပ်နဲ့Audio တွဲနားထောင်ရတာ စိတ်ဝင်စားဖို့ကောင်းတဲ့ စာအုပ်လေးတွေပါရှင်။
15/10/2025
ဒီဆေး လိုတဲ့သူရှိရင်ပေးချင်ပါတယ်။
ဒီတိုင်း ဒိတ်လွန်သွားမယ့်အစား လိုအပ်တဲ့သူ သုံးရတာက ပိုအဆင်ပြေပါတယ်။
၂ ဗူးစီရှိပါတယ်။
15/10/2025
Did you know ?
13/10/2025
The Selfish Crocodile 🐊
🐊 မိကျောင်းအကြီးကြီးတကောင်ရဲ့ တကိုယ်ကောင်းဆန်မှုက ဘယ်သူ့ကို ထိခိုက်မလဲ။
🐊 မြစ်ထဲမှာ သူတကောင်တည်းနေချင်တဲ့ မိကျောင်းကြီး၊
🐊 သူတကောင်ထဲကျန်ခဲ့တဲ့အချိန် ဘာတွေဖြစ်မလဲ။
ဒီစာအုပ်လေးရဲ့ အတွင်းစာမျက်နှာလေးတွေကို အမြည်းအနေနဲ့ ရိုက်ပြပေးလိုက်ပါတယ်ရှင်။