Htet Yie Consulting

Htet Yie Consulting

Share

Founder of BRAND YOU, providing Image Consulting and Organization Development Consulting services.

24/05/2026

Inspiration တစ်ခုတည်းက မလုံလောက်ဘူးဆိုပေမဲ့ Inspiration ရှိဖို့ကလည်း လိုအပ်တယ်။

မဟုတ်ရင် ကိုယ့်နေရာလေး၊ ကိုယ့်ဘောင်လေး၊ ကိုယ့် comfort zone လေးကနေ expand ဖြစ်ဖို့ကို လုပ်ရဲမှာမဟုတ်ဘူး။

ကိုယ့်လက်ရှိထက် ပိုမြင့်တဲ့နေရာတွေ သွားရဲအောင်၊ လုပ်ရဲအောင် Inspiration ရှိရမှာဖြစ်သလို တကယ်လုပ်နိုင်မလုပ်နိုင် reality check လုပ်ဖို့လည်း လိုသေးတယ်။

Inspiration လည်း ရှိတယ်၊ တကယ်လည်း လုပ်နိုင်မှာသေချာတယ်ဆိုရင်တော့ habits ဖြစ်လာအောင် တစိုက်မတ်မတ်လုပ်ရတော့မယ်။

ကျွန်မကတော့
Inspiration အတွက် စာဖတ်တယ်။ အသစ်တွေ learn လုပ်တယ်။
Reality check အတွက် Journal ရေးတယ်။
Habits အတွက် scheduling လုပ်တယ်။ တကယ်ပဲ လုပ်နေလား အမြဲ ပြန်သုံးသပ်တယ်။

မိတ်ဆွေရော ဘာတွေ လုပ်ဖြစ်လဲ။ ဘာလေးတွေ လုပ်ဖို့ လိုသေးလဲ။

ထက်ရည်
May 2026

23/05/2026

လုပ်ငန်းခွင်က Communication Issues လေးတွေ ဘယ်ကနေစတတ်သလဲ။

22/05/2026

ရယ်စရာလေး တွေးမိလို့ပါ။
Astrology စိတ်မဝင်စားရင် ကျော်ဖတ်ပေးပါနော်။

ကျွန်မက ဒီနေ့ မီတင်တွေကြား နည်းနည်းအားနေတာနဲ့ YouTube ကို ဒီတိုင်းဖွင့်ထားပြီး သီချင်းနားထောင်တာ။

သီချင်းတစ်ပုဒ်က ချစ်သူနဲ့ ရွာလေးတစ်ရွာမှာ အေးအေးဆေးဆေး အပင်လေးတွေစိုက်ပြီး နေမယ်၊ ခွေးလေးမွေးပြီး ပျော်ပျော်ရွှင်ရွှင်အေးအေးဆေးဆေးနေကြမယ်ပေါ့။

ကျွန်မစိတ်ထဲ သီချင်းစာသားလေးကို သဘောကျလိုက်တာ။ ရိုလိုက်တာပေါ့။
ဒါပေမဲ့ ငါနဲ့တော့မဖြစ်ဘူး မဖြစ်ပါဘူးဆိုပြီး ရုတ်တရက်ထအော်မိလို့ ရယ်ချင်သွားတာ။

ကျွန်မက Moon in Ta**us ပါ။ အဲဒီတော့ ကောင်းကောင်းနေ၊ ကောင်းကောင်းစားချင်တယ်။ အိမ်နေရင်းဖြစ်ပါစေ လှလှပပ ဝတ်ရတာကြိုက်တယ်။ ညဘက်မီတင်လုပ်ဖြစ်တဲ့ သူငယ်ချင်းတွေဆို မေးကြတယ်။ ဘာလို့ ညဘက်ကြီး အလှတွေပြင်ထားတာလဲပေါ့။

အမှန်တော့ ညဘက်တွေဆို အခန်းထဲ scented candle လေးနဲ့ သီချင်းတီးလုံးလေးတွေ နားထောင်တာမျိုး၊ ပြီးတော့ တအားအသန့်ကြိုက်ပြီး တချိန်လုံး အိမ်ရှင်းနေတာမျိုး၊ ဆံပင်ချည် တစ်ပင် ကြမ်းပေါ်ရှိနေရင်၊ ခြင်တစ်ကောင်ဝင်ရင်တောင် တအား စိတ်ဆိုးတဲ့သူမျိုးမို့ အစောကပြောတဲ့ lifestyle ဆိုရင် ငါ ဖုန်ဝင်တာ၊ ခြင်ကိုက်တာနဲ့ပဲ နေ့တိုင်းစိတ်တွေ ဆိုးနေရမှာဆိုပြီး။ ရုံးမှာဆို ကျွန်မရှိနေရင် ညီမလေးတွေက အမတော့ ဘာတွေ တွေ့မလဲဆိုပြီး လန့်နေကြတာ။ Dark side တွေ Dark side တွေ။

အဝတ်အစားဝယ်တဲ့အခါ ကိုယ်နဲ့ အဆင်ပြေပြီး သူနဲ့ကျ မလိုက်၊ သူနဲ့ပြေပြီး ကိုယ်နဲ့ မလိုက်တာမျိုး ဖြစ်ဖူးမယ်ထင်ပါတယ်။

ဒီလိုပါပဲ။ လူတစ်ယောက်ချင်းစီရဲ့ unique identity, အကြိုက်တွေ၊ အားနည်းချက်၊ အားသာချက်တွေ၊ ကိုယ့်ရဲ့ nervous system ကို ပြဿနာတက်စေတဲ့အရာတွေ၊ calm down ဖြစ်စေတဲ့အရာတွေက မတူကြပါဘူး။

အဲဒါတွေကို တစ်ခုချင်း သေချာသိသွားတဲ့အခါကျတော့ အော် .. ဒါက ငါ့ရဲ့ Virgo sun အလုပ်လုပ်နေတာပဲ။ ဒါက Ta**us moon အလုပ်လုပ်နေတာပဲ။ ဒါက Saturn က ဒီနေရာမှာ စည်းကမ်းရှိစေချင်တာပဲ၊ တစ်ခုခုကို ကြောက်တာ၊ မသေချာတာ စသဖြင့် အတွေးတွေ စိတ်ကူးတွေ ပေါ်လာရင်လည်း ဒါဘယ်ကလာတာ၊ ဘာကြောင့်ဖြစ်နေတာ၊ ဒါက short term လား long term လား၊ ငါသွားချင်တဲ့ strategic direction နဲ့ ကိုက်သလား ပြန် check ပြီးမှ အလုပ်လုပ်တဲ့အခါကျ အချိန်ကုန် ငွေကုန် energy ကုန်တာ တကယ်သက်သာပါတယ်။

ကိုယ် အေးချမ်းနေရင်လည်း လက်ခံနိုင်ပြီး ကိုယ်စိတ်တွေ လောင်နေရင် ပူနေရင် (too hot state) ငြိမ်လွန်းနေပြီး ဘာမှ မလုပ်ချင်မကိုင်ချင်ရင် (too cold state) တွေကို ကြိုသိနေ၊ သို့မဟုတ် ဖြစ်ဖြစ်ချင်း သိနေပြီး ပြန် ညှိနိုင်တဲ့ strategy တွေ ကြိုရှိနေတဲ့အခါ အတော်လေး နေရတာ အဆင်ပြေပါတယ်။

ဒါကြောင့် strategic astrology ကို ကိုယ့်ရဲ့ lifestyle and branding မှာ ဘယ်လို သုံးမယ်ဆိုတာကို ကိုယ်တိုင်လေ့လာ research တွေလုပ်ပြီး သင်တန်းဖွင့်ဖြစ်တာပါ။

အခုကတော့ form တော့ ပိတ်သွားပြီထင်တာပါပဲ။ The Cards Don’t Lie team က စီစဉ်တာပါ။ ကိုယ့်ကိုယ်ကိုယ် သိခြင်းရဲ့ ရှုထောင့်တွေမှာ ဒါကို tool တစ်ခုအနေနဲ့သုံးလို့ရတဲ့အကြောင်း၊ သုံးဖြစ်နေတဲ့အကြောင်း မျှဝေလိုက်ရပါတယ်။

ထက်ရည်
May 2026

21/05/2026

Personal Branding & Image creation မှာ behavior psychology ကို ဘယ်လိုသုံးမလဲ။

Branding ဆိုတာ လူတွေရဲ့စိတ်ထဲမှာ Perception အမြင်တစ်ခု တည်ဆောက်တာပါ။ မြန်မာလိုလွယ်လွယ်ပြောတော့ နာမည်ကောင်း တည်ဆောက်တယ်ပေါ့။

ဒီနေ့ခေတ်မှာ လူတွေက Product တစ်ခုကို မဝယ်ခင် သူတို့ ဘယ်လိုခံစားရလဲ Feeling နဲ့ စိတ်ခံစားမှုပေါ်မှာမူတည်ပြီး ပိုပြီး ဆုံးဖြတ်ကြပါတယ်။

Product တစ်ခု ဒါမှမဟုတ် လူတစ်ယောက်ကို မြင်လိုက်တာနဲ့
“ဒီ Brand ကို ယုံကြည်လို့ရမလား။"
“ဒီ လူက Professional ဖြစ်ရဲ့လား။"
“ဒီ Brand က High Value ဖြစ်လား။"
ဆိုတာကို လူတွေရဲ့ ဦးနှောက်က စက္ကန့်ပိုင်းအတွင်းမှာပဲ အလိုအလျောက် ဆုံးဖြတ်ချက် ချပြီးသား ဖြစ်နေပါပြီ။

ဒါကြောင့် အောင်မြင်တဲ့ Brands တွေကို ကြည့်ရင် Human Behavior (လူတွေရဲ့ အပြုအမူဆိုင်ရာ စိတ်ပညာ) ကို သေချာနားလည်ပြီး Behavioral Psychology ကို Branding မှာ သေသေချာချာ အသုံးချထားတာကို တွေ့ရပါလိမ့်မယ်။

ဥပမာ- Luxury Brands တွေကို ကြည့်ရင် များသောအားဖြင့် Minimal Design နဲ့ Calm Color Palette တွေကို ရွေးချယ်တတ်ကြပါတယ်။ ဝယ်သူဘက်က ယုံကြည်ချင်စရာကောင်းအောင် အဆင့်အတန်းတစ်ခုကို ဖော်ပြနိုင်အောင် ပုံဖော်တတ်ကြပါတယ်။

Design တစ်ခုက ရှုပ်ထွေးပွစာကြဲနေရင် မြင်ရသူကို စိတ်ရှုပ်ထွေးစေပြီး ယုံကြည်မှုကို ကျဆင်းစေပါတယ်။ ပြောင်းပြန်အနေနဲ့ ရိုးရှင်းတဲ့ဒီဇိုင်းတွေက တည်ငြိမ်တယ်၊ အဆင့်အတန်းရှိတယ်၊ သိမ်မွေ့တယ် ဆိုတဲ့ အဓိပ္ပါယ်သက်ရောက်စေပါတယ်။ ဒါကြောင့် Brand တစ်ခုဆိုတာ ဘာပစ္စည်းရောင်းလဲဆိုတာထက်၊ ဘယ်လို စိတ်ခံစားမှု ကို ဖန်တီးပေးနိုင်လဲ ဆိုတာက ပိုပြီး အရေးကြီးလာပါတယ်။

Branding မှာ သုံးတဲ့ Color, Typography, Layout, Photography Style, Tone of Voice အားလုံးက Psychological Signals တွေဖြစ်ပါတယ်။ အရောင်တစ်ခုကိုပဲ ကြည့်မယ်ဆိုရင် အစိမ်းရောင်တွေက အေးချမ်းတယ်လို့ ခံစားရစေပြီး၊ ခဲရောင်ဆိုရင် Professional ကျတယ်၊ ရင့်ကျက်တယ်ဆိုတာကို ဖော်ပြပါတယ်။ ရွှေရောင်ကို အသုံးပြုတယ်ဆိုရင် luxury ဖြစ်တယ်၊ အဖိုးတန်တယ်ဆိုတဲ့ signal ကိုပေးလေ့ရှိပါတယ်။

ဒါက Personal Branding မှာလည်း အတူတူပါပဲ။

Personal Brand ဆိုတာ Profile Photo ကောင်းကောင်းတစ်ခု ရှိနေရုံ၊ Followers များနေရုံတင် မဟုတ်ပါဘူး။

Personal Brand ဆိုတာ လူတွေ ကိုယ့်ကို မြင်လိုက်တာနဲ့ သူတို့ စိတ်ထဲမှာ အလိုအလျောက် ဖြစ်ပေါ်လာတဲ့ အမြင်တစ်ခုပါ။

ကိုယ့်ရဲ့ ရေးသားပုံ၊ စကားပြောဆိုပုံ, အသံနေအသံထား၊ ဝတ်စားဖြီးလိမ်းမှု၊ သန့်ရှင်းသပ်ရပ်မှု၊ အလုပ်လုပ်တဲ့ ပတ်ဝန်းကျင်နဲ့ ကိုယ်ပြသနေတဲ့ Energy အားလုံးက တစ်ဖက်လူရဲ့ Subconscious (မသိစိတ်) မှာသွားပြီး Branding Signals တွေ ဖြစ်နေတတ်ပါတယ်။

🔹 သပ်သပ်ရပ်ရပ်ဝတ်စားတတ်သူတွေကို လူတွေက စနစ်ကျပြီး စွမ်းဆောင်ရည်ရှိသူ လို့ မြင်တတ်ကြတယ်။ ဒါကြောင့် အရေးကြီးတဲ့ပွဲတွေမှာ formal သို့မဟုတ် semiformal အဝတ်အစားကို ဝတ်ဆင်

သင့်ပါတယ်။

🔹 တည်ငြိမ်တဲ့ အသံနေအသံထား ရှိသူကို စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုပေးနိုင်ပြီး ယုံကြည်စိတ်ချရသူ လို့ ခံစားမိတတ်တယ်။

🔹Visual Design တွေကို တသမတ်တည်း သုံးတတ်တဲ့သူကို လူတွေက ပိုပြီး ရေရှည်မှတ်မိလွယ်ကြပါတယ်။

ဒါကိုပြောလို့ Personal Branding လုပ်တော့မယ်ဆိုတိုင်း ဟန်ဆောင်ရမှာ မဟုတ်ပါဘူး။ ကိုယ့်အတွင်းထဲက စစ်မှန်တဲ့ Authentic Identity ကို Intentionally ရည်ရွယ်ချက်ရှိရှိ အသုံးချပြီး Psychological Communication နဲ့ စနစ်တကျ တည်ဆောက်ယူတာ ဖြစ်ပါတယ်။

ဒီလိုသာ ကောင်းကောင်းမွန်မွန် တည်ဆောက်ထားမယ်ဆိုရင် အချိန်တွေ ဘယ်လောက်ပဲ ကြာသွားပါစေ... ကိုယ့်ရဲ့ Presence ကြောင့် သူတို့ ဘယ်လို ခံစားချက်ရခဲ့လဲဆိုတာကို အကြာကြီး မှတ်မိနေစေမှာပဲ ဖြစ်ပါတယ်။

စာဖတ်နေတဲ့ မိတ်ဆွေက Image သို့မဟုတ် Brand ကို တည်ဆောက်ချင်တယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်စေချင်တဲ့ မေးခွန်းတွေက…

၁။ လူတွေ ကိုယ့်ရဲ့ Brand ကို မြင်တဲ့အချိန်မှာ ဘယ်လို Feeling (ခံစားချက်) မျိုး ရသွားစေချင်တာလဲ? အခု တကယ်ကော ရနေရဲ့လား။

၂။ ကိုယ့်ရဲ့ Visual Identity က ကိုယ် Communicate လုပ်ချင်တဲ့ Energy နဲ့ တကယ်ပဲ Align ဖြစ်နေရဲ့လား။

၃။ ဘာလေးတစ်ခု ပြောင်းလဲလိုက်ရင် ကိုယ်သွားချင်တဲ့ ပန်းတိုင်၊ ရချင်တဲ့ ရလဒ်၊ ပုံဖေါ်ချင်တဲ့ Brand Image နဲ့ ကိုက်ညီမှုရှိသွားမလဲ။

ထက်ရည်

May 2026

20/05/2026

Negative Communication in Workplace

​"သူက ငါပြောတာ နားမထောင်ဘူး..."
"သူ့ကိုမို့လို့ ငါ မပြောတာ..."

​လုပ်ငန်းခွင်မှာကြားနေရတတ်တဲ့ ဒီလို ပွတ်တိုက်မှုလေးတွေက အစပိုင်းမှာ သာမန် ပြဿနာအသေးအမွှားလေးတွေလို့ ထင်ရပါတယ်။

အချိန်ကြာလာတဲ့အခါ ​ Negative Communication တွေက အဖွဲ့အစည်းထဲမှာ ဌာနအချင်းချင်း၊ ဝန်ထမ်းအချင်းချင်းကြားမှာ အမြစ်တွယ်လာတဲ့အခါ ဦးဆောင်ရတဲ့ leader တစ်ယောက်အနေနဲ့

- မလိုအပ်တဲ့ ပြဿနာတွေကိုပဲ ရှင်းနေရတဲ့အခါ အချိန်ကုန်ပါတယ်။
- Team မှာရော၊ ကိုယ့်ရဲ့ Productivity ပါကျလာပါတယ်။
- ​အချိန်ယူတည်ဆောက်ထားတဲ့ ဖွဲ့စည်းပုံ structure တွေကိုလည်း ထိခိုက်လာနိုင်ပါတယ်။

▫️Communication ကောင်းကောင်းနဲ့ high performing team တစ်ခု တည်ဆောက်ချင်တဲ့ Business Owners တွေနဲ့ Executive Leaders တွေအတွက် ​Brand You Academy Website မှာ"Workplace Communication Mastery" အတန်းကို စီစဥ်ပေးထားပါတယ်။

သင်တန်းအသေးစိတ်ကို message ပို့ပြီး စုံစမ်းနိုင်ပါတယ်ရှင်။

Brand You Academy Team

19/05/2026

Common Mistakes in Listening

လုပ်ငန်းခွင်မှာ တစ်ဦးနဲ့တစ်ဦး ပြောဆိုဆက်ဆံတဲ့အခါ နားထောင်ခြင်းက အရေးကြီးတယ်လို့ သိကြပေမဲ့ တကယ်တမ်းကျ နားမထောင်ဖြစ်ကြတာများပါတယ်။

Dale Carnegie က နားထောင်ခြင်းမှာ မှားတတ်တဲ့အမှား ၇ ခုရှိပါတယ်လို့ ဆိုပါတယ်။

၁။ Rehearsing
ကိုယ့်အလှည့်ရောက်ရင် ဘာပြောမယ်ဆိုတာ စဉ်းစားနေတာ။

၂။ Evaluating (Pre-judging the speaker)
ပြောတဲ့သူ မပြောခင်တည်းက ကြိုပြီး ထင်မြင်သုံးသပ်ချက်တွေနဲ့ ဆုံးဖြတ်ထားတာ။ သူကတော့ ဒီလိုလူဖြစ်လို့ ဒါတွေပဲပြောမှာပါကွာ ဆိုတာမျိုး။

၃။ Playing Topper
သူများအတွေ့အကြုံကို ပြောပြနေချိိန် ကိုယ့်အတွေ့အကြုံကို အတင်းဖြတ်ပြောတာ။

၄။ Truth-telling
ရုတ်တရက်ကြည့်လိုက်ရင် အမှန်ပြောတာလို့ တွေးမိနိုင်ပေမဲ့ တကယ့်အဓိပ္ပာယ်က ကိုယ့်ရဲ့ ဥာဏ်ပညာကြွယ်ဝမှု၊ အသိပညာတွေကို အတင်းဝင်ပြောတာကို ဆိုလိုတာပါ တဲ့။

၅။ Fault-finding
သူများပြောတဲ့စကားထဲမှာ အပြစ်၊အမှား လိုက်ရှာနေတာ။

၆။ Placating
တကယ်စိတ်မဝင်စားဘဲ ထောက်ခံတာ။

၇။ Derailing
သူများပြောနေတဲ့ ခေါင်းစဉ်ကိုပြောင်းပစ်တာ။

နားထောင်ခြင်းမှာ မှားလေ့ရှိတဲ့ အမှားလေးတွေကို သတိထားနိုင်ဖို့ဖြစ်ပါတယ်။

လုပ်ငန်းခွင်က Professional Brand ကိုတည်ဆောက်ရာမှာ အရေးပါလှတဲ့ Communication Skills ကို တိုးတက်လိုသူတွေအတွက် 'Workplace Communication Mastery' အတန်းကို Brand You Academy Website မှာလေ့လာနိုင်ပါပြီ။

သင်တန်းအသေးစိတ်ကို page ကို message ပို့ပြီး စုံစမ်းနိုင်ပါတယ်ရှင်။

ကျေးဇူးတင်ပါတယ်။

18/05/2026

✨လုပ်ငန်းခွင်မှာ Communication ကောင်းချင်သူတွေအတွက်

Communication ကောင်းတဲ့လူတိုင်းက စကားပြောကောင်းမယ်လို့ ပြောလို့မရပါဘူး။

စကားပြောကောင်းတိုင်းလည်း Communication ကောင်းမယ်လို့ပြောလို့မရပါဘူး။

ကိုယ်ကစကားပြောတာထက်ကိုရေးသားခြင်းမှာပိုပြီးတော့အားသာနေတာလည်းဖြစ်နိုင်တယ်။

Short Message တွေမှာပိုပြီးအားသာနေတာလည်းဖြစ်နိုင်တယ်။

ကိုယ်နဲ့ personality တူတဲ့သူတွေနဲ့စကားပြောရတဲ့နေရာမှာအားသာတာလည်းဖြစ်နိုင်တယ်။

ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာတွေကိုပြောရတဲ့အချိန်မှာ Communication ကောင်းနေတာလည်းဖြစ်နိုင်ပါတယ်။

✨ ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ကြည့်ဖို့လိုပါတယ်။
- ကိုယ်က ဘယ်နေရာမှာ Communication ကောင်းပြီးသားလဲ။
- ဘယ်နေရာမှာတိုးတက်ဖို့ improve လုပ်ဖို့အတွက်လိုအပ်နေတာလဲ။

လုပ်ငန်းခွင်မှာ ကိုယ်က ဘယ်လိုအခြေအနေမျိုးမှာဖြစ်ဖြစ်၊ ဘယ်လိုလူမျိုးနဲ့ဖြစ်ဖြစ်၊ ဘယ်လို medium မျိုးကို သုံးသည်ဖြစ်စေ ကောင်းမွန်စွာ ဆက်သွယ်ပြောဆိုတတ်လိုသူတွေအတွက် "Workplace Communication Mastery" အတန်းလေးကို Brand You Academy Website မှာ လေ့လာနိုင်ပါပြီရှင်။

🎉 May လ 31 ရက်နေ့အထိ သင်တန်းအပ်သူတွေအတွက် အထူးအစီအစဥ်အနေနဲ့ လုပ်ငန်းခွင်က professional တစ်ယောက်အတွက် First Impression မြင်မြင်ချင်းလေးစားမှုကို တည်ဆောက်ရာမှာ အရေးပါလှတဲ့ “Personal & Workplace Grooming Course” ကိုပါ လေ့လာခွင့်ရရှိမှာပဲ ဖြစ်ပါတယ်။ တစ်တန်းတက်ရုံနဲ့ တစ်တန်းကိုလက်ဆောင်ရနိုင်မယ့် အထူးအစီအစဥ်လေးဖြစ်ပါတယ်။

သင်တန်းအကြောင်းအသေးစိတ်လေ့လာရန်-
https://brandyouacademy.com/course/workplace-communication-mastery-3/descriptions
https://brandyouacademy.com/course/personal-workplace-grooming-3/descriptions

စိတ်ဝင်စားတယ်ဆိုရင် အသေးစိတ်နဲ့ သိလိုတာတွေကို page ကို message ပို့ပြီး စုံစမ်းနိုင်ပါတယ်ရှင်။

Brand You Academy Team

17/05/2026

“KNOT Untying” to “Harmonious Living”

ဟိုတနေ့က လုပ်ဖြစ်ခဲ့တဲ့ webinar လေးမှာ ပြောဖြစ်ခဲ့ပါတယ်။ ကျွန်မရေးတဲ့စာတွေသည် လက်ရှိ ကျွန်မဖြစ်နေတဲ့ ရောက်နေတဲ့ life stage ပေါ်မှာမူတည်တယ်လို့။

ပုံနှစ်ပုံကိုကြည့်။ တစ်ဖက်က ကိုယ့်ရဲ့ အရှုပ်ထုတ်တွေ။ တစ်ဖက်က အရှုပ်တွေ ရှင်းသွားတဲ့အချိန် flow လေးရှိသွားတဲ့ ကိုယ့်ရဲ့ space။ အဲဒီမှာ ဘာတွေ ထည့်မှာလဲ။

လွန်ခဲ့တဲ့ သုံးလေးနှစ်မှာ ကိုယ်တိုင်ရဲ့ KNOTs တွေကို ဖြည်နိုင်၊ ရှင်းနိုင်ဖို့ အသည်းအသန်ကြိုးစားခဲ့ရတယ်။

စာအုပ်ထုတ်လိုက်ပြီးကတည်းက အဲ့ stage ကနေ next level ရောက်သွားသလိုပါပဲ။ တကယ် အတွင်းက လွတ်မြောက်ခြင်းဆိုတာကို ဘက်စုံ အတွေ့အကြုံအစုံကနေ ခံစားခဲ့ရတယ်။

ဒါဆို Next stage က ဘာလဲ။

အလိုလို ရလာတဲ့ အဖြေက … KNOTs တွေ ပြေသွားရင် အဲဒီနေရာမှာ Flow of Life ကို တည်ဆောက်ချင်တယ်။ Inner World & Outer World ကို Flow နဲ့ စီးဆင်းစေချင်တယ်။

ငါက ကြိုးစားခဲ့ရလို့..
ငါက ပင်ပန်းခဲ့ရလို့…
ငါက… ဆိုတဲ့ ego တွေကို ကျော်လွှားပြီး

ကိုယ့်စိတ်နဲ့ကိုယ် harmony ဖြစ်နေမယ်။
အပြင်နဲ့အတွင်း harmony ဖြစ်နေမယ်။
Intuition & Practical Strategy နှစ်ဖက်လုံး မျှတ harmony ဖြစ်နေမယ်။
အပြင်လောကရဲ့ လုပ်စရာရှိတာတွေကို အတွင်းစိတ်ရဲ့ တည်ငြိမ်မှုနဲ့ လုပ်ဆောင်ရင်း တိုးတက်နေမယ်။ ကျေနပ်နေမယ်။
အဲဒီ stage လေးကို ကြိုးစားတည်ဆောက်နေပါတယ်။

✨ မိတ်ဆွေတွေလည်း ကိုယ့်ရဲ့ KNOT တွေ ဖြည်ပြီးရင် … ပြေသွားတဲ့ ဆက်ထုံးတွေနေရာမှာ

Harmonious Living ရဲ့ အသက်သွေးကြောတွေဖြစ်တဲ့

H = Heart-centered living
A = Alignment
R = Refinement of your Image & Brand
M = Meaningful Actions
O = Ownership of life, career & business
N = Narrative
I = Impact to the World

ဆိုတဲ့ touch point လေးတွေကို တဖြည်းဖြည်းဖြည့်ရင်း နေ့တိုင်းမှာ တကယ့် Harmony ဖြစ်တဲ့ ဘဝနေထိုင်မှုကို တည်ဆောက်နိုင်ဖို့ရာ အားပေးချင်ပါတယ်။

Harmonious Living ရဲ့ guide booklet လေးကို free download ရနေပါပြီ။

BrandYouAcademy website သို့မဟုတ် app မှာ register လုပ်ပြီး ဖတ်ရှူနိုင်ပါတယ်။

(Comment မှာ link ပေးထားပါတယ်။)

ထက်ရည်
May 2026

15/05/2026

💖'Untying Your KNOTs' Program ​လေးကို Special Gift လက်ဆောင်ရ သွားသူတွေပါရှင်။ အစီအစဥ်လေးမှာ ပါဝင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

Registration အတွက် Page ကို ဆက်သွယ်ပေးပါနော်။ ကျေးဇူးတင်ပါတယ်။

15/05/2026

ဒီနေ့ည ၇ နာရီမှာ ပြုလုပ်မယ့် 'Harmonious Living Webinar' လေးပါ။ တက်ရောက်သူတွေက Harmoious Living စာအုပ်ငယ် Booklet လေးကိုပါ download ရယူနိုင်မှာပါရှင်။ အားလုံးနဲ့ တွေ့ပါမယ်နော်။

"Harmonious Living Webinar"

Holistic & Strategic Alignment for Women in Leadership

ကိုယ်က Self-awareness လည်းရှိနေပြီ။ ကိုယ့်ကိုယ်ကိုယ် နားလည်ပြီး၊ လက်ခံနိုင်တဲ့ လူတစ်ယောက် ဖြစ်နေပြီဆိုပါစို့။ မိတ်ဆွေ ဘာဆက်လုပ်မှာလဲ။

ကျွန်မတို့ဘဝမှာ ကိုယ့်ကိုယ်ကိုယ် မသိခြင်းတွေကြောင့် အမှားလုပ်မိတာတွေ၊ ကိုယ့်ကိုယ်ကိုယ် လက်မခံနိုင်တာ၊ ကိုယ်တိုင်နဲ့ သူများကို အပြစ်တင်တဲ့ cycle ထဲမှာ လည်နေတာတွေအတွက် အချိန်တော်တော်များများ ပေးခဲ့ကြပြီးပါပြီ။

ဘဝရဲ့ area တွေကို ပြန်ပြီး alignment လုပ်ချင်သူအတွက် 'Harmonious Living' ဆိုတဲ့ concept လေးကို တင်ဆက်လိုက်ရပါတယ်။

“Harmonious Living ဆိုတာဘာလဲ။”
✨အတွင်းနဲ့ အပြင် သဟဇာတဖြစ်တာကို ပြောတာပါ။
✨တစ်ဖက်လူနဲ့ကိုယ် သဟဇာတဖြစ်၊ သမမျှတစွာ နေထိုင်နိုင်ခြင်းကို ပြောတာပါ။
✨ကိုယ့်စိတ်နဲ့ ကိုယ့်ကိုယ် align ဖြစ်တာကို ပြောတာပါ။
✨Intuition နဲ့ Logic တွဲစပ်အလုပ်လုပ်ခြင်းပါ။
✨စိတ်ကူးယဥ်မဟုတ်ဘဲ ကိုယ့်ရဲ့ ဘဝနဲ့ ကိုက်ညီတဲ့ strategic alignment မျိုးကိုဆိုလိုတာပါ။

ဒီလို alignment ရဖို့ ဖြည်းဖြည်းချင်းတည်ဆောက်သွားနိုင်မယ့် HARMONI Model လေးကို webinar မှာမျှဝေပေးမှာမို့ စိတ်၀င်စားသူတွေက google form မှာ register ပြုလုပ်ပြီး Zoom Information ရယူနိုင်ပါတယ်။
https://forms.gle/hJjPBKFjgZQWjkbn9

ထက်ရည်
May 2026

~~~

✨Special Gifts

ဒီတစ်ခေါက်မှာ Webinar မှာ BYA Team ကနေ စီစဥ်တဲ့ Special Gifts အစီအစဥ်လေးလည်း ရှိပါတယ်။ တက်ရောက်သူတွေထဲက (3) ဦးကို မေလ 16 ရက်နေ့မှာ ဖွင့်မယ့် "Untying Your KNOTs Program" လေးကို လက်ဆောင်ပေးဖို့ စီစဥ်ထားပါတယ်။

💖အစီအစဥ်လေးမှာ ပါဝင်လိုတယ်ဆိုရင်
- ဒီ Webinar Post လေးကို လေးနဲ့ အတူ 'Untying Your KNOTs Program' လေးကိုဘာကြောင့်စိတ်ဝင်စားတယ်ဆိုတာလေးရေးပြီး Public post လေး share ထားပေးပါနော်။

- Webinar နေ့မှာ လက်ဆောင်လေးရတဲ့ (3) ဦးကိုရွေးချယ်ပြီး ကြော်ငြာပေးမှာပဲ ဖြစ်ပါတယ်။

ကျေးဇူးတင်ပါတယ်။
Brand You Academy Team

14/05/2026

"Untying Your KNOTs" Program လေးကို enroll လုပ်ကြတာကျေးဇူးတင်ပါတယ်ရှင်။ Program အတွက် 12 ပါတ်တာ အတူတူအသုံးပြုမယ့် workbook လေးပါ။

Design လှလှလေးနဲ့ reflection တွေ၊ exercises တွေအများကြီးကို ချရေးချင်လာအောင်၊ ချရေးပြီးတိုင်းလည်း ကိုယ့်ကိုယ်ကိုယ်ပိုသိလာပြီး ရှေ့ဆက်သွားနိုင်အောင် သေချာဖန်တီးပေးထားပါတယ်။

May 16 ရက်နေ့မှာ Batch 2 စပါမယ်ရှင်။

ထက်ရည်

Want your school to be the top-listed School/college?

Telephone

Website