26/12/2023
Useful expressions for IELTS General training letter♻️🤗
offer a variety of traditional and online classes
26/12/2023
Useful expressions for IELTS General training letter♻️🤗
21/02/2022
ဒီနေ့မှာတော့ Athena မှ IELTS Classes များကိုတာဝန်ယူသင်ကြားပေးနေသော Tr Thae Myat Noe က IELTS Writing မှာလိုအပ်တဲ့ essential tips လေးတွေကိုဝေမျှပေးသွားမှာဖြစ်ပါတယ်။Self-study လုပ်လိုသူများအတွက်လည်းအသုံးဝင်တဲ့ နည်းလမ်းလေးတွေဖြစ်တာကြောင့် လေ့လာကြည့်ကြရအောင်နော်🤗
👩🏫IELTS Writing သည် ပထမဆုံးအချက် Formal/Academic style နဲ့သွားရပါတယ်။Tr တစ်ဦးထဲအမြင်နဲ့ပြောရမယ်ဆိုရင် Writing အတွက်ကို Format ကိုအရင်သိအောင်လုပ်ပြီးတာနဲ့
1.Reading
2.Analyzing
3.Practising
4.Feedback ဆိုပြီး step by step နဲ့လေ့လာရင်ထိရောက်မှုအရှိဆုံးဖြစ်မှာပါ။
1.Reading
အလွယ်ပြောရရင် input ယူခိုင်းခြင်းဖြစ်ပါတယ်။ Writing သည် productive skill ဖြစ်တဲ့အတွက် ကိုယ့်မှာရှိနေတဲ့ information/idea တွေကို မေးခွန်းနဲ့ကိုက်အောင်ရေးပေးရတာပါ။ Idea မရှိရင်ဘယ်လိုမှရေးနိုင်မှာမဟုတ်ပါ။
2 Analyzing
Sample answer လေးတွေဖတ်ရင်းနဲ့ ရေးပုံရေးနည်း၊အသုံးအနှုန်းလေးတွေကို ကိုယ်တိုင် aware ဖြစ်လာအောင် Analyze လုပ်ရပါမယ်။
(မလိုဘူးလို့ထင်ရပေမယ့် တော်တော်လေးထိရောက်ပြီး Tr ရဲ့ one to one class တွေမှာမဖြစ်မနေလုပ်ရတဲ့ step လေးပါ)
3.Practising
ကိုယ်တိုင် Task 1 and Task 2 အလှည့်ကျရေးတဲ့အကျင့်လေးစလုပ်ဖို့လိုပါတယ်။ဒါမှ strengths and weakness လေးတွေကိုသိလာမှာဖြစ်ပါတယ်။Paper-based or Computer-based ကိုယ်ဖြေမယ့် test ပေါ်မူတည်ပြီးလေ့ကျင့်ဖို့လိုပါမယ်။Computer-based ဖြေမယ့်သူတွေကTyping ကြိုလေ့ကျင့်ထားဖို့လည်းအရေးကြီးပါတယ်။
4.Feedback
Writing က feedback ပြန်ပေးဖို့ မဖြစ်မနေလိုတဲ့ Skill ပါ။feedback ပေါ်မူတည်ပြီး နောက်ရေးတဲ့ task တွေမှာ ကိုယ်ကမှားတာတွေ လျော့လာအောင် ဆက်ပြီး practice လုပ်သွားရမှာပါ။
band တက်လာဖို့ကို အပေါ်က step လေးတွေကို အလှည့်ကျလုပ်ဖို့လိုပါတယ်။ရေးဘဲရေးနေတာမျိုး ဖတ်ဘဲဖတ်နေတာမျိုး Sample answer တွေကို Analyze ဘဲလုပ်နေပြီးကျန်တာမလုပ်တာမျိုးတွေ one way နဲ့ချည်းသွားနေရင် အဆင်မပြေနိုင်ပါ။
Recommended websites-ieltsliz.com/ieltspodcast.com
Good luck to all IELTS candidates🏆
Photo-Crd
12/12/2021
✴️G-1 drawing project ✴️
Last week, G-1students drew these pictures using different shapes they learned. They may be young, but they are capable. 😊
01/12/2021
Flyers for school funfairs💛💛
Students used Picsart, Pinterest, Google slides, and Canvas to make these. So amazing and brilliant. Check out their works😌
13/11/2021
❄️ Athena နဲ့ MccWundwin တို့ပေါင်းပြီး
December လအတွက် Computer Class နဲ့ English 4 Skills(Young Learners) Class လေးတွေထပ်ဖွင့်ဖို့ရှိပါတယ်🤩
Computer Class(Junior Kids)အတန်းမှာ တက်ရောက်ဖို့ သင်တန်းကြေးအခမဲ့ ကလေး (၂)ယောက်လဲ လက်ခံသွားဦးမှာပါ🤩
Giveawayမှာ ပါဝင်ချင်ရင် Postလေးကို Shareပြီး Comment ပေးပေးသွားနော်🤗💬
👦Basic Computer Classes for Kids🧑💻
Junior Kids အတန်းကို MCC ရဲ့ သင်ရိုးများအတိုင်း သင်ကြားပေးသွားမှာပါ💻
👩💻 အခြေခံကွန်ပျူတာမိတ်ဆက်၊ ကွန်ပျူတာနဲ့ဆက်စပ်ပစ္စည်းများအကြောင်း၊ Microsoft Office Wordနဲ့ PowerPoint တို့ကို အဓိက သင်ကြားပေးသွားမှာပါ
ပုံလေးတွေ Animation လေးတွေလဲအတူတူဆွဲရဦးမှာနော်🙋♀️
MCC ရုံးချုပ်မှအသိအမှတ်ပြု Certificate လည်း ပေးအပ်မှာဖြစ်ပါတယ်🤩
အချိန်(၂)လကြာမြင့်မှာဖြစ်ပြီး Presentation Skillများလည်း သင်ကြားပေးမှာဖြစ်ပါတယ် အခြေခံလုံးဝမရှိတဲ့ကလေးများ တက်ရောက်နိုင်ပါတယ်🖥️
👦Junior Kids
၆နှစ်မှ ၁၂နှစ်အထိ
Saturday - Sunday 10:00AM To 12:00AM
Fees: 20000 MMK (5000 Discount )
Starting Date: December 5
===================
English 4 Skills(Young Learners) Class📖
💥Cambridge University Press က ထုတ်ထားတဲ့ Super Minds Book Series ကို အဓိကထားသင်မှာဖြစ်ပါတယ်.....Grammar ပိုင်းကို Super Grammar book လေးနဲ့တွဲသင်မှာပါ📚
English 4 skills classes တွေက coursebook ပြီးဖို့အဓိကသင်မှာမဟုတ်ဘဲ တတ်မြောက်မှုကိုအဓိကထားမှာမို့ လိုရင်လိုသလိုတခြားစာအုပ်တွေကပါ ထည့်သွင်းသင်ကြားဦးမှာပါရှင့်
Beginner နဲ့ Elementaryဆိုပြီး (၂)တန်းရှိမှာဖြစ်ပြီး အသက် (၆)နှစ်ကနေ (၁၂)နှစ် ကလေးတွေကို သင်ကြားပေးသွားမှာဖြစ်ပါတယ်🤗
Four Skills Class က အသက်နဲ့မခွဲဘဲ Level နဲ့ ခွဲမှာမို့ အားလုံး Placement Test ဖြေပြီး ကိုယ်နဲ့ကိုက်ညီတဲ့အတန်းကိုတက်ရမှာပါ 📖
English Placement Test က Free မလို့ Level Test လေးတွေ အရင်စစ်ကြမယ်လေနော်😉
👧 Beginner Class 🧒
Saturday,Sunday - 1:00PM~2:30PM
👧 Elementary Class 🧒
Tuesday,Wednesday- 4:00 PM~5:30PM
Fees: 20000MMK per month
ကျောင်းသားဟောင်းတွေက 5000 MMK discount ရပါမယ်ရှင့်
24/10/2021
၁ လခွဲပဲသင်ရပေမယ့် လိမ္မာပြီးစကားနားထောင်တဲ့ကလေးတွေကိုလာကြွားတာ❤️
နောက်ဆုံးနေ့ဓာတ်ပုံလေးရိုက်ပါမယ်ဆိုမှ မီးပြတ်လို့ပျောက်သွားတဲ့သူတွေကရှိသေး...😂
20/10/2021
သီတင်းကျွတ်အခါသမယမှာ ကိုယ်စိတ်နှလုံးချမ်းမြေ့ပြီး အစစအရာရာအဆင်ပြေချောမွေ့ကြပါစေလို့ ကျွန်မတို့ Athena မှ ဆုတောင်းပေးလိုက်ပါတယ်😊
ဟိုး page အစတုန်းကလုပ်ခဲ့တဲ့ "Essential Maths Program" လေးကို မှတ်မိကြဦးမယ်ထင်ပါတယ်နော်
ဒီနေ့မှာလည်း Tr. May က short video လေးတစ်ခုထပ်လုပ်ပေးထားပါတယ်...real life maths problems လေးတွေကိုရှင်းပေးထားတာပါတဲ့... လူတွေသတိမမူမိပေမယ့် real life မှာလည်း maths ကိုအသုံးပြုနေကြတာကို ဒီ video လေးမှာတွေ့ရမှာပါ...
(Basic real life problems တွေ ဖြစ်တာမို့ O level ကိုဖြေဖို့စလေ့လာနေသူတွေနဲ့ အစိုးရကျောင်းဆိုအလယ်တန်းလောက်ကကျောင်းသားတွေကြည့်သင့်ပါတယ်ရှင့်)
ဒီရက်ပိုင်းမှာ Athena က teachers တွေ မအားလို့ knowledge sharing များများလုပ်မပေးနိုင်ပေမယ့် ခုထိအားပေးနေတဲ့သူတွေကိုလည်းကျေးဇူးတင်ပါတယ်ရှင့်😊
12/09/2021
At sea or In the sea❓
ဟိုနေ့ကအတန်းထဲကကျောင်းသားတစ်ယောက်မေးတာကို ပြန် share ပေးချင်လို့ပါ
✅At sea - away from land
သူကတော့ ပင်လယ်ထဲတစ်နေရာရောက်နေတာကိုပဲပြောတာ...သင်္ဘောလိုက်သွားလား..ငါးဖမ်းသွားလား...ဒီလိုမျိုးတွေ
Pi Patel was lost at sea for 227 days.
The fishing boats were out at sea.
✅In the sea - actually inside water
ငါးတွေလိုပေါ့... ရေထဲမှာနေတာ
လူဆို swimming, diving လုပ်နေတာလည်းဖြစ်နိုင်တယ်
The dolphins are swimming in the sea.
My parents never allowed me to swim in the sea.
✅At sea ကို idiom အနေနဲ့လည်း အသုံးပြုတတ်ပါသေးတယ်
confusing situation အတွက်ပါ...အကြောင်းအရာတစ်ခုခုကို နားမလည်တာတို့ ဇဝေဇဝါဖြစ်နေတာတို့ဆိုသုံးလို့ရပါတယ်
I was completely at sea with computers.
When the teacher asked him a question about organic chemistry, he was at sea.
နားလည်တာတင်မဟုတ်ဘဲ သုံးတတ်လာအောင် ကိုယ့်ဟာကိုယ် sentence လေးတွေဖွဲ့ကြည့်ကြပါနော်..cmt မှာ ment သွားရင်လည်း Tr. တွေက မှန်မမှန်စစ်ပေးပါလိမ့်မယ်
06/09/2021
✳️Highest Common Factor (HCF) ✳️
အကြီးဆုံးဘုံဆခွဲကိန်း
HCF ရှာတဲ့နည်းအမျိုးမျိုးရှိပေမယ့် ဒီပို့စ်မှာတော့
Tr.သဘောအကျဆုံး "Using Prime Factors to find HCF" ကိုရှင်းပြသွားမှာပါ...
ဒီနည်းနဲ့တွက်မယ်ဆိုရင်
1. ကိန်းတစ်ခုစီကို Factor Tree or Division နဲ့ Prime factors အရင်ရှာ
2. ပြီးမှ ဘုံတူနေတဲ့ prime factors တွေရှာ(ထပ်ညွှန်းနဲ့ရေးမယ်ဆို ထပ်ညွှန်းအငယ်ဆုံးပေါ့)
3. သူတို့ရဲ့မြှောက်လဒ်က HCF ပဲ
သားသားမီးမီးတို့ကရော HCF ကို ဘယ်နည်းနဲ့ရှာကြလဲ...cmt လေးမှာ quiz အဖြေလေးနဲ့တူတူရေးသွားကြနော် 😊😊
03/09/2021
Have a good day to you all🤗
ဒီနေ့မှာတော့ Athena ရဲ့ Essential English Program မှာ "I have a lot on my plate" ဆိုတဲ့ idiomatic expression လေးကိုမိတ်ဆက်ပေးလိုက်ပါတယ်နော်✌
💥ပုံလေးမှာမြင်ရတဲ့အတိုင်း အလုပ်တွေပုံနေပြီ များနေပြီ ဆိုတာမျိုးပြောချင်ရင် "I am busy" အစား ဒါလေးသုံးပေးလို့ရပါတယ်နော်။
Example:
This project will need to be postponed as I have a lot on my plate.
🦋Comment မှာ practice အနေနဲ့ example လေးတွေရေးကြည့်ရအောင်နော်
See you all🤗
ခက်ခဲနေကြတဲ့ ဒီကာလမှာ ဆရာမတို့ Athena နဲ့ MCC Wundwin တို့ ပေါင်းပြီး ပညာဒါနအတန်းလေးတစ်တန်းသင်ပေးချင်ပါတယ်💪
အခြေခံကွန်ပျူတာနဲ့ English အတန်းလေးကတော့ တစ်လခွဲကြာမြင့်မှာဖြစ်ပြီး ရှေ့လအတွက် ဖွင့်လှစ်သွားမှာပါ 🤩
အသက် ၁၀နှစ်မှ ၁၃နှစ်အထိကလေးများကို သင်ကြားပေးမှာဖြစ်ပြီး သင်တန်းကြေး လုံးဝလုံးဝမပေးရဘူးနော် 🤔
👦👧သားသားမီးမီးတို့ ကျောင်းတွေပိတ်ထားတုန်း ကွန်ပျူတာနဲ့ English (4 Skills) ကိုအခြေခံကစပြီး Zoom Application နဲ့ သင်ကြားပေးမှာပါ ❤️
🗣️English စကား ပြောရမှာ၊ စာရေးရမှာကြောက်တဲ့ သားသားမီးမီးတွေ ယုံကြည်မှုရှိရှိနဲ့ပြောရဲ၊ ရေးရဲ လာအောင် Basic Grammar နဲ့ သိသင့်တဲ့ Vocabulary တွေကို သင်ကြားပေးသွားမှာ ဖြစ်ပါတယ်✍️
Activities တွေ Games တွေထည့်ပြီးသင်မှာမလို့ ပျော်စရာလဲကောင်း စာလည်းရဆိုတာမျိုးဖြစ်မှာပါ🥰
👩💻 ကွန်ပျူတာအတန်းလေးအနေနဲ့ကတော့ အခြေခံကွန်ပျူတာမိတ်ဆက်၊ ကွန်ပျူတာနဲ့ဆက်စပ်ပစ္စည်းများအကြောင်း၊ Microsoft Office Wordနဲ့ PowerPoint တို့ကိုသင်ကြားပေးသွားမှာပါ
ပုံလေးတွေလဲအတူတူဆွဲရဦးမှာနော်🙋♀️
Duration - 6 weeks
English - Tue, Wed - 4:00-5:30 PM
Computer 💻- Sat, Sun 12:00-1:30 PM
တက်ရောက်လိုသူများအနေနဲ့ Pageကို Like And Shareလေးလုပ်ပြီးရင် Screenshot လေးပြပေးနော် လူဦးရေ ကန့်သတ်ထားလို့ Page Messenger (သို့မဟုတ်) ဖုန်းနံပါတ် 09401538386ကိုဆက်သွယ်ပြီး မြန်မြန်စာရင်းပေးနိုင်ပါတယ် 📞
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |
| Sunday | 09:00 - 17:00 |