lifestyleက အဆီကျတဲ့lifestyleဖစ်နေမယ်ဆို
တကူးတက Dietလုပ်နေစရာမလိုဘူး
ကျန်းမာသွက်လက်တဲ့lifestyleဆိုတာ
အဆီကျတဲ့ lifestyleပဲ
အဲ့ဒါကြောင့် Burn O' Clock ရဲ့ဆောင်ပုဒ်က
Healthy lifestyle is Fatloss lifestyle !
#နေရင်းထိုင်ရင်းဝိတ်တွေကျ
Burn O' Clock
၀ိတ်ကျစေတဲ့Lifestyleရှိနေရင်အဆီပိုဘယ်မှ?
16/08/2021
ခံတွင်းပျက်ပြီး နလန်ထကာစ လူနာ ကို ကြက်စွပ်ပြုတ် လိုမျိုးမကျွေးပဲ ကြက်ပင်စမ်းလိုမျိုး လုပ်ကျွေးကြည့်ပါ
ကယ်လိုရီ - ၂၅၀
၁။ ဒယ်အိုးအပူပေးပြီး ဆီထည့်ပါ။
၂။ ဆီပူလာရင် ကြက်သွန်ဖြူ တစ်ပြားရိုက် ဂျင်းအမျှင်အချောင်းလေးတွေထည့်ပါ ။
၃။ ဂျင်၊ ကြက်သွန်ဖြူအနံ့မွှေးလာတာနဲ့ ကြက်သားစဉ်းကောထည့်ပြီး မြန်မြန်မွှေပေးပါ။ ( လုံးသွားတတ်လို့ပါ )
၄။ ပဲငံပြာရည်အကျဲ၊ ဆား ထည့်ပါ။
၅။ ရေအနည်းငယ်ထည့်ပြီး ကြက်သားအနှံ့ကျက်အောင် အဖုံးအုပ်ပါ။
၆။ ရေခန်းခါနီးမှာ အဖုံးဖွင့်ပြီး ပင်စိမ်းညှပ်ထားပြီး ငရုတ်သီးအတောင့် ဓါးပြားရိုက်နှင့် ငရုတ်ကောင်းဖြူးကာ မီးဖိုမှ ချပြီး ဆလတ်ရွက်နှင့်ထုတ်စား၍ ရပါပြီ။
ပါဝင်ပစ္စည်းများ
ကြက်စဉ်းကော 120g
ဆီ လက်ဖက်ဇွန်း - ၂ ဇွန်း
ကြက်သွန်ဖြူ ၃မွှာ
ဂျင်းအနည်းငယ်
ပဲငံပြာရည်အကျဲ 10ml
ဆား
ငရုတ်ကောင်းမှုန့်
ပင်စိမ်း ၃ခက်
ငရုတ်အတောင့်အနည်းငယ် (optional)
လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်
Photo credit from google
10/08/2021
Break Your Limits!
🔥🔥🔥