PHS Library

PHS Library

Share

ဗဟုသုတတွေမျှဝေမယ်

Photos from PHS Library's post 09/04/2022

တွဲဖက်မစားသင့်သောအစာများ
Admin -2
Credit Photo

Photos from PHS Library's post 08/04/2022

Bone Cancer (အရိုးကင်ဆာ)

အရိုးကင်ဆာဟာ ခန္ဓာကိုယ်ထဲကဘယ်အရိုးမှာမဆိုဖြစ်နိုင်ပေမယ့် တင်ပဆုံရိုး၊ လက်မောင်းရိုး၊ ပေါင်ရိုး ခြေထောက်ရိုးလိုမျိုး
အရိုးရှည်တွေမှာ အတွေ့ရများပါတယ်။ အရိုးကင်ဆာဟာရှားပါးကင်ဆာတစ်မျိုးဖြစ်ပြီးတော့ ကမ္ဘာပေါ်မှာတွေ့ရတဲ့ကင်ဆာတွေရဲ့ ၁ ရာခိုင်နှုန်းပဲရှိတယ်လ
ို့ဆိုပါတယ်။

အရိုးကင်ဆာလို့ဆိုတဲ့နေရာမှာ အရိုးမှာပဲစတင်ဖြစ်ပွားတဲ့ကင်ဆာတွေကိုရည်ညွှန်းပါတယ်။ ခန္ဓာကိုယ်ရဲ့ တခြားနေရာမှာကင်ဆာဖြစ်ပြီးတော့ အရိုးကိုကင်ဆာဆဲလ်ရောက်သွားတယ်ဆိုရင် အရိုးကင်ဆာဖြစ်တယ် လို့မပြောဘဲ အရိုးကိုရောဂါပျံ့သွားပြီလို့ပဲပြောကြပါတယ်။

အရိုးကင်ဆာအများစုဟာအရွယ်ရောက်ပြီးသူတွေမှာအတွေ့ရများပေမယ့် တချို့ကိုတော့ကလေးတွေမှာတွေ့ရ တတ်ပါတယ်။

ဖြစ်ရတဲ့အကြောင်းရင်း
အရိုးကင်ဆာအများစုအတွက်တော့ ဘာ‌ကြောင့်ဖြစ်ရတယ်ဆိုတာလေ့လာတွေ့ရှိထားခြင်းမရှိသေးပါဘူး။ ရာခိုင်နှုန်းအနည်းငယ်ကတော့ မျိုးရိုးလိုက်လို့ဖြစ်ရတယ်လို့ယူဆထားပြီး တချို့အရိုးကင်ဆာတွေဟာလည်း ဓါတ်ရောင်ခြည် ထိတွေ့မှုများတာကြောင့်ဖြစ်ရတယ်လို့ယူဆထားပါတယ်။

အမျိုးအစား

အဓိက (၃) မျိုးရှိပါတယ်။
Osteosarcoma - အတွေ့ရအများဆုံး အရိုးကင်ဆာဖြစ်ပါတယ်။ ကလေးငယ်တွေနဲ့ လူငယ်တွေမှာအဖြစ်များပါတယ်။ ခြေထောက်၊ လက်စတဲ့နေရာတွေမှာဖြစ်တတ်ပါတယ်။ အရိုးဖြစ်မယ့်ဆဲလ်တွေကနေ အစပြုတဲ့ကင်ဆာဖြစ်ပါတယ်။ ကီမိုပေးပြီး ခွဲစိတ်တဲ့နည်းကတော့ အသုံးအများဆုံးကုသနည်းဖြစ်ပြီးတော့ တခါတရံမှာ ဓါတ်ရောင်ခြည်ပြဖို့လည်း လိုအပ်ကောင်းလိုအပ်နိုင်ပါတယ်။

Chondrosarcoma - ဒုတိယအတွေ့ရအများဆုံးအရိုးကင်ဆာဖြစ်ပါတယ်။ အရိုးနုဖြစ်မယ့်ဆဲလ်တွေကနေအစပြုတဲ့ကင်ဆာဖြစ်ပါတယ်။ တင်ပဆုံရိုး၊ တင်ပါးရိုး၊ ပခုံးရိုးစတဲ့နေရာတွေမှာ အဖြစ်များပါတယ်။ တချို့ Chondrosarcoma တွေဟာပွားနှုန်းနှေးတဲ့အတွက် အပြီးခွဲထုတ်ပစ်လိုက်လို့ရတတ်လို့ တခြားနေရာတွေကိုပျံ့နှံ့နှုန်း နည်းတယ်လို့ဆိုထားပါတယ်။ ဒီအရိုးကင်ဆာအမျိုးအစားအတွက်တော့ ခွဲစိတ်ကုသတာဟာအကောင်းဆုံးနည်းလမ်းဖြစ်ပြီးတော့ ကီမိုပေးတာ၊ ဓါတ်ရောက်ခြည်ပြတာတွေဟာ အသုံး မဝင်လှဘူးလို့တွေ့ရှိထားပါတယ်။

Ewing sarcoma - ရှားပါးအရိုးကင်ဆာအမျိုးအစားဖြစ်ပြီးတော့ အရိုးနားမှာရှိတဲ့တစ်ရှူးတွေမှာဖြစ်တတ်တဲ့ကင်ဆာပါ။ ‌ခြေထောက်နဲ့ တင်ပဆုံရိုးတွေမှာအဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်တတ်ပေမယ့်ကလေးနဲ့ လူငယ်တွေမှာအတွေ့ရများပါတယ်။ အခုနောက်ပိုင်း နည်းစနစ်တွေတိုးတက်လာတဲ့အတွက် ဒီကင်ဆာအမျိုးအစားရဲ့ ကုသမှုရလဒ်တွေဟာလည်းပိုကောင်းလာပြီဖြစ်တယ်လို့ဆိုထားပါတယ်။

ရောဂါလက္ခဏာ

အတွေ့ရများတဲ့လက္ခဏာတွေကတော့
- အရိုးနာတာ (အပေါ်ယံနာကျင်တာမျိုးမဟုတ်ဘဲ တဆစ်ဆစ်နာတာ)
- ဖြစ်တဲ့နေရာမှာ အလုံးအဖုဖြစ်တာ၊ နာကျင်တာ
- အရိုးအားနည်းလာပြီး အရိုးကျိုးတာ (နည်းနည်းထိခိုက်မိတာနဲ့ကျိုးတာမျိုး၊ ဘာအကြောင်းမှမရှိဘဲ ကျိုးတာမျိုး)
- မောပန်းလွယ်တာ
- ကိုယ်အလေးချိန်လျော့လာတာ

အရိုးနာတာဟာ ပေါ်လိုက်ပျောက်လိုက်နာတာမျိုး၊ ညဘက်တွေမှာပိုဆိုးတာမျိုး၊ အကိုက်အခဲပျောက်ဆေး သောက်တာတောင် မသက်သာတာမျိုးဆိုရင် နီးစပ်ရာဆရာဝန်နဲ့တိုင်ပင်ပြီး စစ်ဆေးကြည့်သင့်ပါတယ်။

ရောဂါအဆင့်

ကင်ဆာမှာအရေးကြီးတာက ရောဂါအမျိုးအစားနဲ့ရောဂါအဆင့်ပါ။ ဒါတွေကိုသိမှလည်းကုသမှုကို အစောဆုံးစတင်နိုင်မှာဖြစ်ပါတယ်။ အရိုးကင်ဆာကိုအဆင့်သတ်မှတ်တဲ့နေရာမှာ
- ကင်ဆာအဖုအကျိတ်ရဲ့အရွယ်အစား
- ဘယ်လောက်မြန်မြန်ကြီးထွားပျံ့ပွားသလဲ
- အရိုးဘယ်နှစ်ချောင်းထိခိုက်နေသလဲ
- တခြားအစိတ်အပိုင်းတွေကိုပျံ့နေပြီလား ဆိုတဲ့အချက်တွေကိုကြည့်ကြပါတယ်။

အရိုးကင်ဆာကို အဆင့် သုညကနေ အဆင့် ၄ အထိ ခွဲခြားထားကြပါတယ်။ အလွယ်ပြောရရင်တော့ အဆင့်အနိမ့်ဆုံးဟာ ကင်ဆာအကျိတ်အရွယ်ငယ်ပြီးတော့ ပြင်းထန်မှုအားနည်းတဲ့ကင်ဆာအမျိုးအစားဖြစ် ပြီးတော့ အဆင့် ၄ ဆိုရင်တော့ ခန္ဓာကိုယ်ရဲ့တခြားအစိတ်အပိုင်းတွေကိုရောက်နေပြီလို့ဆိုလိုပါတယ်။

ရောဂါရှာဖွေစစ်ဆေးမှု

bone scan, CT, MRI, PET scan, X-ray စတဲ့နည်းတွေထဲက တစ်မျိုးမျိုး၊ ဒါမှမဟုတ် တစ်မျိုးထက်ပိုတဲ့နည်းတွေ ကိုအသုံးပြုပြီး ရောဂါဖြစ်ပွားတဲ့နေရာ၊ အရွယ်အစား၊ ခန္ဓာကိုယ်ရဲ့တခြားအစိတ်အပိုင်းတွေကိုပျံ့နှံ့ခြင်းရှိမရှိ စတာတွေကို စစ်ဆေးကြည့်နိုင်ပါတယ်။

နောက်တစ်နည်းက biopsy (အသားစ) ယူစစ်ဆေးတာပါ။ အသားစယူစစ်ဆေးမယ်ဆိုရင် ကင်ဆာဟုတ်မဟုတ်၊ ဟုတ်ခဲ့ရင် အမျိုးအစား၊ မြန်မြန်ပွားတဲ့အမျိုးအစားလား၊ နှေးနှေးဖြစ်တဲ့အမျိုးအစားလားစတာတွေကို သိနိုင်ပါတယ်။

ကုသမှု

ခွဲစိတ်ဖြတ်တောက်တဲ့နည်းလမ်းဟာ အသုံးအများဆုံးဖြစ်တဲ့ကုသမှုဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကီမိုဆေးသွင်းတာ၊ ဓါတ်ရောင်ခြည်ပြတာတွေကိုလည်းသုံးတတ်ကြပါတယ်။ ကုထုံးရွေးချယ်မှုကတော့ အရိုးကင်ဆာအမျိုးအစားနဲ့အဆင့်ပေါ် အများကြီးမူတည်နေပါတယ်။

ခွဲစိတ်ခြင်း - ခွဲစိတ်တဲ့အခါ အဓိကအားဖြင့် ကင်ဆာအကျိတ်ကိုပဲအဓိကဖယ်ရှားနိုင်ဖို့ကြိုးစားကြရပါတယ်။ ဖြစ်နိုင်ရင် ဖယ်ရှားလိုက်တဲ့ နေရာမှာတခြားအရိုးအစိတ်အပိုင်းနဲ့အစားထိုးပေးတတ်ပါတယ်။ ဒါပေမယ့်လည်း အရမ်းကြီးလွန်းတဲ့အကျိတ်၊ ဒါမှမဟုတ် ဖယ်ရှားဖို့ခက်ခဲတဲ့အရိုး အစိတ်အပိုင်းတွေဆိုရင်တော့ တစိတ်တပိုင်း ဒါမှမဟုတ် တစ်ခုလုံးကိုဖြတ်တောက်ပစ်ရတဲ့ နည်းကိုအသုံးပြုကြရပါတယ်။ ခေတ်မီတဲ့နိုင်ငံတွေမှာတော့ တခြားကုသနည်းတွေစမ်းသပ် တီထွင်လာတဲ့အတွက် ဖြတ်တောက်ကုသတဲ့နည်းကို အသုံးပြုတာဟာ တဖြည်းဖြည်းလျော့နည်းလာပြီဖြစ်ပါတယ်။

ကီမိုဆေးသွင်းခြင်း - ကီမိုဆေးသွင်းတဲ့နည်းကတော့ chondrosarcoma မှာထိရောက်မှုမရှိပေမယ့် တခြားအမျိုးအစားနှစ်မျိုး အတွက်တော့ အရေးကြီးတဲ့ကုထုံးတစ်ခုဖြစ်ပါတယ်။

ဓါတ်ရောင်ခြည်ကုထုံး (အများအခေါ် ဓါတ်ကင်တာ) - ခွဲစိတ်မှုမလုပ်ခင်မှာ ကင်ဆာအကျိတ်ကိုသေးငယ်စေဖို့အတွက် အများအားဖြင့်သုံးလေ့ရှိပါတယ်။ ခွဲစိတ်အပြီးမှာလည်း ကျန်ရှိနေနိုင်သေးတဲ့ကင်ဆာဆဲလ်တွေကို ချေမှုန်းပစ်ဖို့ ဓါတ်ရောင်ခြည်ပြတဲ့နည်းကို သုံးကောင်းသုံးနိုင်ပါတယ်။ ခွဲစိတ်လို့မရတော့တဲ့အခြေအနေမျိုးဆိုရင်လည်း ဓါတ်‌ရောင်ခြည်ပြတဲ့နည်းလမ်းကိုအသုံးပြုနိုင်ပါတယ်။ နာကျင်ခြင်းအစရှိတဲ့ရောဂါလက္ခဏာတွေကို သက်သာစေဖို့ပဲဖြစ်ပါတယ်။

ကိုးကား - Mayo Clinic အင်တာနက်စာမျက်နှာမှ အရိုးကင်ဆာအကြောင်းကိုဆီလျော်အောင်ဘာသာပြန်ပါသည်
# ကျန်းမာရေးစေတမန်

မူရင်းပိုစ်အားဖတ်ရှု့ရန်
https://www.facebook.com/100052817831629/posts/497093802061210/

Admin -2

06/04/2022

သတိပြုရမည့်အပူဒဏ်အန္တရာယ်
Admin - 1
Photo credit

Photos from PHS Library's post 28/03/2022

ကျန်းမာရေးဝန်ကြီးဌာန ၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကွဲမှုဦးစီးဌာနမှထုတ်ပြန်သော စာသုံးရန်မသင့်သော အသားလုံး ၊အသားချောင်းများ။
Admin -2
# MOH ( FDA Myanmar )

Photos from PHS Library's post 27/03/2022

Vitamin D အကြောင်း
Admin 1
ဘန်ကောက်ကျန်းမာရေးစင်တာ

23/03/2022

သတိပြုကာကွယ် မိုးကြိုးအန္တရာယ်
Admin - 2

Photos from PHS Library's post 23/03/2022

Admin -1
# ဘန်ကောက်ကျန်းမာရေးစင်တာ

23/03/2022

သတိပြုရမည့်အပူဒဏ်အန္တရာယ်
Admin - 1
# MOH

Photos from PHS Library's post 18/02/2022

[Eng below]
ကိုဗစ် ၁၉ ကပ်ရောဂါက ကျွန်မတို့အားလုံးရဲ့ ကျန်းမာရေး၊ မိသားစုဝင်တွေရဲ့ ကျန်းမာရေး၊ ကလေးငယ်တွေရဲ့ ပညာရေး၊ အိမ်ရဲ့ စီးပွားရေးအခြေအနေတွေကို တစ်နည်းမဟုတ်တစ်နည်းနဲ့ ဆိုးကျိုးသက်ရောက်မှုတွေ ဖြစ်စေခဲ့တာ အခုဆိုရင် နှစ်နှစ်ကျော် ကြာခဲ့ပါပြီ။

သိပ္ပံပညာရှင်တွေ၊ ကမ္ဘာ့အရပ်ရပ်က ခေါင်းဆောင်တွေက ဒီကပ်ရောဂါဆိုးကြီးကို အဆုံးသတ်နိုင်ဖို့ နည်းလမ်းတွေကိုလည်း တောက်လျှောက်ရှာဖွေနေပါတယ်။ အဲ့ဒီတစ်ချိန်တည်းမှာပဲ ဒီရောဂါကူးစက်မှုတွေကနေ ကာကွယ်နိုင်ဖို့ ကိုယ်တတ်နိုင်တဲ့ဘက်က ဆက်လက်ပါဝင်လုပ်ဆောင်နေဖို့လည်း လိုအပ်ပါတယ်။ အခုလက်ရှိ ပြည်သူတွေကြားထဲ ကူးစက်မြန်ဖြစ်ပွားနေတဲ့ အိုမီခရွန်ဆိုတဲ့ ကိုဗစ်ဗိုင်းရပ်စ် မျိုးစိတ်သစ်အကြောင်း၊ ကိုဗစ် ၁၉ ကာကွယ်ဆေးတွေက ရောဂါကူးစက်မှုတွေကနေ အထိရောက်ဆုံးကာကွယ်နိုင်ပြီး အသက်တွေကယ်တင်ပေးနိုင်တဲ့အကြောင်း လေ့လာရင်း ကျွန်မတို့အားလုံး ဆက်လက်အားတင်းကြိုးစားနေထိုင်သွားကြရအောင်။

ကိုယ့်ရဲ့ ရင်းနှီးချစ်ခင်ရတဲ့ မိတ်ဆွေအပေါင်းအသင်းတွေ၊ အထူးသဖြင့် အင်တာနက်ချိတ်ဆက်မှုနဲ့ သတင်းအချက်အလက်ရရှိဖို့ အကန့်အသတ်တွေ ရှိနေတဲ့ ဝေးလံတဲ့ဒေသတွေကသူတွေအတွက် ဒီကျန်းမာရေး သတင်းစကားတွေကို ပြန်လည်မျှဝေပေးဖို့လဲ တိုက်တွန်းပါရစေနော်။


……
It’s been more than two years since COVID-19 has muddled our lives – affecting family wellbeing, health, children’s education, household economics, in one way or another. Scientists and world leaders are seeking ways to end this pandemic. Meanwhile, we need to do what we can to prevent the spreading. Stay strong and learn more about the recent Omicron variant and vaccines as effective ways to save more lives.

Don’t forget to share your knowledge with friends, especially in remote areas with limited access to the internet and information!



Asset to health fund
WHO myanmar

Photos from PHS Library's post 14/02/2022

Covid - 19 ဓါတ်ခွဲအတည်ပြုလူနာများနှင့်မိသားစုဝင်များအနေဖြင့်နေအိမ်တွင်သီးသန့်ခွဲခြားနေထိုင်ခြင်း (Home lsolation ) ဆောင်ရွက်ရာတွင်တိကျစွာလိုက်နာရမည့်အချက်များ
# MOH
Admin -1

14/02/2022

Covid -19 ရောဂါ ဓါတ်ခွဲစစ်ဆေးမှုနှင့်ဓါတ်ခွဲအတည်ပြုလူနာများအားလွှဲပြောင်းကုသမှုလုပ်ငန်းစဥ်
# MOH
Admin - 1

Want your school to be the top-listed School/college?

Telephone

Website

Opening Hours

Monday 07:30 - 21:00
Tuesday 07:30 - 21:00
Wednesday 07:30 - 21:00
Thursday 07:30 - 21:00
Friday 07:30 - 21:00
Saturday 07:30 - 21:00
Sunday 07:30 - 21:00