Genzō Japanese Language Class - 源蔵日本語教室

Genzō Japanese Language Class - 源蔵日本語教室

Share

源蔵日本語教室 - Genzō Japanese Language Class Free Classes

22/08/2025

🇯🇵 2026 April Intake အတွက် 25.8.2025 နောက်ဆုံးထားပီး စာရင်းသွင်းလျှောက်ထားနိုင်ပါတယ်ရှင့် 🇯🇵

🏓 လိုအပ်ချက်များ...........
👉 N5 Passed/ N4 Level ( JLPT/Nat-Test)
👉 Passport ( PV/PE )
👉 10 တန်းအောင်လက်မှတ်
👉 အသက် ၁၈ နှစ်မှ ၃၀ နှစ်အတွင်း

☝️ဒီလိုအချက်အလက်တွေနဲ့ ပြည့်စုံနေသူများအနေဖြင့် Japan နိုင်ငံရဲ့ လျှောက်ထားနိုင်သောကျောင်းများကို အသေးစိတ်ဆွေးနွေးခြင်းဖြင့်သိရှိနိုင်ပါတယ်ရှင့်။ တစ်ပတ်အတွင်း Interview ရှိပါမယ်ရှင့်။

🏓 Interview ဖြေဆိုတဲ့အခါ လွယ်ကူစွာဖြေဆိုနိုင်ရန်အတွက် Training Class ကိုလဲ Free သင်ပေးသွားမှာဖြစ်ပါတယ်ရှင့်။

🔰 ခန့်မှန်းကုန်ကျစရိတ် - သိန်း ၃၅၀ ဝန်းကျင်ပါရှင့်

အသေးစိတ်၊ စပွန်ဆာနှင့် လိုအပ်သော စာရွက်စာတမ်းများအတွက် ရုံးသို့ လူကိုယ်တိုင် လာရောက်၍ဖြစ်စေ၊ ဖုန်းဖြင့် ဖြစ်စေ လာရောက်မေးမြန်းစုံစမ်းနိုင်ပါတယ်ရှင့်🥰

🏫ဆက်သွယ်ရန် လိပ်စာလေးကတော့ 10/106 ၊ ဒညင်းကုန်းရပ်ကွက်၊ အင်းစိန်၊ ရန်ကုန်

☎️ 09969888985 သို့ ဆက်သွယ်စုံစမ်းလို့ရပါတယ်ရှင့်



22/08/2025

April Intake ကျောင်းလျှောက်ချင်သူများအတွက် သတင်းကောင်း 🎉

🏫Chiba School 1
ASJ 国際学園

သတ်မှတ်ချက်တွေကတော့

✅ N4passed

✅ N5 အောင်ထားပါကဂျပန်မလာ
ခင် N4 လက်မှတ်ယူနိုင်သူ

✅အသက် ၁၈ အသက် 24နှစ်ထိ

✅ အထက်တန်းအောင်မြင်ထားသူ

✅ LS 2နှစ်ပြီးရင် College
ဆက်လက်တက်ရောက်မယ့်သူ

✅ ကျောင်းလခတနှစ်စာ ¥760,000

✅ အဆောင်ခ ၆လစာ ¥190,000

✅ ကုန်ကျစရိတ်စုစုပေါင်း သိန်း 370ဝန်းကျင် (လက်ရှိယန်းပေါက်စျေး)

✅ ဂျပန်ဘက်က တာဝန်ခံက ရန်ကုန်ကျောင်းမှာ လူကိုယ်တိုင်လာရောက် အင်တာဗျုးမှာပါရှင်။ အင်တာဗျူး‌ဖြေမည့်သူများ 22.8.2025 ရက်နေ့ စာရင်းပေးလို့ရပါတယ်ရှင့်။


Photos from Genzō Japanese Language Class - 源蔵日本語教室's post 23/01/2022

မျက်လုံးနဲနဲသက်သာလာတာနဲ့ စာပြန်သင်ပေး Screen အကြာကြီးမကြည့်နိုင်သေးတော့ ကလေးအတန်းချိန်လေးပဲ သင်ဖြစ်တယ်🥺🥺

04/01/2022

နှစ်သစ်မှာ Japanese Language Online Class အသစ်လေးတွေနဲ့ ရှေ့ဆက်ကြမယ်🎉🎊။ ပျော်သည်ဖြစ်စေ မပျော်သည်ဖြစ်စေ လုပ်စရာရှိတာတွေလုပ်နေရင်း ယှဉ်သန်နေကြရအောင်👭..ကိုယ့်အတွက်က‌ေတာ့ စိတ်ညစ်လာရင် စိတ်ဖိစီးလာရင် စာတွေပြန်ဖတ်ပြီး Kanji ထိုင်လေ့ကျင့်နေတာပဲ😁 ကဲ..အဲ့ဒီတော့ စိတ်ငြိမ်ချင်တယ်ဆိုရင် ဂျပန်စာသင်တန်းတက်ကြပါလို့ 😄 Kanji လေ့ကျင့်နေတာနဲ့တင် စိတ်ညစ်ချိန်ရမှာမဟုတ်🙄 အတန်းချိန်တွေကတော့ (Basic + N5) အတန်းမှာ ၃ ယောက်ပဲ လက်ခံလို့ရပါတော့မယ်ရှင့် ကျန်တဲ့အတန်းချိန်တွေကတော့ ပြည့်နေပါပြီရှင့်။ အလုပ်တစ်ဖက်နဲ့ သင်နေရတာရယ် သင်လက်စအတန်းချိန်တွေလည်း ရှိနေသေးတာရယ်နဲ့ ကျောင်းသားတွေအပေါ် သေချာဂရုမစိုက်နိုင်မှာစိုးလို့ သင်တန်းသားဦးရေ အနည်းငယ်စီပဲ လက်ခံပေးထားပါတယ်ရှင့်

Photos from Genzō Japanese Language Class - 源蔵日本語教室's post 09/10/2021

N5 Kanji တွေရေးထားကြတာ ☺ .. တစ်ချို့စာလုံးတွေ ဆွဲချက်လေးတွေ နဲနဲလိုနေသေးတာကလွဲလို့ အများကြီး ကြိုးစားရေးပေးထားလို့ ကျေးဇူးတင်ပါတယ် ကလေးတို့ရေ😍 တခါတလေ အလုပ်ရယ် ကျောင်းရယ် စာသင်တာရယ် စိတ်ဖိစီးပေမဲ့ ကလေးတွေ ဒီလိုစာကြိုးစားလုပ်နေတာမြင်တော့ ဒီထက်ပိုကောင်းအောင် သင်ပေးမယ်လို့ တွေးမိပြန်ရော..ကိုယ့်အတွက် အားဆေးလေးတွေပါ😘

04/08/2021

Edited - လူပြည့်သွားပါပြီ☺

🇯🇵こんにちは🇯🇵🙋🏻‍♂️
Japanese language Basic + N5 class လေး လာပါပြီ..

ဒီ Class လေး မှာ ဘာတွေ သင်ပေး မှာ လဲ ဆိုတော့.....
🇯🇵 Basic Japanese Online Class 🇯🇵
🔹 Hiragana (ရေးနည်း၊ဆွဲနည်း၊မှတ်နည်း)
🔹 Katakana (ရေးနည်း၊ဆွဲနည်း၊မှတ်နည်း)
🔹 အခြေခံနှုတ်ဆက်စကားပြော
🔹 မိသားစုအခေါ်အဝေါ်များ
🔹 ကိန်းဂဏန်းအခေါ်အဝေါ်များ
🔹 နေ့၊ ရက်၊ လ၊ နှစ် အခေါ်အဝေါ်များ
🔹 နာရီအခေါ်အဝေါ်များ
🔹 အသုံးများသောVocabulary
တို့ကိုသင်ကြားပေးသွားမှာ ဖြစ်ပါတယ်။
============================

🇯🇵Japanese N5 Online Class🇯🇵
🔹 N5 Mina no Nihongo Text Book
🔹 Kanji အလုံး (110)(ရေးနည်း၊မှတ်နည်း)
🔹 N5 Old Question (2) Sets
🔹 Grammar & Vocabulary
🔹 Reading & Listening သင်ခန်းစာလေ့ကျင့်
ခန်းများ၊
🔹 Speaking နဲ့ပတ်သက်ပြီး ပြောပုံဆိုပုံ၊
🔹 Home Work Exercises
တွေပါသင်ကြားပေးမှာဖြစ်ပါတယ်။
==========================

သင်ကြားမှုပုံစံ
❗Video File ၊ Zoom Application (or)
Face to Face Video Call တို့သုံးပြီးတိုက်ရိုက်သင်မှာ ဖြစ်ပါတယ်။ ထိရောက်မှု ရှိဖို့ အတွက် လူဦးရေ (၅) ဦးသာ လက်ခံသင်ကြားသွားမှာ ဖြစ်ပါတယ်။ လေ့ကျင့်ခန်းတွေ သေချာစစ်ပေးနိုင်ဖို့ရယ်၊ သင်တန်းမပြီးသေးတဲ့ ကျောင်းသားတွေ ရှိနေသေးတဲ့အတွက်ကြောင့်ရယ် ကျောင်းသားဦးရေ ကန့်သတ်ထားခြင်း ဖြစ်ပါတယ်ရှင်❗

ဘယ်လို လူတွေ တက်သင့် လဲ.....
ဒီ Class မှာက Basic ကို တခါ တည်း သင်ပေး မှာ ဆိုတော့ Basic ပိုင်းအတွက် သပ်သပ် ပြန်တက်စရာ မလိုတော့ သင်တန်း Fees ကို ချွေတာနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင်
📌အခု မှ ဂျပန်စာကို စတင်လေ့လာမဲ့သူတွေ
📌သင်တန်းကြေး ကို ချွေတာချင်တဲ့ သူတွေ
📌ဂျပန်စာပို ကိုယ်တိုင်လေ့လာနေရင်း N5/ Basic
မှာပဲ ဆက်မလုပ်ဖြစ်တဲ့သူတွေ
📌ဂျပန်စာ အခြေခံပိုင်နိုင်ပြီး နောက်ထပ် level
တွေကို ယုံကြည်မှုရှိရှိ တက်ရောက်ချင်သူတွေ
📌စာ ကို အသေအချာ လိုက်လုပ် ချင်သူတွေ၊
Stay at Home မှာ အချိန်ကို အကျိုးရှိရှိအသုံး
ချချင်တဲ့သူတွေ
အတွက် အဓိက ရည်ရွယ်ပြီး ဒီ Class လေး ကို ဖွင့် မှာဖြစ်ပါတယ်။ (Course ပြီး ပြတ် တဲ့ အထိ သေချာ တက်မှ ထိရောက်မှု ရှိ မှာ ဖြစ်ပါတယ်❗)

သင်တန်းအချိန်ကာလ က ( ၅ လ) တိတိ ကြာ မှာ ပါ။
⏱️တစ်ရက်ကို 2 hours နဲ့ 
⏱️တစ်ပတ် ကို ၃ ရက်၊
⏱️စုစုပေါင်း 120 hours တိတိ လေ့ လာ ရမှာပါ။

‌Schedule (Japanes Language Class)
‌Starting Date - 9. 8. 2021
‌Monday - 7:00 pm to 9:00 pm
‌Tuesday - 7:00 pm to 9:00 pm
‌Thursday- 7:00 pm to 9:00 pm

သင်တန်းကြေး က တော့ တစ်လချင်းစီ 25000 ကျပ် ဖြစ်ပါတယ်။ ဒီလိုအချိန် ဒီလိုကာလမျိုးမှာ ကျွန်မတို့အားလုံး စိတ်ချမ်းသာနေတာမဟုတ်ပေမဲ့ ရှင်သန်နေတဲ့အချိန်တွေမှာတော့ လုပ်စရာရှိတာတွေ လုပ်နေရင်းနဲ့ အချိန်ကုန်ဆုံးကြရအောင်နော်။

အသေးစိတ်သိရှိလိုပါက 👉🏻09781208164 သို့လည်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

09/07/2021

အခုအချိန်မှာ ရောဂါပျံ့နှံ့မှုတွေ အရမ်းများလာတဲ့အတွက် Saturday, Sunday သင်တန်းချိန်များအားလုံး ခေတ္တပိတ်ထားပေးပါမယ်ရှင့်။ ကလေးအတန်းချိန်များသာ သင်တန်းပိတ်ထားခြင်းဖြစ်ပြီး လူကြီးအတန်းချိန်များကတော့ Online Class ဆက်လက်ရှိနေပါမှာပါရှင်..သင်တန်းသားအားလုံးကျန်းမာရေးအထူးဂရုစိုက်ကြပါနော်☺☺

Photos from Genzō Japanese Language Class - 源蔵日本語教室's post 03/07/2021

ဒီနေ့ ကလေးတွေကို N5 Text Book (Minna no Nihongo) နဲ့ စတင်သင်ကြားပေးပါပြီ..စိတ်ထဲမှာ တွေးနေမိတာ..Basic Level ကနေပြီးတော့ N5 Level ရောက်လာပြီဆိုတော့ စကားပြောစာကြောင်းတွေက နဲနဲရှည်လာပြီလေ...ကလေးတွေ Level အပြောင်းအလဲမှာ စိတ်များရှုပ်သွားမလား..စာလိုက်နိုင်ပါ့မလားလို့ပေါ့။ ကိုယ်တွေးနေမိတာနဲ့ တစ်ခြားစီပါ။ သူတို့လေးတွေ Text Book ထဲက ဂျပန်စာတွေကို သွက်နေအောင်ဖတ်နိုင်ကြတယ်😍။ အမယ် ပြီးတော့ ပြောသေးတာ... Sensei က အသံထွက်ပြောလိုက်တာနဲ့ မီးတို့က Text book မကြည့်ပဲ စာကြောင်းအလွတ်ရေးနိုင်တယ်ဆိုပဲ😁..သေချာသွားပြီ..ကလေးတွေ အခြေခံစာလုံးတွေနဲ့ Vocabulary ကြေညက်ခဲ့တယ်ဆိုတာ☺ အခုချိန်ထိတော့ ကလေးတွေအတွက် ကျွန်မ ရည်ရွယ်ထားတဲ့ သင်ရိုးက အထောက်အကူဖြစ်နေတုန်းပဲ..ဒီထက်ပိုပြီးထိရောက်မှုရှိအောင်ကြိုးစားဦးမယ်👍👍ကလေးတွေအလှည့်ပြီးရင် လူကြီးတွေအလှည့်လာမှာနော်..စာလုပ်ဖို့ စျေးမစစ်ကြေး😂

Photos from Genzō Japanese Language Class - 源蔵日本語教室's post 02/07/2021

ကဲ ...ဒီလိုဂျပန်စာလုံးလေးတွေ Stoke order မှန်နေဖို့နဲ့ လက်ရေးလှနေစေဖို့က အကြိမ်ရေ များများနဲ့ စိတ်ရှည်ရှည်လေ့ကျင့်ရပါတယ်နော်..ဒါကတော့ ကျွန်မကျောင်းသူလေး လေ့ကျင့်ထားတာပါ😘 လိုအပ်ချက်ရှိနေပေမဲ့အစပိုင်းကိုဒီလောက်ရေးနိုင်နေပါပြီ☺☺

02/07/2021

ကျောင်းသားတွေ Order မှာထားတဲ့ Basic Japanese Language အတွက် Text Book, Exercise Book, Writing Practice Book တွေ ထပ်မံရောက်ရှိပါပြီရှင်...ဂျပန်စာကို အခုမှ စတင်လေ့လာမည့် Beginner Level သမားတွေအတွက် အရမ်းကို အဆင်ပြေစေတဲ့ စာအုပ်လေးတွေဖြစ်လို့ သင်တန်းမတက်ပဲ Self Study လုပ်မည့်သူများ အမှန်တကယ်ဝယ်ယူထားသင့်တဲ့ စာအုပ်လေးတွေပါရှင့်။ ဒီလိုကာလမှာ သင်တန်းမတက်သေးပဲ Self Study လုပ်ဖို့ ဂျပန်စာ စာအုပ်များ မှာယူလိုပါက 09969888985 သို့ ဆက်သွယ်မှာယူနိုင်ပါတယ်ရှင်☺☺

23/06/2021

နောက် Level တစ်ဆင့်တက်ဖို့ရန်အတွက် Exam ဖြေနေတဲ့ သမီးလေး သုသု😍

Want your school to be the top-listed School/college?

Telephone

Website

Opening Hours

Monday 17:30 - 21:00
Tuesday 17:30 - 21:00
Wednesday 17:30 - 21:00
Thursday 17:30 - 21:00
Friday 17:30 - 21:00
Saturday 08:00 - 21:00
Sunday 08:00 - 21:00