01/03/2024
10 D
1. LISTENING AND SPEAKING
a. What would you do in these situations? Read and make notes.
ဒီလိုအခြေအနေတွေမှာ မင်းဘာလုပ်မလဲ။ ဖတ်ပြီး မှတ်စုလုပ်ပါ။
1. You invite a lot of people to a party and ask them to reply to your invitation. However, some people don't reply.
လူတော်တော်များများကို ပါတီပွဲတစ်ခုဖိတ်ပြီး ဖိတ်ကြားချက်ကိုအကြောင်းပြန်ရန်တောင်းဆိုတယ်။ သို့သော လူတစ်ချို့ကအကြောင်းမပြန်ဘူးဆိုရင်။
2. You go into a shop, and the two shop assistants continue having a private conversation and don't offer you any help.
ဆိုင်တစ်ဆိုင်ထဲဝင်သွားတဲ့အခါ ဆိုင်အကူနှစ်ယောက်က သူတို့အကြောင်းတွေဆက်ပြောနေပြီး သင့်အားမည်သည့်အကူအညီမှမပေးဘူးဆိုရင်။
ဖြေ။
၁. I'm angry firstly. I’ll never get in touch with again.
၂. What can't I do? I decided to just leave the shop.
---------
b. Compare your ideas in 1a with a partner.
1a က သင့်ရဲ့စိတ်ကူးတွေကို အဖော်တစ်ယောက်နှင့် နှိုင်းယှဉ်ပါ။
-----------
C. 10.14 Listen to Tim, Vicki and Rebecca. Match each person with a situation in la. Who talks about a different situation? What is it?
တင်မ်၊ ဗစ်ခ်ကီ၊ ရက်ဘရခ်ကာ တို့ပြောတာကိုနားထောင်ပါ။ လူတစ်ယောက်စီနဲ့ 1a မှာရှိတဲ့အခြေအနေကိုတွဲပါ။ မတူညီတဲ့အခြေအနေကို ဘယ်သူကပြောသလဲ။ သူပြောတာဘာလဲ။
ဖြေ။
1. Rebecca's situation.
2. Tim's situation.
3. Different situation was talked by Vicki.
Tim
I went to buy a new pair of jeans the other day. ဟိုနေ့က ဂျင်းဘောင်းဘီအသစ်ဝယ်ဖို့သွားပါတယ်။
I was the only customer in the shop and there were two shop assistants. ဆိုင်ထဲမှာ ဈေးဝယ်ကျွန်တော်တစ်ယောက်တည်းရှိပြီး ဆိုင်အကူနှစ်ယောက်ရှိတယ်။
They were chatting about what they did at the weekend and, when I asked for assistance, they just carried on talking.
ဆိုင်အကူတွေက ရုံးပိတ်ရက်မှာ သူတို့လုပ်ခဲ့တာတွေ စကားစမြည်ပြောနေကြပြီး ကျွန်တော်မေးတဲ့အခါမှာလည်း သူတို့ဆက်ပြောနေကြတယ်။
It was so rude. ဒါကအရမ်းရိုင်းတာပဲ။
All I wanted to know was the price of some jeans. ကျွန်တော်သိချင်တာက ဂျင်းဘောင်းဘီတွေရဲ့ဈေးနှုန်းပါ။
In the end, I decided to just leave the shop. နောက်ဆုံးတော့ ကျွန်တော်ဆိုင်ကထွက်သွားဖို့ပဲဆုံးဖြတ်ခဲ့တယ်။
I don’t think they even noticed I was there. အဲ့ဒိမှာကျွန်တော်ရှိနေတာကို သူတို့သတိတောင်မထားမိဘူးလို့ထင်တယ်။
I felt like writing an email to the shop manager to complain, but then I forgot to. ဆိုင်မန်နေဂျာကို တိုင်ကြားဖို့ အီးမေးတစ်ဆောင်ရေးမယ်လို့ခံစားခဲ့သော်လည်း နောက်ပိုင်းငါမေ့သွားတယ်။
Vicki
I think it’s so rude when shops or companies don’t reply when someone makes a complaint.
တစ်ယောက်ယောက်ကတိုင်ကြားတဲ့အခါ ဆိုင်တို့ ကုမ္ပဏီတို့က အကြောင်းမပြန်တာ အရမ်းရိုင်းတယ်လို့ ထင်တယ်။
I remember once I bought a bike online. အွန်လိုင်းက စက်ဘီးတစ်စီးဝယ်ဖူးတာကိုမှတ်မိတယ်။
It took ages to arrive –about a month. ရောက်လာဖို့ အချိန်တစ်လခန့်တောင်ကြာခဲ့တယ်။
So, I wrote an email to complain, but I didn’t hear anything from them. ဒါကြောင့် တိုင်ကြားစာတစ်ဆောင်ရေးခဲ့ပေမယ့် သူတို့ဆီကဘာမှမကြားခဲ့ရဘူး။
I mean, is it too hard just to send an email saying sorry? ဆိုလိုတာက တောင်းပန်ပါတယ်လို့ အီးမေးတစ်ဆောင်ပို့ရတာ အရမ်းခက်နေကြလား။
If I were the manager of a company I’d make sure I replied to every customer. ငါသာကုမ္ပဏီတစ်ခုရဲ့မန်နေဂျာဖြစ်မယ်ဆိုရင် ဖောက်သည်တိုင်းကိုအကြောင်းပြန်မှာ သေချာပါတယ်။
I know it’s not easy to run a business. လုပ်ငန်းတစ်ခုလုပ်ဖို့မလွယ်ဖူးဆိုတာသိပါတယ်။
But if you want to keep your customers happy, you should answer their emails. ဒါပေမယ့် ကိုယ့်ဖောက်သည်တွေပျော်ရွှင်စေချင်ရင် သူတို့ရဲ့အီးမေးကိုဖြေကြားသင့်တာပေါ့။
Well, I won’t use that company again. I’ll go to a local shop instead. ဒါနဲ့ အဲ့ဒိကုမ္ပဏီကိုမသုံးတော့ဘူး။ အဲ့ဒိအစား အရပ်ထဲကဆိုင်ကိုပဲသွားတော့မယ်။
Rebecca
Look, if I invited you to my party, you’d let me know if you could come or not, wouldn’t you?
ငါပြောမယ်။ မင်းကိုငါ့ပါတီကိုဖိတ်ရင် မင်းလာနိုင်တယ်၊ မလာနိုင်ဘူးဆိုတာကို အကြောင်းပြန်မယ်မဟုတ်လား။
You’d think so. မင်းဒီလိုပဲစဉ်းစားမယ်မဟုတ်လား။
But last month I had a party and invited about 40 people and about half of them didn’t say if there were coming or not.
ဒါပေမယ့် ပြီးခဲ့တဲ့လက ငါ့ပါတီရှိလို့ လူ ၄၀ လောက်ဖိတ်ခဲ့တာ သူတို့ထဲကတစ်ဝက်လောက်က သူတို့လာမယ်၊ မလာဘူးဆိုတာကိုမပြောခဲ့ကြဘူး။
Most of them didn’t come in the end and, in my invitation, I did ask them to let me know.
သူတို့ထဲကအများစုက ပြီးသည်အထိမလာကြဘူး။ ပြီးတော့ ငါ့ဖိတ်စာထဲမှာ သူတို့ကိုအသိပေးဖို့တောင်းဆိုခဲ့တယ်။
I think that kind of behavior is incredibly rude, don’t you? ဒီလိုအပြုအမူဟာ တော်တော်ရိုင်းတယ်လို့ ငါထင်တယ်။ မင်းကောမထင်ဘူးလား။
I mean, I needed to know how many people were coming, so I had enough food and drink.
ဆိုလိုတာက လူဘယ်နှစ်ယောက်လာမယ်ဆိုတာကို သိဖို့လိုတယ်။ ဒါမှ စားသောက်စရာတွေလုံလုံလောက်လောက်စီစဉ်ရမှာဖြစ်တယ်။
But then I made too much food and it was embarrassing. ဒါပေမယ့် အစားအသောက်တွေအများကြီးလုပ်ထားတော့ ရှက်တာပေါ့။
All they needed to do was send a text or email – which is not very difficult. သူတို့လုပ်ရမှာက စာတို ဒါမှမဟုတ် အီးမေးပို့ခြင်းပဲဖြစ်တယ်။ ဒါကအလွန်မခက်ပါဘူး။
There are some people I invited to that party who I’ll never get in touch with again.
အဲ့ဒိပါတီကိုဖိတ်ထားတဲ့သူတစ်ချို့ရှိတယ်။ သူတို့နဲ့ ဘယ်တော့မှပြန်မဆက်သွယ်တော့ဘူ။
-----------------
d. 10.14 Listen again and answer the questions. နောက်တစ်ခေါက်နားထောင်ပြီး မေးခွန်းများကိုဖြေပါ။
1. What did Tim want to ask the shop assistants? တင်က ဆိုင်အကူကိုဘာမေးချင်တာလဲ။
All he wanted to know was the price of some jeans. ဂျင်းဘောင်းဘီတစ်ချို့ဈေးနှုန်းမေးချင်တာပါ။
2. What did he do when the shop assistants didn't help him? ဆိုင်အကူက မကူညီတဲ့အခါ သူဘာလုပ်ခဲ့သလဲ။
In the end, He decided to just leave the shop. နောက်ဆုံးတော့ ဆိုင်ကထွက်ဖို့ဆုံးဖြတ်ခဲ့တယ်။
3. What would Vicki do if she was the manager of a company?
ကုမ္ပဏီတစ်ခုရဲ့ မန်နေဂျာဖြစ်ခဲ့ရင် ဗစ်ခ်ကီက ဘာလုပ်မှာလဲ။
If he were the manager of a company he’d make sure I replied to every customer. ဖောက်သည်တိုင်းကို အကြောင်းပြန်မှာ သေချာပါတယ်။
4. What does she say she won't do in the future? အနာဂတ်မှာ ဘာမလုပ်ဘူးလို့ သူမပြောသလဲ။
I won’t use that company again. I’ll go to a local shop instead. ဒီကုမ္ပဏီကို ထပ်မသုံးတော့ဘူး။ အဲ့ဒိအစား ရပ်ကွက်ဆိုင်ကိုသွားမယ်
5. Why did Rebecca want people to reply to her invitation? ရေဗက္ကာက သူမရဲ့ဖိတ်ကြားချက်ကို ဘာ့ကြောင့်လူတွေဖြေကြားစေချင်တာလဲ။
He want to manage enough food and drink. အစားအသောက်လုံလုံလောက်လောက်စီစဉ်ချင်လို့။
6. Why did she feel embarrassed at her party? သူမပါတီမှာ ဘာလို့စိတ်ကသိကအောက်ဖြစ်ရတာလဲ။
She made too much food and it was embarrassing. လူမလာပဲ အစားအသောက်တွေအများကြီးလုပ်ထားရတော့ စိတ်ကသိကအောက်ဖြစ်ရတာပေါ့။
--------------------------
e. Think of an experience you had where you felt someone's behavior was rude. Make notes. Use the questions to help.
လူတစ်ယောက်ရဲ့ အပြုအမူကရိုင်းစိုင်းတယ်လိုခံစားမိရတဲ့ အတွေ့အကြုံကိုစဉ်းစားပါ။ မှတ်စုလုပ်ပါ။
When? Who? Where? What happened? What was the result? အကူအညီရဖို့ဒီမေးခွန်းစကားလုံးတွေကိုသုံးပါ။
ဖြေ။
Last month, I met a man named Maung Maung at Bo Gyoke Market. I saw he was stealing a thing from the store. But the shopkeeper caught him.
လွန်ခဲ့တဲ့လက ဗိုလ်ချုပ်ဈေးမှာ မောင်မောင်ဆိုတဲ့သူတစ်ယောက်ကိုတွေ့ခဲ့တယ်။ သူက ဆိုင်ကနေပစ္စည်းခိုးယူနေတာကိုတွေ့ရတယ်။ ဒါပေမယ့် ဆိုင်ရှင်ကဖမ်းမိသွားတယ်။
----------------
f. Tell a partner about your experience. သင့်ရဲ့အတွေ့အကြုံကို အဖော်တစ်ရောက်သို့ပြောပါ။
------------------
2 READING
a. Read the three apology emails. Which email is about...? တောင်းပန်စာအီးမေး (၃) ဆောင်ကိုဖတ်ပါ။ ဘယ်အီးမေးက .
1 customer service ဖောက်သည်ဝန်ဆောင်မှုအတွက်လဲ။
2 work အလုပ်အတွက်လဲ။
3 a social situation လူမှုရေးအခြေအနေအတွက်လဲ။
-------------
b. Read the emails and answer the questions. အီးမေးတွေကိုဖတ်ပြီး မေးခွန်းများကိုဖြေပါ။
1 What is each person apologising for? လူတစ်ဦးစီက ဘာအတွက်တောင်းပန်တာလဲ။
2 What offer or suggestion does each person make? လူတစ်ဦးစီက ဘာကမ်းလှမ်းမှု၊ တောင်းဆိုမှုတွေပြုလုပ်တာလဲ။
-----------
C. What are the relationships between the writer of each email and the person they are writing to? Which relationship is the most formal?
အီးမေးတစ်ခုချင်းအလိုက် စာရေးသူနဲ့ အရေးခံရသူကြားဘယ်လိုဆက်ဆံမှုမျိုးတွေရှိသလဲ။ ဘယ်ဆက်ဆံရေးက တရားဝင်ကျဆုံးလဲ။
a
Hi Jack and Brenda, မင်္ဂလာပါ။ ဂျက်ခ် နဲ့ ဘရက်န်ဒါရေ။
A quick message to say we're really sorry we had to leave early last Saturday.
လွန်ခဲ့တဲ့စနေနေ့က အစောထွက်ခဲ့ရတာနဲ့ပတ်သက်ပြီး စိတ်မကောင်းကြောင်းပြောရန် အမြန်စာတိုတစ်ဆောင်ရေးလိုက်ပါတယ်။
The dinner was terrific and we had a great time. ညစာကအရမ်းကောင်းပြီး ကျွန်တော်တို့အရမ်းပျော်ခဲ့ပါတယ်။
It's a shame the woman looking after the kids felt unwell and we had to go home.
ကလေးတွေကိုထိန်းပေးတဲ့အမျိုးသမီးကြီးနေမကောင်းတဲ့အချိန်မှာ ငါတို့အိမ်ပြန်သွားရတာဟာ ရှက်စရာကောင်းပါတယ်။
You must come over to our house for dinner. ငါတို့အိမ်ကိုညစာစားဖို့လာခဲ့ရမယ်နော်။
We'll be in touch soon. မကြာမီဆက်သွယ်မယ်။
All the best, အရာရာအကောင်းဆုံးဖြစ်ပါစေ။
Don ဒွန်။
-------
b
Dear Mrs. Palmer, လေးစားရပါသော မစ္စစ် ပေါ်မာရေ။
Thank you for your email of 22 May about the delivery problem you had.
မင်းမှာဖြစ်တဲ့ ဒီလီဗာရီပြဿနာနဲ့ပတ်သက်ပြီး မေ ၂၂ ရက်နေ့က မင်းရဲ့ အီးမေးကိုကျေးဇူးတင်ပါတယ်။
We are writing to apologise about the long delivery time you experienced.
သင်ကြုံတွေ့နေရတဲ့ ပို့ဆောင်မှုအချိန်ကြာတာနဲ့ပတ်သက်ပြီး တောင်းပန်စာရေးလိုက်ပါတယ်။
Recently, we have had a few problems and we are working hard to reduce these times for our customers.
မကြာသေးမီကပဲ ကျွန်တော်တို့မှာ ပြဿနာအနည်းငယ်ရှိခဲ့လို့ ဖောက်သည်တွေအတွက် အချိန်မီရောက်ဖို့ကြိုးစားလုပ်ကိုင်နေပါတယ်။
We hope you will shop with us again, so we are offering you a 10% discount on the next book you buy from us.
ကျွန်တော်တို့ထံမှာ ပြန်ပြီးဈေးဝယ်မယ်လို့မျှော်လင့်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ထံမှာ သင်ဝယ်ယူမယ့် နောက် booking အတွက် ၁၀% လျှော့ပေးမယ်လို့ကမ်းလှမ်းပါတယ်။
This is our way of saying sorry about the problems you have had. ဒါဟာ မင်းကြုံတွေ့ခဲ့ရတဲ့ပြဿနာအတွက် ကျွန်တော်တို့ရဲ့တောင်းပန်ခြင်းပါပဲ။
Yours sincerely, ရိုးသားစွာဖြင့်
Keith Hughes ကိတ်သ်ဟူ့ဂျ်
Customer Service Manager ဖောက်သည်ဝန်ဆောင်မှုမန်နေဂျာ
-------------
c.
Dear Celia, ချစ်လှစွာသော ဆက်လီရာရေ
I'm writing to let you know that we need to rearrange tomorrow's meeting. I'm very sorry about that.
မနက်ဖန်အစည်းအဝေးကို ပြန်စီစဉ်ဖို့လိုကြောင်း မင်းကိုအသိပေးဖို့ငါစာရေးလိုက်ပါတယ်။ အဲ့ဒိအတွက် ငါအလွန်အားနာပါတယ်။
Unfortunately, Garry has just asked me to prepare a report on the staff we have here in our London office - he says it's urgent.
ကံမကောင်းစွာပဲ ငါတို့လန်ဒန်ရုံးမှာရှိတဲ့ဝန်ထမ်းတွေနဲ့ပတ်သက်တဲ့ အစီရင်ခံစာ ပြင်ပေးဖို့ ဂျာရီကပြောတယ်။ အရေးကြီးတယ်လို့လည်းပြောတယ်။
Could we meet next Monday afternoon instead? လာမည့်တနင်္လာနေ့မှာဆုံနိုင်ကြမလား။
I'm very sorry to put our meeting off, but I have to finish this report by the end of the day tomorrow.
အစည်းအဝေးကို ရက်ရွှေ့လိုက်ရလို့အလွန်အားနာပါတယ်။ ဒါပေမယ့် ဒီအစီရင်ခံစာက မနက်ဖြန်နေကုန်တဲ့အခါပြီးမှရမယ်။
Let me know if next Monday afternoon is possible for you. မင်းအတွက် လာမည့် တနင်္လာနေ့ နေ့လည် ဖြစ်နိုင်လား သိချင်ပါတယ်။
Best wishes, ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
Katie ကေ့တ်။
--------
UNIT 10
3. WRITING SKILLS Formal and informal language စာအရေးအသားကျွမ်းကျင်မှု၊ တရားဝင်၊ တရားမဝင်အသုံးအနှုန်းများ
a. Look at the phrases from the emails in 2a. Match 1-4 with a-d below.
2a မှာရှိတဲ့ အီးမေးတွေရဲ့ စကားစုများကိုကြည့်ပါ။ အောက်ပါ ၁ ကနေ ၄ ထိနဲ့ a to d တို့ကိုတွဲပါ။
Informal language
1. Hi Jack and Brenda,
2. A quick message to say...
3. We're really sorry...
4. All the best, Don
Semi-formal
1 Dear Celia,
2. I'm writing to let you know
3. I'm very sorry to...
4. Best wishes, Katie
More formal
1. Dear Mrs. Palmer,
2. We are writing to
3. We are writing to apologise
4. Yours sincerely, Keith Hughes
(a) reason for writing, (b) sign off, (c) greeting, (d) apology
အဖြေ။ 1. (c), 2. (a), 3. (d), 4. (b)
--------------------
b. Look at the examples in the table. Which type of email does not use contractions? Why?
ဇယားထဲရှိ ဥပမာတွေကိုကြည့်ပါ။ မည်သည့်အီးမေးအမျိုးအစားသည် စာချုပ်ချုပ်ဆိုရာတွင်မသုံးသနည်း။ အဘယ့်ကြောင့်နည်း။
ဖြေ။
Informal language of email does not use contractions. Because in economic and politics it be used more formal language.
--------------
C. Make this email between two close friends more informal. Use the examples in 3a to help you.
ဒီ အီးမေးကို ရင်းနှီးတဲ့ သူငယ်ချင်း ၂ ယောက်ကြား ပိုမိုအလွတ်သဘော ပုံစံနဲ့ရေးပါ။ သင့်ကိုကူညီရန် 3a နမူနာကိုအသုံးပြုပါ။
Dear Mark, ချစ်လှစွာသော မာ့ခ်ရေ။
I hope you are well. မင်းနေကောင်းတယ်လို့မျှော်လင့်ပါတယ်။
I am writing you a quick message to say we got the invitation to your party.
မင်းပါတီဖိတ်စာကိုရရှိတယ်ဆိုတယ်လို့ပြောဖို့ အမြန်စာတစ်ဆောင်ရေးလိုက်ပါတယ်။
We apologise, but we cannot come. ငါတို့မလာနိုင်တဲ့အတွက် တောင်းပန်ပါတယ်။
We are going to a wedding that day. အဲ့ဒိနေ့မှာ မင်္ဂလာဆောင်တစ်ခုကိုသွားရမယ်။
We will be in touch soon. မကြာမီတွေ့ကြမယ်လေ။
Yours sincerely, ရိုးသားစွာဖြင့်
Paul ပေါလ်။
----------------------------
Hi Mark, မင်္ဂလာပါ မာ့ခ်။
How is going. ဘယ်လိုလဲ။
A quick message to say we got invitation to your party. မင်းပါတီဖိတ်စာရတယ်လို့ စာတိုရေးလိုက်တယ်။
We apologise not to come because of I have a personal affair that day.
အဲ့ဒိနေ့ကိုယ်ရေးကိုယ်တာကိစ္စရှိလို့မလာနိုင်တာတောင်းပန်ပါတယ်။
See you soon. မကြာခင်ဆုံကြမယ်။
All the best, အရာရာအကောင်းဆုံးဖြစ်ပါစေ။
Paul. ပေါလ်။
------------------------------
d. Look at the first paragraph of each apology email in 2a. How do the writers organise their ideas?
2a ရှိတောင်းပန်မှုအီးမေးတစ်ခုစီရဲ့ ပထမစာပိုဒ်တွေကိုကြည့်ပါ။ စာရေးသူက သူတို့ရဲ့ စိတ်ကူးတွေကို ဘယ်လိုစုစည်းထားပါသလဲ။
1 apologise, then explain တောင်းပန်ပြီးမှ ရှင်းပြထား။
2 explain, then apologise ရှင်းပြပြီးမှ တောင်းပန်ထား။
ဖြေ
a. apologise, then explain
b. apologise, then explain
c. explain, then apologise
Do they apologise and explain in the same sentence or in two separate sentences?
ဝါကျတစ်ကြောင်းထဲမှာပဲ တောင်းပန်တာနဲ့ ရှင်းပြတာလုပ်သလား။ ဒါမှမဟုတ် သီးခြားဝါကျတွေနဲ့လုပ်တာလား။
a. the same sentence.
b. two separate sentences
c. two separate sentences
-----------------------------
4. WRITING
a. You are going to write an informal email of apology. Write to Rebecca in 1a or use your own idea. Make notes using these ideas.
အလွတ်သဘော တောင်းပန်စာအီးမေးတစ်ဆောင်ရေးပါမယ်။ 1a က ရေဘက်ကာကိုရေးပါ။ ဒါမှမဟုတ်ကိုယ်ပိုင်အကြံဉာဏ်ကိုသုံးပါ။ အောက်ပါပါ အကြံဉာဏ်တွေကိုအသုံးပြုပြီး မှတ်စုရေးပါ။
Think about how you can say you're sorry. ဝမ်းနည်းကြောင်းဘယ်လိုပြောမလဲစဉ်းစားပါ။
Think of an explanation for what you did. မင်းဘာလုပ်ခဲ့သလဲဆိုတာရှင်းပြချက်ကို စဉ်းစားပါ။
Make an offer or a suggestion to make things better. ပိုမိုကောင်းမွန်လာစေရန် ကမ်းလှမ်းချက် သို့မဟုတ် အကြံပြုချက်လုပ်ပါ။
----------------
b. Write the email. Use informal language. အလွတ်သဘောပုံစံ အီးမေးတစ်ဆောင်ရေးပါ။
------------------
C. Read other students' emails. Is the correct kind of language used? Would you feel better if you received this apology?
အခြားကျောင်းသားတွေရဲ့အီးမေးကိုဖတ်ပါ။ မှန်ကန်တဲ့ဘာသာစကားကိုအသုံးပြုပါသလား။ ဒီတောင်းပန်မှုကိုလက်ခံရရင် ပိုကောင်းမလား။
--------