Peaco Fashion, Art & Design

Peaco Fashion, Art & Design

Share

“Bringing fashion to life through custom design, handmade embroidery, and fashion illustration – where creativity meets craftsmanship.”

25/04/2026

အပြင်သင်တန်း လူသစ်တွေကို June လ လောက်မှ ပြန်စ ပါမယ် ။

မေးထားတဲ့သူတွေ ရော .. လာမယ်ဆိုတဲ့သူတွေပါ နော် ။

Syllabus အသစ်တွေ ထပ်ထည့်ပြီး update ထပ်လုပ်မှာမို့ပါ ။

Online class တွေကတော့ recorded video တွေ အနေနဲ့ ရှိပါတယ် ။

#ကနုတ် #ချိတ်

18/04/2026

On her birthday ♥️ Miss Peaco
May Phyo Thu designer

17/04/2026

နှစ်သစ်မှာ အေးချမ်းပျော်ရွှင်ကြပါစေ #မြန်မာနှစ်ဆန်းတစ်ရက် #ပိတောက် Miss Peaco May Phyo Thu May Peaco

24/03/2026

ကနုတ်သင်ခန်းစာ online အတွက် ရာဇမတ်ကွက် အမျိုးမျိုး ဆွဲပြီး ရိုက်ပြီးပါပြီ ..

Edit လုပ်ပြီးတာနဲ့ တင်ပါမယ် ..

ဒီလောက်ဆိုရင် ဘယ်လို ပုံပဲ လာလာ ဆွဲနိုင်ကြမယ်လို့ မျှော်လင့်ပါတယ် ။

သင်္ကြန် မတိုင်ခင်တော့ online class တွေ အကုန် တင်ပြီးအောင် ကြိုးစားနေပါတယ် ။

အိမ်စာ လုပ်မယ့်သူတွေ / သင်္ကြန်တွင်း အိမ်တွင်း အောင်းမယ့်သူတွေ အေးဆေး ထိုင်ဆွဲလို့ ရအောင် ပါ ။

22/03/2026
22/03/2026

သင်တန်းမေးနေသူများအတွက် .. ဒီတသုတ်ပြီးရင် ခဏ ရပ်ထားပါမယ် နော်

Online class တွေရှိပါတယ် ။

Online class တွေ အကုန် ရိုက် edit လုပ် / တင်ပြီးမှ အပြင်သင်တန်းပြန်ခေါ်ပါမယ် ။

20/03/2026

ပညာဒါန အပြင်သင်တန်း အပါတ်စဉ် တနင်္ဂနွေ တစ်ရက် အတွက် စာရင်းပေးနိုင်သည် ။

အသေးစိတ် - ဝန်ထမ်းခေါ် ပိုစ့် အောက်တွင် ရေးထားပါသည် ။

Peaco Fashion Art & Design တွင်

ရှိပြီးသား team နှင့် အလုပ် တွဲ လုပ်ကိုင်ရန်

Admin / sale assistant : 1 post
Age : 18 to 25 ( all gender )

- social media ကောင်းစွာ သုံးတတ်ပြီး / စကား အပြောအဆို ပြေပြစ်သူ ဖြစ်ရမည် .
- မတတ်လျှင် သင်ပေးမည် ။ သင်ယူလိုစိတ် ရှိရမည် ။

စက်ချုပ် ကျွမ်းကျင် / သင်ကူ : 3 posts
Age : 18 - 25 ( all gender )

- သင်ကူ အတွက် အခြေခံ စက်ချုပ် knowledge ရှိပြီး ကောင်းစွာ သင်ယူလိုစိတ်ရှိသူ ။

- Thai cm နားလည်ပြီး တစ်ထည်လုံး အသေးစိတ် မသင်ပြရဘဲ သပ်ရပ်စွာချုပ်နိုင်သူသည် ကျွမ်းကျင် လျှောက်နိုင်သည် ။ Japan cm နားလည်လျှင်လည်းရသည် ။ cm သုံးသောကြောင့် ရှင်းပြရ နားလည် လွယ်ကူစေရန် ဖြစ်ပါသည် ။

စီးကွင့် သင်ကူ / ကျွမ်းကျင်

- သင်ကူသည် ကြိုးစား သင်ယူလိုစိတ်ရှိရမည်။
- ကျွမ်းကျင်သည် - စီးကွင့် / ဗူးနွယ်တို့ကို သပ်ရပ် မြန်ဆန်စွာ ထိုးနိုင်ရမည် ။

စိတ်ဝင်စားပါက မိမိ ကိုယ်ရေးအကျဉ်း / တက်ဖူးသော သင်တန်း / လုပ်သက်နှင့် အတူ .. မိမိ လက်ရာ ဓါတ်ပုံများ ပေးပို့၍ လျှောက်ထားနိုင်သည်။ ( မျှော်မှန်းလစာ ပြောနိုင်သည် )

အဆင်ပြေပါက Interview ခေါ်တွေ့ပါမည်။

စက်ချုပ် ကျွမ်းကျင်သည် အစမ်းတစ်ထည် ချုပ်ပြရမည် ။ ရိုးရှင်းပြီး ရေကူးဒေါက် ဒေါက်တည့်အောင်ချုပ်နိုင်သောသူ / လက်တပ်ရာတွင် အမှားအယွင်းမရှိသူ / ဖြုတ်ရာ မများဘဲ သပ်ရပ်သူ ဖြစ်ရမည် ။ ( အလွန် မြန်ဆန်စရာ မလိုပါ )

Interview ချုပ်ရာတွင် ပိတ်စ ပေးမည် ။ မိမိကိုယ်တိုင်းဖြင့် ချုပ်ပြပြီး ဝတ်ပြရမည်။

Service ပေးရသော လုပ်ငန်းဖြစ်၍ စကားအပြောအဆို ပြေပြစ်သူ / team နှင့် အပေးအယူမျှစွာ နေထိုင်တတ်သူ ဖြစ်ရမည်။

အစမ်းခန့် ၁ လ ရှိပြီး ၆ လ စာချုပ်ရှိပါသည် ။ အလုပ်ထွက်လိုလျှင် ၁ လ ကြိုပြောနိုင်သည် ။

🌸🌸သင်္ကြန် အပြီး အခြေခံမှ စ စက်ချုပ် သင်ယူချင်သူများ အတွက် အပါတ်စဉ် တနင်္ဂနွေ နေ့တိုင်း ပညာဒါန အပြင် သင်တနိး ပေးပါမည် ။ 🌸🌸

ပထမ လ : နွေရာသီ ပေါ့ပေါ့ပါးပါး ဝတ်စုံ သင်တန်း

လူဦးရေ ၇ ဦးသတ်မှတ်ထားပြီး စိတ်ဝင်စားသူသည် လူကိုယ်တိုင် လာရောက် စာရင်းပေး အပ်နှံပါ ။ သင်တန်းကြေး / အခြားဘာကြေး ညာကြေး လုံးဝ မလို / လက်တွေ့ pattern ဆွဲ ချုပ်ပြပါမည် ။

ဆက်သွယ်ရန် :
Telegram / Viber / Phone : 09782062229

Location : ရွှေအုန်းပင် အိမ်ရာ ၂ / ရန်ရှင်းလမ်း / ရန်ကင်း ၊

ရန်ကင်းစျေးမှတ်တိုင်ရှေ့ / Myanmar plaza / Passport ရုံး အနီး

Photos from Peaco Fashion, Art & Design's post 06/03/2026

ချိတ် online class မှာ ဒီနေ့ ထပ်တင် ထားတဲ့ Video လေးတွေပါ ..

Online class ရော ..

ကိုယ့်စာနဲ့ ကိုယ် .. တစ်ဦးစီ သွားတဲ့ အပြင်သင်တန်း ရော ရှိပါတယ် ။

* စီးကွင့်ထိုးတဲ့သူတွေ
* illustration ဆွဲတဲ့ သူတွေ
* ကိုယ်ပိုင် design နဲ့ အဆင်တီထွင်ချင်တဲ့ သူတွေ
* စာပြန်သင်ချင်တဲ့သူတွေ ဆို ..

တက်သင့်ပါတယ်

အသေးစိတ်ကို Messanger က ဖြစ်ဖြစ် ..

Ph ဆက်ပြီးပဲ ဖြစ်ဖြစ် မေးမြန်း နိုင်ပါတယ် ။

09782062229 / 09422488819

#ချိတ်သင်တန်း #ချိတ်

Miss Peaco
May Peaco
Peaco Fashion, Art & Design

Photos from Peaco Fashion, Art & Design's post 04/03/2026

Daily routine ပါကွယ် ..

မနက်ပိုင်း pattern ဆွဲ ပိတ်ညှပ် / online class အတွက် record လုပ် ..

နေ့လည် စာသင် ..

ညနေ ဆို customer တွေ လာတတ်ကြတယ် ..

တခါတလေ ည ၈ လောက်ထိ .. client နဲ့ ဆွေးနွေး ..

သူတို့ လိုချင်တာ တခါတည်းတိုင်ပင် ..

မချုပ်ခင် sketch တွေလည်း ပို့ရဦးမယ် ..

ဒီလိုနဲ့ တနေ့ပြီး နောက်တနေ့ ..

Trend ဖြစ်တာလေးတွေလည်း သင်တန်းပြေးရသေးတယ် ..

ပူဆာတာလေးတွေ အဆင်ပြေအောင် ..

ဒါတောင် Sunday တစ်ရက်ကို basic က စပြီး ပညာဒါန သင်ပေးဖို့ လုပ်နေတာ ..

Online class record လုပ်တာတွေ အကုန်ပြီးရင် .. စဖို့ ..

လလယ်လောက်တော့ ရအောင် ကြိုးစားနေတယ် ..

နေရာတကာ ကိုယ်ပါတာက .. အလုပ်ကိုပို ဖိဖိစီးစီး ဖြစ်ပေမယ့် ..

Management ကတော့ ညံ့သေးတယ်နော်

May Phyo Thu
May Peaco
Miss Peaco





Photos from Yamin Ei Ei Zaw - အမင်း's post 04/03/2026

ပိတောက်ပန်းလေးတွေနဲ့ ဖန်တီးပေးထားပါတယ် ..

သင်္ကြန် series လေးမှာ ယမင်းလေးက ခြူး တဲ့နော် ♥️♥️

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


Yangon
11081