Honey’s Kitchen Pyay

Honey’s Kitchen Pyay Food , delivery & class

မင်မင်အလွယ်တကူ လုပ်စားဖြစ်တဲ့ ရာသီစာ  #မုန်ညှင်းပေါင်းလေး…လုပ်ရလွယ်ပြီး အနံ့ရော အရသာရော တကယ်ကိုကောင်းလွန်းလို့ လုပ်နည်းလ...
04/12/2024

မင်မင်အလွယ်တကူ လုပ်စားဖြစ်တဲ့ ရာသီစာ #မုန်ညှင်းပေါင်းလေး…
လုပ်ရလွယ်ပြီး အနံ့ရော အရသာရော တကယ်ကိုကောင်းလွန်းလို့ လုပ်နည်းလေးပြန် မျှပေးလိုက်မယ်နော်။

မင်မင်ထည့်သုံးဖြစ်တဲ့ပါဝင်ပစ္စည်းလေးတွေကတော့…
မုန်ညှင်း - 1000 ဖိုး (အရမ်းရင့်တဲ့အမြှီးပိုင်းတွေဖြတ်၊ ရေသေချာဆေးပြီး ရေစစ်ထားမယ်နော်။)
ဂျင်း/ကြက်သွန်ဖြူထောင်း - 1/2 tbsp
ခရမ်းချဉ်သီး - 1 လုံး( မင်မင်ကတော့ အနှစ်တိုက်ပြီးထည့်ပါတယ်နော်။ ပါးပါးလှီးထည့်လဲ ရပါတယ်။)
မွှေးဆန်စိမ်းမှုန့် - အထုပ်ဝက်
ဆီ - 1 tbsp
ဆား - အနည်းငယ်
ဟင်းခတ်မှုန့် - အနည်းငယ်

တွဲဖက်စားရန်
ကြက်သွန်ဖြူဆီချက်
ငရုတ်သီးအလှော်မှုန့်
ကြက်သွန်ဖြူကြော်
ပဲပုပ်မှုန့် ( မရှိရင် ထည့်မစားလဲရပါ၏။)
ဂျုးမြစ် ( မရှိရင် ထည့်မစားလဲရပါ၏။)

-မင်မင်ကတော့ မုန်ညှင်းကလွဲကျန်ပါဝင်ပစ္စည်းအားလုံးကို ရေလေး ပိစိလေးထည့်ပြီး ပျစ်ပျစ်လေးဖျော်ထားလိုက်ပါတယ်နော်။
-ထည့်ပေါင်းမဲ့ ဇလုံထဲမှာ မုန်ညှင်းရွက်လေးတွေကို စီထည့်ပြီး နယ်ထားတဲ့မုန့်နှစ်လေးတွေနဲ့ သေချာနှံ့နေအောင်နယ်ပြီး ပေါင်းချောင်ထဲ မိနစ် ၃၀ ကနေ ၄၅ မိနစ်ထိပေါင်းပေးရင် အနံ့အရမ်းမွှေးပြီး နူးနူးညံ့ညံ့လေးနဲ့ စားကောင်းသောမုန်ညှင်းပေါင်းလေးရပြီနော်။
-တွဲဖက်စားရမဲ့ ပါဝင်ပစ္စည်းလေးတွေနဲ့ မုန့်ပွဲပြင်ပြီး ပူပူနွေးနွေးလေး မိသားစု အားလုံး စုပြီး ညပိုင်း အပျင်းပြေရေနွေးကြမ်းလေးနဲ့ စားရင်း ဒီဇင်ဘာရဲ့ အေးစက်တဲ့ ညချမ်းတွေမှာ နွေးထွေးမှုလေး ယူလိုက်ပါနော်…😘

ဒီနေ့တော့ မင်မင်ကြော်စားဖြစ်တဲ့  #ကင်မ်ချီထမင်းကြော် (  ) recipe လေးမျှဝေပေးချင်ပါတယ်နော်။ဆန် - နို့ဆီဗူး 1လုံးခွဲ ( ခပ်...
17/11/2024

ဒီနေ့တော့ မင်မင်ကြော်စားဖြစ်တဲ့ #ကင်မ်ချီထမင်းကြော် ( ) recipe လေးမျှဝေပေးချင်ပါတယ်နော်။

ဆန် - နို့ဆီဗူး 1လုံးခွဲ ( ခပ်မာမာလေးချက်ထားပေးနော်။)
ကင်မ်ချီ - 1 ပန်းကန် ( ခပ်သေးသေးလေးတွေ လှီးထားပါ။)
ကြက်သွန်ဖြူ - 5မွှာ (နုတ်နုတ်စင်း)
ကြက်အူချောင်း - 4 ချောင်း (အတုံးတုံးထားပေးပါ။တခြား အသားများနဲ့လဲ အစားထိုးလို့ရပါတယ်နော်။)
ကိုးရီးယားငရုတ်နှစ် - 1 tbsp (မရှိရင် မထည့်လဲရတယ်နော်။)
ငရုတ်သီးမှုန့် - 1 tbsp (အစပ်ကြိုက်ရင်ပိုထည့်ပါ။)
ဆီ - အနည်းငယ်
ဆား - အနည်းငယ်
ပဲငံပြာရည်အကျဲ - 3 tbsps
ရှာလကာရှည် - 1/2 tbsps
သကြား - 1/2 tbsps
နှမ်းဆီမွှေး - 3 tbsps
ကြက်ဥ - 4 လုံး ( half fried ကြော်ထားပေးပါ။)

-အရင်ဆုံး ပဲငံပြာရည်၊ရှာလကာရည်၊သကြား၊ ကိုးရီးယားငရုတ်နှစ် နဲ့ နှမ်းဆီမွှေး တို့ကို ရောဖျော်ထားပါ။
-ဒယ်အိုးထဲ ဆီထည့်ပါ။ ကြက်သွန်ဖြူထည့်ပါ။ အနံ့မွှေးလာရင် ငရုတ်သီးမှုန့်ထည့်ပါ။
-ပြီးနောက် ကြက်အူချောင်းထည့်ကြော်ပါ။ ပြီးရင် ကင်မ်ချီထည့်ပြီး သေချာမွှေပေးပါ။
-ပြီးနောက် ထမင်းထည့်ပါ။ ခုနဖျော်ထားတဲ့ sauce အရောထည့်ပါ။ အရသာအပေါ့ အငံမြည်းပြီး လိုအပ်လျှင် ဆား၊ အချိုမှုန့် ထည့်ပြီး အရသာရှိတဲ့ ကင်မ်ချီ ထမင်းကြော်လေးတပွဲရပါပြီနော်။
-ပန်းကန်ထဲထမင်းကြော်လေးထည့်…အပေါ်က နှမ်းလေးဖြူး ကြက်ဥကြော်ပူပူလေးနဲ့ အရသာကောင်းမှကောင်းလှတဲ့ ကင်မ်ချီ ထမင်းကြော်ပူပူလေးရပြီနော်။🤤🤤🤤

မင်မင့် Rasmalai လေး…😋😋😋ကြိုက်ကြလားဝေ့…😬😬😬
03/11/2024

မင်မင့် Rasmalai လေး…😋😋😋
ကြိုက်ကြလားဝေ့…😬😬😬

😋😋
25/10/2024

😋😋

ချက်စားကြည့်ပါအုံး…😊
26/09/2024

ချက်စားကြည့်ပါအုံး…😊

အသစ်တွေမရေးဖြစ်တော့ အဟောင်းလေးတွေပဲ ပြန် try ကြည့်ကြပါအုံး…☺️
30/08/2024

အသစ်တွေမရေးဖြစ်တော့ အဟောင်းလေးတွေပဲ ပြန် try ကြည့်ကြပါအုံး…☺️

အိမ်မှာ ဘယ်သူနဲ့မှ အဖော်ညှိမရလို့ မင်မင်တယောက်ထဲ ရှိတဲ့ မှို ၂ မျိုး အသီးနှံ ၂ မျိုးလောက်နဲ့ ကိုယ်လုပ် ကိုယ်စား ကိုယ်ကော...
23/08/2024

အိမ်မှာ ဘယ်သူနဲ့မှ အဖော်ညှိမရလို့ မင်မင်တယောက်ထဲ ရှိတဲ့ မှို ၂ မျိုး အသီးနှံ ၂ မျိုးလောက်နဲ့ ကိုယ်လုပ် ကိုယ်စား ကိုယ်ကောင်းခဲ့ရသည့် ထမင်းပေါင်းလေး….🥹🥹🥹

ခပ်မိုက်မိုက် ခေါက်ဆွဲကြော်လေးနော်… try ကြည့်အုံး…😋
19/08/2024

ခပ်မိုက်မိုက် ခေါက်ဆွဲကြော်လေးနော်… try ကြည့်အုံး…😋

မိုးအေးအေးလေးမှာ ချက်စားဖို့…😋😋😋
07/08/2024

မိုးအေးအေးလေးမှာ ချက်စားဖို့…😋😋😋

မင်မင်ရဲ့ အမဲသားသနပ်လေး ဘယ်လောက်လှလဲ ပြော…😝😝😝
30/07/2024

မင်မင်ရဲ့ အမဲသားသနပ်လေး ဘယ်လောက်လှလဲ ပြော…😝😝😝

Address

Pyay

Telephone

+959262644870

Website

Alerts

Be the first to know and let us send you an email when Honey’s Kitchen Pyay posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Honey’s Kitchen Pyay:

Shortcuts

Share