Emiko Japanese Online Class

Emiko Japanese Online Class Japanese Language

၂၀၂၄ ခုနှစ်  ဒီဇင်ဘာလ JLPT စာမေးပွဲ Online Application လျှောက်ထားခြင်းနှင့် ငွေပေးချေခြင်း လမ်းညွှန်၂၀၂၄ ခုနှစ် ဂျပန်ဘာသ...
15/08/2024

၂၀၂၄ ခုနှစ် ဒီဇင်ဘာလ JLPT စာမေးပွဲ Online Application လျှောက်ထားခြင်းနှင့် ငွေပေးချေခြင်း လမ်းညွှန်

၂၀၂၄ ခုနှစ် ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ (JLPT) အား ဒီဇင်ဘာလ (၁) ရက်နေ့တွင် ရန်ကုန်မြို့နှင့် မန္တလေးမြို့များ၌ ကျင်းပသွားမည်ဖြစ်ပါသည်။ online application မှ တဆင့် စာမေးပွဲဖြေဆိုလိုသူများအတွက် လျှောက်လွှာ လျှောက်ထားခြင်းအား အောက်ပါအစီအစဉ်အတိုင်း လက်ခံပြုလုပ်သွားမည်ဖြစ်ပါသည်။

လျှောက်လွှာတင်ရန် Website လိပ်စာ - https://jlpt-maja.org.mm/

၁။ စာမေးပွဲကျင်းပမည့်ရက်
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၁) ရက်နေ့ (တနင်္ဂနွေနေ့)

၂။ စာမေးပွဲကျင်းပမည့်နေရာ
ရန်ကုန်မြို့နှင့် မန္တလေးမြို့။

၃။ စာမေးပွဲကြေးနှင့် လျှောက်လွှာတင်ကြေး (စုစုပေါင်း)
Level N1 - ၄၇,၀၀၀ + ၃,၀၀၀ = (၅၀,၀၀၀ ကျပ်)
Level N2 - ၄၇,၀၀၀ + ၃,၀၀၀ = (၅၀,၀၀၀ ကျပ်)
Level N3 - ၄၇,၀၀၀ + ၃,၀၀၀ = (၅၀,၀၀၀ ကျပ်)
Level N4 - ၄၂,၀၀၀ + ၃,၀၀၀ = (၄၅,၀၀၀ ကျပ်)
Level N5 - ၄၂,၀၀၀ + ၃,၀၀၀ = (၄၅,၀၀၀ ကျပ်)

၄။ Online လျှောက်လွှာလက်ခံကာလ
Level N1 - ၁၄.၈.၂၀၂၄ (ဗုဒ္ဓဟူးနေ့)၊ ၁၅.၈.၂၀၂၄ (ကြာသပတေးနေ့)၊ ၂၆.၈.၂၀၂၄ (တနင်္လာနေ့)
Level N2 - ၁၄.၈.၂၀၂၄ (ဗုဒ္ဓဟူးနေ့)၊ ၁၅.၈.၂၀၂၄ (ကြာသပတေးနေ့)၊ ၂၆.၈.၂၀၂၄ (တနင်္လာနေ့)
Level N3 - ၁၆.၈.၂၀၂၄ (သောကြာနေ့)၊ ၁၉.၈.၂၀၂၄ (တနင်္လာနေ့)၊ ၂၇.၈.၂၀၂၄ (အင်္ဂါနေ့)
Level N4 - ၂၀.၈.၂၀၂၄ (အင်္ဂါနေ့)၊ ၂၁.၈.၂၀၂၄ (ဗုဒ္ဓဟူးနေ့)၊ ၂၈.၈.၂၀၂၄ (ဗုဒ္ဓဟူးနေ့)
Level N5 - ၂၂.၈.၂၀၂၄ (ကြာသပတေးနေ့)၊ ၂၃.၈.၂၀၂၄ (သောကြာနေ့)

၅။ Online လျှောက်လွှာလက်ခံမည့် အချိန်
System သို့ တစ်ပြိုင်နက်ထဲ ဝင်ရောက်ခြင်းအား ထိန်းချုပ်နိုင်ရန် လျှောက်လွှာလက်ခံမည့်အချိန်အား ကြိုတင်အသိပေးမည် မဟုတ်ပါ။ (လျှောက်လွှာလက်ခံသည့်ရက်အတွင်း နေ့ခင်းဖက်အချိန်များတွင် ဝင်ရောက် လျှောက်ထားနိုင်ပါသည်။)

လျှောက်ထားသူများ သတိပြုရန်
- လျှောက်လွှာဖောင်တင်ရန်အတွက် Registration (မှတ်ပုံတင်ခြင်း) ပြုလုပ်ထားရန်လိုအပ်ပါမည်။

- လျှောက်လွှာဖောင်အတွက် ငွေပေးချေသည့်အချိန်တွင် Browser အားပိတ်လိုက်ခြင်း၊ Refresh ခေါ်ယူခြင်းများ မပြုလုပ်ပါရန်။

- ငွေပေးချေမှုပြီးဆုံးသွားပါက လျှောက်လွှာဖောင်အချက်အလက်အား ပြန်လည်စစ်ဆေးပေးပါ။ အကယ်၍ စာမေးပွဲကြေးအား ပေးချေခဲ့သော်လည်း လျှောက်လွှာဖောင်အချက်အလက်တွင် “Confirmed” မဖြစ်ပါက MAJA ရုံးသို့ဆက်သွယ်အကြောင်းကြားရန်လိုအပ်ပါမည်။

- Online Application လျှောက်ထားရာတွင် ဖြည့်သွင်းမည့် အမည်နှင့် သက်သေခံကတ်ပြား ပေါ်တွင်ပါရှိသော အမည်တို့သည် မတူညီပါက စာမေးပွဲဖြေဆိုခွင့်ပြုမည်မဟုတ်ပါ။ အဆိုပါလျှောက်ထားမှုများအတွက် ငွေပြန်အမ်းခြင်းများ လုပ်ဆောင်ပေးမည် မဟုတ်ပါ။

- မိမိလျှောက်ထားသည့် Level, စာဖြေဌာနအတိုင်းဖြေဆိုရမည်ဖြစ်ပြီး၊ ပြောင်းလဲခြင်းအားခွင့်မပြုပါ။ အဆိုပါလျှောက်ထားမှုများအတွက် ငွေပြန်အမ်းခြင်းများ လုပ်ဆောင်ပေးမည် မဟုတ်ပါ။

- စာဖြေသူတစ်ဦးအတွက် တစ်ကြိမ်သာလျှောက်ထားခွင့်ပြုပါသည်။ တစ်ကြိမ်ထက်ပိုမိုလျှောက်ထားပြီး ငွေပေးချေထားမှုများအား ငွေပြန်အမ်းခြင်း လုပ်ဆောင်ပေးမည် မဟုတ်ပါ။

- မူလလျှောက်ထားသည့် စာဖြေသူနှင့် မတူကွဲပြားသော ပြင်ဆင်မှုများအား အချက်အလက် ပြင်ဆင်ခြင်း လက်ခံကာလတွင် ပြင်ဆင်ခွင့်ပြုမည်မဟုတ်ပါ။

Registration (မှတ်ပုံတင်ခြင်း) နှင့်ပတ်သတ်၍ အသေးစိတ်အားအောက်ဖော်ပြပါ Linkတွင် ဝင်ရောက်ကြည့်ရှု နိုင်ပါသည်။
https://www.facebook.com/MyanmarAssociationOfJapanAlumniMAJA/posts/906783871493941

JLPT စာမေးပွဲကျင်းပရေးကော်မတီ
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)
ဆက်သွယ်ရန်
01- 757 10 15 (ext 1)

Japanese language proficiency test online application form submission

14/02/2024

(14.2.2024) Valentine's Day အမှတ်တရ။
ချစ်သောသူများသို့အမှတ်တရ ခွန်အားဖြည့်စာများ။
** ကိုယ်တိုင်ရေးခြယ် ရသော ကိုယ်ဘ၀လမ်းကြောင်းမှာ ခေတ်ကြောင့် or အ‌ခြေအနေတစ်ခုခုကြောင့် သွေဖယ် သွားရတာမျိုးတွေ ရှိလာနိုင်တယ်ဆိုတာ အမြဲ မှတ်ထားပါ။

သို့သော် မပြောင်းနိုင်တဲ့အမှန်တရားတစ်ခုက မိမိကိုယ်ကိုယုံကြည်ပြီး မိမိ လှမ်းလိုက်တဲ့ခြေလှမ်းတိုင်းမှာ အလှဆုံးဖြစ်နိုင်ဖို့ အကောင်းဆုံး ဆုံးဖြတ်ချက်တွေ မှန်ကန်သောအတွေးအမြင်တွေ နဲ့ လျှောက်လှမ်းနိုင်ကြဖို့ပါ။ **

**။ "စိတ်"ဆိုတဲ့စကားလေးတစ်လုံး။ အထင်မသေးနဲ့နော်။ သူကြောင့်ဘဲ အောင်မြင်နိုင်သလို သူကြောင့်ဘဲ ဆုတ်ပြတ်သတ်ကျရှုံးသွားနိုင်တယ်။
လူတိုင်းမိမိစိတ်ကို တော့မိမိပိုင်ပါတယ်။ သို့သော်လည်း စိတ်အေးချမ်းငြိမ်းချမ်းဖို့ကတော့လူတိုင်း မလုပ်နိုင်ဘူး။
မိမိ ရဲ့ ကိုယ်ကိုးကွယ်ရာ ဘာသာတရား ကိုးကွယ်ပြီး ငြိမ်းချမ်းအောင်နေပါ။ မှန်ကန်စွာ စိတ်ဆုံးဖြတ်ချက်တွေချပါ။
အမျိုးမျိုးသော Facebook က အပူသတင်းတွေကြောင့် မိမိရဲ့တန်ဖိုးရှိသောစိတ်လေး အညှိုးမခံကြပါနဲ့နော်။ စိတ် လေးညှိုးနွမ်း သွားရင် ကိုယ်လုပ်နေတဲ့အလုပ်တိုင်းက အသက်မဝင်နိုင်သလို မလှပနိုင်တော့ဘူး။ လမ်းလွှဲချော်သွားနိုင်တယ်။

(လက်ရှိ တီချယ် အိ ကိုယ်တိုင်လည်း ပူလောင်နေတဲ့စိတ်လေးကို မြတ်စွာဘုရား ကိုးကွယ်ယုံကြည်ခြင်းဆိုတဲ့ဘာသာတရားအောက်မှာ ထိန်းကျောင်းပဲ့ပြင်လမ်းမှန်ပေါ်ရောက်အောင် ‌လုပ်နေရသူမို့ပါ။ ) ***

***ဘေးစကား ဘေးလူ (မိမိ မိသားစုဝင်တွေပါအပါ) Negative Thinking ရှိသူတွေ အပြော လုံး၀ နားမယောင်ပါနဲ့။ မိမိ ရင်ထဲ အတွင်းထဲက စကားသံတွေသာ နားထောင်ပါ။ တစ်ခုခု လုပ်ခါနီးတိုင်း ဒီစကားလေး သတိရပါ။ ကိုယ်လျှောက်ရတဲ့အနာဂတ်လမ်းသည် ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ ကိုယ်တိုင်ရွေးချယ်ပြီး လျှောက်ခဲ့သည့်လမ်းဆိုရင် မတော်လို့ မှားခဲ့ရင်တောင် {နောင်တ}ဆိုတဲ့ အရာနဲ့ဝေးစေမယ်။ သူများ စကားနားထောင်မိပြီး ကိုယ်စိတ်မပါတဲ့အရာ ရွေးချယ်မိရင် ရလိုက်မဲ့နောင်တ တရား သည် တမြေ့မြေ့နဲ့ပူလောင်ခံစားနေရမှာ ဖြစ်ပါတယ်။ ***

ကဲဒီနေ့ တော့ချစ်သောသူများ အတွက် တကယ် အနှစ်တွေ ဘဲ စိတ်ချမ်းသာ/စိတ်ခွန်အား တစ်ခုရအောင် မေတ္တာ‌ဖြင့်ရေးပေးထားပါတယ်။ သေချာလေး ဖတ်ကြည့်ပါနော်။

တီချယ် အိ နဲ့ Japanese လေ့လာချင်တယ်ဆိုရင်လည်း အချိန်မရွေး "Welcome 🤗😘😘"ပါရှင့်။
"09-51 77708, 09-967 476 583"ကို 📞📞📞📱📱ဆက်သွယ်လိုက်နော်။

စာသားလေးတွေ သဘောကျရင် Share လို့ရပါတယ်ရှင့်။ ဖြုတ်ပြီး ကူးယူခြင်းတော့ သည်းခံပေးချင်ဖြင့် ကူညီပေးကြပါနော်။
ချစ်သောတီချယ်အိ(イ先生)

Emiko Japanese Online Class  မှာ ဘယ်လို Result တွေထွက်လဲသိချင်လား.👇👇👇အောက်ကို တစ်ချက် Show လိုက်နော်။ ထပ်ပြီး သိချင်ရင် ...
26/04/2023

Emiko Japanese Online Class မှာ ဘယ်လို Result တွေထွက်လဲသိချင်လား.👇👇👇အောက်ကို တစ်ချက် Show လိုက်နော်။ ထပ်ပြီး သိချင်ရင် ဒီPage ထဲမှာအရင်သင်ခဲ့ဖူးတဲ့ဖြေထားသော Result များ ရှိတယ်နော်။ ရှာနေရမှာဆိုးလို့ အောက်က Link လေးတွေသာ တစ်ချက် နှိပ်ကြည့်လိုက်။

https://m.facebook.com/story.php?story_fbid=102968926014954&id=100089055396577&mibextid=Nif5oz

https://m.facebook.com/story.php?story_fbid=102969112681602&id=100089055396577&mibextid=Nif5oz

‌(2) လပိုင်း ကဖြေထားသော N-5 (Nat-Test) Result ပါ။ အမှတ် ကိုကြည့်မလား ။

"အနည်းဆုံး 130 အထက် " တပည့်တွေ ဘဲမွေးထုတ်ပေးနေတာနော်။

အခု‌ဖြေထားသောကျောင်းသားသည် မကြာမီ July JLPT N-4 ‌ဖြေဖို့ဖောင်တင်ထားတာနော်။
အရင် Post တွေမှာလည်း Show လိုက်နော်။ လူနည်းစု သင်ကြားပေမဲ့ ထိထိမိမိ သင်ကြားပေးသော Class တွေဖြစ်ပါတယ်။ တစ်နှစ်ကို အပြင် အတန်းဆို (2)ကြိမ်သာဖွင့်ပါတယ်။ လက်ရှိ မှာတော့ Online Class တွေ စဖွင့်နေပါတယ်။ Online Class အတန်းဆိုပေမဲ့ ဘယ်လိုတွေ သင်လဲ ။ သိချင်ပါသလား။၊📖📖📖📓📓🔔🔔📢📢📢
မကြာမီ လာမည်‌နော်။

26/02/2023

Lesson-3 ထိဘဲရှိသေးပေမဲ့ စာ ဖတ်တဲ့အသံတွေကအစ သေချာဖတ်တတ် ဘာသာပြန်တတ်အောင်စနစ်တကျလေ့ကျင့်ပေးပါတယ်။ နားထောင်ကြည့်ပေးပါနော်။
Video အစမ်းလုပ်ထားတာဖြစ်တဲ့အတွက် အဆင်မပြေတာများရှိခဲ့ရင်နားလည်ပေးပါရှင့်။

ကျောင်းသား/သူများရဲ့အသံကိုသာအဓိက နားထောင်စေချင်တာကြောင့်ပါရှင့်။

2022 December တုန်းကဖြေထားသော Online ကသင်ယူသောတပည့်လေး ရဲ့ Result . တစ်ဖက်ကကျောင်းစာတွေနဲ့ တစ်ဖက် Japan စာပါ တူတူလုပ်နို...
02/02/2023

2022 December တုန်းကဖြေထားသော Online ကသင်ယူသောတပည့်လေး ရဲ့ Result . တစ်ဖက်ကကျောင်းစာတွေနဲ့ တစ်ဖက် Japan စာပါ တူတူလုပ်နိုင်သော 14နှစ်အရွယ် ကျောင်းသူလေး။

အမှတ် ဒီထက်ကောင်းနိုင်အောင် N-3ကို အကောင်းဆုံးသင်ကြားပေးပါ့မယ်။

Katakana လက်ရေးတွေလည်းလှကြသားဘဲ။ တပည့်လေးတွေလက်ရေး လက်သားလှရင် သင်ပေးတဲ့ဆရာ စာစစ်ရတာကိုကပျော်နေတာ။
02/02/2023

Katakana လက်ရေးတွေလည်းလှကြသားဘဲ။ တပည့်လေးတွေလက်ရေး လက်သားလှရင် သင်ပေးတဲ့ဆရာ စာစစ်ရတာကိုကပျော်နေတာ။

တပည့်လေးများရဲ့ကြိုးစားမှုမှတ်တမ်းလေးများ။
18/01/2023

တပည့်လေးများရဲ့ကြိုးစားမှုမှတ်တမ်းလေးများ။

Ei Sensei ရဲ့အပြင်Class တွင်သင်ကြားပေးသောတပည့်လေးများရဲ့ လက်ရေးများ။ စာလုံးကို သေချာစွာစုတ်ချက် ရေးနည်း မှန်မှန်ကန်ကန်ရေ...
18/01/2023

Ei Sensei ရဲ့အပြင်Class တွင်သင်ကြားပေးသောတပည့်လေးများရဲ့ လက်ရေးများ။ စာလုံးကို သေချာစွာစုတ်ချက် ရေးနည်း မှန်မှန်ကန်ကန်ရေးတတ်အောင် သေချာသင်ကြားပေးသောအတန်း များဖြစ်ပါတယ်။

10/01/2023

Japan စာလေ့လာရင်း ပုံပြင်လေးနားထောင်ကြည့်ကြရအောင်‌နော် ။

Japan စာ မသင်ယူရသေးသူများလည်း Video လေး ကြည့်ချင်ဖြင့် Listening & Speaking နားရည်၀အောင်ကြည့်ထားရင်း စိတ်ဝင်စားပါက Japan စာလေ့လာချင်သူများရှိပါက Emiko Page လေးကနေအမြဲကြိုဆိုနေပါတယ်ရှင့်။

10/01/2023

အားလုံးသိထားပြီးသား ကလေးဘဝတည်းက ကြည့်ထားဖူးကြတဲ့ Cinderella ကာတွန်းလေးကို Japan Version လေးနဲ့ ပြန်ကြည့်ရင်း Japan စာလေ့လာကြရအောင်နော်။

Japan စာလေ့လာသင်ယူချင်ပါကလည်း Emiko Page လေးကို CB ကနေ သင်တန်းလေးတွေစုံစမ်းနိုင်ပါတယ်နော်။
သင်ကြားပေးမဲ့ဆရာမ သည် N-2 Level အဆင့်ဖြစ်ပါတယ်ရှင့်။ စာသင်ကြားတဲ့အတွေ့ အကြုံ (5)နှစ် ရှိပြီဖြစ်သည့်အတွက် အကောင်းဆုံးသင်ကြားမှုများ နဲ့ အောင်မြင်ချင်သူများ အတွက် မကြာခင်အခြေခံ မှ စတင်ပြီး N-5 Class လေး သင်ကြား ပေးဖို့ရှိပါတယ်ရှင့်။

03/01/2023

ဒီ Page လေးသည် ဖွင့်ထားတာမကြာသေးပေမဲ့ 2023မှစပြီး အားလုံးအတွက်အကျိုးရှိစေမဲ့အရာများကိုသာ တင်ပေးမဲ့ Page လေးဖြစ်ပါတယ်။

Japan စာသင်ကြားမှု သက်တမ်း အတွေ့အကြုံရှိသော Ei Sensei သည် လူနည်းစု ကိုသာသေချာထိရောက်စွာသင်ကြားပေးသော Private Teacher ဖြစ်ပါတယ်။

Ei Sensei ရဲ့ Page လေး ကို ကြည့်ကြည့်ပြီး လေ့လာအကဲဖြတ်လို့ရပါတယ်။ 👇👇👇
Ei Sensei ရဲ့ ညီမ Sandar Sensei ကတော့လက်ရှိတွင်ပညာများစွာသင်ယူရင်း တိုကျိုမြို့၌ နေထိုင်နေပါသည်။

https://fb.watch/hPqCMWmhZf/

အားလုံးကို Emiko Japanese Online Class လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျ ဂျပန်စာအတန်းများရဲ့ အချိန်စာရင်းတွေနဲ့ နေ့ရက်...
02/01/2023

အားလုံးကို Emiko Japanese Online Class လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျ ဂျပန်စာအတန်းများရဲ့ အချိန်စာရင်းတွေနဲ့ နေ့ရက်များ ထွက်ရှိလို့လာပါပြီခင်ဗျ တက်ရောက်ချင်သူများလာရောက်စုံစမ်းနိုင်ပါပြီနော်။

July JLPT ‌ဖြေဆိုနိုင်ရန် ရည်ရွယ်ဖွင့်လှစ်သောအတန်းများပါ။

(N5 online class )

Wed Thu - video class (videoဖြင့်သင်ကြားပေးခြင်း) 10:00 AM တွင် private gp ၌ ကျောင်းသားများလေ့လာရန် သင်ခန်းစာများကိုတင်ပေးသွားပါမည်
Fri-8:00 PM - 9:00 PM (Face to Face class) google meet နဲ့သင်ကြားသွားပါမည်
Fees - N5_20000ks (တစ်လချင်းစီ)

စတင်သင်ကြားမည့်နေ့ရက် 11.1.2023(Wed).

အတန်းတက်ရောက်ချင်သူများ CB ‌ကနေ စုံစမ်းမေးမြန်းအပ်နှံနိုင်ပါတယ်ရှင့်။

(N4 online classလေးကတော့လောလောဆယ်မရှိသေးပါဘူးခင်ဗျ)

သုဝဏ္ဏ သင်္ဃန်းကျွန်းအနီးတစ်ဝိုက်တွင် အပြင်တန်းလာရောက်သင်ကြားချင်သော ကျောင်းသားများအတွက်လဲရှိပါတယ်ခင်ဗျာ။

N5+Basic
Wed_1:00PM - 3:00PM
Thu,Fri_8:30PM - 10:30PM
Fees- 30000ks။
စတင်သင်ကြားမည့်နေ့ရက် 5.1.2023

N4
Wed_3:30PM-5:00PM
Thu,Fri_3:30PM-5:30PM
Fees-30000ks
စတင်သင်ကြားမည့်နေ့ရက် 5.1.2023

တက်ရောက်ချင်ပါက Page cbတွင် ‌လာရောက်ဆက်သွယ်မေးမြန်းနိုင်ပါပီနော် အားလုံးကို ကျွန်တော်တို့ သင်တန်းလေးကနေပီး လှိုက်လှိုက်လှဲလှဲကြိုဆိုလျက်ပါခင်ဗျ

Address

Thuwnnna
Thingangyun Township

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+9595177708

Website

Alerts

Be the first to know and let us send you an email when Emiko Japanese Online Class posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Emiko Japanese Online Class:

Shortcuts

Share

Category