13/03/2026
🤔 “DID YOU KNOW?”
😊 သားတို့သမီးတို့ရေ ဒီနေ့ဘာနေ့လဲ? ဒီနေ့ဟာ သောကြာနေ့ပါ။ သောကြာနေ့နဲ့ပတ်သက်ပြီး ကမ္ဘာပေါ်မှာ ရေပန်းစားတဲ့ trend လေးတစ်ခု ရှိပါတယ်။ အဲဒါလေးကတော့ TGIF ပါ။ 👍 Thank God, it’s Friday! ပါ။ အဓိပ္ပါယ်လေးကတော့ သောကြာညနေရောက်ပြီဆိုရင် ကျောင်းသားတွေ၊ ရုံးဝန်ထမ်းတွေ၊ အလုပ်သမားတွေဟာ နားရပြီ ကျောင်းပိတ်ပြီ .. ဟာ ပင်ပန်းလိုက်တာကွာအလုပ်က၊ မနက်ဖြန်တော့ ကျူးပြီ ကဲပြီ ဆိုပြီး တစ်ဦးနဲ့တစ်ဦးနှုတ်ဆက်ကြတယ်တဲ့။ ဆရာကြီး ကျောင်းသားဘဝက ဆိုရင် သောကြာနေ့ဟာအပျော်ဆုံးပဲ ဘာလို့ဆိုတော့ စနေ တနင်္ဂနွေ နှစ်ရက် ပိတ်ရက်ကျန်သေးတယ်ဆိုတဲ့ အတွေးနဲ့ပေါ့။ ကစားချိန်အများကြီးရသေးတယ်ပေါ့လေ။ စနေညနေတောင် ခံစားမှုမတူ။ အဲ တနင်္ဂနွေညနေရောက်ရင်တော့ စိတ်ဓါတ်တွေကမလန်းမဆန်း မှိုင်မှိုင်တွေတွေ သားတို့သမီးတို့လည်း ဖြစ်မိကြမှာပါ။ မနက်ဖြန်ကျောင်းပြန်ဖွင့်တော့မှာကိုး။ ဆိုတော့ကာ
သောကြာနေ့ TGIF ရဲ့ ညနေခင်း ည ၈ နာရီတိုင်းမှာ ယခု Page က နေ ✅ “Quiz of the day” အစီအစဉ် “ ဥာဏ်စမ်းပဟေဠိ” လေး တစ်ပုဒ်စီကို သားတို့သမီးတို့ အသိဉာဏ်တိုးပွါး စေဖို့ တင်ပေးသွားပါမယ်။ လိုက်ပါဖြေဆိုကြဖို့လည်း တိုက်တွန်းပါရစေ။