24/08/2026
🙏 ကျောင်းဝေယျာဝစ္စ အထွေထွေသုံးစရိတ်အတွက် အလှူငွေ လှူဒါန်းခြင်း 🙏
အထက-သက္ကလ ကျောင်း၏ ဝေယျာဝစ္စလုပ်ငန်းများနှင့် အထွေထွေသုံးစရိတ်များအတွက် စေတနာထက်သန်စွာ လှူဒါန်းပေးကြပါသော အလှူရှင်များအား လေးစားစွာ မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။
🌿 ဦးဇော်လင်း (ခ) ဦးကုလားပု + ဒေါ်စန်းစန်းမြင့်
💰 ၁၀ သိန်းကျပ်တိတိ
🌿 ဦးသီဟံမျိုး + ဒေါ်သင်းသင်းအေး
သားဖြစ်သူ မောင်ဝင်းသီဟကျော် (Grade 12 😎)
💰 ၂ သိန်းကျပ်တိတိ
💰 စုစုပေါင်း — ၁၂ သိန်းကျပ်တိတိ
ကျောင်း၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်၍ စေတနာ၊ မေတ္တာအပြည့်ဖြင့် လှူဒါန်းပေးကြသော အလှူရှင်မိသားစုများအား အထက-သက္ကလ ပညာရေးဝန်ထမ်းမိသားစုမှ အထူးလေးစားဂုဏ်ပြု၍ မှတ်တမ်းတင် ကျေးဇူးတင်ရှိပါသည်။
ဤမွန်မြတ်သော အလှူဒါနကုသိုလ်အကျိုးကြောင့် အလှူရှင်မိသားစုများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ၍ စီးပွားလာဘ်လာဘများ တိုးတက်ကြီးပွားကာ ကောင်းကျိုးလိုရာဆန္ဒများ ပြည့်ဝကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။ 🙏
🌱 အထက-သက္ကလ ပညာရေးဝန်ထမ်းမိသားစု 🌱